ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် က ရွှေစင်အကယ်ဒမီ ရွှေဆိုင် ကို ဓားပြတိုက်ခံရရာ ကျူးလွန်သူ တစ်ဦးကို ဖမ်းမိထား

833

ပီယ (NP News) - ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် က ရွှေစင်အကယ်ဒမီ ရွှေဆိုင် တွင် ယနေ့ (ဩဂုတ်လ ၁၄ ရက်) နေ့လယ်ပိုင်းက ဓားပြတိုက်ခံရရာ ကျူးလွန်သူ တစ်ဦးကို ဖမ်းမိထားကြောင်း လုံခြုံရေး တပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက NP News သတင်းဌာနသို့ ပြောသည်။
ယင်းရွှေဆိုင်မှာ ၃၄ ရပ်ကွက်၊ ဦးဝိစာရလမ်းတွင် တည်ရှိခြင်း ဖြစ်ကာ နေ့လည်ပိုင်း ၁၂ နာရီကျော် ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကနဦး သိရသည်။
““သိရသလောက် တော့ လုံခြုံရေးတစ်ယောက်မှာ ဓားဒဏ်ရာ ရတယ်လို့ သိရတယ်။ တစ်ယောက်ကို ဖမ်းမိတယ်။ သူ့ကိုတော့ စစ်ဆေးနေတုန်းပါပဲ။ လက်နက်နဲ့ မိတာလို့ ပြောတယ်။ အသေးစိတ်ကို ပြီးမှ သေချာလေး သိရမှာပါ။ ကျန်တဲ့ လွတ်မြောက်သူတွေလည်း ရှိတယ်လို့ သိရတယ်” ပါ အထက်ပါ လုံခြုံရေး တပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
ရွှေဆိုင်မှ ဓားပြမှ ယူဆောင်သွားသော ပစ္စည်း အရေအတွက်နှင့် ပတ်သက်၍လည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း ၎င်းက ဆိုသည်။
“ပစ္စည်းတွေ ယူမသွားနိုင်ဘူးလို့လည်း သိရပါတယ်” ဟု ယင်းမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ဆက်တွဲ ဖြစ်ရပ်များကို သေချာစွာ သိရခြင်း မရှိသေးပေ။

Zawgyi Version:
ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္ က ေ႐ႊစင္အကယ္ဒမီ ေ႐ႊဆိုင္ ကို ဓားျပတိုက္ခံရရာ က်ဴးလြန္သူ တစ္ဦးကို ဖမ္းမိထား
ပီယ (NP News) - ဩဂုတ္ ၁၄
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္ က ေ႐ႊစင္အကယ္ဒမီ ေ႐ႊဆိုင္ တြင္ ယေန႔ (ဩဂုတ္လ ၁၄ ရက္) ေန႔လယ္ပိုင္းက ဓားျပတိုက္ခံရရာ က်ဴးလြန္သူ တစ္ဦးကို ဖမ္းမိထားေၾကာင္း လုံၿခဳံေရး တပ္ဖြဲ႕ ႏွင့္ နီးစပ္သူ တစ္ဦးက NP News သတင္းဌာနသို႔ ေျပာသည္။
ယင္းေ႐ႊဆိုင္မွာ ၃၄ ရပ္ကြက္၊ ဦးဝိစာရလမ္းတြင္ တည္ရွိျခင္း ျဖစ္ကာ ေန႔လည္ပိုင္း ၁၂ နာရီေက်ာ္ ခန႔္က ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း ကနဦး သိရသည္။
““သိရသေလာက္ ေတာ့ လုံၿခဳံေရးတစ္ေယာက္မွာ ဓားဒဏ္ရာ ရတယ္လို႔ သိရတယ္။ တစ္ေယာက္ကို ဖမ္းမိတယ္။ သူ႔ကိုေတာ့ စစ္ေဆးေနတုန္းပါပဲ။ လက္နက္နဲ႔ မိတာလို႔ ေျပာတယ္။ အေသးစိတ္ကို ၿပီးမွ ေသခ်ာေလး သိရမွာပါ။ က်န္တဲ့ လြတ္ေျမာက္သူေတြလည္း ရွိတယ္လို႔ သိရတယ္” ပါ အထက္ပါ လုံၿခဳံေရး တပ္ဖြဲ႕ ႏွင့္ နီးစပ္သူ တစ္ဦးက ဆိုသည္။
ေ႐ႊဆိုင္မွ ဓားျပမွ ယူေဆာင္သြားေသာ ပစၥည္း အေရအတြက္ႏွင့္ ပတ္သက္၍လည္း စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္းလည္း ၎က ဆိုသည္။
“ပစၥည္းေတြ ယူမသြားႏိုင္ဘူးလို႔လည္း သိရပါတယ္” ဟု ယင္းၿမိဳ႕နယ္တြင္ ေနထိုင္သူ တစ္ဦးက ဆိုသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေနာက္ဆက္တြဲ ျဖစ္ရပ္မ်ားကို ေသခ်ာစြာ သိရျခင္း မရွိေသးေပ။