ဂေါ်ရခါးလူမျိုး (၈၄)ဦးကို TNLA ပြန်လွှတ်ပေး

 787

Pearl (NP News) - သြဂုတ် ၁၅

ဂေါ်ရခါး လူမျိုး (၈၄)ဦးကို TNLA ပြန်လွှတ်ပေးခဲ့ကြောင်း PSLF/ TNLA က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ (သြဂုတ်လ ၁၄ ရက်) က မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် PSLF/ TNLA ၏ အထွေထွေအတွင်း‌ရေးမှူး (၁) ဗိုလ်မှူးချုပ်တားအိုမ်တမာဝ်းနှင့် ဂေါ်ရခါးပြည်သူလူထုတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ဂေါ်ရခါးပြည်သူလူထုတို့နှင့် ဒေသတွင်းအုပ်ချုပ်ရေး၊ သင်ကြားရေးပိုင်းနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
PSLF/TNLA က ၎င်းတို့အဖွဲ့အစည်းသို့ဝင်ရောက်ရန် ဂေါ်ရခါးလူမျိုးများကို ခေါ်ဆောင်မှုများပြုလုပ်ခဲ့ပြီး စစ်မှုထမ်းရန် အဆင်သင့်မဖြစ်သေးသော ဂေါ်ရခါးလူမျိုးများကို ပြန်လွှတ်ပေးခဲ့ကြောင်းလည်း TNLA က ပြောသည်။
ထို့ပြင် ဂေါ်ရခါးလူမျိုး (၈၄)ဦးကိုလည်း ၎င်းတွေ့ဆုံဆွေးနွေးပွဲအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
မိုးကုတ်မြို့ခံ ဂေါ်ရခါးလူမျိုးများကို စစ်မှုထမ်းရန် TNLA က လူဦးရေ ၁,၀၀၀ ခန့် တောင်းခံမှုကို ကန့်ကွက်ခဲ့ပြီးနောက် TNLA က မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခြင်း၊ လမ်းသွားလမ်းလာ ဂေါ်ရခါးလူမျိုးများကို ဖမ်းဆီးခေါ်ဆောင်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေဂၚရခါးလူမ်ိဳး (၈၄)ဦးကို TNLA ျပန္လႊတ္ေပး
Pearl (NP News) - ၾသဂုတ္ ၁၅
ေဂၚရခါး လူမ်ိဳး (၈၄)ဦးကို TNLA ျပန္လႊတ္ေပးခဲ့ေၾကာင္း PSLF/ TNLA က သတင္းထုတ္ျပန္ထားသည္။
ယမန္ေန႔ (ၾသဂုတ္လ ၁၄ ရက္) က မႏၲေလးတိုင္းေဒသႀကီး မိုးကုတ္ၿမိဳ႕တြင္ PSLF/ TNLA ၏ အေထြေထြအတြင္း‌ေရးမႉး (၁) ဗိုလ္မႉးခ်ဳပ္တားအိုမ္တမာဝ္းႏွင့္ ေဂၚရခါးျပည္သူလူထုတို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ေဂၚရခါးျပည္သူလူထုတို႔ႏွင့္ ေဒသတြင္းအုပ္ခ်ဳပ္ေရး၊ သင္ၾကားေရးပိုင္းႏွင့္ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ားကို အတူတကြပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္ ေဆြးေႏြးခဲ့ေၾကာင္း TNLA က ထုတ္ျပန္ထားသည္။
PSLF/TNLA က ၎တို႔အဖြဲ႕အစည္းသို႔ဝင္ေရာက္ရန္ ေဂၚရခါးလူမ်ိဳးမ်ားကို ေခၚေဆာင္မႈမ်ားျပဳလုပ္ခဲ့ၿပီး စစ္မႈထမ္းရန္ အဆင္သင့္မျဖစ္ေသးေသာ ေဂၚရခါးလူမ်ိဳးမ်ားကို ျပန္လႊတ္ေပးခဲ့ေၾကာင္းလည္း TNLA က ေျပာသည္။
ထို႔ျပင္ ေဂၚရခါးလူမ်ိဳး (၈၄)ဦးကိုလည္း ၎ေတြ႕ဆုံေဆြးေႏြးပြဲအတြင္း ျပန္လႊတ္ေပးခဲ့ေၾကာင္း TNLA က ထုတ္ျပန္ထားသည္။
မိုးကုတ္ၿမိဳ႕ခံ ေဂၚရခါးလူမ်ိဳးမ်ားကို စစ္မႈထမ္းရန္ TNLA က လူဦးေရ ၁,၀၀၀ ခန႔္ ေတာင္းခံမႈကို ကန႔္ကြက္ခဲ့ၿပီးေနာက္ TNLA က ၿမိဳ႕ေပၚရပ္ကြက္ ႏွင့္ ေက်း႐ြာအတြင္း ဝင္ေရာက္ဖမ္းဆီးျခင္း၊ လမ္းသြားလမ္းလာ ေဂၚရခါးလူမ်ိဳးမ်ားကို ဖမ္းဆီးေခၚေဆာင္ျခင္းမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.