ပါကစ္စတန်နိုင်ငံမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် အနည်းဆုံးလူ(၃၀)ဦးသေဆုံး

69

Pika (NP News) - သြဂုတ် ၁၆
ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၃၀)ဦးသေဆုံးခဲ့ပြီး အခြားလူအများအပြားဟာ ၎င်းတို့နေအိမ်တွေရဲ့အပျက်အစီးတွေအောက်မှာ ပိတ်မိနေ တယ်လို့ သဘာဝဘေးအန္တရာယ်အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။
တောင်တန်းထူထပ်တဲ့ Khyber Pakhtunkhwa ဒေသမှာ အနည်းဆုံး လူ(၂၃)ဦးသေဆုံးခဲ့ပြီး ပါကစ္စတန်အုပ်ချုပ်တဲ့ ကတ်ရှ်မီးယားပြည်နယ်မှာ လူ(၇)ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသဘာဝဘေးအန္တရာယ်အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မိုးလေဝသဌာနဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ခြေနဲ့ပတ်သက်ပြီး သတိပေးချက်တွေထုတ်ပြန်ထားပြီး ထိခိုက်လွယ်တဲ့ဒေသတွေကနေ ရှောင်ရှားကြဖို့ ပြည်သူတွေကို တိုက်တွန်း ထားတယ်လို့လည်း သိရပါတယ်။
နှစ်စဉ်မုတ်သုံရာသီဟာ ပါကစ္စတန်နိုင်ငံကို မိုးရေချိန်(၇၀)ရာခိုင်နှုန်းကနေ (၈၀)ရာခိုင်နှုန်းအထိ ယူဆောင်လာလေ့ ရှိပြီး စိုက်ပျိုးရေးနဲ့စားနပ်ရိက္ခာဖူလုံမှုအတွက် မရှိမဖြစ်လိုအပ်ပေမယ့်လည်း ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေ တယ်လို့လည်း သိရပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက ပါကစ္စတန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှု တွေကြောင့် နိုင်ငံရဲ့သုံးပုံပုံ တစ်ပုံခန့်ရေနစ်မြုပ်ခဲ့ပြီး လူပေါင်း(၁၇၀၀)ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ပါကစၥတန္နိုင္ငံမွာ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြေၾကာင့္ အနည္းဆုံးလူ(၃၀)ဦးေသဆုံး
Pika (NP News) - ၾသဂုတ္ ၁၆
ပါကစၥတန္နိုင္ငံေျမာက္ပိုင္းမွာ မိုးသည္းထန္စြာရြာသြန္းမႈနဲ႔အတူ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ(၃၀)ဦးေသဆုံးခဲ့ၿပီး အျခားလူအမ်ားအျပားဟာ ၎တို႔ေနအိမ္ေတြရဲ့အပ်က္အစီးေတြေအာက္မွာ ပိတ္မိေန တယ္လို႔ သဘာဝေဘးအႏၲရာယ္အာဏာပိုင္အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ေတာင္တန္းထူထပ္တဲ့ Khyber Pakhtunkhwa ေဒသမွာ အနည္းဆုံး လူ(၂၃)ဦးေသဆုံးခဲ့ၿပီး ပါကစၥတန္အုပ္ခ်ဳပ္တဲ့ ကတ္ရွ္မီးယားျပည္နယ္မွာ လူ(၇)ဦးေသဆုံးခဲ့တယ္လို႔ ေဒသတြင္းသဘာဝေဘးအႏၲရာယ္အာဏာပိုင္အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ မိုးေလဝသဌာနဟာ ပါကစၥတန္နိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ မိုးသည္းထန္စြာရြာသြန္းနိုင္ေျခနဲ႔ပတ္သက္ၿပီး သတိေပးခ်က္ေတြထုတ္ျပန္ထားၿပီး ထိခိုက္လြယ္တဲ့ေဒသေတြကေန ေရွာင္ရွားၾကဖို႔ ျပည္သူေတြကို တိုက္တြန္း ထားတယ္လို႔လည္း သိရပါတယ္။
ႏွစ္စဥ္မုတ္သုံရာသီဟာ ပါကစၥတန္နိုင္ငံကို မိုးေရခ်ိန္(၇၀)ရာခိုင္ႏႈန္းကေန (၈၀)ရာခိုင္ႏႈန္းအထိ ယူေဆာင္လာေလ့ ရွိၿပီး စိုက္ပ်ိဳးေရးနဲ႔စားနပ္ရိကၡာဖူလုံမႈအတြက္ မရွိမျဖစ္လိုအပ္ေပမယ့္လည္း ပ်က္စီးဆုံးရႈံးမႈေတြကို ျဖစ္ေပၚေစ တယ္လို႔လည္း သိရပါတယ္။ ၂၀၂၂ ခုႏွစ္တုန္းက ပါကစၥတန္နိုင္ငံမွာ မိုးသည္းထန္စြာရြာသြန္းမႈနဲ႔အတူ ေရႀကီးမႈ ေတြေၾကာင့္ နိုင္ငံရဲ့သုံးပုံပုံ တစ္ပုံခန႔္ေရနစ္ျမဳပ္ခဲ့ၿပီး လူေပါင္း(၁၇၀၀)ေက်ာ္ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။