တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

887

ပြည့်ဖြိုး (NP News) - ဩဂုတ် ၁၇
ပြည်တွင်းဈေးကွက်အတွင်း၌ ယခင်တစ်ပတ်ကဲ့သို့ ဒေါ်လာဈေးနှင့် ကမ္ဘာ့ရွှေဈေးများ ကျဆင်းနေရာ ဈေးကွက်အတွင်း အကျဈေးဖြင့် အရောင်း/ အဝယ်ပြုလုပ်နေကြကြောင်းသိရသည်။ ပြည်တွင်း ရွှေဈေးကွက်အတွင်း ပြင်ပပေါက်ဈေးမှာ အခေါက် ရွှေတစ်ကျပ်သားလျှင် (၇၇)သိန်း လေးသောင်းအထိ ကျဆင်းလာပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် (၃၃၅၀) ဒေါ်လာအထိ ကျဆင်းနေခြင်းဖြစ်သည်။ ပြည်တွင်းရွှေဈေးကွက်၌ ဇွန်လနှင့် ဇူလိုင်လ အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၈)သိန်း အထက်သို့ရောက်ရှိခဲ့သော်လည်း လက်ရှိ ဩဂုတ်လတွင် ပြန်လည် ကျဆင်းလာခြင်းဖြစ်သည်။ ရန်ကုန်တိုင်းရွှေအသင်းရုံး YGEA မှ ရည်ညွှန်းသတ်မှတ် ဈေးမှာ အခေါက်ရွှေတစ်ကျပ်သား လျှင် (၅၉)သိန်း ဖြစ်ပြီး ယင်းဈေးဖြင့် အရောင်းအဝယ်ပြုလုပ်သူ နည်းပါးကြောင်းသိရသည်။ မိုးရာသီကာလဖြစ်သော် လည်း အဓိက ပြည်ပပို့ကုန်တစ်ခုဖြစ်သော ဆန်နှင့် ဆန်ခွဲမှာ ဇူလိုင်တစ်လတာအတွင်း တန်ချိန်နှစ်သိန်း သုံးသောင်း ကျော်တင်ပို့ထားနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှသိရသည်။
ပြည်ပသို့ဆန်တင်ပို့မှုသည် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှအနည်းငယ်သာတင်ပို့နိုင်သော်လည်း ပုံမှန် ပင်လယ်ရေကြောင်းတင်ပို့မှုများပြား လာခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာဆန်တင်ပို့မှုကို တစ်နှစ်တာအတွင်း တန်ချိန်သုံးသန်းအထိ တင်ပို့နိုင်ရန် ဆန်စပါးအဖွဲ့ချုပ်က ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်းသိရသည်။ ပြည်ပ ပို့ကုန် တစ်ခုဖြစ်သော အထည်ချုပ်လုပ်ငန်းမှလည်း ပို့ကုန်ရငွေ များမြင့်တက်လျက်ရှိပြီး ယခုဘဏ္ဍာနှစ်သုံးလအတွင်း အမေရိကန်ဒေါ်လာသန်း (၁၂၀ဝ) ကျော်တင်ပို့ ထားနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ပို့ကုန် အသားပေး မူဝါဒချမှတ်ထားရာ လတ်တလောတွင် ဒေါ်လာဈေးများ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်နေကြောင်းသိရသည်။ လတ်တလော ထူးခြားချက်အနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးပြန်လည်ကျဆင်းလာကြောင်း သိရ သည်။
ဆောက်လုပ်ရေး လုပ်ငန်းသုံးကုန်စည်များ ဈေးကျဆင်းနေသော်လည်း ဆောက်လုပ်ရေးလုပ်ငန်း အများစုမှာ လုပ်ငန်းရပ်ဆိုင်းထားပြီး ဈေးနှုန်းကို ဆက်လက်စောင့်ကြည့်နေကြောင်း ကန်ထရိုက်လုပ်ငန်းရှင် များထံမှသိရသည်။ မန္တလေးငလျင်ကြီးအပြီးတွင် ငလျင်ဒဏ်ခံနိုင်ရည်ကို အဆောက်အအုံများအတွက် ပြင်းအား အဆင့် (၈) အထိ ရှိရမည်ဟု သက်ဆိုင်ရာ ကထုတ်ပြန်ခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းအများစုမှာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားခြင်း ဖြစ်သည်။
ထို့ပြင် ငလျင်ကြီးအပြီးတွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးကုန်စည်များ ဈေးဆက်တိုက်မြင့်တက်ခဲ့ကြောင်း သိရသည်။ လက်ရှိ ဩဂုတ်လသည် မိုးရာသီနောက်ဆုံးကာလ နီးကပ်လာခြင်းကြောင့် ဆောက်လုပ်ရေးလောကနှင့် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အနည်းဆုံးကာလဖြစ်ပြီး နောက်လာမည့် ပွင့်လင်းရာသီကာလများ သို့စောင့် ကြည့်နေရမည်ဖြစ်သည်။
ရွှေဈေးကွက်နှင့် ငွေလဲဈေးကွက်
ပြည်တွင်းရွှေဈေးကွက်တွင် ရွှေဈေးများကျ ဆင်းနေသော်လည်း အရောင်း/အဝယ်အေးကြောင်း ရွှေလုပ်ငန်းရှင် များထံမှသိရသည်။ ပွင့်လင်းရာသီ ဘာလေးဘာကာလ (စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သို့ရောက်ရှိမှသာ အရောင်းအဝယ်များ ပြန်လည်အားကောင်းလာနိုင်ကြောင်း ဝါရင့်ရွှေလုပ်ငန်းရှင်များက ခန့်မှန်းထား ကြသည်။ ယခင်တစ်ပတ်က ပြင်ပဈေးကွက်အတွင်း အခေါက် ရွှေတစ်ကျပ်သားလျှင် (၇၇) သိန်းရှစ်သောင်းနှင့် (၇၇) သိန်းကိုးသောင်းခန့် ပေါက်ဈေးရှိရာမှ လက်ရှိတွင် (၇၇)သိန်း လေးသောင်း ခန့်အထိ ဈေးများ ကျ ဆင်းနေခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း လတ်တလောတွင် ဈေးအကျပိုင်းသို့ရောက်ရှိနေပြီး ရွှေတစ်အောင်စလျှင် (၃၃၅၀) ဒေါ်လာဝန်းကျင်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA မှ ရည်ညွှန်းရွှေဈေး ထုတ် ပြန်ထားပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၉) သိန်းဖြင့် ပေါက်ဈေးသတ်မှတ်သည်။ အဆိုပါ ရည် ညွှန်းပေါက်ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်သူ နည်းပါးပြီး ပြင်ပပေါက်ဈေးဖြင့်အများဆုံး အရောင်းအ ဝယ်ပြုလုပ်ကြ ကြောင်းသိရသည်။
လက်ရှိကာလသည် မိုးရာသီဖြစ်သောကြောင့် ပြည်တွင်းရွှေတူးဖော်ရေးလုပ်ငန်းများ ရပ်နားထား ချိန်ဖြစ်သော ကြောင့်ဈေးကွက်အတွင်း ရွှေအသစ် ဝင်ရောက်မှုနည်းပါးကြောင်းနှင့် (၁၅) ပဲရည် ရွှေအထည်များသာ အဓိက ထား ရောင်းဝယ်နေရကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှသိရသည်။ (၁၅) ပဲ ရည် ရွှေအထည်ဈေးနှုန်းမှာလည်း တစ်ကျပ် သားလျှင် (၇၂)သိန်းရှစ်သောင်းကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။ လာမည့်ရက်များအတွင်း ကမ္ဘာ့ ရွှေဈေး နှုန်းအပေါ် မူတည်ကာ ပြည်တွင်း ရွှေဈေးနှုန်းအကျ ပိုင်းသို့ရောက်ရှိနေမည်ဖြစ်သည်။ ငွေလဲဈေးကွက်အတွင်း အမေရိ ကန်ဒေါ်လာပေါက်ဈေးမှာ ယခုလအတွင်း ဈေးနှုန်းကျဆင်းနေပြီး ဗဟိုဘဏ်မှ ဈေးကွက်အတွင်း နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်း ပေးနေခြင်းကြောင့်ဖြစ်သည်။ ယခင်တစ်ပတ်က အမေရိကန် တစ်ဒေါ်လာလျှင် (၄၄၀ဝ) ကျပ်အထိ ကျဆင်းခဲ့ရာ လက်ရှိ ဩဂုတ်လ (၁၂) ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် (၄၄၁၀) ကျပ် ပေါက် ဈေးသာရှိ ကြောင်းသိရသည်။ နိုင်ငံခြားငွေများကို ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်များအတွက် ဆက်တိုက်ထုတ်ရောင်း ပေးနေကြောင်း ဗဟိုဘဏ်ကထုတ်ပြန်သည်။ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအတွင်းက အမေရိကန်ဒေါ်လာ (၁.၁၈၁) သန်းကို မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ဩဂုတ်လ (၁၁) ရက်တွင် စားသုံးဆီ တင် သွင်းသည့် ကုမ္ပဏီများထံ ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ (၄၁၅, ၉၇၂) ကိုလည်း စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများနှင့် အမေရိကန်ဒေါ်လာ (၃၄၈,ဝ၂၇) ကို CMP ကုမ္ပဏီများနှင့် Non-trade payment အများအတွက် ရောင်းပေးထားကြောင်းသိရသည် ။
ဗဟိုဘက်၏ အွန်လိုင်း FX Trading ဈေးကွက်အတွင်း သန့်စင်သကြား၊ ဆေးဝါးကုန်ကြမ်း၊ ဆေးဝါး၊ လျှပ်စစ် ပစ္စည်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေး ပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆက်သွယ်ရေး ပစ္စည်း၊ ထွန်စက်၊ ပိုးသတ်ဆေး၊ ကတ္တရာ၊ စားသုံးကုန်စည်တင်သွင်းသည့် Importer များမှ ဗဟိုဘဏ် ရောင်းချပေးသောနိုင်ငံခြား ငွေကို ဝယ်ယူကြခြင်းဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် ဩဂုတ်လ (၁၁) ရက်နေ့၊ FX Trading Platform တွင် အမေရိကန်ဒေါ် လာ ငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် (၃၆၂၃) ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ခြင်းဖြစ်သည်။ ပြင်ပဒေါ်လာ ပေါက်ဈေးနှင့် ဗဟိုဘဏ် ဈေးကွာခြားချက်မှာ အနည်းငယ် ကျဉ်းမြောင်းလာပြီဖြစ်သော်လည်း ပြင်ပ ဈေးကွက်မှာအရောင်းအဝယ် ကောင်းမွန်နေဆဲဖြစ်သည်။ လာမည့်ရက်များအတွင်း အမေရိကန် ဒေါ်လာဈေး ဆက်လက်တည်ငြိမ်နေနိုင်ပြီး ပြည်တွင်း ပို့ ကုန်/သွင်းကုန်လုပ်ငန်းများ၏ အခြေအနေပေါ်တွင် မူတည်မည်ဖြစ်သည်။
ဆန်တင်ပို့မှုအားကောင်းခြင်းနှင့် CMP ပို့ကုန်များ လွန်ခဲ့သောဇူလိုင်လ တစ်လတာအတွင်း ပြည်ပ နိုင်ငံအသီး သီးသို့ ဆန် ၊ ဆန်ကွဲ တန်ချိန် (၂) သိန်း (၃) သောင်းကျော်တင်ပို့ခဲ့ပြီး၊ တင်ပို့မှုများ အနည်း ငယ် မြင့်တက်လာကြောင်း သိရသည်။ ဇူလိုင် တစ်လတာအတွင်း ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် (၂၃၀ ၆၇၁) တန်ပို့ဆောင်ခဲ့ပြီး၊ လွန်ခဲ့သော ဇွန် တစ်လတာအတွင်းက ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် (၂၁၂ ၄၁၆) တန်သာတင်ပို့နိုင်ခဲ့ခြင်းကြောင့် ဇူလိုင်တွင် ဆန်တင် ပို့မှု တန်ချိန် ပိုမိုများပြားခဲ့ခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ပင်လယ် ရေကြောင်းမှ အဓိကထားတင်ပို့ခြင်းဖြစ်ကြောင်း နယ်စပ်လမ်း ကြောင်းမှ တင်ပို့မှု အနည်းငယ်သာရှိနိုင် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တာဝန်ရှိ သူတစ်ဦးကပြောသည်။ (၂၀၂၅) ခုနှစ် ဇူလိုင်လအ တွင်းမှာ ဆန်တန်ချိန် (၁၂၄၁၆၆) နှင့်ဆန်ကွဲ တန် ချိန် (၁၀၆၅၀၅) တန်ကို ကုမ္ပဏီပေါင်း (၆၂) ခုမှ ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
ဆန်တင်ပို့မှုအနေဖြင့်ဖိလစ်ပိုင်၊ တရုတ်၊ စပိန်၊ နယ်သာလန်နိုင်ငံများသို့ ဆန်တန်ချိန် အများဆုံး တင်ပို့ခဲ့ပြီး၊ ဆန်ကွဲတင်ပို့မှုအနေဖြင့် ဘယ်လ်ဂျီယံ၊ တရုတ်၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ UK စသည့် နိုင်ငံပေါင်း (၁၅) နိုင်ငံသို့ တင်ပို့ နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့ပို့ကုန်ဆန်၏ အဓိကဝယ်လက်မှာ ဥရောပ ဈေးကွက်ဖြစ်ပြီး၊ အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံများသို့ တန်ဖိုးမြင့်ဆန်များ တင်ပို့ရောင်းချရန် စိစဉ်နေကြောင်းသိရသည်။ ပြည်ပ ပို့ကုန်အဖြစ် ဆန်တင်ပို့ မှုအားကောင်းနေပြီး ယခုဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် သုံးသန်းခန့်တင်ပို့ နိုင်ရန် ရည်ရွယ်ထားကြောင်း ဆန်စပါး အသင်းချုပ်မှ သိရသည်။
(၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိ (၃) လအတွင်း အထည်ချုပ်ကဏ္ဍမှ အမေရိ ကန်ဒေါ်လာ သန်းပေါင်း (၁၂၀ဝ) ကျော်ရရှိထား ကြောင်းသိရသည်။ အထည်ချုပ်လုပ်ငန်းနှင့် အခြား အထည်ချုပ်ကုန်ချောပစ္စည်း တင်ပို့မှုများမှ အမေရိကန်ဒေါ်လာ (၁၂၁၇ ဒသမ ၄၄၈) သန်း ရရှိခဲ့ပြီး၊ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ (၁၇၁ ဒသမ ၃၄၇) သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
(၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိ လက်ခစားအထည်ချုပ်လုပ်ငန်းများမှ အမေရိကန် ဒေါ်လာ (၉၀၂ ဒသမ ၄၈) သန်းနှင့် အ ခြားအထည်ချုပ်ကုန်ချောပစ္စည်းများ တင်ပို့မှုမှ တစ်ဆင့် အမေရိကန်ဒေါ်လာ (၃၁၄ ဒသမ ၉၆၈) သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၂၁၇ ဒသမ ၄၄၈) သန်း ရရှိခဲ့ခြင်းဖြစ်သည်။
ပြည်ပမှ ကုန်ကြမ်းသွင်း၊ ကုန်ချောပြည်ပ ပြန်လည်တင်ပို့သည့်စနစ်ဖြင့် အထည်ချုပ်ကဏ္ဍအများစုလည် ပတ်နေခြင်းဖြစ်ပြီး၊ အထည်ချုပ်ကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေး လုပ်ငန်းများ အချိန်တိုအတွင်းတိုး တက်အောင်လုပ် ဆောင်ပေးနိုင်သည့် လုပ်ငန်းကဏ္ဍတစ်ခုအဖြစ်ရပ် တည်နေကြောင်းသိရသည်။ (၂၀၂၅) ဘဏ္ဍာရေး နှစ် စက်မှုဝန်ကြီးဌာနတွင် ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်ပြီးဖြစ်သည့် အထည်ချုပ်လုပ်ငန်းပေါင်း (၇၄၇) ခု ရှိကြောင်း သိရသည်။
ရပ်နားထားဆဲ ဆောက်လုပ်ရေးလုပ်ငန်းများ
မိုးရာသီကာလရောက်ရှိနေခြင်းကြောင့်ဆောက် လုပ်ရေးလုပ်ငန်းများရပ်နားထားသည့်အပြင် ဆောက် လုပ်ရေး သုံးကုန်စည်အချို့လည်း ဈေးနှုန်းကျဆင်း နေကြောင်းဈေးကွက်အတွင်းမှသိရသည်။ ဘိလပ်မြေဈေးအပါအဝင် အိမ်ဆောက်ပစ္စည်းဈေးတွေ ကျဆင်းနေခြင်းဖြစ်ပြီး အယ်လ်ဖာနှင့် အပါချီ ဘိလပ် မြေတစ်အိတ်လျှင် တစ်သောင်း ရှစ်ထောင့်ငါးရာကျပ် ဝန်းကျင်၊ SCG (ထိုင်းဆင်) ဘိလပ်မြေတစ်အိတ် နှစ်သောင်းလေးထောင်ကျပ်၊ ကြံ့နီ ဘိလပ်မြေ တစ် အိတ် နှစ်သောင်းတစ်ထောင်ဝန်းကျင် ပေါက်ဈေးရှိ နေသည်။ ထို့ပြင် တရုတ်နိုင်ငံထုတ် သံဈေး (၁၀) မီလီမီတာ တစ်တန်လျှင် ဆယ့်လေးသိန်း နှစ်သောင်း ဝန်းကျင်၊ (၆ ဒသမ ၅) မီလီမီတာ ကွိုင် တစ်သိန်းကိုး သောင်းကျပ်ဝန်းကျင်၊ ရှစ်ပေါက်အုတ်နှင့်ဆယ်ပေါက် အုတ်တစ်ခဲလျှင် (၃၃၀) ကျပ်ဝန်းကျင်၊ လေဘောင် အုတ် တစ်ခဲလျှင် (၃၅၀) ကျပ်ဝန်း ကျင်၊ သဲ တစ်ကျင်းခွဲ ကျပ်ခြောက်သောင်းဝန်းကျင်၊ ကျောက်ခဲ တစ်ကျင်းခွဲ ကျပ်တစ်သိန်းရှစ်သောင်းဝန်းကျင် ပေါက် ဈေးရှိနေပြီး နေရာဒေသအလိုက် ဈေးနှုန်း ကွာဟမှုများရှိနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်း အများစု သည် ပြီးခဲ့သည့်မတ်လအတွင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ကုန်ကြမ်းပစ္စည်းဈေးနှုန်းအဆမ တန်မြင့်တက်ခဲ့သည့်အပြင် အစိုးရ၏ ငလျင်ဒဏ် ခံနိုင်ရည် သတ်မှတ် ချက်အဆင့် ရှိရမည်ဆိုသော ညွှန်ကြားချက်ကြောင့် ရပ်နားထားရကြောင်း သိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းများ တဖြည်းဖြည်း ဈေးပြန်လည် ကျဆင်းလာ သော်လည်း လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရန်အ တွက် အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးက သုံးသပ်ပြောကြား သည်။ ယခုကဲ့သို့ ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်နားထားရမှုကြောင့် လုပ်ငန်းအပေါ် မှီခိုနေရသည့် အခြေခံလုပ် သားများနှင့် ဆောက်လုပ် ရေးလုပ်ငန်းအသိုင်းအဝိုင်းတစ်ခုလုံး စီးပွားရေးအရ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
zawgyiversion
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News) - ဩဂုတ္ ၁၇
ျပည္တြင္းေဈးကြက္အတြင္း၌ ယခင္တစ္ပတ္ကဲ့သို႔ ေဒၚလာေဈးႏွင့္ ကမာၻ႔ေ႐ႊေဈးမ်ား က်ဆင္းေနရာ ေဈးကြက္အတြင္း အက်ေဈးျဖင့္ အေရာင္း/ အဝယ္ျပဳလုပ္ေနၾကေၾကာင္းသိရသည္။ ျပည္တြင္း ေ႐ႊေဈးကြက္အတြင္း ျပင္ပေပါက္ေဈးမွာ အေခါက္ ေ႐ႊတစ္က်ပ္သားလွ်င္ (၇၇)သိန္း ေလးေသာင္းအထိ က်ဆင္းလာၿပီး ကမာၻ႔ေ႐ႊေဈးမွာ တစ္ေအာင္စလွ်င္ (၃၃၅၀) ေဒၚလာအထိ က်ဆင္းေနျခင္းျဖစ္သည္။ ျပည္တြင္းေ႐ႊေဈးကြက္၌ ဇြန္လႏွင့္ ဇူလိုင္လ အတြင္း အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၇၈)သိန္း အထက္သို႔ေရာက္ရွိခဲ့ေသာ္လည္း လက္ရွိ ဩဂုတ္လတြင္ ျပန္လည္ က်ဆင္းလာျခင္းျဖစ္သည္။ ရန္ကုန္တိုင္းေ႐ႊအသင္း႐ုံး YGEA မွ ရည္ၫႊန္းသတ္မွတ္ ေဈးမွာ အေခါက္ေ႐ႊတစ္က်ပ္သား လွ်င္ (၅၉)သိန္း ျဖစ္ၿပီး ယင္းေဈးျဖင့္ အေရာင္းအဝယ္ျပဳလုပ္သူ နည္းပါးေၾကာင္းသိရသည္။ မိုးရာသီကာလျဖစ္ေသာ္ လည္း အဓိက ျပည္ပပို႔ကုန္တစ္ခုျဖစ္ေသာ ဆန္ႏွင့္ ဆန္ခြဲမွာ ဇူလိုင္တစ္လတာအတြင္း တန္ခ်ိန္ႏွစ္သိန္း သုံးေသာင္း ေက်ာ္တင္ပို႔ထားႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအဖြဲ႕ခ်ဳပ္မွသိရသည္။
ျပည္ပသို႔ဆန္တင္ပို႔မႈသည္ နယ္စပ္ကုန္သြယ္ ေရးလမ္းေၾကာင္းမွအနည္းငယ္သာတင္ပို႔ႏိုင္ေသာ္လည္း ပုံမွန္ ပင္လယ္ေရေၾကာင္းတင္ပို႔မႈမ်ားျပား လာျခင္းျဖစ္ေၾကာင္း သိရသည္။ ျမန္မာဆန္တင္ပို႔မႈကို တစ္ႏွစ္တာအတြင္း တန္ခ်ိန္သုံးသန္းအထိ တင္ပို႔ႏိုင္ရန္ ဆန္စပါးအဖြဲ႕ခ်ဳပ္က ရည္မွန္းခ်က္ထား ေဆာင္႐ြက္ေနေၾကာင္းသိရသည္။ ျပည္ပ ပို႔ကုန္ တစ္ခုျဖစ္ေသာ အထည္ခ်ဳပ္လုပ္ငန္းမွလည္း ပို႔ကုန္ရေငြ မ်ားျမင့္တက္လ်က္ရွိၿပီး ယခုဘ႑ာႏွစ္သုံးလအတြင္း အေမရိကန္ေဒၚလာသန္း (၁၂၀ဝ) ေက်ာ္တင္ပို႔ ထားႏိုင္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံသည္ ပို႔ကုန္ အသားေပး မူဝါဒခ်မွတ္ထားရာ လတ္တေလာတြင္ ေဒၚလာေဈးမ်ား အတိုင္းအတာတစ္ခုအထိ တည္ၿငိမ္ေနေၾကာင္းသိရသည္။ လတ္တေလာ ထူးျခားခ်က္အေနျဖင့္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ား ေဈးျပန္လည္က်ဆင္းလာေၾကာင္း သိရ သည္။
ေဆာက္လုပ္ေရး လုပ္ငန္းသုံးကုန္စည္မ်ား ေဈးက်ဆင္းေနေသာ္လည္း ေဆာက္လုပ္ေရးလုပ္ငန္း အမ်ားစုမွာ လုပ္ငန္းရပ္ဆိုင္းထားၿပီး ေဈးႏႈန္းကို ဆက္လက္ေစာင့္ၾကည့္ေနေၾကာင္း ကန္ထ႐ိုက္လုပ္ငန္းရွင္ မ်ားထံမွသိရသည္။ မႏၲေလးငလ်င္ႀကီးအၿပီးတြင္ ငလ်င္ဒဏ္ခံႏိုင္ရည္ကို အေဆာက္အအုံမ်ားအတြက္ ျပင္းအား အဆင့္ (၈) အထိ ရွိရမည္ဟု သက္ဆိုင္ရာ ကထုတ္ျပန္ခဲ့ရာ ေဆာက္လုပ္ေရးလုပ္ငန္းအမ်ားစုမွာ လုပ္ငန္းလည္ပတ္မႈ ရပ္ဆိုင္းထားျခင္း ျဖစ္သည္။
ထို႔ျပင္ ငလ်င္ႀကီးအၿပီးတြင္ ေဆာက္လုပ္ေရး လုပ္ငန္းသုံးကုန္စည္မ်ား ေဈးဆက္တိုက္ျမင့္တက္ခဲ့ေၾကာင္း သိရသည္။ လက္ရွိ ဩဂုတ္လသည္ မိုးရာသီေနာက္ဆုံးကာလ နီးကပ္လာျခင္းေၾကာင့္ ေဆာက္လုပ္ေရးေလာကႏွင့္ အိမ္ၿခံေျမေဈးကြက္အတြင္း အေရာင္းအဝယ္ အနည္းဆုံးကာလျဖစ္ၿပီး ေနာက္လာမည့္ ပြင့္လင္းရာသီကာလမ်ား သို႔ေစာင့္ ၾကည့္ေနရမည္ျဖစ္သည္။
ေ႐ႊေဈးကြက္ႏွင့္ ေငြလဲေဈးကြက္
ျပည္တြင္းေ႐ႊေဈးကြက္တြင္ ေ႐ႊေဈးမ်ားက် ဆင္းေနေသာ္လည္း အေရာင္း/အဝယ္ေအးေၾကာင္း ေ႐ႊလုပ္ငန္းရွင္ မ်ားထံမွသိရသည္။ ပြင့္လင္းရာသီ ဘာေလးဘာကာလ (စက္တင္ဘာ၊ ေအာက္တိုဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာ) သို႔ေရာက္ရွိမွသာ အေရာင္းအဝယ္မ်ား ျပန္လည္အားေကာင္းလာႏိုင္ေၾကာင္း ဝါရင့္ေ႐ႊလုပ္ငန္းရွင္မ်ားက ခန႔္မွန္းထား ၾကသည္။ ယခင္တစ္ပတ္က ျပင္ပေဈးကြက္အတြင္း အေခါက္ ေ႐ႊတစ္က်ပ္သားလွ်င္ (၇၇) သိန္းရွစ္ေသာင္းႏွင့္ (၇၇) သိန္းကိုးေသာင္းခန႔္ ေပါက္ေဈးရွိရာမွ လက္ရွိတြင္ (၇၇)သိန္း ေလးေသာင္း ခန႔္အထိ ေဈးမ်ား က် ဆင္းေနျခင္းျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးသည္လည္း လတ္တေလာတြင္ ေဈးအက်ပိုင္းသို႔ေရာက္ရွိေနၿပီး ေ႐ႊတစ္ေအာင္စလွ်င္ (၃၃၅၀) ေဒၚလာဝန္းက်င္သို႔ ေရာက္ရွိေနျခင္းျဖစ္သည္။ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA မွ ရည္ၫႊန္းေ႐ႊေဈး ထုတ္ ျပန္ထားၿပီး အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၅၉) သိန္းျဖင့္ ေပါက္ေဈးသတ္မွတ္သည္။ အဆိုပါ ရည္ ၫႊန္းေပါက္ေဈးျဖင့္ အေရာင္းအဝယ္ျပဳလုပ္သူ နည္းပါးၿပီး ျပင္ပေပါက္ေဈးျဖင့္အမ်ားဆုံး အေရာင္းအ ဝယ္ျပဳလုပ္ၾက ေၾကာင္းသိရသည္။
လက္ရွိကာလသည္ မိုးရာသီျဖစ္ေသာေၾကာင့္ ျပည္တြင္းေ႐ႊတူးေဖာ္ေရးလုပ္ငန္းမ်ား ရပ္နားထား ခ်ိန္ျဖစ္ေသာ ေၾကာင့္ေဈးကြက္အတြင္း ေ႐ႊအသစ္ ဝင္ေရာက္မႈနည္းပါးေၾကာင္းႏွင့္ (၁၅) ပဲရည္ ေ႐ႊအထည္မ်ားသာ အဓိက ထား ေရာင္းဝယ္ေနရေၾကာင္း ေ႐ႊဆိုင္ပိုင္ရွင္မ်ားထံမွသိရသည္။ (၁၅) ပဲ ရည္ ေ႐ႊအထည္ေဈးႏႈန္းမွာလည္း တစ္က်ပ္ သားလွ်င္ (၇၂)သိန္းရွစ္ေသာင္းက်ပ္ဝန္းက်င္ ေပါက္ေဈးရွိေၾကာင္း သိရသည္။ လာမည့္ရက္မ်ားအတြင္း ကမာၻ႔ ေ႐ႊေဈး ႏႈန္းအေပၚ မူတည္ကာ ျပည္တြင္း ေ႐ႊေဈးႏႈန္းအက် ပိုင္းသို႔ေရာက္ရွိေနမည္ျဖစ္သည္။ ေငြလဲေဈးကြက္အတြင္း အေမရိ ကန္ေဒၚလာေပါက္ေဈးမွာ ယခုလအတြင္း ေဈးႏႈန္းက်ဆင္းေနၿပီး ဗဟိုဘဏ္မွ ေဈးကြက္အတြင္း ႏိုင္ငံျခားေငြမ်ား ဆက္တိုက္ထုတ္ေရာင္း ေပးေနျခင္းေၾကာင့္ျဖစ္သည္။ ယခင္တစ္ပတ္က အေမရိကန္ တစ္ေဒၚလာလွ်င္ (၄၄၀ဝ) က်ပ္အထိ က်ဆင္းခဲ့ရာ လက္ရွိ ဩဂုတ္လ (၁၂) ရက္တြင္ အေမရိကန္ တစ္ေဒၚလာလွ်င္ (၄၄၁၀) က်ပ္ ေပါက္ ေဈးသာရွိ ေၾကာင္းသိရသည္။ ႏိုင္ငံျခားေငြမ်ားကို ဗဟိုဘဏ္က သြင္းကုန္လုပ္ငန္းရွင္မ်ားအတြက္ ဆက္တိုက္ထုတ္ေရာင္း ေပးေနေၾကာင္း ဗဟိုဘဏ္ကထုတ္ျပန္သည္။ CMP ကုမၸဏီမ်ားထံမွ ဝယ္ယူထားသည့္ ႏိုင္ငံျခားေငြမ်ားအတြင္းက အေမရိကန္ေဒၚလာ (၁.၁၈၁) သန္းကို ျမန္မာႏိုင္ငံေတာ္ဗဟို ဘဏ္က ဩဂုတ္လ (၁၁) ရက္တြင္ စားသုံးဆီ တင္ သြင္းသည့္ ကုမၸဏီမ်ားထံ ထုတ္ေရာင္းေပးခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ အေမရိကန္ေဒၚလာ (၄၁၅, ၉၇၂) ကိုလည္း စက္သုံးဆီတင္သြင္းသည့္ ကုမၸဏီမ်ားႏွင့္ အေမရိကန္ေဒၚလာ (၃၄၈,ဝ၂၇) ကို CMP ကုမၸဏီမ်ားႏွင့္ Non-trade payment အမ်ားအတြက္ ေရာင္းေပးထားေၾကာင္းသိရသည္ ။
ဗဟိုဘက္၏ အြန္လိုင္း FX Trading ေဈးကြက္အတြင္း သန႔္စင္သၾကား၊ ေဆးဝါးကုန္ၾကမ္း၊ ေဆးဝါး၊ လွ်ပ္စစ္ ပစၥည္း၊ စက္မႈကုန္ၾကမ္း၊ ေဆာက္လုပ္ေရး ပစၥည္း၊ ကား/ဆိုင္ကယ္အပိုပစၥည္း၊ ဆက္သြယ္ေရး ပစၥည္း၊ ထြန္စက္၊ ပိုးသတ္ေဆး၊ ကတၱရာ၊ စားသုံးကုန္စည္တင္သြင္းသည့္ Importer မ်ားမွ ဗဟိုဘဏ္ ေရာင္းခ်ေပးေသာႏိုင္ငံျခား ေငြကို ဝယ္ယူၾကျခင္းျဖစ္သည္။ ဗဟိုဘဏ္အေနျဖင့္ ဩဂုတ္လ (၁၁) ရက္ေန႔၊ FX Trading Platform တြင္ အေမရိကန္ေဒၚ လာ ေငြလဲႏႈန္းကို တစ္ေဒၚလာလွ်င္ (၃၆၂၃) က်ပ္ သတ္မွတ္ေရာင္းဝယ္ခဲ့ျခင္းျဖစ္သည္။ ျပင္ပေဒၚလာ ေပါက္ေဈးႏွင့္ ဗဟိုဘဏ္ ေဈးကြာျခားခ်က္မွာ အနည္းငယ္ က်ဥ္းေျမာင္းလာၿပီျဖစ္ေသာ္လည္း ျပင္ပ ေဈးကြက္မွာအေရာင္းအဝယ္ ေကာင္းမြန္ေနဆဲျဖစ္သည္။ လာမည့္ရက္မ်ားအတြင္း အေမရိကန္ ေဒၚလာေဈး ဆက္လက္တည္ၿငိမ္ေနႏိုင္ၿပီး ျပည္တြင္း ပို႔ ကုန္/သြင္းကုန္လုပ္ငန္းမ်ား၏ အေျခအေနေပၚတြင္ မူတည္မည္ျဖစ္သည္။
ဆန္တင္ပို႔မႈအားေကာင္းျခင္းႏွင့္ CMP ပို႔ကုန္မ်ား လြန္ခဲ့ေသာဇူလိုင္လ တစ္လတာအတြင္း ျပည္ပ ႏိုင္ငံအသီး သီးသို႔ ဆန္ ၊ ဆန္ကြဲ တန္ခ်ိန္ (၂) သိန္း (၃) ေသာင္းေက်ာ္တင္ပို႔ခဲ့ၿပီး၊ တင္ပို႔မႈမ်ား အနည္း ငယ္ ျမင့္တက္လာေၾကာင္း သိရသည္။ ဇူလိုင္ တစ္လတာအတြင္း ဆန္၊ ဆန္ကြဲ မက္ထရစ္တန္ခ်ိန္ (၂၃၀ ၆၇၁) တန္ပို႔ေဆာင္ခဲ့ၿပီး၊ လြန္ခဲ့ေသာ ဇြန္ တစ္လတာအတြင္းက ဆန္၊ ဆန္ကြဲ မက္ထရစ္တန္ခ်ိန္ (၂၁၂ ၄၁၆) တန္သာတင္ပို႔ႏိုင္ခဲ့ျခင္းေၾကာင့္ ဇူလိုင္တြင္ ဆန္တင္ ပို႔မႈ တန္ခ်ိန္ ပိုမိုမ်ားျပားခဲ့ျခင္းျဖစ္သည္။
ျပည္ပႏိုင္ငံမ်ားသို႔ ဆန္တင္ပို႔ရာတြင္ ပင္လယ္ ေရေၾကာင္းမွ အဓိကထားတင္ပို႔ျခင္းျဖစ္ေၾကာင္း နယ္စပ္လမ္း ေၾကာင္းမွ တင္ပို႔မႈ အနည္းငယ္သာရွိႏိုင္ ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္တာဝန္ရွိ သူတစ္ဦးကေျပာသည္။ (၂၀၂၅) ခုႏွစ္ ဇူလိုင္လအ တြင္းမွာ ဆန္တန္ခ်ိန္ (၁၂၄၁၆၆) ႏွင့္ဆန္ကြဲ တန္ ခ်ိန္ (၁၀၆၅၀၅) တန္ကို ကုမၸဏီေပါင္း (၆၂) ခုမွ ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔ႏိုင္ခဲ့ျခင္းျဖစ္သည္။
ဆန္တင္ပို႔မႈအေနျဖင့္ဖိလစ္ပိုင္၊ တ႐ုတ္၊ စပိန္၊ နယ္သာလန္ႏိုင္ငံမ်ားသို႔ ဆန္တန္ခ်ိန္ အမ်ားဆုံး တင္ပို႔ခဲ့ၿပီး၊ ဆန္ကြဲတင္ပို႔မႈအေနျဖင့္ ဘယ္လ္ဂ်ီယံ၊ တ႐ုတ္၊ အင္ဒိုနီးရွား၊ နယ္သာလန္၊ UK စသည့္ ႏိုင္ငံေပါင္း (၁၅) ႏိုင္ငံသို႔ တင္ပို႔ ႏိုင္ခဲ့ျခင္းျဖစ္သည္။
ျမန္မာ့ပို႔ကုန္ဆန္၏ အဓိကဝယ္လက္မွာ ဥေရာပ ေဈးကြက္ျဖစ္ၿပီး၊ အာရွႏိုင္ငံေတြျဖစ္တဲ့ တ႐ုတ္၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္ႏိုင္ငံမ်ားသို႔ တန္ဖိုးျမင့္ဆန္မ်ား တင္ပို႔ေရာင္းခ်ရန္ စိစဥ္ေနေၾကာင္းသိရသည္။ ျပည္ပ ပို႔ကုန္အျဖစ္ ဆန္တင္ပို႔ မႈအားေကာင္းေနၿပီး ယခုဘ႑ာႏွစ္အတြင္း ဆန္တန္ခ်ိန္ သုံးသန္းခန႔္တင္ပို႔ ႏိုင္ရန္ ရည္႐ြယ္ထားေၾကာင္း ဆန္စပါး အသင္းခ်ဳပ္မွ သိရသည္။
(၂၀၂၅-၂၀၂၆) ဘ႑ာေရးႏွစ္၊ ဧၿပီလမွ ဇြန္လအထိ (၃) လအတြင္း အထည္ခ်ဳပ္က႑မွ အေမရိ ကန္ေဒၚလာ သန္းေပါင္း (၁၂၀ဝ) ေက်ာ္ရရွိထား ေၾကာင္းသိရသည္။ အထည္ခ်ဳပ္လုပ္ငန္းႏွင့္ အျခား အထည္ခ်ဳပ္ကုန္ေခ်ာပစၥည္း တင္ပို႔မႈမ်ားမွ အေမရိကန္ေဒၚလာ (၁၂၁၇ ဒသမ ၄၄၈) သန္း ရရွိခဲ့ၿပီး၊ ယခင္ႏွစ္ကာလတူထက္ အေမရိကန္ေဒၚလာ (၁၇၁ ဒသမ ၃၄၇) သန္း ပိုမိုရရွိခဲ့ျခင္းျဖစ္သည္။
(၂၀၂၅-၂၀၂၆) ဘ႑ာေရးႏွစ္၊ ဧၿပီလမွ ဇြန္လအထိ လက္ခစားအထည္ခ်ဳပ္လုပ္ငန္းမ်ားမွ အေမရိကန္ ေဒၚလာ (၉၀၂ ဒသမ ၄၈) သန္းႏွင့္ အ ျခားအထည္ခ်ဳပ္ကုန္ေခ်ာပစၥည္းမ်ား တင္ပို႔မႈမွ တစ္ဆင့္ အေမရိကန္ေဒၚလာ (၃၁၄ ဒသမ ၉၆၈) သန္း၊ စုစုေပါင္း အေမရိကန္ေဒၚလာ (၁၂၁၇ ဒသမ ၄၄၈) သန္း ရရွိခဲ့ျခင္းျဖစ္သည္။
ျပည္ပမွ ကုန္ၾကမ္းသြင္း၊ ကုန္ေခ်ာျပည္ပ ျပန္လည္တင္ပို႔သည့္စနစ္ျဖင့္ အထည္ခ်ဳပ္က႑အမ်ားစုလည္ ပတ္ေနျခင္းျဖစ္ၿပီး၊ အထည္ခ်ဳပ္က႑သည္ အလုပ္အကိုင္အခြင့္အလမ္းႏွင့္ စီးပြားေရး လုပ္ငန္းမ်ား အခ်ိန္တိုအတြင္းတိုး တက္ေအာင္လုပ္ ေဆာင္ေပးႏိုင္သည့္ လုပ္ငန္းက႑တစ္ခုအျဖစ္ရပ္ တည္ေနေၾကာင္းသိရသည္။ (၂၀၂၅) ဘ႑ာေရး ႏွစ္ စက္မႈဝန္ႀကီးဌာနတြင္ ပုဂၢလိကစက္မႈလုပ္ငန္း မွတ္ပုံတင္ၿပီးျဖစ္သည့္ အထည္ခ်ဳပ္လုပ္ငန္းေပါင္း (၇၄၇) ခု ရွိေၾကာင္း သိရသည္။
ရပ္နားထားဆဲ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား
မိုးရာသီကာလေရာက္ရွိေနျခင္းေၾကာင့္ေဆာက္ လုပ္ေရးလုပ္ငန္းမ်ားရပ္နားထားသည့္အျပင္ ေဆာက္ လုပ္ေရး သုံးကုန္စည္အခ်ိဳ႕လည္း ေဈးႏႈန္းက်ဆင္း ေနေၾကာင္းေဈးကြက္အတြင္းမွသိရသည္။ ဘိလပ္ေျမေဈးအပါအဝင္ အိမ္ေဆာက္ပစၥည္းေဈးေတြ က်ဆင္းေနျခင္းျဖစ္ၿပီး အယ္လ္ဖာႏွင့္ အပါခ်ီ ဘိလပ္ ေျမတစ္အိတ္လွ်င္ တစ္ေသာင္း ရွစ္ေထာင့္ငါးရာက်ပ္ ဝန္းက်င္၊ SCG (ထိုင္းဆင္) ဘိလပ္ေျမတစ္အိတ္ ႏွစ္ေသာင္းေလးေထာင္က်ပ္၊ ႀကံ့နီ ဘိလပ္ေျမ တစ္ အိတ္ ႏွစ္ေသာင္းတစ္ေထာင္ဝန္းက်င္ ေပါက္ေဈးရွိ ေနသည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံထုတ္ သံေဈး (၁၀) မီလီမီတာ တစ္တန္လွ်င္ ဆယ့္ေလးသိန္း ႏွစ္ေသာင္း ဝန္းက်င္၊ (၆ ဒသမ ၅) မီလီမီတာ ကြိဳင္ တစ္သိန္းကိုး ေသာင္းက်ပ္ဝန္းက်င္၊ ရွစ္ေပါက္အုတ္ႏွင့္ဆယ္ေပါက္ အုတ္တစ္ခဲလွ်င္ (၃၃၀) က်ပ္ဝန္းက်င္၊ ေလေဘာင္ အုတ္ တစ္ခဲလွ်င္ (၃၅၀) က်ပ္ဝန္း က်င္၊ သဲ တစ္က်င္းခြဲ က်ပ္ေျခာက္ေသာင္းဝန္းက်င္၊ ေက်ာက္ခဲ တစ္က်င္းခြဲ က်ပ္တစ္သိန္းရွစ္ေသာင္းဝန္းက်င္ ေပါက္ ေဈးရွိေနၿပီး ေနရာေဒသအလိုက္ ေဈးႏႈန္း ကြာဟမႈမ်ားရွိႏိုင္ေၾကာင္း သိရသည္။
လက္ရွိတြင္ ေဆာက္လုပ္ေရးလုပ္ငန္း အမ်ားစု သည္ ၿပီးခဲ့သည့္မတ္လအတြင္း လႈပ္ခတ္ခဲ့ေသာ ငလ်င္ေၾကာင့္ ကုန္ၾကမ္းပစၥည္းေဈးႏႈန္းအဆမ တန္ျမင့္တက္ခဲ့သည့္အျပင္ အစိုးရ၏ ငလ်င္ဒဏ္ ခံႏိုင္ရည္ သတ္မွတ္ ခ်က္အဆင့္ ရွိရမည္ဆိုေသာ ၫႊန္ၾကားခ်က္ေၾကာင့္ ရပ္နားထားရေၾကာင္း သိရသည္။ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ကုန္ၾကမ္း ပစၥည္းမ်ား တျဖည္းျဖည္း ေဈးျပန္လည္ က်ဆင္းလာ ေသာ္လည္း လုပ္ငန္းျပန္လည္ လည္ပတ္ႏိုင္ရန္အ တြက္ အေျခအေနကို ေစာင့္ၾကည့္ေနၾကဆဲျဖစ္ေၾကာင္း ေဆာက္လုပ္ေရး အင္ဂ်င္နီယာတစ္ဦးက သုံးသပ္ေျပာၾကား သည္။ ယခုကဲ့သို႔ ေဆာက္လုပ္ေရး လုပ္ငန္းမ်ား ရပ္နားထားရမႈေၾကာင့္ လုပ္ငန္းအေပၚ မွီခိုေနရသည့္ အေျခခံလုပ္ သားမ်ားႏွင့္ ေဆာက္လုပ္ ေရးလုပ္ငန္းအသိုင္းအဝိုင္းတစ္ခုလုံး စီးပြားေရးအရ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။