တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်အတွက် PR နှင့် FPTP စနစ်(၂)မျိုး အသုံးပြုခြင်းသည် အလွှာစုံပါဝင်ရန် ရည်ရွယ်ထားခြင်းဟုဆို

175

သန့်ဇင် (NP News) - သြဂုတ် ၁၈
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် PR နှင့် FPTP စနစ် နှစ်မျိုးအသုံးပြုခြင်းသည် အလွှာစုံပါဝင် ရန်ရည်ရွယ်ထားခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီများထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက် အလက်များအရ သိရသည်။
လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် မဲပေးရမည့် စနစ်ကို FPTP နှင့် PR စနစ် နှစ်မျိုးလုံးကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
FPTP နှင့် PR စနစ် နှစ်မျိုးလုံးကို တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်အတွက် အသုံးပြုရာတွင် အနိုင်ရသူ အကုန်ယူစနစ် (FPTP) သည် လူပုဂ္ဂိုလ်အား ကိုယ်စားပြုခြင်းဖြစ်ပြီး အချိုးကျကိုယ်စားပြုစနစ် (PR) သည် ပါတီများကို ကိုယ်စားပြုခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီတော့ FPTP ကျတော့ လူ (၄) ယောက်ဝင်ပြိုင်တဲ့ မြို့နယ်တစ်ခုမှာ ပါတီ(၄)ခုဝင် ပြိုင်မယ်ဆိုရင် Winner Take All ဖြစ်တဲ့အတွက် ပထမဆုံးရတဲ့လူက အနိုင်ရသွားမှာပေါ့။ လူတစ်သိန်း ရှိရင် (၂၅၀ဝဝ)ရတဲ့လူကအနိုင်ရသွား ပြီးတော့ ကျန်တာက (၂၅၀ဝဝ)မပြည့်လို့ကျန်တဲ့ လူ (၆၀ဝဝဝ) ကြိုက်တဲ့လူတွေက အဖြည့်ခံဖြစ်သွားတာပေါ့။ PR ကျတော့ ပါတီကိုပေးတာဖြစ်တဲ့အတွက်ကြောင့် သူက ဒီမှာမနိုင်ချင်မယ့်လည်း လက်ကျန်မဲအရေအ တွက်နဲ့လည်း နိုင် တယ်လေ။ ကိုယ်စားလှယ်လောင်း တစ်ယောက်ရဲ့ အနိမ့်ဆုံးနိုင်ခြေနည်းရရင် နိုင်တယ်။ မနိုင်ရင်လည်း တစ်ယောက် ပဲရှိလို့ တစ်ယောက်ပဲနိုင် သွားရင်လည်း ကိုယ်စားလှယ်က (၃) ယောက်ကျန်နေ လို့ရှိရင် လက်ကျန်မဲအများ ဆုံးလူတွေ ကို ကျန်တဲ့ (၃)ယောက်ကို မျှပေးလိုက်တာပေါ့လေ။ အဲဒီလိုပေး တာဖြစ်တဲ့အတွက် မျှမျှတတ အကုန်ရသွားတာပေါ့” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ရေးပါတီ(USDP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကပြောသည်။
ထို့ကြောင့် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် FPTP နှင့် PR စနစ်နှစ်မျိုးလုံး ပါဝင်လာခြင်းသည် လွှတ်တော်တွင် အလွှာစုံမှ လူတန်းစားအစုံပါဝင်လာနိုင်သည့်အတွက် မျှတသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
“အရင်တုန်းကတော့ ပါတီတစ်ခုကပဲ ကြီးစိုးသွားတာပေါ့နော်။ အဲဒီပါတီကြီးက အကုန်လုပ်နိုင်ရင် အဲဒီ ပါတီကြီးက ကြီးစိုးသွားမှာပေါ့နော်။ အခုက အဲဒီလိုလုပ်လိုက်တဲ့အတွက် ပါတီတစ်ခုက ဘယ်လောက်ပဲနိုင်နိုင်လေ လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်ရဲ့ ရသင့်တဲ့မဲဆန္ဒနယ်မှာ နှစ်နေရာပဲ သူရမှာပေါ့။ အရင်တုန်းက Winner Take All ဆိုတဲ့အတွက် အကုန်လုံးကို သူပဲရသွားမှာပေါ့။ အခုကတော့ အဲဒီလိုမရတော့ဘူးပေါ့နော်။ မရတဲ့အတွက် ပိုပြီး တော့မျှတတယ်လို့တော့ ယူဆလို့ရတယ်ပေါ့နော်။ ဒါဆိုရင်တော့ ပိုပြီးတော့ကောင်းလာမယ်။ လူမျိုးစုံပါလာမယ်။ လွှတ်တော်ထဲမှာ အလွှာစုံပါလာမယ့်သဘော ရှိတာပေါ့နော်။ ပညာတတ်တွေ၊ ထူးချွန်တဲ့လူတွေ၊ တိုင်းရင်းသား တွေလည်းပါသလို တခြားသူလည်း ပါ လာမှာပါ”ဟု ၎င်းကပြောသည်။
ထို့ပြင် လာမည့်ရွေးကောက်ပွဲကို ပါတီနှင့် အမတ်လောင်း တစ်ပါတည်းရွေးချယ်သည့် ပေါင်းစပ်ထားသော အချိုးကျကိုယ်စားပြုစနစ် (Mixed Me- mber Proportional System- MMP) စနစ် ပြည်သူများစတင်ထိတွေ့ ခြင်းကိုလည်း သဘောကျကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒုတိယဥက္ကဋ္ဌဦးထက်အောင်ကျော်က ဆို သည်။
“ကျွန်တော်တို့အနေနဲ့က PR စနစ်ကို မြန်မာနိုင်ငံမှာ တစ်ခါမှမကျင့်သုံးဖူးတဲ့အခါကျတော့ စတင်ကျင့်သုံးတော့ (MMP) ဆိုတာလေးနဲ့ စလိုက်တယ်ပေါ့နော်။ ကျွန်တော်တို့ကတော့ တောက်လျှောက် PR စနစ်ကျင့်သုံးဖို့ပြောခဲ့တာပေါ့ နော်။ PR စနစ်ကိုပဲလုပ်လိုက်ဖို့ပြောခဲ့တယ်။ သို့ပေမယ့် ဒီလိုပြဋ္ဌာန်းသွားပြီဆိုတော့လည်းကောင်းပါတယ်။ MMP ဆိုတော့လည်း လွယ်ကူရိုးရှင်းတဲ့ PR စနစ်ပါပဲ။ ပြည်သူလူထုက ဒါလေးနဲ့ PR စနစ်ကို စတင်ထိတွေ့ ပြီးတော့မှ နောက်ပိုင်းကျရင် ဒီထက်ပိုပြီးတော့မှ ပြည့်စုံတဲ့ PR စနစ်ကိုလုပ်လာရင် ပိုပြီးတော့မှ သိသိသာသာပိုကောင်းတဲ့ အခင်း အကျင်းမျိုးတွေ ထွက်လာမှာပေါ့။ လောလာဆယ်တော့ MLP စနစ်ကျင့်သုံး တာကိုသဘောကျပါတယ်’ဟု ၎င်းက ဆိုသည်။
သို့သော် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲစနစ်ကိုမူ FPTP စနစ်ဖြင့်သာ လုပ်ဆောင် မည်ဖြစ်သော ကြောင့် ဥပဒေပြုမည့်သူများအား စိတ်ကြိုက်ရွေးချယ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်နိုင်ကြောင်း ဦးလှသိန်းက သုံးသပ် ထားသည်။ “အမျိုးသားလွှတ် တော်မှာက (၆)ယောက်ကို PR ၊ (၆)ယောက်ကို FPTP လေ။ ပြည်နယ်တိုင်းမှာလည်း တစ်ဝက်စီကို FPTP နဲ့ PR လုပ်တာကိုး။ ဒါပေမဲ့ ပြည်သူ့လွှတ် တော်မှာတော့ အားလုံးကို FPTP လုပ်ထားပါတယ်။ ဒါကတော့ ပြည်သူ့လွှတ်တော်ဆိုတာ ဥပဒေပြုမယ့်လူ တွေကျ သူတို့စိတ်ကြိုက်ရွေးချယ်နိုင်အောင်လို့ နိုင်ငံ တော်က အဲဒီလိုစီစဉ်ထားပုံရပါတယ်”ဟု ၎င်းက ပြောသည်။

Zawgyi Version:
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ လႊတ္ေတာ္အတြက္ PR ႏွင့္ FPTP စနစ္(၂)မ်ိဳး အသုံးျပဳျခင္းသည္ အလႊာစုံပါဝင္ရန္ ရည္႐ြယ္ထားျခင္းဟုဆို
သန႔္ဇင္ (NP News) - ၾသဂုတ္ ၁၈
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္အတြက္ PR ႏွင့္ FPTP စနစ္ ႏွစ္မ်ိဳးအသုံးျပဳျခင္းသည္ အလႊာစုံပါဝင္ ရန္ရည္႐ြယ္ထားျခင္းျဖစ္ႏိုင္ေၾကာင္း ႏိုင္ငံေရးပါတီမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္ အလက္မ်ားအရ သိရသည္။
လာမည့္ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္အတြက္ မဲေပးရမည့္ စနစ္ကို FPTP ႏွင့္ PR စနစ္ ႏွစ္မ်ိဳးလုံးကို အသုံးျပဳေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္(UEC) ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
FPTP ႏွင့္ PR စနစ္ ႏွစ္မ်ိဳးလုံးကို တိုင္းေဒသႀကီးႏွင့္ျပည္နယ္လႊတ္ေတာ္အတြက္ အသုံးျပဳရာတြင္ အႏိုင္ရသူ အကုန္ယူစနစ္ (FPTP) သည္ လူပုဂၢိဳလ္အား ကိုယ္စားျပဳျခင္းျဖစ္ၿပီး အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR) သည္ ပါတီမ်ားကို ကိုယ္စားျပဳျခင္းျဖစ္ေၾကာင္း သိရသည္။
“အဲဒီေတာ့ FPTP က်ေတာ့ လူ (၄) ေယာက္ဝင္ၿပိဳင္တဲ့ ၿမိဳ႕နယ္တစ္ခုမွာ ပါတီ(၄)ခုဝင္ ၿပိဳင္မယ္ဆိုရင္ Winner Take All ျဖစ္တဲ့အတြက္ ပထမဆုံးရတဲ့လူက အႏိုင္ရသြားမွာေပါ့။ လူတစ္သိန္း ရွိရင္ (၂၅၀ဝဝ)ရတဲ့လူကအႏိုင္ရသြား ၿပီးေတာ့ က်န္တာက (၂၅၀ဝဝ)မျပည့္လို႔က်န္တဲ့ လူ (၆၀ဝဝဝ) ႀကိဳက္တဲ့လူေတြက အျဖည့္ခံျဖစ္သြားတာေပါ့။ PR က်ေတာ့ ပါတီကိုေပးတာျဖစ္တဲ့အတြက္ေၾကာင့္ သူက ဒီမွာမႏိုင္ခ်င္မယ့္လည္း လက္က်န္မဲအေရအ တြက္နဲ႔လည္း ႏိုင္ တယ္ေလ။ ကိုယ္စားလွယ္ေလာင္း တစ္ေယာက္ရဲ႕ အနိမ့္ဆုံးႏိုင္ေျခနည္းရရင္ ႏိုင္တယ္။ မႏိုင္ရင္လည္း တစ္ေယာက္ ပဲရွိလို႔ တစ္ေယာက္ပဲႏိုင္ သြားရင္လည္း ကိုယ္စားလွယ္က (၃) ေယာက္က်န္ေန လို႔ရွိရင္ လက္က်န္မဲအမ်ား ဆုံးလူေတြ ကို က်န္တဲ့ (၃)ေယာက္ကို မွ်ေပးလိုက္တာေပါ့ေလ။ အဲဒီလိုေပး တာျဖစ္တဲ့အတြက္ မွ်မွ်တတ အကုန္ရသြားတာေပါ့” ဟု ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ေရးပါတီ(USDP) မွ ေျပာေရးဆိုခြင့္ရွိသူ ဦးလွသိန္းကေျပာသည္။
ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲတြင္ တိုင္းေဒသႀကီး/ျပည္နယ္လႊတ္ေတာ္အတြက္ FPTP ႏွင့္ PR စနစ္ႏွစ္မ်ိဳးလုံး ပါဝင္လာျခင္းသည္ လႊတ္ေတာ္တြင္ အလႊာစုံမွ လူတန္းစားအစုံပါဝင္လာႏိုင္သည့္အတြက္ မွ်တသည့္ ေ႐ြးေကာက္ပြဲ ျဖစ္လာႏိုင္ေၾကာင္း ၎က ဆိုသည္။
“အရင္တုန္းကေတာ့ ပါတီတစ္ခုကပဲ ႀကီးစိုးသြားတာေပါ့ေနာ္။ အဲဒီပါတီႀကီးက အကုန္လုပ္ႏိုင္ရင္ အဲဒီ ပါတီႀကီးက ႀကီးစိုးသြားမွာေပါ့ေနာ္။ အခုက အဲဒီလိုလုပ္လိုက္တဲ့အတြက္ ပါတီတစ္ခုက ဘယ္ေလာက္ပဲႏိုင္ႏိုင္ေလ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ ေယာက္ရဲ႕ ရသင့္တဲ့မဲဆႏၵနယ္မွာ ႏွစ္ေနရာပဲ သူရမွာေပါ့။ အရင္တုန္းက Winner Take All ဆိုတဲ့အတြက္ အကုန္လုံးကို သူပဲရသြားမွာေပါ့။ အခုကေတာ့ အဲဒီလိုမရေတာ့ဘူးေပါ့ေနာ္။ မရတဲ့အတြက္ ပိုၿပီး ေတာ့မွ်တတယ္လို႔ေတာ့ ယူဆလို႔ရတယ္ေပါ့ေနာ္။ ဒါဆိုရင္ေတာ့ ပိုၿပီးေတာ့ေကာင္းလာမယ္။ လူမ်ိဳးစုံပါလာမယ္။ လႊတ္ေတာ္ထဲမွာ အလႊာစုံပါလာမယ့္သေဘာ ရွိတာေပါ့ေနာ္။ ပညာတတ္ေတြ၊ ထူးခြၽန္တဲ့လူေတြ၊ တိုင္းရင္းသား ေတြလည္းပါသလို တျခားသူလည္း ပါ လာမွာပါ”ဟု ၎ကေျပာသည္။
ထို႔ျပင္ လာမည့္ေ႐ြးေကာက္ပြဲကို ပါတီႏွင့္ အမတ္ေလာင္း တစ္ပါတည္းေ႐ြးခ်ယ္သည့္ ေပါင္းစပ္ထားေသာ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (Mixed Me- mber Proportional System- MMP) စနစ္ ျပည္သူမ်ားစတင္ထိေတြ႕ ျခင္းကိုလည္း သေဘာက်ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီမွ ဒုတိယဥကၠ႒ဦးထက္ေအာင္ေက်ာ္က ဆို သည္။
“ကြၽန္ေတာ္တို႔အေနနဲ႔က PR စနစ္ကို ျမန္မာႏိုင္ငံမွာ တစ္ခါမွမက်င့္သုံးဖူးတဲ့အခါက်ေတာ့ စတင္က်င့္သုံးေတာ့ (MMP) ဆိုတာေလးနဲ႔ စလိုက္တယ္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ကေတာ့ ေတာက္ေလွ်ာက္ PR စနစ္က်င့္သုံးဖို႔ေျပာခဲ့တာေပါ့ ေနာ္။ PR စနစ္ကိုပဲလုပ္လိုက္ဖို႔ေျပာခဲ့တယ္။ သို႔ေပမယ့္ ဒီလိုျပ႒ာန္းသြားၿပီဆိုေတာ့လည္းေကာင္းပါတယ္။ MMP ဆိုေတာ့လည္း လြယ္ကူ႐ိုးရွင္းတဲ့ PR စနစ္ပါပဲ။ ျပည္သူလူထုက ဒါေလးနဲ႔ PR စနစ္ကို စတင္ထိေတြ႕ ၿပီးေတာ့မွ ေနာက္ပိုင္းက်ရင္ ဒီထက္ပိုၿပီးေတာ့မွ ျပည့္စုံတဲ့ PR စနစ္ကိုလုပ္လာရင္ ပိုၿပီးေတာ့မွ သိသိသာသာပိုေကာင္းတဲ့ အခင္း အက်င္းမ်ိဳးေတြ ထြက္လာမွာေပါ့။ ေလာလာဆယ္ေတာ့ MLP စနစ္က်င့္သုံး တာကိုသေဘာက်ပါတယ္’ဟု ၎က ဆိုသည္။
သို႔ေသာ္ ျပည္သူ႔လႊတ္ေတာ္အတြက္ ေ႐ြးေကာက္ပြဲစနစ္ကိုမူ FPTP စနစ္ျဖင့္သာ လုပ္ေဆာင္ မည္ျဖစ္ေသာ ေၾကာင့္ ဥပေဒျပဳမည့္သူမ်ားအား စိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္ရန္ စီစဥ္ထားျခင္းျဖစ္ႏိုင္ေၾကာင္း ဦးလွသိန္းက သုံးသပ္ ထားသည္။ “အမ်ိဳးသားလႊတ္ ေတာ္မွာက (၆)ေယာက္ကို PR ၊ (၆)ေယာက္ကို FPTP ေလ။ ျပည္နယ္တိုင္းမွာလည္း တစ္ဝက္စီကို FPTP နဲ႔ PR လုပ္တာကိုး။ ဒါေပမဲ့ ျပည္သူ႔လႊတ္ ေတာ္မွာေတာ့ အားလုံးကို FPTP လုပ္ထားပါတယ္။ ဒါကေတာ့ ျပည္သူ႔လႊတ္ေတာ္ဆိုတာ ဥပေဒျပဳမယ့္လူ ေတြက် သူတို႔စိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္ေအာင္လို႔ ႏိုင္ငံ ေတာ္က အဲဒီလိုစီစဥ္ထားပုံရပါတယ္”ဟု ၎က ေျပာသည္။