ရန်ကုန်-မန္တလေး လမ်းဟောင်းဖြတ်သန်းသည့် ကုန်ကားအချို့ အရှုံးပေါ်လာသဖြင့် ရပ်နားမှုရှိနေ

 741

သန့်ဇင်(NP News)ဩဂုတ် ၁၈
ရန်ကုန်-မန္တလေးလမ်းဟောင်း အသုံးပြုသော ကုန်ကားအချို့သည် လမ်းခရီးစရိတ်နှင့် ဂိတ်ကြေးများစွာ ပေးဆောင်ရခြင်းများကြောင်း အရှုံးပေါ်ကာ ရပ်နားလာရခြင်းများရှိလာကြောင်း ကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းရှင် များထံမှ သိရသည်။
အဆိုပါ လမ်းတစ်လျှောက် ဖြတ်သန်းသွား လာရသည့် ကုန်ကားအချို့သည် လက်ရှိကာလအနေ အထားအရ အသွားကုန်သာရှိပြီး၊ အပြန် ကုန်မရှိခြင်း၊ ခရီးစရိတ်မြင့်မားလာခြင်းနှင့် ငွေးကြေးကောက်ခံ သည့် စစ်ဆေးရေးဂိတ်များ ကိုလည်း လမ်းကြောင်း တစ်ကြောင်းလျှင် ငွေကျပ်(၄)သိန်းခွဲနှင့်အထက် ပေးဆောင်နေရခြင်းများကြောင့် အရှုံးပေါ်ကာ ကုန် ကားများ ရပ်နားလာရခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိအနေအထားမှာ တရားမဝင်ကုန် သွယ်မှုနဲ့ပတ်သက်ပြီးတော့မှ ကုန်တွေကလည်း ရှား ပါးသွာတာပါ တာပေါ့။ အဲဒီအတွက်မှ ဒေသထွက် ကုန်တွေဆိုရင် ပြောင်းတို့ နှမ်းတို့ ကျောက်မီးသွေး တို့ရှိတယ်။ အဲဒါတွေထွက်မှ ကုန်သွယ်လို့ရမှာ။ အဲဒီမှာအသွားကုန်ရှိပြီး အပြန်ကုန်မရှိရင် ဒီဆီဖိုးနဲ့ လမ်းကြေးနဲ့က ဘယ်လိုမှဆွဲလို့မရဘူး။ ကုန်လေး တွေရှိမှ အသွားကုန်၊ အပြန်ကုန်ရှိမှ ကုန်သည်ကလည်း ဆွဲလို့ရမှာလေ။ ကျွန်မတို့ အရင်တုန်းက ရန်ကုန်- မန္တလေး လမ်း ကြောင်းတစ်လျှောက်ဆိုရင် ကျပ် (၇၀ဝဝဝ) ခွဲ (၈၀ဝဝဝ) သောင်းပဲပေးတယ်။ ကတ္တားဈေးပါထည့်ပေါင်းမှ (၁) သိန်းခွဲ (၂) သိန်းပဲ ကုန်တာ။ အခုဆိုရင် (၄)သိန်းခွဲ (၅) သိန်းပေးရတယ်။ အဲဒါကြောင့်မို့လို့ လုံးဝအဆင်မပြေဘဲ အရှုံးတွေပြနေ လို့ ရပ်လိုက်ကြရတာ။ အဲဒါ အသွားတစ်ကြောင်းပဲရှိတယ်”ဟု ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
အထက်ပါကဲ့သို့ ဂိတ်ကြေးမြင့်မားစွာ ပေးဆောင်ရခြင်း၊ ခရီးစရိတ်နှင့် ပို့ကုန်၊ သွင်းကုန်လျော့ ကျလာခြင်း ကြောင့် အရှုံးပေါ်ကာ ရပ်နားထားရသည့် ကုန်ကားအစီးရေ ရာနှင့်ချီရှိနေပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ခန့်မှန်းခြေ ရာကျော်ရှိပြီရပ်ထားရတာ။ ကျွန်မနဲ့သိတဲ့အုံနာတွေတောင် ကျွန်တော်တော့ရပ် ထားပြီလို့ ပြောထားတာတွေရှိတယ်။ အုံနာတွေက ကား (၁၅) စီးကနေ အစီး (၂၀) အထိရှိတဲ့ အုံနာ တွေရှိသလို (၄) (၅) စီးပိုင်တဲ့ အုံနာတွေလည်းရှိတယ်။ ဒီလိုအုံနာတွေကတော့ အလုပ်သမားတွေကို ပေးဖို့၊ ယာဉ်မောင်းတွေကို ပေးဖို့ကတော့ မတတ်နိုင်ဘူးလေ။ အုံနာနောက်မှာ မှီခိုနေရတဲ့ လူတွေတော်တော် များတယ်လေ။ အဲဒီတော့ ယာဉ်မောင်းတွေဆိုရင် သူ့ အိမ်သူပြန်ပြီး ရရာလုပ်စားပေါ့။ အဲဒီလိုတွေဖြစ်ကုန်တာ”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးဦးဆောင်ကော်မတီ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန် သွယ်မှုဥပဒေအရ တရားမဝင် ကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူခြင်းများရှိနေသော်လည်း တချို့သော စစ်ဆေးရေး ဂိတ်များတွင်မူ တရားမဝင်ကုန်ပစ္စည်းတင်ဆောင်လာပါက ငွေကြေးပေးဆောင်လျှင် ဖမ်းဆီးခံရမှုမရှိခြင်းလည်း ရှိနေ ကြောင်း သိရသည်။
ထို့ကြောင့် မှန်ကန်စွာကုန်သွယ်နေသော ကုန်ကားများသည် လမ်းခရီးမြန်ဆန်စေရန် လမ်းကြောင်းတစ် လျှောက် စစ်ဆေးရေးဂိတ်များကို ငွေ ပေးခြင်းသည်လည်းရှိလာရာမှ ခရီးစရိတ်များလာ ခြင်းဖြစ်ကြောင်းလည်း ရန်ကုန်-မန္တလေးသို့ အသွားအပြန်ကုန်သွယ်နေသူတစ်ဦးကဆိုသည်။ “ခေတ် အခြေအနေအရလည်းပါတာပေါ့။ တရားမဝင်ကုန် ပစ္စည်းတွေကို တင်းတင်းကြပ်ကြပ်နေရာတော်တော် များများမှာ စစ်ဆေးဖမ်းဆီးတာတွေလုပ်လာတော့ လမ်းခရီးမှာ အချိန်တွေပိုပေးလာရတယ်။ အဲဒီတော့ မှန်မှန်ကန်ကန်သမားတွေကလည်း အချိန်မြန်ချင်တော့ မြန်မြန်ပြီးအေးရော ငွေပေးလိုက်တဲ့ကိစ္စက သာမန်ကိစ္စလိုဖြစ်ကုန်ရော။ တဖြည်းဖြည်းနဲ့ ဒီငွေပေးတာတွေ ငွေတောင်းတာတွေက လူများ တော့ ဤကိုကျွဲဖတ်သလိုဖြစ်နေတယ်။ ဒါတွေက ဒီလိုကာလ မျိုးဆိုတော့ ပိုဆိုးတာပေါ့။ လိုက်လျောညီထွေ မနေ နိုင်ရင် ဒီအလုပ်မလုပ်တာအကောင်းဆုံးပဲ။ လုပ်မယ် ဆိုလည်း ပေးရတဲ့အပိုကုန်ကျစရိတ်က ကိုယ့်အမြတ် နည်းတဲ့အပြင် နောက်ဆုံးစားသုံးသူဆီမှာ သွားထမ်းရ တာပဲ”ဟု ၎င်းကဆိုသည်။
အလားတူ မန္တလေး-မြစ်ကြီးနားကုန်ကား များသည်လည်း လက်ရှိကာလအနေအထားအရ ကုန်သွယ်ရာတွင် အသွားလမ်းကြောင်း တစ်ကြောင်းလျှင် အချိန်တစ်လကြာမြင့်လေ့ရှိပြီး ခရီးစရိတ် သိန်းရာကျော်ကုန်ကျနေသည့် အတွက် တွက်ခြေမကိုက် ခြင်းများ ကြုံနေရကြောင်းလည်း အထက်ပါ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင်က ဆိုသည်။
“မြစ်ကြီးနားလမ်းသွားရင် ယာဉ်မောင်း တစ်ယောက်ရဲ့ ထမင်းတစ်နပ်က ကျပ် (၃၀ဝဝဝ)လောက်ကုန်တယ်။ ယာဉ်မောင်းတွေလည်း အဆင်မပြေဘူး။ အဲဒါကို လချီသွားရတာလေ။ လချီသွားရ တာကလည်း လမ်းပိတ်တာတွေရှိ တယ်။ သဘာဝ ဘေးအန္တရာယ်ဖြစ်တဲ့ ရေကြီးတာတွေရှိမယ်။ လမ်းမကောင်းတာတွေရှိမယ်။ နိုင်ငံရေးအခြေအနေအရ တိုက်ပွဲတွေရှိရင်လည်း ရပ်နားပေးထားရတယ်။ အဲဒီလိုမျိုးတွေဆိုတော့ တိုင်တွေပတ်ကုန်တာပေါ့။ အဲဒီမှာ နှစ်ဖက်ကို ကြောက်ရတယ်။ တပ်မဟုတ်တဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေကတော့ ပေးရတယ်။ မပေးရင်ကိုယ့်ကို အန္တရာယ် လုပ်မှာလေ။ မပေးရင် ယာဉ်ပေါ်ပါ ပစ္စည်းတွေကို ဖျက်ဆီးမယ်။ ယာဉ်ကိုမီးရှို့ ရင်ခံရမှာပဲ။ အဲဒီတော့ပေးရတယ်။ မပေးရင်ထုထောင်းမှာလေ။ ကြောက်ကြောက်နဲ့ပေးရတာပေါ့။ အဲဒါကြောင့် တစ်ဦးနဲ့တစ်ဦးမတူဘူး။ တစ်ခါသွားရင် သိန်း (၁၀ဝ)လောက်ကုန်တယ်”ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ရန္ကုန္-မႏၲေလး လမ္းေဟာင္းျဖတ္သန္းသည့္ ကုန္ကားအခ်ိဳ႕ အရႈံးေပၚလာသျဖင့္ ရပ္နားမႈရွိေန
သန႔္ဇင္(NP News)ဩဂုတ္ ၁၈
ရန္ကုန္-မႏၲေလးလမ္းေဟာင္း အသုံးျပဳေသာ ကုန္ကားအခ်ိဳ႕သည္ လမ္းခရီးစရိတ္ႏွင့္ ဂိတ္ေၾကးမ်ားစြာ ေပးေဆာင္ရျခင္းမ်ားေၾကာင္း အရႈံးေပၚကာ ရပ္နားလာရျခင္းမ်ားရွိလာေၾကာင္း ကုန္စည္ပို႔ ေဆာင္ေရးလုပ္ငန္းရွင္ မ်ားထံမွ သိရသည္။
အဆိုပါ လမ္းတစ္ေလွ်ာက္ ျဖတ္သန္းသြား လာရသည့္ ကုန္ကားအခ်ိဳ႕သည္ လက္ရွိကာလအေန အထားအရ အသြားကုန္သာရွိၿပီး၊ အျပန္ ကုန္မရွိျခင္း၊ ခရီးစရိတ္ျမင့္မားလာျခင္းႏွင့္ ေငြးေၾကးေကာက္ခံ သည့္ စစ္ေဆးေရးဂိတ္မ်ား ကိုလည္း လမ္းေၾကာင္း တစ္ေၾကာင္းလွ်င္ ေငြက်ပ္(၄)သိန္းခြဲႏွင့္အထက္ ေပးေဆာင္ေနရျခင္းမ်ားေၾကာင့္ အရႈံးေပၚကာ ကုန္ ကားမ်ား ရပ္နားလာရျခင္းျဖစ္ေၾကာင္း သိရသည္။
“လက္ရွိအေနအထားမွာ တရားမဝင္ကုန္ သြယ္မႈနဲ႔ပတ္သက္ၿပီးေတာ့မွ ကုန္ေတြကလည္း ရွား ပါးသြာတာပါ တာေပါ့။ အဲဒီအတြက္မွ ေဒသထြက္ ကုန္ေတြဆိုရင္ ေျပာင္းတို႔ ႏွမ္းတို႔ ေက်ာက္မီးေသြး တို႔ရွိတယ္။ အဲဒါေတြထြက္မွ ကုန္သြယ္လို႔ရမွာ။ အဲဒီမွာအသြားကုန္ရွိၿပီး အျပန္ကုန္မရွိရင္ ဒီဆီဖိုးနဲ႔ လမ္းေၾကးနဲ႔က ဘယ္လိုမွဆြဲလို႔မရဘူး။ ကုန္ေလး ေတြရွိမွ အသြားကုန္၊ အျပန္ကုန္ရွိမွ ကုန္သည္ကလည္း ဆြဲလို႔ရမွာေလ။ ကြၽန္မတို႔ အရင္တုန္းက ရန္ကုန္- မႏၲေလး လမ္း ေၾကာင္းတစ္ေလွ်ာက္ဆိုရင္ က်ပ္ (၇၀ဝဝဝ) ခြဲ (၈၀ဝဝဝ) ေသာင္းပဲေပးတယ္။ ကတၱားေဈးပါထည့္ေပါင္းမွ (၁) သိန္းခြဲ (၂) သိန္းပဲ ကုန္တာ။ အခုဆိုရင္ (၄)သိန္းခြဲ (၅) သိန္းေပးရတယ္။ အဲဒါေၾကာင့္မို႔လို႔ လုံးဝအဆင္မေျပဘဲ အရႈံးေတြျပေန လို႔ ရပ္လိုက္ၾကရတာ။ အဲဒါ အသြားတစ္ေၾကာင္းပဲရွိတယ္”ဟု ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
အထက္ပါကဲ့သို႔ ဂိတ္ေၾကးျမင့္မားစြာ ေပးေဆာင္ရျခင္း၊ ခရီးစရိတ္ႏွင့္ ပို႔ကုန္၊ သြင္းကုန္ေလ်ာ့ က်လာျခင္း ေၾကာင့္ အရႈံးေပၚကာ ရပ္နားထားရသည့္ ကုန္ကားအစီးေရ ရာႏွင့္ခ်ီရွိေနၿပီျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“ခန႔္မွန္းေျခ ရာေက်ာ္ရွိၿပီရပ္ထားရတာ။ ကြၽန္မနဲ႔သိတဲ့အုံနာေတြေတာင္ ကြၽန္ေတာ္ေတာ့ရပ္ ထားၿပီလို႔ ေျပာထားတာေတြရွိတယ္။ အုံနာေတြက ကား (၁၅) စီးကေန အစီး (၂၀) အထိရွိတဲ့ အုံနာ ေတြရွိသလို (၄) (၅) စီးပိုင္တဲ့ အုံနာေတြလည္းရွိတယ္။ ဒီလိုအုံနာေတြကေတာ့ အလုပ္သမားေတြကို ေပးဖို႔၊ ယာဥ္ေမာင္းေတြကို ေပးဖို႔ကေတာ့ မတတ္ႏိုင္ဘူးေလ။ အုံနာေနာက္မွာ မွီခိုေနရတဲ့ လူေတြေတာ္ေတာ္ မ်ားတယ္ေလ။ အဲဒီေတာ့ ယာဥ္ေမာင္းေတြဆိုရင္ သူ႔ အိမ္သူျပန္ၿပီး ရရာလုပ္စားေပါ့။ အဲဒီလိုေတြျဖစ္ကုန္တာ”ဟု ၎ကဆက္ေျပာသည္။
လက္ရွိတြင္ တရားမဝင္ကုန္သြယ္မႈတိုက္ ဖ်က္ေရးဦးေဆာင္ေကာ္မတီ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ တရားမဝင္ကုန္ သြယ္မႈဥပေဒအရ တရားမဝင္ ကုန္ပစၥည္းမ်ားကို ဖမ္းဆီးအေရးယူျခင္းမ်ားရွိေနေသာ္လည္း တခ်ိဳ႕ေသာ စစ္ေဆးေရး ဂိတ္မ်ားတြင္မူ တရားမဝင္ကုန္ပစၥည္းတင္ေဆာင္လာပါက ေငြေၾကးေပးေဆာင္လွ်င္ ဖမ္းဆီးခံရမႈမရွိျခင္းလည္း ရွိေန ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မွန္ကန္စြာကုန္သြယ္ေနေသာ ကုန္ကားမ်ားသည္ လမ္းခရီးျမန္ဆန္ေစရန္ လမ္းေၾကာင္းတစ္ ေလွ်ာက္ စစ္ေဆးေရးဂိတ္မ်ားကို ေငြ ေပးျခင္းသည္လည္းရွိလာရာမွ ခရီးစရိတ္မ်ားလာ ျခင္းျဖစ္ေၾကာင္းလည္း ရန္ကုန္-မႏၲေလးသို႔ အသြားအျပန္ကုန္သြယ္ေနသူတစ္ဦးကဆိုသည္။ “ေခတ္ အေျခအေနအရလည္းပါတာေပါ့။ တရားမဝင္ကုန္ ပစၥည္းေတြကို တင္းတင္းၾကပ္ၾကပ္ေနရာေတာ္ေတာ္ မ်ားမ်ားမွာ စစ္ေဆးဖမ္းဆီးတာေတြလုပ္လာေတာ့ လမ္းခရီးမွာ အခ်ိန္ေတြပိုေပးလာရတယ္။ အဲဒီေတာ့ မွန္မွန္ကန္ကန္သမားေတြကလည္း အခ်ိန္ျမန္ခ်င္ေတာ့ ျမန္ျမန္ၿပီးေအးေရာ ေငြေပးလိုက္တဲ့ကိစၥက သာမန္ကိစၥလိုျဖစ္ကုန္ေရာ။ တျဖည္းျဖည္းနဲ႔ ဒီေငြေပးတာေတြ ေငြေတာင္းတာေတြက လူမ်ား ေတာ့ ဤကိုကြၽဲဖတ္သလိုျဖစ္ေနတယ္။ ဒါေတြက ဒီလိုကာလ မ်ိဳးဆိုေတာ့ ပိုဆိုးတာေပါ့။ လိုက္ေလ်ာညီေထြ မေန ႏိုင္ရင္ ဒီအလုပ္မလုပ္တာအေကာင္းဆုံးပဲ။ လုပ္မယ္ ဆိုလည္း ေပးရတဲ့အပိုကုန္က်စရိတ္က ကိုယ့္အျမတ္ နည္းတဲ့အျပင္ ေနာက္ဆုံးစားသုံးသူဆီမွာ သြားထမ္းရ တာပဲ”ဟု ၎ကဆိုသည္။
အလားတူ မႏၲေလး-ျမစ္ႀကီးနားကုန္ကား မ်ားသည္လည္း လက္ရွိကာလအေနအထားအရ ကုန္သြယ္ရာတြင္ အသြားလမ္းေၾကာင္း တစ္ေၾကာင္းလွ်င္ အခ်ိန္တစ္လၾကာျမင့္ေလ့ရွိၿပီး ခရီးစရိတ္ သိန္းရာေက်ာ္ကုန္က်ေနသည့္ အတြက္ တြက္ေျခမကိုက္ ျခင္းမ်ား ႀကဳံေနရေၾကာင္းလည္း အထက္ပါ ကုန္စည္ ပို႔ေဆာင္ေရးလုပ္ငန္းရွင္က ဆိုသည္။
“ျမစ္ႀကီးနားလမ္းသြားရင္ ယာဥ္ေမာင္း တစ္ေယာက္ရဲ႕ ထမင္းတစ္နပ္က က်ပ္ (၃၀ဝဝဝ)ေလာက္ကုန္တယ္။ ယာဥ္ေမာင္းေတြလည္း အဆင္မေျပဘူး။ အဲဒါကို လခ်ီသြားရတာေလ။ လခ်ီသြားရ တာကလည္း လမ္းပိတ္တာေတြရွိ တယ္။ သဘာဝ ေဘးအႏၲရာယ္ျဖစ္တဲ့ ေရႀကီးတာေတြရွိမယ္။ လမ္းမေကာင္းတာေတြရွိမယ္။ ႏိုင္ငံေရးအေျခအေနအရ တိုက္ပြဲေတြရွိရင္လည္း ရပ္နားေပးထားရတယ္။ အဲဒီလိုမ်ိဳးေတြဆိုေတာ့ တိုင္ေတြပတ္ကုန္တာေပါ့။ အဲဒီမွာ ႏွစ္ဖက္ကို ေၾကာက္ရတယ္။ တပ္မဟုတ္တဲ့ တျခားလက္နက္ကိုင္အဖြဲ႕ေတြကေတာ့ ေပးရတယ္။ မေပးရင္ကိုယ့္ကို အႏၲရာယ္ လုပ္မွာေလ။ မေပးရင္ ယာဥ္ေပၚပါ ပစၥည္းေတြကို ဖ်က္ဆီးမယ္။ ယာဥ္ကိုမီးရႈိ႕ ရင္ခံရမွာပဲ။ အဲဒီေတာ့ေပးရတယ္။ မေပးရင္ထုေထာင္းမွာေလ။ ေၾကာက္ေၾကာက္နဲ႔ေပးရတာေပါ့။ အဲဒါေၾကာင့္ တစ္ဦးနဲ႔တစ္ဦးမတူဘူး။ တစ္ခါသြားရင္ သိန္း (၁၀ဝ)ေလာက္ကုန္တယ္”ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.