စစ်ကိုင်းမြို့ ရှိ ပြည်သူ့စစ်စခန်းကို အကြမ်းဖက်အဖွဲ့လာရောက်တိုက်ခိုက်မှုကြောင့် အပြန်အလှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့

 1023

Pearl (NP News) - သြဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ရှိ ပြည်သူ့စစ်စခန်းကို အကြမ်းဖက်အဖွဲ့လာရောက်တိုက်ခိုက်မှုကြောင့် အပြန်အလှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့များနှင့် နီးစပ်သူ တစ်ဦးက NP News သို့ ပြော သည်။

ယမန်နေ့ ( သြဂုတ်လ ၁၇ရက်) ၊ ည (၈)နာရီကျော်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့တောင်ဘက်ခြမ်း ငါးထပ်ကြီးဘုရားအနီး၌ ပြည်သူ့စစ်စခန်းအား အကြမ်းဖက်အဖွဲ့က လက်နက်ကြီး/ငယ်များ ဖြင့်ပစ်ခတ် ကာ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက်ပစ်ခတ်မှုကြောင့် နှစ်ဖက်ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ည(၈)နာရီခွဲခန့်တွင် အကြမ်းဖက် အဖွဲ့များပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း တာဝန်ရှိသူများက နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေကြောင်း သိရသည်။

Zawgyi Version:
Pearl (NP News) - သြဂုတ် ၁၈





Related news

© 2021. All rights reserved.