စာရွက်စာတမ်းအတုများဖြင့် PJ မှ PE ပြောင်းသူ များလာသည့်အတွက် ပိုမိုစိစစ်နေ

 5680

Pearl (NP News) ဩဂုတ်၁၈
စာရွက်စာတမ်းအတုများဖြင့် PJ မှ PE ပြောင်းသူများလာသည့်အတွက် ပိုမိုစိစစ်နေကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ်သူ များထံမှသိရသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ လုပ်သားစေလွှတ်ခြင်းကိုကန့်သတ်ထားသည့်အတွက် မြန်မာလုပ် သားများအနေဖြင့် ပညာသင်ကြားခွင့်ဖြင့် ဂျပန်နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့ထွက် ခွာရန်ပြင်ဆင်လာကြောင်း သိရသည်။
“ဂျပန်ကို ကျောင်းနဲ့သွားမယ့်လူက ရာဂဏန်းတော့ရှိတာပေါ့။ ကိုဗစ်နောက်ပိုင်းမှာ ကျောင်း ဗီဇာတွေပိုခေါ် တယ်။ မြန်မာဘက်ကလူငယ်တွေက အမှန်တော့ အလုပ်သွားချင်တဲ့လူက ပိုများတယ်။ သွားလုပ်ချင်တယ်ဆိုတာက လုပ်ခလစာလည်းမြင့်မားတယ်လေ။ အဲဒီတော့ သွားချင်တယ်လေ။ သွားချင်တော့ သွားဖို့အဆင်မပြေတော့ အခက်အခဲ တွေ တင်းကြပ်လာတဲ့အခါကျတော့ ကျောင်းနဲ့ကပိုပြီးလွယ်တော့ ကျောင်းနဲ့သွားကြတာပေါ့။ အလုပ်သမား ကိုတင်း ကြပ်တော့ ကျောင်းက ထွက်ပေါက်အနေနဲ့ သွားကြတယ်။ တကယ်တမ်းက စာသင်ချင်လို့အဓိက တော့မဟုတ်ဘူး။ စာရွက်စာတမ်းတွေပြင်ဆင်တယ်။ ဘွဲ့လက်မှတ်အတုတွေနဲ့ မျိုးစုံပေါ့။ ဒါမျိုးတွေ လုပ်ပြီးသွားနေကြတယ်။ PJ ကနေပြောင်းရင် အခက်အခဲ တော့ရှိတယ်။ PV ပြောင်းဖို့လည်းမလွယ်ဘူး။ သက်တမ်းကုန်မှသာပြောင်းဖို့လွယ်တာ။ PE ကလည်း တချို့ကျောင်းသားတွေကတော့ ပညာရေးအချက်အလက်တွေပြင်ပြီးသွားကြတယ်”ဟု ပြည်ပအလုပ်အ ကိုင်ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက NP News သို့ပြောသည်။
ပညာသင်ကြားခွင့်ဖြင့် ပြည်ပသို့ ထွက်ခွာ ရန်ပြင်ဆင်ရာတွင် အလုပ်ဖြင့်သွားရောက်မည့် Passport ကိုင် ဆောင်ထားသူများအနေဖြင့် စာရွက် စာတမ်းအတုများ၊ အောင်လက်မှတ်အတုများဖြင့် ပညာသင်ကြားခွင့် Passport သို့ ပြောင်းလဲလျှောက် ထားကြောင်းသိရသည်။
ထိုသို့ စာရွက်စာတမ်းအတုများလျှောက် ထားမှုသည် ယခုနောက်ပိုင်း ပိုမိုများလာသည့်အတွက် Passport ရုံးများအနေဖြင့် ပိုမိုစိစစ်ကာ ဆောင်ရွက် နေရကြောင်းသိရသည်။ “အချက်အလက်မှန်ကန် တယ်၊ စာရွက်စာတမ်း ပြည့်စုံတယ်ဆိုရင် ထုတ်ပေးပါတယ်။ လိမ်ပြီးထွက်တဲ့လူများလို့ သေချာစိစစ်လိုက် တာပေါ့။ တချို့ကျတော့ အသက် (၄၀)ကျော်ကြီးနဲ့ ကျောင်းတက်မယ်ဆိုပြီး ထွက်တဲ့ပုံစံမျိုးတွေလည်းရှိတယ်။ စာရွက်စာတမ်းအောင်လက်မှတ်တွေ အတု လုပ်ပြီးလာတာမျိုးတွေလည်းရှိတော့ စိစစ်တဲ့သဘောပဲ။ အဓိကတော့ အချက်အလက်မှန်ကန်တယ်၊ စာ ရွက်စာ တမ်းတွေလည်းမှန်ကန်တယ်။ ကျောင်းက ခေါ်တာတွေ COE ကျပြီဆိုတဲ့အထောက်အထားတွေ အားလုံးပြည့်စုံတယ် ဆိုရင် အားလုံးစိစစ်ပြီးတော့ ပေးပါတယ်။ စိစစ်တာကတော့ အစောတည်းကပဲ။ အဲဒီတော့ လုပ်နေရင်းလုပ်နေရင်းနဲ့ မမှန်ကန်တာတွေ ထွက်လာတာပေါ့။ (၁၀) တန်းအောင်လက်မှတ်အတု တွေ၊ တချို့ အတုလုပ်လာတာတွေ၊ ကျောင်း ဝင်ခွင့် အတုတွေ၊ နိုတီပြန်တာတွေဆိုလည်း ဒီအတိုင်း တံဆိပ်တုန်းတွေနဲ့လုပ်ပေးလိုက်တာတွေမဟုတ်ဘဲ လုပ်တာတွေ တွေ့တယ်လေ။ အဲဒီလိုလုပ်တော့ PJ နဲ့အလုပ်လုပ်မယ်ဆိုပြီး မူလအစီအစဉ်ကနေ PE ကို ပြောင်းလာတဲ့လူကများ လာတော့ သံသယကရှိလာမှာပဲလေ။ ဒီကြားထဲ အတုလုပ်တာတွေ မမှန်ကန်တာ တွေပါများတော့ ပိုပြီးဆိုးတာပေါ့။ အဲဒါကြောင့်မို့ မ ဟုတ်တာလုပ်တဲ့လူတွေက PJ ကနေ PE ပြောင်း တာကိုမရဘူးဆိုပြီး ပြောတာမျိုးတွေရှိတယ်။ ငယ် ရွယ်တယ်၊ ကျောင်းတက်မှာမှန်တယ်ဆိုရင် သေချာစိစစ်ပြီးပြောင်းပေးပါတယ်” ဟု Passport ရုံးနှင့်နီး စပ်သူတစ်ဦးက NP News သို့ပြောသည်။

Zawgyi Version:
စာ႐ြက္စာတမ္းအတုမ်ားျဖင့္ PJ မွ PE ေျပာင္းသူ မ်ားလာသည့္အတြက္ ပိုမိုစိစစ္ေန
Pearl (NP News) ဩဂုတ္၁၈
စာ႐ြက္စာတမ္းအတုမ်ားျဖင့္ PJ မွ PE ေျပာင္းသူမ်ားလာသည့္အတြက္ ပိုမိုစိစစ္ေနေၾကာင္း ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရး႐ုံးႏွင့္ နီးစပ္သူ မ်ားထံမွသိရသည္။
အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ျပည္ပသို႔ လုပ္သားေစလႊတ္ျခင္းကိုကန႔္သတ္ထားသည့္အတြက္ ျမန္မာလုပ္ သားမ်ားအေနျဖင့္ ပညာသင္ၾကားခြင့္ျဖင့္ ဂ်ပန္ႏိုင္ငံအပါအဝင္ အျခားႏိုင္ငံမ်ားသို႔ထြက္ ခြာရန္ျပင္ဆင္လာေၾကာင္း သိရသည္။
“ဂ်ပန္ကို ေက်ာင္းနဲ႔သြားမယ့္လူက ရာဂဏန္းေတာ့ရွိတာေပါ့။ ကိုဗစ္ေနာက္ပိုင္းမွာ ေက်ာင္း ဗီဇာေတြပိုေခၚ တယ္။ ျမန္မာဘက္ကလူငယ္ေတြက အမွန္ေတာ့ အလုပ္သြားခ်င္တဲ့လူက ပိုမ်ားတယ္။ သြားလုပ္ခ်င္တယ္ဆိုတာက လုပ္ခလစာလည္းျမင့္မားတယ္ေလ။ အဲဒီေတာ့ သြားခ်င္တယ္ေလ။ သြားခ်င္ေတာ့ သြားဖို႔အဆင္မေျပေတာ့ အခက္အခဲ ေတြ တင္းၾကပ္လာတဲ့အခါက်ေတာ့ ေက်ာင္းနဲ႔ကပိုၿပီးလြယ္ေတာ့ ေက်ာင္းနဲ႔သြားၾကတာေပါ့။ အလုပ္သမား ကိုတင္း ၾကပ္ေတာ့ ေက်ာင္းက ထြက္ေပါက္အေနနဲ႔ သြားၾကတယ္။ တကယ္တမ္းက စာသင္ခ်င္လို႔အဓိက ေတာ့မဟုတ္ဘူး။ စာ႐ြက္စာတမ္းေတြျပင္ဆင္တယ္။ ဘြဲ႕လက္မွတ္အတုေတြနဲ႔ မ်ိဳးစုံေပါ့။ ဒါမ်ိဳးေတြ လုပ္ၿပီးသြားေနၾကတယ္။ PJ ကေနေျပာင္းရင္ အခက္အခဲ ေတာ့ရွိတယ္။ PV ေျပာင္းဖို႔လည္းမလြယ္ဘူး။ သက္တမ္းကုန္မွသာေျပာင္းဖို႔လြယ္တာ။ PE ကလည္း တခ်ိဳ႕ေက်ာင္းသားေတြကေတာ့ ပညာေရးအခ်က္အလက္ေတြျပင္ၿပီးသြားၾကတယ္”ဟု ျပည္ပအလုပ္အ ကိုင္ရွာေဖြေရးလုပ္ငန္းလုပ္ကိုင္သူတစ္ဦးက NP News သို႔ေျပာသည္။
ပညာသင္ၾကားခြင့္ျဖင့္ ျပည္ပသို႔ ထြက္ခြာ ရန္ျပင္ဆင္ရာတြင္ အလုပ္ျဖင့္သြားေရာက္မည့္ Passport ကိုင္ ေဆာင္ထားသူမ်ားအေနျဖင့္ စာ႐ြက္ စာတမ္းအတုမ်ား၊ ေအာင္လက္မွတ္အတုမ်ားျဖင့္ ပညာသင္ၾကားခြင့္ Passport သို႔ ေျပာင္းလဲေလွ်ာက္ ထားေၾကာင္းသိရသည္။
ထိုသို႔ စာ႐ြက္စာတမ္းအတုမ်ားေလွ်ာက္ ထားမႈသည္ ယခုေနာက္ပိုင္း ပိုမိုမ်ားလာသည့္အတြက္ Passport ႐ုံးမ်ားအေနျဖင့္ ပိုမိုစိစစ္ကာ ေဆာင္႐ြက္ ေနရေၾကာင္းသိရသည္။ “အခ်က္အလက္မွန္ကန္ တယ္၊ စာ႐ြက္စာတမ္း ျပည့္စုံတယ္ဆိုရင္ ထုတ္ေပးပါတယ္။ လိမ္ၿပီးထြက္တဲ့လူမ်ားလို႔ ေသခ်ာစိစစ္လိုက္ တာေပါ့။ တခ်ိဳ႕က်ေတာ့ အသက္ (၄၀)ေက်ာ္ႀကီးနဲ႔ ေက်ာင္းတက္မယ္ဆိုၿပီး ထြက္တဲ့ပုံစံမ်ိဳးေတြလည္းရွိတယ္။ စာ႐ြက္စာတမ္းေအာင္လက္မွတ္ေတြ အတု လုပ္ၿပီးလာတာမ်ိဳးေတြလည္းရွိေတာ့ စိစစ္တဲ့သေဘာပဲ။ အဓိကေတာ့ အခ်က္အလက္မွန္ကန္တယ္၊ စာ ႐ြက္စာ တမ္းေတြလည္းမွန္ကန္တယ္။ ေက်ာင္းက ေခၚတာေတြ COE က်ၿပီဆိုတဲ့အေထာက္အထားေတြ အားလုံးျပည့္စုံတယ္ ဆိုရင္ အားလုံးစိစစ္ၿပီးေတာ့ ေပးပါတယ္။ စိစစ္တာကေတာ့ အေစာတည္းကပဲ။ အဲဒီေတာ့ လုပ္ေနရင္းလုပ္ေနရင္းနဲ႔ မမွန္ကန္တာေတြ ထြက္လာတာေပါ့။ (၁၀) တန္းေအာင္လက္မွတ္အတု ေတြ၊ တခ်ိဳ႕ အတုလုပ္လာတာေတြ၊ ေက်ာင္း ဝင္ခြင့္ အတုေတြ၊ ႏိုတီျပန္တာေတြဆိုလည္း ဒီအတိုင္း တံဆိပ္တုန္းေတြနဲ႔လုပ္ေပးလိုက္တာေတြမဟုတ္ဘဲ လုပ္တာေတြ ေတြ႕တယ္ေလ။ အဲဒီလိုလုပ္ေတာ့ PJ နဲ႔အလုပ္လုပ္မယ္ဆိုၿပီး မူလအစီအစဥ္ကေန PE ကို ေျပာင္းလာတဲ့လူကမ်ား လာေတာ့ သံသယကရွိလာမွာပဲေလ။ ဒီၾကားထဲ အတုလုပ္တာေတြ မမွန္ကန္တာ ေတြပါမ်ားေတာ့ ပိုၿပီးဆိုးတာေပါ့။ အဲဒါေၾကာင့္မို႔ မ ဟုတ္တာလုပ္တဲ့လူေတြက PJ ကေန PE ေျပာင္း တာကိုမရဘူးဆိုၿပီး ေျပာတာမ်ိဳးေတြရွိတယ္။ ငယ္ ႐ြယ္တယ္၊ ေက်ာင္းတက္မွာမွန္တယ္ဆိုရင္ ေသခ်ာစိစစ္ၿပီးေျပာင္းေပးပါတယ္” ဟု Passport ႐ုံးႏွင့္နီး စပ္သူတစ္ဦးက NP News သို႔ေျပာသည္။

Related news

© 2021. All rights reserved.