ရွှေကူ - ဧရာဝတီမြစ်ပေါ်၌ အထိန်းအကွပ်မဲ့ ရွှေတူးနေသည့် KIA အခွန်ဆောင် လှေ (၂၀ဝဝ)ကျော် ကိစ္စ မြန်မြန်အရေးယူရန်လို

561

သန့်ဇင် (NP News)
ရွှေကူမြို့အနီးရှိ ဧရာဝတီမြစ်အတွင်းမှ KIA ခွင့်ပြုချက်အရ ရွှေမျောစက်လှေ(၂၀ဝဝ)ကျော်ဖြင့် ရွှေတူးသည့်ကိစ္စကို လျင်မြန်ထိရောက်စွာ အရေးယူသင့်ကြောင်းနိုင်ငံရေးသုံးသပ်လေ့လာသူတစ်ဦးက NP News သို့ပြောသည်။
အဆိုပါရွှေမျောစက်လှေများသည် ရွှေကူ မြို့နယ် သင်္ဘောအင်းကျေးရွာနှင့် ရွှေပေါ်ကျွန်းကျေး ရွာအနီးတွင် အများဆုံးတည်ရှိပြီး ဧရာဝတီမြစ်ကို ပိတ်ဆို့ကာ အထိန်းအကွပ်မဲ့ရွှေတူးဖော်နေခြင်းဖြစ် ပြီးသိရသည်။
“ရွှေကူရဲ့အထက်မှာရှိတဲ့ရွာမှာ ရွှေမုဋ္ဌော ထိပ်ဆိုရင် သင်္ဘောအင်းရွာဆိုပြီးခေါ်ကြတာပေါ့ဗျာ။ ရွှေကူရဲ့မြောက်ဘက်ဆိုရင် သင်္ဘောအင်းရွာ အဲဒီ ဘက်မှာ ရွှေပေါ်ကျွန်းဆိုတဲ့ရွာရဲ့ထိပ်မှာ ရွှေမျောစက် လှေတွေ တအားဖြစ်နေတာ”ဟု သိရှိသူတစ်ဦးက ဆိုသည်။ ဧရာဝတီမြစ်ကို ပိတ်ဆို့တူးဖော်နေသော ရွှေ မျောစက်လှေအစင်းရေ အနည်းဆုံး(၂၀ဝဝ) ကျော်ရှိသောကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီး နေသည့်အတွက် ဒေသခံများစွာက ကန့်ကွက်နေသော်လည်း KIA ကမူ ဆက်လက်တူးဖော်ခွင့်ပြုထား ဆဲဖြစ်ကြောင်းသိရသည်။
“ရွှေတူးတာက မြစ်ရေညစ်ညမ်းမှုကို အဓိကဖြစ်စေတယ်။ မြစ်ကြောင်းတွေကောတာပေါ့ဗျာ။ မြစ်ကြောင်းပျက်စီးတာပေါ့။ မြစ်ထဲကနေ စက်နဲ့စုပ်ပြီး မျောနဲ့တိုက်ပြီးမောင်းကြတာ။ အဲဒါကြီးက (၂၄)နာရီဆိုတော့ မြစ်ကြောင်းကောတဲ့ဒဏ်ကို အဓိကခံရ တာပဲ။ ရွှေကျင်လို့ရှိရင် ရေအောက်က နုန်း တွေကို (၈)လက်မ (၉)လက်မပိုက်ကြီးတွေနဲ့ မြစ်ထဲကို ပြန် ပြန်ဖို့တာဆိုတော့ မြစ်ကပို့လာတာ။ မြစ် ကြောင်းက အရင်တိုင်းမရှိဘဲနဲ့ ကမ်းပါးတွေကိုတက်လာတာပေါ့။ အဲဒီမှာ ရေကြီးတာတွေ မြစ်ရေလျှံတာ တွေဖြစ်လာတာ” ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။ အဆိုပါ ရွှေမျောလုပ်ကွက်များကို KIA အဖွဲ့ တပ်ရင်း (၁၂)နှင့် တပ်ရင်း (၅) တို့က အဓိက ထိန်းချုပ်ထားပြီး ရွှေမျောစက်လှေတစ်စင်းလျှင် ဝင်ရောက်တူး ဖော်ရန် ငွေကျပ်သိန်းထောင်ချီပေးရပြီး လုပ်ခွင့်ရရှိပါက တစ်ရက်လျှင် ကျပ်( ၇)သိန်း အထိ KIA က ငွေကြေးကောက်ခံနေကြောင်း သိရသည်။
“အဓိကတော့ KIA ကို ဆက်ကြေးပေးပြီး လုပ်ရတာပေါ့။ ဘာလို့ဆို သင်္ဘောအင်းကနေ အထဲကို ဝင်လိုက်ရင် အဲဒီဘက်မှာရှိတဲ့ရွာတွေက KIA ရွာတွေ။ အဲဒီရွှေမျောတွေက တစ်ရက်ကို စက်လှေ တစ် စင်းကို (၅)မူးသားကနေ (၁)ကျပ်သားအထိရတယ်။ အတုံးလေးတွေရတာ။ တော်တော်ရတာ။ ရွှေ မျော တွေကလည်း တစ်နေကုန် (၆)လုံးထိုးတွေနဲ့ ဆီ ထည့်မောင်းရတာလေ။ မရဘဲနဲ့တော့ မလုပ်ကြပါဘူး” ဟု ယင်းကဲ့သို့ အထိန်းအကွပ်မဲ့သော ရွှေမျောစက်လှေများကြောင့် မြစ်ရေတိုက်စားခြင်းဖြစ်ပွားကာ ရှေး ဟောင်းသမိုင်းဝင်စေတီပုထိုးများပါ ပျက်စီးနိုင်သည့်အန္တရာယ်နှင့်ကြုံတွေ့နေရကြောင်း သိရသည်။ အဆိုပါ လုပ်ရပ်မျိုးသည် နိုင်ငံတော်အတွက် အလွန်နစ်နာသည့်အတွက် တပ်မတော်အနေဖြင့် အမိနိုင်ငံ မှ ဆုံးရှုံးရမည့်သယံဇာတများအတွက် ပြန်လည်တိုက်ခိုက်ရယူသင့်ကြောင်း အထက်ပါ နိုင်ငံရေးသုံးသပ် လေ့လာသူကဆိုသည်။
“ဟိုးအရင်တုန်းလည်း ကျောက်စိမ်းတုံးကြီးတစ်တုံးကို KIA ရတဲ့အတွက် ကျွန်တော်တို့တွေ တိုက်ခိုက်ပြီးတော့ ပြန်လည်ရယူခဲ့ရတဲ့ အောင်ပွဲတွေလည်းရှိခဲ့ဖူးပါတယ်။ အဲဒီလိုပဲ ဒီကိစ္စသာ ဒီလိုဖြစ် ရပ်မျိုးသာ တကယ်မှန်တယ်ဆိုရင် တပ်မတော်က အင်အားမျိုးစုံသုံးပြီးတော့ အမိနိုင်ငံအတွက် ဆုံးရှုံး ရမယ့် သယံဇာတတွေအတွက်ကို ပြန်လည်ပြီးတော့ တိုက်ခိုက်ပြီးရယူသင့်တယ်။ ဒါမှသာ အစရှိ အနောင်နောင်မှာ ရွှေကဲ့သို့သော ဒြပ်စင်များ မြေရှားသတ္တုတွေ ကအစ အကုန်လုံးက စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာနဲ့ တိုင်းပြည်ခံစားစံစားရမယ့်နေရာမှာ တိုင်းပြည်က မခံစား၊ မစံစာရဘဲနဲ့ဖြစ်သွားတတ်ပါ တယ်” ဟု ၎င်းက ဆိုသည်။ ထိုသို့တူးဖော်ခွင့်ရနေခြင်းသည် နောင်တစ်ချိန်တွင် သာလွန်စစ်အင်အားကို ပါတည်ဆောက်နိုင်သည့်အတွက် အခြေအနေပိုမိုရှုပ်ထွေးနိုင်ကာ မလွန်အပ်သည်များမလွန်မီ လျင်လျင် မြန်မြန် ထိထိရောက်ရောက် အင်အားကြီးကြီးဖြင့် အရေးယူရန်လိုကြောင်းလည်း ၎င်းကဆိုသည်။

Zawgyi Version:
ေ႐ႊကူ - ဧရာဝတီျမစ္ေပၚ၌ အထိန္းအကြပ္မဲ့ ေ႐ႊတူးေနသည့္ KIA အခြန္ေဆာင္ ေလွ (၂၀ဝဝ)ေက်ာ္ ကိစၥ ျမန္ျမန္အေရးယူရန္လို
သန႔္ဇင္ (NP News)
ေ႐ႊကူၿမိဳ႕အနီးရွိ ဧရာဝတီျမစ္အတြင္းမွ KIA ခြင့္ျပဳခ်က္အရ ေ႐ႊေမ်ာစက္ေလွ(၂၀ဝဝ)ေက်ာ္ျဖင့္ ေ႐ႊတူးသည့္ကိစၥကို လ်င္ျမန္ထိေရာက္စြာ အေရးယူသင့္ေၾကာင္းႏိုင္ငံေရးသုံးသပ္ေလ့လာသူတစ္ဦးက NP News သို႔ေျပာသည္။
အဆိုပါေ႐ႊေမ်ာစက္ေလွမ်ားသည္ ေ႐ႊကူ ၿမိဳ႕နယ္ သေဘၤာအင္းေက်း႐ြာႏွင့္ ေ႐ႊေပၚကြၽန္းေက်း ႐ြာအနီးတြင္ အမ်ားဆုံးတည္ရွိၿပီး ဧရာဝတီျမစ္ကို ပိတ္ဆို႔ကာ အထိန္းအကြပ္မဲ့ေ႐ႊတူးေဖာ္ေနျခင္းျဖစ္ ၿပီးသိရသည္။
“ေ႐ႊကူရဲ႕အထက္မွာရွိတဲ့႐ြာမွာ ေ႐ႊမုေ႒ာ ထိပ္ဆိုရင္ သေဘၤာအင္း႐ြာဆိုၿပီးေခၚၾကတာေပါ့ဗ်ာ။ ေ႐ႊကူရဲ႕ေျမာက္ဘက္ဆိုရင္ သေဘၤာအင္း႐ြာ အဲဒီ ဘက္မွာ ေ႐ႊေပၚကြၽန္းဆိုတဲ့႐ြာရဲ႕ထိပ္မွာ ေ႐ႊေမ်ာစက္ ေလွေတြ တအားျဖစ္ေနတာ”ဟု သိရွိသူတစ္ဦးက ဆိုသည္။ ဧရာဝတီျမစ္ကို ပိတ္ဆို႔တူးေဖာ္ေနေသာ ေ႐ႊ ေမ်ာစက္ေလွအစင္းေရ အနည္းဆုံး(၂၀ဝဝ) ေက်ာ္ရွိေသာေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ ပ်က္စီး ေနသည့္အတြက္ ေဒသခံမ်ားစြာက ကန႔္ကြက္ေနေသာ္လည္း KIA ကမူ ဆက္လက္တူးေဖာ္ခြင့္ျပဳထား ဆဲျဖစ္ေၾကာင္းသိရသည္။
“ေ႐ႊတူးတာက ျမစ္ေရညစ္ညမ္းမႈကို အဓိကျဖစ္ေစတယ္။ ျမစ္ေၾကာင္းေတြေကာတာေပါ့ဗ်ာ။ ျမစ္ေၾကာင္းပ်က္စီးတာေပါ့။ ျမစ္ထဲကေန စက္နဲ႔စုပ္ၿပီး ေမ်ာနဲ႔တိုက္ၿပီးေမာင္းၾကတာ။ အဲဒါႀကီးက (၂၄)နာရီဆိုေတာ့ ျမစ္ေၾကာင္းေကာတဲ့ဒဏ္ကို အဓိကခံရ တာပဲ။ ေ႐ႊက်င္လို႔ရွိရင္ ေရေအာက္က ႏုန္း ေတြကို (၈)လက္မ (၉)လက္မပိုက္ႀကီးေတြနဲ႔ ျမစ္ထဲကို ျပန္ ျပန္ဖို႔တာဆိုေတာ့ ျမစ္ကပို႔လာတာ။ ျမစ္ ေၾကာင္းက အရင္တိုင္းမရွိဘဲနဲ႔ ကမ္းပါးေတြကိုတက္လာတာေပါ့။ အဲဒီမွာ ေရႀကီးတာေတြ ျမစ္ေရလွ်ံတာ ေတြျဖစ္လာတာ” ဟု အထက္ပါသတင္းရင္းျမစ္ကေျပာသည္။ အဆိုပါ ေ႐ႊေမ်ာလုပ္ကြက္မ်ားကို KIA အဖြဲ႕ တပ္ရင္း (၁၂)ႏွင့္ တပ္ရင္း (၅) တို႔က အဓိက ထိန္းခ်ဳပ္ထားၿပီး ေ႐ႊေမ်ာစက္ေလွတစ္စင္းလွ်င္ ဝင္ေရာက္တူး ေဖာ္ရန္ ေငြက်ပ္သိန္းေထာင္ခ်ီေပးရၿပီး လုပ္ခြင့္ရရွိပါက တစ္ရက္လွ်င္ က်ပ္( ၇)သိန္း အထိ KIA က ေငြေၾကးေကာက္ခံေနေၾကာင္း သိရသည္။
“အဓိကေတာ့ KIA ကို ဆက္ေၾကးေပးၿပီး လုပ္ရတာေပါ့။ ဘာလို႔ဆို သေဘၤာအင္းကေန အထဲကို ဝင္လိုက္ရင္ အဲဒီဘက္မွာရွိတဲ့႐ြာေတြက KIA ႐ြာေတြ။ အဲဒီေ႐ႊေမ်ာေတြက တစ္ရက္ကို စက္ေလွ တစ္ စင္းကို (၅)မူးသားကေန (၁)က်ပ္သားအထိရတယ္။ အတုံးေလးေတြရတာ။ ေတာ္ေတာ္ရတာ။ ေ႐ႊ ေမ်ာ ေတြကလည္း တစ္ေနကုန္ (၆)လုံးထိုးေတြနဲ႔ ဆီ ထည့္ေမာင္းရတာေလ။ မရဘဲနဲ႔ေတာ့ မလုပ္ၾကပါဘူး” ဟု ယင္းကဲ့သို႔ အထိန္းအကြပ္မဲ့ေသာ ေ႐ႊေမ်ာစက္ေလွမ်ားေၾကာင့္ ျမစ္ေရတိုက္စားျခင္းျဖစ္ပြားကာ ေရွး ေဟာင္းသမိုင္းဝင္ေစတီပုထိုးမ်ားပါ ပ်က္စီးႏိုင္သည့္အႏၲရာယ္ႏွင့္ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။ အဆိုပါ လုပ္ရပ္မ်ိဳးသည္ ႏိုင္ငံေတာ္အတြက္ အလြန္နစ္နာသည့္အတြက္ တပ္မေတာ္အေနျဖင့္ အမိႏိုင္ငံ မွ ဆုံးရႈံးရမည့္သယံဇာတမ်ားအတြက္ ျပန္လည္တိုက္ခိုက္ရယူသင့္ေၾကာင္း အထက္ပါ ႏိုင္ငံေရးသုံးသပ္ ေလ့လာသူကဆိုသည္။
“ဟိုးအရင္တုန္းလည္း ေက်ာက္စိမ္းတုံးႀကီးတစ္တုံးကို KIA ရတဲ့အတြက္ ကြၽန္ေတာ္တို႔ေတြ တိုက္ခိုက္ၿပီးေတာ့ ျပန္လည္ရယူခဲ့ရတဲ့ ေအာင္ပြဲေတြလည္းရွိခဲ့ဖူးပါတယ္။ အဲဒီလိုပဲ ဒီကိစၥသာ ဒီလိုျဖစ္ ရပ္မ်ိဳးသာ တကယ္မွန္တယ္ဆိုရင္ တပ္မေတာ္က အင္အားမ်ိဳးစုံသုံးၿပီးေတာ့ အမိႏိုင္ငံအတြက္ ဆုံးရႈံး ရမယ့္ သယံဇာတေတြအတြက္ကို ျပန္လည္ၿပီးေတာ့ တိုက္ခိုက္ၿပီးရယူသင့္တယ္။ ဒါမွသာ အစရွိ အေနာင္ေနာင္မွာ ေ႐ႊကဲ့သို႔ေသာ ျဒပ္စင္မ်ား ေျမရွားသတၱဳေတြ ကအစ အကုန္လုံးက စည္းမဲ့ကမ္းမဲ့ ဗရမ္းဗတာနဲ႔ တိုင္းျပည္ခံစားစံစားရမယ့္ေနရာမွာ တိုင္းျပည္က မခံစား၊ မစံစာရဘဲနဲ႔ျဖစ္သြားတတ္ပါ တယ္” ဟု ၎က ဆိုသည္။ ထိုသို႔တူးေဖာ္ခြင့္ရေနျခင္းသည္ ေနာင္တစ္ခ်ိန္တြင္ သာလြန္စစ္အင္အားကို ပါတည္ေဆာက္ႏိုင္သည့္အတြက္ အေျခအေနပိုမိုရႈပ္ေထြးႏိုင္ကာ မလြန္အပ္သည္မ်ားမလြန္မီ လ်င္လ်င္ ျမန္ျမန္ ထိထိေရာက္ေရာက္ အင္အားႀကီးႀကီးျဖင့္ အေရးယူရန္လိုေၾကာင္းလည္း ၎ကဆိုသည္။