ရန်ကုန်မြို့လယ်ခေါင် ဆူးလေစေတီတော်အနီး အိမ်စီးကားတစ်စီးပေါ်တွင် သေဆုံးနေသော အမျိုးသားအလောင်းတွေ့

1391

သန့်ဇင် (NP News) - ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆူးလေစေတီတော်အနီး အိမ်စီးကားတစ်စီးပေါ်တွင် သေဆုံးနေ သော အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (YRO) ထံမှ သိရသည်။
အဆိုပါ အမျိုးသား၏ ရုပ်အလောင်းကို ယမန်နေ့(ဩဂုတ်လ ၁၈ ရက်)၊ ည ၈ နာရီ (၃ဝ) မိနစ် ဝန်းကျင်အချိန်ခန့်က ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ မဟာဗန္ဓုလပန်းခြံရှေ့ယာဥ်ရပ်နားရန်နေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ကျွန်တော်တို့ရောက်တော့ ကားပေါ်မှာ အဲဒီအမျိုးသားက ဆုံးနေပြီဗျ။ ဘယ်လိုကြောင့် သေဆုံးနေလည်းဆိုတာ တော့ ဆေးရုံကြီးက ဆရာဝန်တွေက ရင်ခွဲစစ်ဆေးပြီးမှ အဖြေထွက်မှာဆိုတော့ သေချာတော့ မသိရသေးဘူးပေါ့ နော်။ နှလုံးရောဂါနဲ့ ဆုံးတယ်ဆိုရင်လည်း နှုတ်ခမ်းတို့ လက်သည်းတို့မှာ ညှိနေရမှာဆိုပေမယ့် ကျွန်တော်တို့ တွေ့ချိန်မှာတော့ ဘာလက္ခဏာမှမတွေ့ခဲ့ရပါဘူး။ နောက်ပြီး ပစ္စည်းတွေဖြစ်တဲ့ နာရီတို့ အခြားအသုံးအဆောင် ပစ္စည်းတွေလည်း ကားပေါ်မှာ အစုံတွေ့ခဲ့ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးလူမှု ကူညီကယ်ဆယ်ရေးအဖွဲ့ (YRO) မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
သေဆုံးသူမှာ အသက်(၅၀)နှစ်ဝန်းကျင်အမျိုးသားတစ်ဦးဖြစ်ပြီး အထက်ပါနေရာရှိ Honda Fit ကားပေါ်တွင် အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားအား ရန်ကုန်ဆေးရုံကြီးအရေးပေါ် (YGH) သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕လယ္ေခါင္ ဆူးေလေစတီေတာ္အနီး အိမ္စီးကားတစ္စီးေပၚတြင္ ေသဆုံးေနေသာ အမ်ိဳးသားအေလာင္းေတြ႕
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၉
ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ဆူးေလေစတီေတာ္အနီး အိမ္စီးကားတစ္စီးေပၚတြင္ ေသဆုံးေန ေသာ အမ်ိဳးသားအေလာင္းတစ္ေလာင္းေတြ႕ရွိခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးလူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ (YRO) ထံမွ သိရသည္။
အဆိုပါ အမ်ိဳးသား၏ ႐ုပ္အေလာင္းကို ယမန္ေန႔(ဩဂုတ္လ ၁၈ ရက္)၊ ည ၈ နာရီ (၃ဝ) မိနစ္ ဝန္းက်င္အခ်ိန္ခန႔္က ေက်ာက္တံတားၿမိဳ႕နယ္၊ မဟာဗႏၶဳလလမ္း၊ မဟာဗႏၶဳလပန္းၿခံေရွ႕ယာဥ္ရပ္နားရန္ေနရာတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ေရာက္ေတာ့ ကားေပၚမွာ အဲဒီအမ်ိဳးသားက ဆုံးေနၿပီဗ်။ ဘယ္လိုေၾကာင့္ ေသဆုံးေနလည္းဆိုတာ ေတာ့ ေဆး႐ုံႀကီးက ဆရာဝန္ေတြက ရင္ခြဲစစ္ေဆးၿပီးမွ အေျဖထြက္မွာဆိုေတာ့ ေသခ်ာေတာ့ မသိရေသးဘူးေပါ့ ေနာ္။ ႏွလုံးေရာဂါနဲ႔ ဆုံးတယ္ဆိုရင္လည္း ႏႈတ္ခမ္းတို႔ လက္သည္းတို႔မွာ ညႇိေနရမွာဆိုေပမယ့္ ကြၽန္ေတာ္တို႔ ေတြ႕ခ်ိန္မွာေတာ့ ဘာလကၡဏာမွမေတြ႕ခဲ့ရပါဘူး။ ေနာက္ၿပီး ပစၥည္းေတြျဖစ္တဲ့ နာရီတို႔ အျခားအသုံးအေဆာင္ ပစၥည္းေတြလည္း ကားေပၚမွာ အစုံေတြ႕ခဲ့ပါတယ္” ဟု ရန္ကုန္တိုင္းေဒသႀကီးလူမႈ ကူညီကယ္ဆယ္ေရးအဖြဲ႕ (YRO) မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ေသဆုံးသူမွာ အသက္(၅၀)ႏွစ္ဝန္းက်င္အမ်ိဳးသားတစ္ဦးျဖစ္ၿပီး အထက္ပါေနရာရွိ Honda Fit ကားေပၚတြင္ အေလာင္းအား ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားအား ရန္ကုန္ေဆး႐ုံႀကီးအေရးေပၚ (YGH) သို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။