တန့်ဆည်မြို့နယ်ရှိ ကျေးရွာအချို့တွင် PDF တို့အတွက် ပြည်သူများက ကင်းပြန်စောင့်ပေးနေရ

 620

Pearl (NP News) - သြဂုတ် ၁၉
တန့်ဆည်မြို့နယ်မှကျေးရွာအချို့တွင် PDF တို့က စိတ်ထင်ရာလုပ်သည့်အပြင် ပြည်သူများက ကင်းပြန်စောင့်ပေးနေရကြောင်း ဒေသခံများက NP News ထံ ဆက်သွယ်ပြောဆိုလာသည့် အချက် အလက်များအရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်ရှိ PDF ကြီးစိုးသည့်ကျေးရွာများတွင် PDF အဖွဲ့က ၎င်းတို့၏လုပ်ရပ်များကိုမထောက်ခံသည့် ဒေသခံများ အပါအဝင် တပ်မတော်သားများ၊ CDM မလုပ်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆွေးမျိုးတော်စပ်သူများကိုဖမ်းဆီး၍ အစဖျောက်ခြင်းများလုပ်ဆောင်နေ ကြောင်းသိရသည်။
“ဖမ်းချင်တဲ့လူကိုလည်း အချိန်မရွေးလာ ဖမ်းတယ်။ ဖမ်းပြီးရင်လည်း အစအနလည်းပေါ်မလာ ဘူး။ သတင်းလည်းမရတော့ဘူး။ ဆရာမအမျိုးရှိတဲ့ လူလည်းဖမ်းတယ်။ တပ်ကအမျိုးရှိတဲ့လူလည်း ဖမ်း တယ်။ အခုလည်း (၁၂)ယောက်ဖမ်းမယ်လို့ သတင်းလွှင့်ထားတယ်။ ပြေးဖို့ကလည်း နေရာကမရှိတော့ သူတို့ရဲ့လက်အောက်မှာပဲ အဆင်ပြေသလိုနေနေရ တာတွေလည်းရှိတယ်။ ပြန်ပြောရင်လည်း ပြန်ပြော တာနဲ့ထိပ်တုံးခတ်တယ်။ ပိုက်ဆံကောက်တယ်။ သူတို့ကိုမကြိုက်တဲ့လူဆို ဖမ်းပြီး ဘယ်ပို့လိုက်မှန်းမသိ ဘူး။ သူတို့ဖမ်းတဲ့လူတွေ အသက် (၇၀)ကျော်တွေ လည်းပါတယ်”ဟု ဒေသခံတစ်ဦးက NP News သို့ ပြေသည်။
ယခင်က ကျွဲသတ်၊ နွားသတ် လုပ်ကိုင်ခဲ့သူတစ်ဦးက ကျေးရွာရန်ပုံငွေနဲ့သေနတ်ဝယ်ကာ PDF အဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်နေပြီး ဒေသခံများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေကြေးများ ကောက်ခံနေကြောင်းလည်း သိရသည်။
ထို့ပြင် ၎င်းတို့၏ ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရမှုများကြောင့် ဒေသခံများ နေရပ်စွန့်စွာတိမ်းရှောင် နေရပြီး မတိမ်းရှောင်နိုင်သူများအနေဖြင့် ၎င်းတို့၏ ခိုင်းစေခြင်းများကိုလည်း ဆောင်ရွက်ပေးနေရကာ ညစဉ် အဖွဲ့ခေါင်းဆောင်ဆိုသူ၏နေအိမ်ကို ဒေသခံပြည်သူများက ကင်းစောင့်ပေးနေရသောဖြစ်စဉ် ရှိနေ ကြောင်း သိရသည်။
“အရင်က ကျွဲသတ်၊ နွားသတ်၊ ဝက်သတ် တဲ့သူက အခု ခေါင်းဆောင်လုပ်ပြီး ပိုက်ဆံကောက်၊ အရင်က ရွာရဲ့ရန်ပုံငွေရှိတယ်။ အဲဒီငွေနဲ့ သေနတ် ဝယ်ပြီး အဲဒါကိုပြန်ရောင်းစားတယ်။ နောက်ထပ် လက်နက်ဖိုး၊ ကျည်ဖိုး ဘာဖိုး ညာဖိုး အကုန် ရွာထဲက ပဲပြန်ကောက်တယ်။ လယ်ယာရှိတဲ့လူဆို လယ် ယာ ရှိလို့ပိုကောက်တယ်။ နွားရှိရင် နွားရှိလို့၊ လှည်းရှိရင် လှည်းရှိလို့ဆိုပြီး ကောက်ချင်သလောက် ကောက်တယ်။ မပြောင်းနိုင်တဲ့လူတွေနေခဲ့ရတယ်။ ပြောင်းနိုင်တဲ့လူက နည်းတယ်။ ရွာကိုပြန်လာရင် လည်း ရွာဝင်ကြေးပေးရတယ်။ တချို့ကလေးတွေဆို တခြားမှာ ကျောင်းသွားထားတာ။ အဲဒါကို ရွာကို ပြန်ခေါ်ဖို့ အမိန့်တွေထုတ်တယ်။ အဲဒီတော့ ပြန်လာရင် ရွာဝင်ဖို့အတွက် ရွာဝင်ကြေးတွေတောင်းတယ်။ (၁၅) သိန်း၊ သိန်း (၂၀)။ သူတို့တောင်းသလောက်ပေးရတယ်။ ထမင်းပေးဆိုလည်းပေးရတာပေါ့။ သူတို့ ခိုင်းတာ လည်းလုပ်ရတာပေါ့။ သူတို့တွေနေတဲ့အိမ်ကို ကင်း စောင့်ရတာ။ ခေါင်းဆောင်နေတဲ့အိမ်ကို ကင်းစောင့်ပေးရတာ။ ရွာထိပ်မှာစောင့်ရတာမဟုတ်ဘူး။ ပြည်သူတွေက စောင့်ပြီးနေပေးရတာ တစ်ညမှ လည်းမပျက်ဘူး။ ပြည်သူ့အတွက်လို့ပြောပြီး ပြည်သူက ကင်းပြန် စောင့်နေရတယ်”ဟု ၎င်းက ဆက် ပြောသည်။

Zawgyi Version:
တန႔္ဆည္ၿမိဳ႕နယ္ရွိ ေက်း႐ြာအခ်ိဳ႕တြင္ PDF တို႔အတြက္ ျပည္သူမ်ားက ကင္းျပန္ေစာင့္ေပးေနရ
Pearl (NP News) - ၾသဂုတ္ ၁၉
တန႔္ဆည္ၿမိဳ႕နယ္မွေက်း႐ြာအခ်ိဳ႕တြင္ PDF တို႔က စိတ္ထင္ရာလုပ္သည့္အျပင္ ျပည္သူမ်ားက ကင္းျပန္ေစာင့္ေပးေနရေၾကာင္း ေဒသခံမ်ားက NP News ထံ ဆက္သြယ္ေျပာဆိုလာသည့္ အခ်က္ အလက္မ်ားအရ သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီး တန႔္ဆည္ၿမိဳ႕နယ္ရွိ PDF ႀကီးစိုးသည့္ေက်း႐ြာမ်ားတြင္ PDF အဖြဲ႕က ၎တို႔၏လုပ္ရပ္မ်ားကိုမေထာက္ခံသည့္ ေဒသခံမ်ား အပါအဝင္ တပ္မေတာ္သားမ်ား၊ CDM မလုပ္သည့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ေဆြးမ်ိဳးေတာ္စပ္သူမ်ားကိုဖမ္းဆီး၍ အစေဖ်ာက္ျခင္းမ်ားလုပ္ေဆာင္ေန ေၾကာင္းသိရသည္။
“ဖမ္းခ်င္တဲ့လူကိုလည္း အခ်ိန္မေ႐ြးလာ ဖမ္းတယ္။ ဖမ္းၿပီးရင္လည္း အစအနလည္းေပၚမလာ ဘူး။ သတင္းလည္းမရေတာ့ဘူး။ ဆရာမအမ်ိဳးရွိတဲ့ လူလည္းဖမ္းတယ္။ တပ္ကအမ်ိဳးရွိတဲ့လူလည္း ဖမ္း တယ္။ အခုလည္း (၁၂)ေယာက္ဖမ္းမယ္လို႔ သတင္းလႊင့္ထားတယ္။ ေျပးဖို႔ကလည္း ေနရာကမရွိေတာ့ သူတို႔ရဲ႕လက္ေအာက္မွာပဲ အဆင္ေျပသလိုေနေနရ တာေတြလည္းရွိတယ္။ ျပန္ေျပာရင္လည္း ျပန္ေျပာ တာနဲ႔ထိပ္တုံးခတ္တယ္။ ပိုက္ဆံေကာက္တယ္။ သူတို႔ကိုမႀကိဳက္တဲ့လူဆို ဖမ္းၿပီး ဘယ္ပို႔လိုက္မွန္းမသိ ဘူး။ သူတို႔ဖမ္းတဲ့လူေတြ အသက္ (၇၀)ေက်ာ္ေတြ လည္းပါတယ္”ဟု ေဒသခံတစ္ဦးက NP News သို႔ ေျပသည္။
ယခင္က ကြၽဲသတ္၊ ႏြားသတ္ လုပ္ကိုင္ခဲ့သူတစ္ဦးက ေက်း႐ြာရန္ပုံေငြနဲ႔ေသနတ္ဝယ္ကာ PDF အဖြဲ႕ေခါင္းေဆာင္အျဖစ္ေဆာင္႐ြက္ေနၿပီး ေဒသခံမ်ားထံမွ အေၾကာင္းအမ်ိဳးမ်ိဳးျပကာ ေငြေၾကးမ်ား ေကာက္ခံေနေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ၎တို႔၏ ေခါင္းပုံျဖတ္ အႏိုင္က်င့္ခံရမႈမ်ားေၾကာင့္ ေဒသခံမ်ား ေနရပ္စြန႔္စြာတိမ္းေရွာင္ ေနရၿပီး မတိမ္းေရွာင္ႏိုင္သူမ်ားအေနျဖင့္ ၎တို႔၏ ခိုင္းေစျခင္းမ်ားကိုလည္း ေဆာင္႐ြက္ေပးေနရကာ ညစဥ္ အဖြဲ႕ေခါင္းေဆာင္ဆိုသူ၏ေနအိမ္ကို ေဒသခံျပည္သူမ်ားက ကင္းေစာင့္ေပးေနရေသာျဖစ္စဥ္ ရွိေန ေၾကာင္း သိရသည္။
“အရင္က ကြၽဲသတ္၊ ႏြားသတ္၊ ဝက္သတ္ တဲ့သူက အခု ေခါင္းေဆာင္လုပ္ၿပီး ပိုက္ဆံေကာက္၊ အရင္က ႐ြာရဲ႕ရန္ပုံေငြရွိတယ္။ အဲဒီေငြနဲ႔ ေသနတ္ ဝယ္ၿပီး အဲဒါကိုျပန္ေရာင္းစားတယ္။ ေနာက္ထပ္ လက္နက္ဖိုး၊ က်ည္ဖိုး ဘာဖိုး ညာဖိုး အကုန္ ႐ြာထဲက ပဲျပန္ေကာက္တယ္။ လယ္ယာရွိတဲ့လူဆို လယ္ ယာ ရွိလို႔ပိုေကာက္တယ္။ ႏြားရွိရင္ ႏြားရွိလို႔၊ လွည္းရွိရင္ လွည္းရွိလို႔ဆိုၿပီး ေကာက္ခ်င္သေလာက္ ေကာက္တယ္။ မေျပာင္းႏိုင္တဲ့လူေတြေနခဲ့ရတယ္။ ေျပာင္းႏိုင္တဲ့လူက နည္းတယ္။ ႐ြာကိုျပန္လာရင္ လည္း ႐ြာဝင္ေၾကးေပးရတယ္။ တခ်ိဳ႕ကေလးေတြဆို တျခားမွာ ေက်ာင္းသြားထားတာ။ အဲဒါကို ႐ြာကို ျပန္ေခၚဖို႔ အမိန႔္ေတြထုတ္တယ္။ အဲဒီေတာ့ ျပန္လာရင္ ႐ြာဝင္ဖို႔အတြက္ ႐ြာဝင္ေၾကးေတြေတာင္းတယ္။ (၁၅) သိန္း၊ သိန္း (၂၀)။ သူတို႔ေတာင္းသေလာက္ေပးရတယ္။ ထမင္းေပးဆိုလည္းေပးရတာေပါ့။ သူတို႔ ခိုင္းတာ လည္းလုပ္ရတာေပါ့။ သူတို႔ေတြေနတဲ့အိမ္ကို ကင္း ေစာင့္ရတာ။ ေခါင္းေဆာင္ေနတဲ့အိမ္ကို ကင္းေစာင့္ေပးရတာ။ ႐ြာထိပ္မွာေစာင့္ရတာမဟုတ္ဘူး။ ျပည္သူေတြက ေစာင့္ၿပီးေနေပးရတာ တစ္ညမွ လည္းမပ်က္ဘူး။ ျပည္သူ႔အတြက္လို႔ေျပာၿပီး ျပည္သူက ကင္းျပန္ ေစာင့္ေနရတယ္”ဟု ၎က ဆက္ ေျပာသည္။

Related news

© 2021. All rights reserved.