ရွှေဈေးကွက်အတွင်း အခေါက်ရွှေဈေး ရက်ပိုင်းအတွင်းနှစ်သိန်းခန့်ကျဆင်း

 580

ပြည့်ဖြိုး-NP News ဩဂုတ် (၂၀)ရက်
ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းများဆက်တိုက်ကျဆင်းနေပြီး ယခုတစ်ပါတ်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် နှစ်သိန်း ဝန်းကျင်ခန့်ဈေးများကျဆင်းနေခြင်းဖြစ်သည်။
ဩဂုတ်လ ( ၁၈)နှင့် (၁၉)ရက်များက အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၇ သိန်းတစ်သောင်း ခန့်ပေါက်ဈေးရှိနေရာမှ လက်ရှိဩဂုတ်လ(၂၀)ရက်နေ့တွင် ၇၅သိန်း တစ်သောင်းအထိ ဈေးများကျဆင်းလာခြင်းဖြစ်သည်။
“ကမ္ဘာရွှေဈေးလည်းကျနေတယ်။ ပြည်တွင်းမှာလည်း ရွှေလုပ်ကွက်တွေပြန်စချိန်ရောက်လာတယ်၊ နောက်ပြီးပြည်တွင်းဒေါ်လာဈေးကလည်းအခုရက်ပိုင်းမှာ အကျဈေးရောက်နေတယ် အားလုံးစုပေါင်းတော့ ရွှေဈေးကျလာတာပါဘဲ”ဟု ဝါရင့်ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ထို့အပြင်ကမ္ဘာရွှေဈေးသည်လည်း ယခင်ရက်များက တစ်အောင်စလျှင် ၃၃၅၀ ဒေါ်လာဝန်းကျင်ပေါက်ဈေးရှိနေရာမှ ဩဂုတ်လ ၂၀ ရက်တွင် ၃၃၁၇ ဒေါ်လာ အထိဈေးကျဆင်းလာခြင်းဖြစ်သည်။
အမေရိကန်ဒေါ်လာပေါက်ဈေးမှာလည်း ယခင်ရက်များက တစ်ဒေါ်လာလျှင် ၄၄၃၅ကျပ် ဝန်းကျင်မှ ဩဂုတ်လ ၂၀ရက်နေ့တွင် ၄၄၀၀ ကျပ်အထိ ကျဆင်းလာခြင်းဖြစ်သည်။
ပြည်တွင်းရွှေဈေးကျဆင်းမှုမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၅သိန်းအောက်အထိရောက်ရှိရန် မလွယ်ကူဘဲလက်ရှိပေါက်ဈေး ၇၅သိန်းတစ်သောင်းဖြင့် အနိမ်ဆုံးအခြေအနေသာရပ်တည်နေနိုင်ကြောင်း သိရသည်။

Zawgyi Version:
ေ႐ႊေဈးကြက္အတြင္း အေခါက္ေ႐ႊေဈး ရက္ပိုင္းအတြင္းႏွစ္သိန္းခန႔္က်ဆင္း
ျပည့္ၿဖိဳး-NP News ဩဂုတ္ (၂၀)ရက္
ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ေဈးႏႈန္းမ်ားဆက္တိုက္က်ဆင္းေနၿပီး ယခုတစ္ပါတ္အတြင္း အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ ႏွစ္သိန္း ဝန္းက်င္ခန႔္ေဈးမ်ားက်ဆင္းေနျခင္းျဖစ္သည္။
ဩဂုတ္လ ( ၁၈)ႏွင့္ (၁၉)ရက္မ်ားက အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၇၇ သိန္းတစ္ေသာင္း ခန႔္ေပါက္ေဈးရွိေနရာမွ လက္ရွိဩဂုတ္လ(၂၀)ရက္ေန႔တြင္ ၇၅သိန္း တစ္ေသာင္းအထိ ေဈးမ်ားက်ဆင္းလာျခင္းျဖစ္သည္။
“ကမာၻေ႐ႊေဈးလည္းက်ေနတယ္။ ျပည္တြင္းမွာလည္း ေ႐ႊလုပ္ကြက္ေတြျပန္စခ်ိန္ေရာက္လာတယ္၊ ေနာက္ၿပီးျပည္တြင္းေဒၚလာေဈးကလည္းအခုရက္ပိုင္းမွာ အက်ေဈးေရာက္ေနတယ္ အားလုံးစုေပါင္းေတာ့ ေ႐ႊေဈးက်လာတာပါဘဲ”ဟု ဝါရင့္ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးကေျပာသည္။
ထို႔အျပင္ကမာၻေ႐ႊေဈးသည္လည္း ယခင္ရက္မ်ားက တစ္ေအာင္စလွ်င္ ၃၃၅၀ ေဒၚလာဝန္းက်င္ေပါက္ေဈးရွိေနရာမွ ဩဂုတ္လ ၂၀ ရက္တြင္ ၃၃၁၇ ေဒၚလာ အထိေဈးက်ဆင္းလာျခင္းျဖစ္သည္။
အေမရိကန္ေဒၚလာေပါက္ေဈးမွာလည္း ယခင္ရက္မ်ားက တစ္ေဒၚလာလွ်င္ ၄၄၃၅က်ပ္ ဝန္းက်င္မွ ဩဂုတ္လ ၂၀ရက္ေန႔တြင္ ၄၄၀၀ က်ပ္အထိ က်ဆင္းလာျခင္းျဖစ္သည္။
ျပည္တြင္းေ႐ႊေဈးက်ဆင္းမႈမွာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၇၅သိန္းေအာက္အထိေရာက္ရွိရန္ မလြယ္ကူဘဲလက္ရွိေပါက္ေဈး ၇၅သိန္းတစ္ေသာင္းျဖင့္ အနိမ္ဆုံးအေျခအေနသာရပ္တည္ေနႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.