မိုင်းရယ်မြို့တွင် TNLAနှင့် MNDAAတို့ အလိုမရှိကြောင်း ဒေသခံ(၅၀၀)ကျော် ဆန္ဒထုတ်ဖော်

360

သန့်ဇင်(NP News)-ဩဂုတ် ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့တွင် TNLAနှင့် MNDAAတို့ အလို့မရှိကြောင်း ဒေသခံ(၅၀၀)ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းကို ယနေ့(ဩဂုတ်လ ၂၀ရက်)၊ နံနက် ၉နာရီ မိုင်းရယ်မြို၊ အားကစားကွင်းတွင်စုစည်းပြီး မြို့လယ်ဘုရား ကြီးကိုပတ်၍ ပြည်ထောင်စုလမ်းမကြီးအတိုင်းချီတက်ကာ ရပ်ကွက်(3)ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းမုဒ်ဦး ထိချီတက်ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အင်အား (၅၀၀)ကျော်က TNLAနဲ့ MNDAAတို့ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့တာပါ။ အားလုံးကဒေသခံတိုင်းရင်းသားတွေချည်း ပါဝင်ခဲ့တာပါ”ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်ခဲ့သူတစ်ဦးက NP Newsကိုပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင် “တို့ရှမ်းလူမျိုးနယ်မြေ၊ တို့ပြန်ပေး၊ မြို့ရွာဒေသငြိမ်းချမ်းရေးကိုထိခိုက်စေသော အကြမ်းဖက်မှုအလိုမရှိ၊ MNDAA၊ TNLA အကြမ်းဖက်အဖွဲ့အလိုမရှိ၊ MNDAAနှင့် ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်မှု ချက်ချင်းရပ်နှင့် ပြည်နယ်ငြိမ်းချမ်းရေးကို ထိခိုက်စေသော အကြမ်းဖက်မှုများ အလိုမရှိ”ဟူသော ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ထို့ပြင် “ရှမ်းပြည်သူလူထုအေးချမ်းစွာနေနိုင်ရေး TNLA၊ MNDAA ရှမ်းဒေသမှ အမြန်ဆုံးထွက်ခွာပေး”ဟုသော ဆိုင်ဘုတ်ကိုလည်း ကိုင်ဆွဲဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည် သြဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြိုမှာ ဒေသခံတိုင်းရင်းသား ပြည်သူများစုပေါင်းပြီး "TNLA/MNDAA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ထို့ပြင် သြဂုတ်လ ၁၈ ရက်၊ နံနက်ပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြိုတွင် ဒေသခံပြည်သူများက TNLA/MNDAA အဖွဲ့ အလိုမရှိနှင့် ရှမ်းပြည်နယ်မှ အမြန်ဆုံးထွက်သွားဆိုတဲ့ ကြွေးကြော်သံများနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
မိုင္းရယ္ၿမိဳ႕တြင္ TNLAႏွင့္ MNDAAတို႔ အလို႔မရွိေၾကာင္း ေဒသခံ(၅၀၀)ေက်ာ္ ဆႏၵထုတ္ေဖာ္
သန႔္ဇင္(NP News)-ဩဂုတ္ ၂၀
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မိုင္းရယ္ၿမိဳ႕တြင္ TNLAႏွင့္ MNDAAတို႔ အလို႔မရွိေၾကာင္း ေဒသခံ(၅၀၀)ေက်ာ္ ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဆႏၵထုတ္ေဖာ္ျခင္းကို ယေန႔(ဩဂုတ္လ ၂၀ရက္)၊ နံနက္ ၉နာရီ မိုင္းရယ္ၿမိဳ၊ အားကစားကြင္းတြင္စုစည္းၿပီး ၿမိဳ႕လယ္ဘုရား ႀကီးကိုပတ္၍ ျပည္ေထာင္စုလမ္းမႀကီးအတိုင္းခ်ီတက္ကာ ရပ္ကြက္(3)ဆိုင္မိန္းဘုန္းေတာ္ႀကီးေက်ာင္းမုဒ္ဦး ထိခ်ီတက္ဆႏၵထုတ္ ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အင္အား (၅၀၀)ေက်ာ္က TNLAနဲ႔ MNDAAတို႔ အလိုမရွိေၾကာင္း ဆႏၵေဖာ္ထုတ္ခဲ့တာပါ။ အားလုံးကေဒသခံတိုင္းရင္းသားေတြခ်ည္း ပါဝင္ခဲ့တာပါ”ဟု ဆႏၵထုတ္ေဖာ္ရာတြင္ပါဝင္ခဲ့သူတစ္ဦးက NP Newsကိုေျပာသည္။
ဆႏၵထုတ္ေဖာ္ရာတြင္ “တို႔ရွမ္းလူမ်ိဳးနယ္ေျမ၊ တို႔ျပန္ေပး၊ ၿမိဳ႕႐ြာေဒသၿငိမ္းခ်မ္းေရးကိုထိခိုက္ေစေသာ အၾကမ္းဖက္မႈအလိုမရွိ၊ MNDAA၊ TNLA အၾကမ္းဖက္အဖြဲ႕အလိုမရွိ၊ MNDAAႏွင့္ ပူးေပါင္းအဖြဲ႕မ်ား၏ အၾကမ္းဖက္မႈ ခ်က္ခ်င္းရပ္ႏွင့္ ျပည္နယ္ၿငိမ္းခ်မ္းေရးကို ထိခိုက္ေစေသာ အၾကမ္းဖက္မႈမ်ား အလိုမရွိ”ဟူေသာ ေႂကြးေၾကာ္သံမ်ားျဖင့္ ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ “ရွမ္းျပည္သူလူထုေအးခ်မ္းစြာေနႏိုင္ေရး TNLA၊ MNDAA ရွမ္းေဒသမွ အျမန္ဆုံးထြက္ခြာေပး”ဟုေသာ ဆိုင္ဘုတ္ကိုလည္း ကိုင္ဆြဲဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည္ ၾသဂုတ္လ ၁၉ ရက္ေန႔ မနက္ပိုင္းက ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳမွာ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားစုေပါင္းၿပီး "TNLA/MNDAA အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၾသဂုတ္လ ၁၈ ရက္၊ နံနက္ပိုင္းကလည္း ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုးနဲၿမိဳတြင္ ေဒသခံျပည္သူမ်ားက TNLA/MNDAA အဖြဲ႕ အလိုမရွိႏွင့္ ရွမ္းျပည္နယ္မွ အျမန္ဆုံးထြက္သြားဆိုတဲ့ ေႂကြးေၾကာ္သံမ်ားနဲ႔အတူ ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရသည္။