ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ်ပေါင်း (၁၀၀) ကျော်တွင်စတင်ကျင်းပမည်

143

သန့်ဇင်(NP News)-ဩဂုတ် ၂၁
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ်ပေါင်း (၁၀၂) မြို့နယ်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)က ကြေညာချက်အမှတ် (၅၆/၂၀၂၅)အရ ယမန်နေ့(ဩဂုတ်၂၀ရက်)တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
လာမည့်ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲကာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး (၂၀၂၅) ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁)ကိုကျင်း ပမည်ဟု UECက ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၁)ကို ကချင်ပြည်နယ်တွင် (၆) မြို့နယ်၊ ကယားပြည်နယ်တွင်(၂ ) မြို့နယ်၊ ကရင်ပြည်နယ်တွင် (၃) မြို့နယ်၊ ချင်းပြည်နယ်တွင် (၂) မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၂) မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၄) မြို့နယ်၊ ပဲခူတိုင်း ဒေသကြီးတွင် (၈) မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် (၉) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၈) မြို့နယ်၊ မွန်ပြည်နယ်တွင် (၅) မြို့နယ်၊ ရခိုင်ပြည်နယ်တွင် (၃) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၁၂) မြို့နယ်၊ ရှမ်းပြည်နယ်တွင် (၁၂) မြို့နယ်၊ဧရာဝတီတိုင်းဒေသကြီးတွင် (၈) မြို့နယ်နှင့် နေပြည်တော်တွင် (၈) မြို့နယ်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရွေးကောက်ပွဲအပိုင်း(၁)ကျင်းပမည့်ရက်နှင့် ပါဝင်သည့်မြို့နယ်များစာရင်းကို ထုတ်ပြန်ထားပြီးဖြစ်ကာ ဆက်လက်ကျင်းပပြု လုပ်မည့် အပိုင်းလိုက် နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း UECက ထုတ်ပြန်ထားသည်။
အပိုင်းလိုက် ရွေးကောက်ပွဲများ ကျင်းပပြီး ရလဒ်များ ထုတ်ပြန်ပြီးမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၀၈ ခုနှစ် ) ပုဒ်မ ၁၂၃ ပါ ပြဋ္ဌာန်းချက် နှင့်အညီ လွှတ်တော်ခေါ်ယူရမည်ဖြစ်ကြောင်း UEC က အသိပေးထားသည်။

zawgyiversion
ေ႐ြးေကာက္ပြဲအပိုင္း(၁)ကို ၿမိဳ႕နယ္ေပါင္း (၁၀၀) ေက်ာ္တြင္စတင္က်င္းပမည္
သန႔္ဇင္(NP News)-ဩဂုတ္ ၂၁
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း(၁)ကို ၿမိဳ႕နယ္ေပါင္း (၁၀၂) ၿမိဳ႕နယ္တြင္ စတင္က်င္းပမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္(UEC)က ေၾကညာခ်က္အမွတ္ (၅၆/၂၀၂၅)အရ ယမန္ေန႔(ဩဂုတ္၂၀ရက္)တြင္ ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။
လာမည့္ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္ခြဲကာ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာ (၂၈) ရက္တြင္ ေ႐ြးေကာက္ပြဲ အပိုင္း(၁)ကိုက်င္း ပမည္ဟု UECက ထုတ္ျပန္ေၾကညာထားၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ေ႐ြးေကာက္ပြဲ အပိုင္း(၁)ကို ကခ်င္ျပည္နယ္တြင္ (၆) ၿမိဳ႕နယ္၊ ကယားျပည္နယ္တြင္(၂ ) ၿမိဳ႕နယ္၊ ကရင္ျပည္နယ္တြင္ (၃) ၿမိဳ႕နယ္၊ ခ်င္းျပည္နယ္တြင္ (၂) ၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ (၁၂) ၿမိဳ႕နယ္၊ တနသၤာရီတိုင္းေဒသႀကီးတြင္ (၄) ၿမိဳ႕နယ္၊ ပဲခူတိုင္း ေဒသႀကီးတြင္ (၈) ၿမိဳ႕နယ္၊ မေကြးတိုင္းေဒသႀကီးတြင္ (၉) ၿမိဳ႕နယ္၊ မႏၲေလးတိုင္းေဒသႀကီးတြင္ (၈) ၿမိဳ႕နယ္၊ မြန္ျပည္နယ္တြင္ (၅) ၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္တြင္ (၃) ၿမိဳ႕နယ္၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ (၁၂) ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္တြင္ (၁၂) ၿမိဳ႕နယ္၊ဧရာဝတီတိုင္းေဒသႀကီးတြင္ (၈) ၿမိဳ႕နယ္ႏွင့္ ေနျပည္ေတာ္တြင္ (၈) ၿမိဳ႕နယ္တို႔တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ေ႐ြးေကာက္ပြဲအပိုင္း(၁)က်င္းပမည့္ရက္ႏွင့္ ပါဝင္သည့္ၿမိဳ႕နယ္မ်ားစာရင္းကို ထုတ္ျပန္ထားၿပီးျဖစ္ကာ ဆက္လက္က်င္းပျပဳ လုပ္မည့္ အပိုင္းလိုက္ ေန႔ရက္မ်ားကိုလည္း ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း UECက ထုတ္ျပန္ထားသည္။
အပိုင္းလိုက္ ေ႐ြးေကာက္ပြဲမ်ား က်င္းပၿပီး ရလဒ္မ်ား ထုတ္ျပန္ၿပီးမွသာ ဖြဲ႕စည္းပုံအေျခခံဥပေဒ( ၂၀၀၈ ခုႏွစ္ ) ပုဒ္မ ၁၂၃ ပါ ျပ႒ာန္းခ်က္ ႏွင့္အညီ လႊတ္ေတာ္ေခၚယူရမည္ျဖစ္ေၾကာင္း UEC က အသိေပးထားသည္။