ရှမ်းပြည်နယ်ရှိ ကျေးရွာနှစ်ရာကျော်အတွက် အကျိုးပြု ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးရေးကို နှစ်ကုန်အပြီးဆောင်ရွက်နေ

149

ချယ်ရီ(NP News)-ဩဂုတ်၂၁
ရှမ်းပြည်နယ်ရှိ ကျေးရွာ(၂၃၆) ရွာအတွက် အကျိုးပြု ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးရေးလုပ်ငန်းကို ယခု(၂၀၂၅)ခုနှစ်ကုန်၌ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Statesman ဂျာနယ်သို့ ပြောသည်။
(၂၀၂၅- ၂၀၂၆) ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုရန်ပုံငွေ ကျပ် (၅၇၄၁.၆၁)သန်းဖြင့် အထက်ပါစီမံကိန်းလုပ်ငန်းများကို အကောင်ထည်ဖော်ဆောင်ရွက်ရန် ပြီးခဲ့သည့်ဇူလိုင်လ (၁၁) ရက်က တင်ဒါအောင်ကုမ္ပဏီများနှင့် လုပ်ငန်းအပ်နှံရေးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် စုစုပေါင်း မြို့နယ်(၅၂) မြို့နယ်ရှိရာ ကုန်ထုတ်လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းအတွက် ငွေကျပ် (၄၆၂၀.၇)သန်းဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကျေးရွာ (၇၇)ရွာနှင့် ရှမ်းပြည်(အရှေ့ပိုင်း)မှ ကျေးရွာ (၁၉)ရွာတို့၌ စုစုပေါင်းအကွာအဝေး (၁၁၃မိုင် ၄ ဖာလုံ)ကျော်ရှိ လမ်း(၅၉)လမ်းနှင့် စုစုပေါင်းပေ (၆၈၀)အရှည်ရှိ တံတားအစင်းရေ (၁၂၁)စင်းကို အကောင်ထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
“လုပ်ဖို့ထဲမှာ ညောင်ရွှေပါတယ်။ ညောင်ရွှေ-တောင်ကြီးအဆက်က ကျောက်ရေအိုးဆိုတဲ့ရွာပဲ။ အင်းထဲက စံကားဘက်က ဒီနှစ်တော့မပါဘူး။ မနှစ်က ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းထဲမှာက အဓိက ဖယ်ခုံတစ်ခုပဲ မပါတာပေါ့။ ကျန်တာတွေကတော့ အားလုံးပါတယ်။ ဆီဆိုင်မှာလည်း ထိုက်သင့်တဲ့ဧရိယာတွေမှာတော့ ပါသွားတာပေါ့” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ရေပေးရေးကဏ္ဍ၌ ရန်ပုံငွေ ကျပ် (၅၆၂၀.၉၄)သန်းဖြင့် ကျေးရွာ (၁၄၀) တွင် တွင်းတိမ်၊ တွင်းနက်တူးဖော်ခြင်းနှင့် အမြင့်မြှင့်တင်ခြင်း စနစ်၊ စိမ့်စမ်းအမြင့်တင်ခြင်း စနစ်နှင့် လက်တူးတွင်း တူးဖော်ခြင်းစနစ်တို့ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
"မိုးနဲမြို့နယ်က လင်ဖူးဆိုတဲ့ရွာကျတော့ တွင်းတူးပြီးတော့မှ အဲဒါကိုအမြင့်တင်ပြီးတော့ လုပ်မှာ။ ရွာအနားမှာ ရေအရင်းမြစ် မရှိဘူး။ အဲဒီတော့ ရေထွက်နိုင်တဲ့နေရာမှာ တွင်းသွားတူးပြီးတော့မှ အဲဒီရေကို အမြင့်တင်စနစ်နဲ့တင်ပြီးတော့မှ ရွာကိုပြန်ပေးမှာပေါ့။ ခဲတောင်ကြီးကလည်း အဲဒီလိုပဲ အမြင့်တင်စနစ်နဲ့ ပေးရမှာ။ သူက စိမ့်စမ်းအလိုလျောက် စီးဆင်းတဲ့စနစ်ကရတော့ အမြင့်တင် စနစ်နဲ့ သွားမယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးဖြစ်သည့်အတွက် ရွာများတွင် ဦးစားပေးအရ ကုန်ထုတ်လမ်းတံတားနှင့် ရေပေးကို အကောင်ထည်ဖော် ဆောင်ရွက်ကြရပြီး မီးရရှိရေးအတွက် ဆိုလာမီးစနစ်ကို အသုံးပြုကြကာ လက်ရှိတွင် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး လာမည့်ဒီဇင်ဘာလကုန်ပြီးစီးရန် ရည်မှန်းလုပ်ဆောင်နေ ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ ( ၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်၏ လျာထားရန်ပုံငွေ ကျပ် (၆ ဒသမ ၈၇) ဘီလီယံဖြင့် ကျေးရွာ(၄၅၈) ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်ပေးနေပြီး အဆိုပါစီမံကိန်းမှာ ပြီးခဲ့သည့် (၂၀၁၅-၂၀၁၆ )ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ရာ လက်ရှိ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်တွင် စီမံကိန်းကာလ (၁၁) နှစ်မြောက်ရှိပြီလည်းဖြစ်သည်။

Zawgyi Version:
ရွမ္းျပည္နယ္ရွိ ေက်း႐ြာႏွစ္ရာေက်ာ္အတြက္ အက်ိဳးျပဳ ကုန္ထုတ္လမ္း၊ တံတားႏွင့္ ေရေပးေရးကို ႏွစ္ကုန္အၿပီးေဆာင္႐ြက္ေန
ခ်ယ္ရီ(NP News)-ဩဂုတ္၂၁
ရွမ္းျပည္နယ္ရွိ ေက်း႐ြာ(၂၃၆) ႐ြာအတြက္ အက်ိဳးျပဳ ကုန္ထုတ္လမ္း၊ တံတားႏွင့္ ေရေပးေရးလုပ္ငန္းကို ယခု(၂၀၂၅)ခုႏွစ္ကုန္၌ ၿပီးစီးေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက The Statesman ဂ်ာနယ္သို႔ ေျပာသည္။
(၂၀၂၅- ၂၀၂၆) ဘ႑ာေရးႏွစ္၏ ျပည္ေထာင္စုရန္ပုံေငြ က်ပ္ (၅၇၄၁.၆၁)သန္းျဖင့္ အထက္ပါစီမံကိန္းလုပ္ငန္းမ်ားကို အေကာင္ထည္ေဖာ္ေဆာင္႐ြက္ရန္ ၿပီးခဲ့သည့္ဇူလိုင္လ (၁၁) ရက္က တင္ဒါေအာင္ကုမၸဏီမ်ားႏွင့္ လုပ္ငန္းအပ္ႏွံေရးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္တြင္ စုစုေပါင္း ၿမိဳ႕နယ္(၅၂) ၿမိဳ႕နယ္ရွိရာ ကုန္ထုတ္လမ္း၊ တံတားတည္ေဆာက္ေရးလုပ္ငန္းအတြက္ ေငြက်ပ္ (၄၆၂၀.၇)သန္းျဖင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ ေက်း႐ြာ (၇၇)႐ြာႏွင့္ ရွမ္းျပည္(အေရွ႕ပိုင္း)မွ ေက်း႐ြာ (၁၉)႐ြာတို႔၌ စုစုေပါင္းအကြာအေဝး (၁၁၃မိုင္ ၄ ဖာလုံ)ေက်ာ္ရွိ လမ္း(၅၉)လမ္းႏွင့္ စုစုေပါင္းေပ (၆၈၀)အရွည္ရွိ တံတားအစင္းေရ (၁၂၁)စင္းကို အေကာင္ထည္ေဖာ္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
“လုပ္ဖို႔ထဲမွာ ေညာင္ေ႐ႊပါတယ္။ ေညာင္ေ႐ႊ-ေတာင္ႀကီးအဆက္က ေက်ာက္ေရအိုးဆိုတဲ့႐ြာပဲ။ အင္းထဲက စံကားဘက္က ဒီႏွစ္ေတာ့မပါဘူး။ မႏွစ္က ပါတယ္။ ရွမ္းျပည္နယ္ေတာင္ပိုင္းထဲမွာက အဓိက ဖယ္ခုံတစ္ခုပဲ မပါတာေပါ့။ က်န္တာေတြကေတာ့ အားလုံးပါတယ္။ ဆီဆိုင္မွာလည္း ထိုက္သင့္တဲ့ဧရိယာေတြမွာေတာ့ ပါသြားတာေပါ့” ဟု အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။
ေရေပးေရးက႑၌ ရန္ပုံေငြ က်ပ္ (၅၆၂၀.၉၄)သန္းျဖင့္ ေက်း႐ြာ (၁၄၀) တြင္ တြင္းတိမ္၊ တြင္းနက္တူးေဖာ္ျခင္းႏွင့္ အျမင့္ျမႇင့္တင္ျခင္း စနစ္၊ စိမ့္စမ္းအျမင့္တင္ျခင္း စနစ္ႏွင့္ လက္တူးတြင္း တူးေဖာ္ျခင္းစနစ္တို႔ျဖင့္ အေကာင္ထည္ေဖာ္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
"မိုးနဲၿမိဳ႕နယ္က လင္ဖူးဆိုတဲ့႐ြာက်ေတာ့ တြင္းတူးၿပီးေတာ့မွ အဲဒါကိုအျမင့္တင္ၿပီးေတာ့ လုပ္မွာ။ ႐ြာအနားမွာ ေရအရင္းျမစ္ မရွိဘူး။ အဲဒီေတာ့ ေရထြက္ႏိုင္တဲ့ေနရာမွာ တြင္းသြားတူးၿပီးေတာ့မွ အဲဒီေရကို အျမင့္တင္စနစ္နဲ႔တင္ၿပီးေတာ့မွ ႐ြာကိုျပန္ေပးမွာေပါ့။ ခဲေတာင္ႀကီးကလည္း အဲဒီလိုပဲ အျမင့္တင္စနစ္နဲ႔ ေပးရမွာ။ သူက စိမ့္စမ္းအလိုေလ်ာက္ စီးဆင္းတဲ့စနစ္ကရေတာ့ အျမင့္တင္ စနစ္နဲ႔ သြားမယ္" ဟု ၎က ဆက္လက္ေျပာၾကားသည္။
ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးျဖစ္သည့္အတြက္ ႐ြာမ်ားတြင္ ဦးစားေပးအရ ကုန္ထုတ္လမ္းတံတားႏွင့္ ေရေပးကို အေကာင္ထည္ေဖာ္ ေဆာင္႐ြက္ၾကရၿပီး မီးရရွိေရးအတြက္ ဆိုလာမီးစနစ္ကို အသုံးျပဳၾကကာ လက္ရွိတြင္ အဆိုပါလုပ္ငန္းမ်ားကို လုပ္ေဆာင္လ်က္ရွိၿပီး လာမည့္ဒီဇင္ဘာလကုန္ၿပီးစီးရန္ ရည္မွန္းလုပ္ေဆာင္ေန ေၾကာင္း ၎က ဆိုသည္။
လက္ရွိ ( ၂၀၂၅-၂၀၂၆) ဘ႑ာႏွစ္၏ လ်ာထားရန္ပုံေငြ က်ပ္ (၆ ဒသမ ၈၇) ဘီလီယံျဖင့္ ေက်း႐ြာ(၄၅၈) ႐ြာတြင္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေပးေနၿပီး အဆိုပါစီမံကိန္းမွာ ၿပီးခဲ့သည့္ (၂၀၁၅-၂၀၁၆ )ဘ႑ာႏွစ္မွ စတင္အေကာင္အထည္ေဖာ္ခဲ့ရာ လက္ရွိ (၂၀၂၅-၂၀၂၆) ဘ႑ာႏွစ္တြင္ စီမံကိန္းကာလ (၁၁) ႏွစ္ေျမာက္ရွိၿပီလည္းျဖစ္သည္။