ရန်ကုန် - ပုသိမ်ကားလမ်း လမ်းကြေးမြှင့်ကောက်နေသော်လည်း ချိုင့်ခွက်များစွာဖြစ်နေ

224

Pearl (NP News)ဩဂုတ်၂၁
ရန်ကုန် - ပုသိမ်ကားလမ်းအတွက် လမ်းကြေးကောက်နေသော်လည်း လမ်းပိုင်းအချို့တွင် ချိုင့်ခွက်များစွာ ဖြစ်နေပြီး ခရီးသွားချိန် ပိုမိုကြန့်ကြာနေကြောင်း အဆိုပါ လမ်းပိုင်းကို အသုံးပြုနေသူများထံမှ သိရသည်။
ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်ယာဉ်များအပါအဝင် အဆိုပါလမ်းပိုင်းအား အသုံးပြုနေသည့် ယာဉ်များအားလုံးသည် ရန်ကုန် - ပုသိမ်ကားလမ်း၊ ဗိုလ်မြတ်ထွန်း တံတားအဆင်းမှ ကျောင်းကုန်းမြို့နယ်ကြားလမ်းပိုင်းတွင် လည်းကောင်း၊ ပုသိမ်အဝင်လမ်းပိုင်အချို့၌ လည်းကောင်း ချိုင့်ခွက်များဖြစ်ပေါ်ကာ လမ်းပိုင်းအခြေအနေ ဆိုးဝါးနေသည့်အတွက် ခရီးစဉ် နှောင့်နှေးမှုများရှိနေကြောင်း သိရသည်။
“လမ်းဆိုးတာက တော်တော်ကို ဆိုးတယ်။ အဲဒီလိုပဲ မောင်းရတာပဲ။ သတ်မှတ်ကီလိုမောင်းရင် ကားက အကုန်ပြုတ်ထွက်ကုန်မှာပဲ။ ခရီးသည်ကားဆိုတော့ ကျပ် (၃၀၀၀) ကျော်တယ်ထင်တယ်။ အဲဒီလမ်းက ပုသိမ် ၊ ချောင်းသာ ၊ ငွေဆောင် အမြဲတမ်းသွားလာနေရတာလေ။ ရန်ကုန် - ပုသိမ် လမ်းမကြီးဆိုတော့ ကားသေးရော ကားကြီးရော အကုန်သွားနေတာပဲလေ။ ပြင်ပေးရင်တော့ အကောင်းဆုံးပေါ့ဗျာ။ မပြင်တော့ ဒီအတိုင်းပဲ မောင်းနေရတာ။ ပုသိမ်အဝင်မှာလည်း လမ်းတွေ ဆိုးတာပဲ။ ဗိုလ်မြတ်ထွန်းတံတားကနေ ပုသိမ်ကို (၃) နာရီလောက် ကြာတယ်လေ။ (၂)လကျော်ပြီလမ်းက ဆိုးနေတာ။ အရင်က (၁) နာရီလောက် မောင်းရတာကို အခု (၃) နာရီမောင်းနေရတယ်။ နေ့စဉ် အသွားအပြန် ကားတွေဆို အစီး (၁၀၀) တောင် မကဘူး။ အဲဒီလမ်းမောင်းရတာ အန္တရာယ်တော့များတာပေါ့။ ဟိုရှောင် ဒီရှောင်နဲ့ ။ ပြင်ပေးရင်တော့ ကောင်းတာပေါ့” ဟု ရန်ကုန် - ပုသိမ်ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက NP News သို့ပြောသည်။
အဆိုပါ လမ်းပိုင်းကို နေ့စဉ် ကားအစီးရေ (၁၀၀) ထက် မနည်း အသုံးပြုမောင်းနှင်နေပြီး ကားတစ်စီးလျှင် တံတားအသုံးပြုခ နှင့် လမ်းအသုံးပြုခ အဖြစ် (၁၄၀၀)ကျပ်၊ (၃၀၀၀) ကျပ် စသည်ဖြင့် ယာဉ်အမျိုးအစားပေါ် မူတည်၍ ကောက်ခံလျှက်ရှိကြောင်း တွေ့ရသည်။
“ပိုက်ဆံကောက်ပြီး လမ်းမပြင်ပေးတာလည်း ဆိုးတယ်။ သူတို့ တစ်နေ့ တစ်နေ့ ကောက်လို့ ရတဲ့ ပိုက်ဆံ တွေက နည်း တာမဟုတ်ဘူး။ နောက်ဆုံးကျတော့ လုံးဝမပြင်ပေးရင်တောင် ဖို့နိုင်တာလေး ဖို့၊ ညှိနိုင်တာလေး ညှိရင်တောင် နည်းနည်းတော်သေးတာပေါ့လေ။ အခုလို ထိုင်ကြည့်နေတာကျတော့ ပြောရင်တော့ မကောင်းပါဘူးလေ။ လမ်းကြမ်းရင် မောင်းလို့ မရတော့ တလှိမ့်ချင်း လှိမ့်နေရတော့ အချိန်ကြာတာပေါ့” ဟု အခြားယာဉ်မောင်းတစ်ဦးက NP News သို့ပြောသည်။

Zawgyi Version:
ရန္ကုန္ - ပုသိမ္ကားလမ္း လမ္းေၾကးျမႇင့္ေကာက္ေနေသာ္လည္း ခ်ိဳင့္ခြက္မ်ားစြာျဖစ္ေန
Pearl (NP News)ဩဂုတ္၂၁
ရန္ကုန္ - ပုသိမ္ကားလမ္းအတြက္ လမ္းေၾကးေကာက္ေနေသာ္လည္း လမ္းပိုင္းအခ်ိဳ႕တြင္ ခ်ိဳင့္ခြက္မ်ားစြာ ျဖစ္ေနၿပီး ခရီးသြားခ်ိန္ ပိုမိုၾကန႔္ၾကာေနေၾကာင္း အဆိုပါ လမ္းပိုင္းကို အသုံးျပဳေနသူမ်ားထံမွ သိရသည္။
ရန္ကုန္ၿမိဳ႕မွ ပုသိမ္ၿမိဳ႕သို႔ ေျပးဆြဲေနသည့္ ခရီးသည္ယာဥ္မ်ားအပါအဝင္ အဆိုပါလမ္းပိုင္းအား အသုံးျပဳေနသည့္ ယာဥ္မ်ားအားလုံးသည္ ရန္ကုန္ - ပုသိမ္ကားလမ္း၊ ဗိုလ္ျမတ္ထြန္း တံတားအဆင္းမွ ေက်ာင္းကုန္းၿမိဳ႕နယ္ၾကားလမ္းပိုင္းတြင္ လည္းေကာင္း၊ ပုသိမ္အဝင္လမ္းပိုင္အခ်ိဳ႕၌ လည္းေကာင္း ခ်ိဳင့္ခြက္မ်ားျဖစ္ေပၚကာ လမ္းပိုင္းအေျခအေန ဆိုးဝါးေနသည့္အတြက္ ခရီးစဥ္ ေႏွာင့္ေႏွးမႈမ်ားရွိေနေၾကာင္း သိရသည္။
“လမ္းဆိုးတာက ေတာ္ေတာ္ကို ဆိုးတယ္။ အဲဒီလိုပဲ ေမာင္းရတာပဲ။ သတ္မွတ္ကီလိုေမာင္းရင္ ကားက အကုန္ျပဳတ္ထြက္ကုန္မွာပဲ။ ခရီးသည္ကားဆိုေတာ့ က်ပ္ (၃၀၀၀) ေက်ာ္တယ္ထင္တယ္။ အဲဒီလမ္းက ပုသိမ္ ၊ ေခ်ာင္းသာ ၊ ေငြေဆာင္ အၿမဲတမ္းသြားလာေနရတာေလ။ ရန္ကုန္ - ပုသိမ္ လမ္းမႀကီးဆိုေတာ့ ကားေသးေရာ ကားႀကီးေရာ အကုန္သြားေနတာပဲေလ။ ျပင္ေပးရင္ေတာ့ အေကာင္းဆုံးေပါ့ဗ်ာ။ မျပင္ေတာ့ ဒီအတိုင္းပဲ ေမာင္းေနရတာ။ ပုသိမ္အဝင္မွာလည္း လမ္းေတြ ဆိုးတာပဲ။ ဗိုလ္ျမတ္ထြန္းတံတားကေန ပုသိမ္ကို (၃) နာရီေလာက္ ၾကာတယ္ေလ။ (၂)လေက်ာ္ၿပီလမ္းက ဆိုးေနတာ။ အရင္က (၁) နာရီေလာက္ ေမာင္းရတာကို အခု (၃) နာရီေမာင္းေနရတယ္။ ေန႔စဥ္ အသြားအျပန္ ကားေတြဆို အစီး (၁၀၀) ေတာင္ မကဘူး။ အဲဒီလမ္းေမာင္းရတာ အႏၲရာယ္ေတာ့မ်ားတာေပါ့။ ဟိုေရွာင္ ဒီေရွာင္နဲ႔ ။ ျပင္ေပးရင္ေတာ့ ေကာင္းတာေပါ့” ဟု ရန္ကုန္ - ပုသိမ္ေျပးဆြဲေနသည့္ ခရီးသည္တင္ ယာဥ္ေမာင္းတစ္ဦးက The Statesman ဂ်ာနယ္သို႔ေျပာသည္။
အဆိုပါ လမ္းပိုင္းကို ေန႔စဥ္ ကားအစီးေရ (၁၀၀) ထက္ မနည္း အသုံးျပဳေမာင္းႏွင္ေနၿပီး ကားတစ္စီးလွ်င္ တံတားအသုံးျပဳခ ႏွင့္ လမ္းအသုံးျပဳခ အျဖစ္ (၁၄၀၀)က်ပ္၊ (၃၀၀၀) က်ပ္ စသည္ျဖင့္ ယာဥ္အမ်ိဳးအစားေပၚ မူတည္၍ ေကာက္ခံလွ်က္ရွိေၾကာင္း ေတြ႕ရသည္။
“ပိုက္ဆံေကာက္ၿပီး လမ္းမျပင္ေပးတာလည္း ဆိုးတယ္။ သူတို႔ တစ္ေန႔ တစ္ေန႔ ေကာက္လို႔ ရတဲ့ ပိုက္ဆံ ေတြက နည္း တာမဟုတ္ဘူး။ ေနာက္ဆုံးက်ေတာ့ လုံးဝမျပင္ေပးရင္ေတာင္ ဖို႔ႏိုင္တာေလး ဖို႔၊ ညႇိႏိုင္တာေလး ညႇိရင္ေတာင္ နည္းနည္းေတာ္ေသးတာေပါ့ေလ။ အခုလို ထိုင္ၾကည့္ေနတာက်ေတာ့ ေျပာရင္ေတာ့ မေကာင္းပါဘူးေလ။ လမ္းၾကမ္းရင္ ေမာင္းလို႔ မရေတာ့ တလွိမ့္ခ်င္း လွိမ့္ေနရေတာ့ အခ်ိန္ၾကာတာေပါ့” ဟု အျခားယာဥ္ေမာင္းတစ္ဦးက The Statesman ဂ်ာနယ္သို႔ေျပာသည္။