ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် စပိန်တွဲဆိုင်း YM-2 ၁၄ ဆိုင်း ရောက်ရှိ

 927

ပြည့်ဖြိုး(NP News)- ဩဂုတ် (၂၂)ရက်
ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲမည့် စပိန်တွဲဆိုင်း (DEMU)YM-2 ၁၄ ဆိုင်း ရောက်ရှိလာပြီဖြစ်ကြောင်း သွားလာရေး/တိုင်း မန်နေဂျာ ဦးယဉ်မင်းဦးက ပြောကြားသည်။

ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲရန် စပိန်တွဲဆိုင်း YM-2 ၁၅ ဆိုင်း မှာယူထားပြီး လက်ရှိအချိန်ထိ ၁၄ ဆိုင်း ရောက်ရှိနေပြီဟု ဆိုသည်။

" ရန်ကုန်-မန္တလေး စပိန်ရထားတွဲ DEMU တွေက လက်ရှိမှာမဆွဲသေးပါဘူး။ ကျွန်တော်တို့ဆီ ညွှန်ကြားချက် မလာသေးပါဘူး။ ပြေးဆွဲမယ်ဆိုရင်လည်းကျွန်တော်တို့ ကြေညာပေးသွားမှာပါဟု " မန္တလေးဘူတာကြီးကပြောသည်။

ရန်ကုန်-မန္တလေးတိုက်ရိုက် ခရီးစဉ်အတွက် လက်ရှိမှာ DEMU ဖြင်း သွားလာနိုင်ခြင်းမရှိဘဲ နေပြည်တော်မှ RBE ရထား တဆင့်ခံကာ စီးနှင်းသွားလာနိုင်ခြင်းဖြစ်သည်။

မြန်မာ့မီးရထားအနေဖြင YM-2 တွဲဆိုင်း ၁၃ ဆိုင်း လက်ခံထားပြီး ကျန်သည့် တစ်ဆိုင်းကို အရည်အသွေးစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတွဲဆိုင်းအတွင်းပိုင်းအပြင်အဆင်အနေဖြင့် မြို့ပတ်တွဲဆိုင်းများနှင်းမတူညီဘဲ ခရီးဝေးရထားများတွင်အသုံးပြုသော သုံးခုံတန်းများထည့်သွင်းထားခြင်းကြောင့်
၊ ရန်ကုန် -မန္တလေးလမ်းပိုင်းအတွင်းထည့်သွင်းသုံးစွဲမည်ဆိုပါက ခရီးသွားပြည်သူများ အတွက် ပိုမိုအဆင်ပြေနိုင်ကြောင်းသိရသည်။

Zawgyi Version:
ရန္ကုန္-မႏၲေလးရထားလမ္းပိုင္းတြင္ ေျပးဆြဲမည့္ စပိန္တြဲဆိုင္း YM-2 ၁၄ ဆိုင္း ေရာက္ရွိ
ျပည့္ၿဖိဳး(NP News)- ဩဂုတ္ (၂၂)ရက္
ရန္ကုန္-မႏၲေလးလမ္းပိုင္းတြင္ ေျပးဆြဲမည့္ စပိန္တြဲဆိုင္း (DEMU)YM-2 ၁၄ ဆိုင္း ေရာက္ရွိလာၿပီျဖစ္ေၾကာင္း သြားလာေရး/တိုင္း မန္ေနဂ်ာ ဦးယဥ္မင္းဦးက ေျပာၾကားသည္။

ရန္ကုန္-မႏၲေလးလမ္းပိုင္းတြင္ ေျပးဆြဲရန္ စပိန္တြဲဆိုင္း YM-2 ၁၅ ဆိုင္း မွာယူထားၿပီး လက္ရွိအခ်ိန္ထိ ၁၄ ဆိုင္း ေရာက္ရွိေနၿပီဟု ဆိုသည္။

" ရန္ကုန္-မႏၲေလး စပိန္ရထားတြဲ DEMU ေတြက လက္ရွိမွာမဆြဲေသးပါဘူး။ ကြၽန္ေတာ္တို႔ဆီ ၫႊန္ၾကားခ်က္ မလာေသးပါဘူး။ ေျပးဆြဲမယ္ဆိုရင္လည္းကြၽန္ေတာ္တို႔ ေၾကညာေပးသြားမွာပါဟု " မႏၲေလးဘူတာႀကီးကေျပာသည္။

ရန္ကုန္-မႏၲေလးတိုက္႐ိုက္ ခရီးစဥ္အတြက္ လက္ရွိမွာ DEMU ျဖင္း သြားလာႏိုင္ျခင္းမရွိဘဲ ေနျပည္ေတာ္မွ RBE ရထား တဆင့္ခံကာ စီးႏွင္းသြားလာႏိုင္ျခင္းျဖစ္သည္။

ျမန္မာ့မီးရထားအေနျဖင YM-2 တြဲဆိုင္း ၁၃ ဆိုင္း လက္ခံထားၿပီး က်န္သည့္ တစ္ဆိုင္းကို အရည္အေသြးစစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါတြဲဆိုင္းအတြင္းပိုင္းအျပင္အဆင္အေနျဖင့္ ၿမိဳ႕ပတ္တြဲဆိုင္းမ်ားႏွင္းမတူညီဘဲ ခရီးေဝးရထားမ်ားတြင္အသုံးျပဳေသာ သုံးခုံတန္းမ်ားထည့္သြင္းထားျခင္းေၾကာင့္
၊ ရန္ကုန္ -မႏၲေလးလမ္းပိုင္းအတြင္းထည့္သြင္းသုံးစြဲမည္ဆိုပါက ခရီးသြားျပည္သူမ်ား အတြက္ ပိုမိုအဆင္ေျပႏိုင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.