အန္တာတိကတိုက်မှာ ခရီးသွားများပြားလာခြင်းဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းလာစေတယ်လို့ သိပ္ပံပညာရှင်များ သတိပေး

176

ရောင်နီ (NP News) - သြဂုတ် ၂၃
အန္တာတိကတိုက်မှာ ကမ္ဘာလှည့်ခရီးသည်အရေအတွက်များလာတာဟာ တိုက်ကို ပိုမိုညစ်ညမ်းစေတယ်လို့ သိပ္ပံပညာရှင်တွေက ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၂၀ ရက်) မှာ သတိပေးလိုက်ပါတယ်။
လူသားတွေကြောင့်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံး ပတ်ဝန်းကျင်ဟာ ထိုးနှက်ချက်အသစ်တွေ ခံစားနေရတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အန္တာတိက ဒေသမှာ သတ္တုပါဝင်တဲ့ အမှုန်အမွှားတွေဟာ လွန်ခဲ့တဲ့ နှစ် ၄၀ ကထက် ၁၀ ဆ ပိုမိုများပြားလာပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း အန္တာတိကတိုက်ကို နှစ်စဉ်လာရောက်လည်ပတ်တဲ့ ခရီးသွားအရေအတွက်ဟာလည်း ၂၀,၀၀၀ မှ ၁၂၀,၀၀၀ ထိ တိုးလာတယ်လို့ International Association of Antarctica Tour Operators က ဆိုပါတယ်။
လူသားတွေ လာရောက်မှု တိုးပွားလာခြင်းကြောင့် သင်္ဘော၊ လေယာဉ်၊ မော်တော်ယာဉ် ရုပ်ကြွင်းလောင်စာတွေက ထွက်ရှိတဲ့ ညစ်ညမ်းမှုတွေအတွက်လည်း စိုးရိမ်မှုတွေ တိုးပွားလာစေခဲ့ပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေကို တင်ဆောင်လာတဲ့ သင်္ဘောတွေကထွက်တဲ့ နီကယ်၊ ကြေးနီ၊ ဇင့်နဲ့ ခဲ စတဲ့ အမှုန်အမွှား တွေကြောင့် အန္တာတိကမှာ ဆီးနှင်း အရည်ပျော်မှု ပိုမိုမြန်ဆန်လာတယ်လို့ လေ့လာမှုက ဆိုပါတယ်။ အန္တာတိက တိုက်ကို ကာကွယ်ဖို့ ကြိုးပမ်းမှုအနေနဲ့ ညစ်ညမ်းတဲ့လောင်စာဆီတွေ အသုံးပြုမှု တားမြစ်ခြင်း၊ လျှပ်စစ်-မျိုးစပ် သင်္ဘောများနဲ့သယ်ဆောင်တဲ့ ခရီးသွားလုပ်ငန်းတွေကိုတားမြစ်ခြင်း စတဲ့ ကြိုးပမ်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Zawgyi Version:
အႏၲာတိကတိုက္မွာ ခရီးသြားမ်ားျပားလာျခင္းဟာ ပတ္ဝန္းက်င္ကို ညစ္ညမ္းလာေစတယ္လို႔ သိပၸံပညာရွင္မ်ား သတိေပး
ေရာင္နီ (NP News) - ၾသဂုတ္ ၂၃
အႏၲာတိကတိုက္မွာ ကမာၻလွည့္ခရီးသည္အေရအတြက္မ်ားလာတာဟာ တိုက္ကို ပိုမိုညစ္ညမ္းေစတယ္လို႔ သိပၸံပညာရွင္ေတြက ဗုဒၶဟူးေန႔ (ၾသဂုတ္လ ၂၀ ရက္) မွာ သတိေပးလိုက္ပါတယ္။
လူသားေတြေၾကာင့္ျဖစ္တဲ့ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ကမာၻေပၚမွာ အသန႔္ရွင္းဆုံး ပတ္ဝန္းက်င္ဟာ ထိုးႏွက္ခ်က္အသစ္ေတြ ခံစားေနရတယ္လို႔ သိပၸံပညာရွင္ေတြက ဆိုပါတယ္။ အႏၲာတိက ေဒသမွာ သတၱဳပါဝင္တဲ့ အမႈန္အမႊားေတြဟာ လြန္ခဲ့တဲ့ ႏွစ္ ၄၀ ကထက္ ၁၀ ဆ ပိုမိုမ်ားျပားလာၿပီး ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ ႏွစ္ခုအတြင္း အႏၲာတိကတိုက္ကို ႏွစ္စဥ္လာေရာက္လည္ပတ္တဲ့ ခရီးသြားအေရအတြက္ဟာလည္း ၂၀,၀၀၀ မွ ၁၂၀,၀၀၀ ထိ တိုးလာတယ္လို႔ International Association of Antarctica Tour Operators က ဆိုပါတယ္။
လူသားေတြ လာေရာက္မႈ တိုးပြားလာျခင္းေၾကာင့္ သေဘၤာ၊ ေလယာဥ္၊ ေမာ္ေတာ္ယာဥ္ ႐ုပ္ႂကြင္းေလာင္စာေတြက ထြက္ရွိတဲ့ ညစ္ညမ္းမႈေတြအတြက္လည္း စိုးရိမ္မႈေတြ တိုးပြားလာေစခဲ့ပါတယ္။
ကမာၻလွည့္ခရီးသည္ေတြကို တင္ေဆာင္လာတဲ့ သေဘၤာေတြကထြက္တဲ့ နီကယ္၊ ေၾကးနီ၊ ဇင့္နဲ႔ ခဲ စတဲ့ အမႈန္အမႊား ေတြေၾကာင့္ အႏၲာတိကမွာ ဆီးႏွင္း အရည္ေပ်ာ္မႈ ပိုမိုျမန္ဆန္လာတယ္လို႔ ေလ့လာမႈက ဆိုပါတယ္။ အႏၲာတိက တိုက္ကို ကာကြယ္ဖို႔ ႀကိဳးပမ္းမႈအေနနဲ႔ ညစ္ညမ္းတဲ့ေလာင္စာဆီေတြ အသုံးျပဳမႈ တားျမစ္ျခင္း၊ လွ်ပ္စစ္-မ်ိဳးစပ္ သေဘၤာမ်ားနဲ႔သယ္ေဆာင္တဲ့ ခရီးသြားလုပ္ငန္းေတြကိုတားျမစ္ျခင္း စတဲ့ ႀကိဳးပမ္းမႈေတြ လုပ္ေဆာင္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။