“ဘဝအတွက် ကြီးမားတဲ့အမှားကြီးမို့ အစဆွဲမထုတ်စေလို”

2650

NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “မပြီးဆုံးသေးတဲ့ လွှမ်းပိုင်နဲ့ မီဒီယာ၊ အလကားရတိုင်းမစားကြဖို့ အသိ သတိပေးမှု၊ အေးမြတ်သူရဲ့ တစ်ကျော့ပြန်အောင်မြင်မှု” စတဲ့ အနုပညာ ဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်
အိဖြူ (NP News) - သြဂုတ် ၂၅
မပြီးဆုံးသေးတဲ့ လွှမ်းပိုင်နဲ့ မီဒီယာ
ဩဂုတ်လ (၁၃)ရက်ကကျင်းပခဲ့တဲ့ ဖိုက်ပလပ်စ်ဝမ်း (၅+၁) ရုပ်ရှင်ဇာတ်ကား Press Show အခမ်းအနားအတွင်း အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်နဲ့ သတင်းထောက်တို့ကြား ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ် နဲ့ ပတ်သက်ပြီး ဩဂုတ်လ (၂၀)ရက်အထိ အနုပညာအသိုင်းအဝိုင်းနဲ့ မီဒီယာကြား အပြန်အလှန် ဝေဖန် ရှုတ်ချသံတွေ ဆူညံခဲ့တာပါ။
သတင်းထောက်က “အရင်က မချောသုံးယောက်၊ အခု မချောငါးယောက်ဆိုတော့ နိုင်ရဲ့လား” လို့မေးမြန်းခဲ့ရာ လွှမ်းပိုင်ကလည်း သူ့အနေနဲ့ Hip Hop အဆိုတော်/မင်းသမီး/အဆိုတော် မိန်းကလေး သုံးဦးကြားကပတ်သက်ဆက်နွှယ်ခဲ့တဲ့ဇာတ်ရှုပ်တွေရှိခဲ့ဖူးတာကြောင့် စိတ်ခံစားချက်ကို မထိန်းသိမ်း နိုင်ခဲ့ဘဲ လူပုံအလယ် ဆဲဆိုတုံ့ပြန်ခဲ့တဲ့ရုပ်သံဖိုင်က လူအများ ဝေဖန်စရာဖြစ်စေခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ မေးမြန်းခဲ့တဲ့သတင်းထောက်၊ သက်ဆိုင်ရာသတင်းဌာနတိုက်နဲ့ ရုပ်သံဖိုင် ပြန်လည်ဖြန့်ဝေခဲ့သူတို့ကို အပြစ်တင်သူတွေလည်းရှိခဲ့သလို လူပုံအလယ် ရိုင်းစိုင်းစွာဆဲဆိုခဲ့တဲ့ အဆိုတော် သရုပ်ဆောင် လွှမ်းပိုင် ရဲ့တုံ့ပြန်မှုကိုလည်း ဝေဖန်ခဲ့ကြပါတယ်။
နောက်ဆက်တွဲရလဒ်အရ အနုပညာသမားအချင်းချင်းက ရိုင်းစိုင်းစွာဆဲဆိုခဲ့တဲ့ လွှမ်းပိုင်ရဲ့ လုပ် ရပ်က မှန်ကန်သယောင် တက်ညီလက်ညီဝိုင်းဝန်းထောက်ခံဖော်ပြခဲ့ကြတာကိုမြင်တွေ့ခဲ့ရပေမယ့် ပွဲ တက်ရောက်ခဲ့သူ သတင်းထောက်အချင်းချင်း၊ သတင်းဌာနတိုက်တွေသာမက ဝါရင့်သတင်းသမားများ ကိုယ်တိုင်က မေးခွန်းမေးမြန်းခဲ့သူနဲ့ ရုပ်သံဖိုင်တင်သူအပေါ် လက်ညှိုးထိုး ပြစ်တင်ခဲ့ကြကာ သတင်း မီဒီ ယာလောကသားများ အသိုက်အမြုံပြိုကွဲနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးတော့ အပုပ်မခံနိုင်ကြောင်း” ၊ “မေးမြန်းသူနဲ့ ရုပ်သံဖိုင်ဖော်ပြသူကို အရေးယူသင့်ကြောင်း၊ ကြဉ်ဖယ်ထားသင့်ကြောင်း” ၎င်းတို့ရဲ့ဖေ့စ်ဘွတ်အကောင့်တွေနဲ့ သတင်းထောက်တွေအပေါ် ပြစ်တင် ရှုတ်ချ ပြောဆိုထားတဲ့အနုပညာရှင်တချို့ရဲ့ပို့စ်တွေမှာ သံယောင်လိုက်ခဲ့ကြတာကို စိတ်မကောင်းစွာ မြင်တွေ့ခဲ့ရပါတယ်။
အလားတူ ဩဂုတ်လ(၁၉)ရက်မှာ မေးမြန်းသူလို့ သံသယဝင်ခံရသူ၊ ရုပ်သံဖိုင်တင်သူ သတင်း ထောက်ရဲ့လက်မှတ်၊ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်အမှတ်နဲ့တကွ “ဝန်ချတောင်းပန်ကြောင်း” စာ အွန် လိုင်းပေါ်မှာ ထပ်မံပျံ့နှံ့လာခဲ့ပြီး သတင်းမီဒီယာကောင်စီက သတင်းသမားတွေနဲ့ပတ်သက်လာရင် တာ ဝန်ယူဖြေရှင်းပေးနိုင်စွမ်း/ ကာကွယ်ပေးနိုင်စွမ်းမရှိကြောင်း ပိုမိုပေါ်လွင်စေခဲ့ကာ အနုပညာရှင်တွေနဲ့ ဖြစ်စေ၊ လူပုဂ္ဂိုလ်တစ် ဦးဦးနဲ့ဖြစ်စေ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်ပါက သတင်းထောက်တွေအနေနဲ့ အားကိုးရာမဲ့သွားပြီလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။
လွှမ်းပိုင်ဘက်က “ကျွန်တော်မကြိုက်တဲ့မေးခွန်းကိုမေးမြန်းတဲ့အတွက် မေးတဲ့သူကိုသာ ပြော ဆိုခြင်းဖြစ်ပြီး၊ မီဒီယာအားလုံးကိုပြောခြင်းမျိုးလည်းမဟုတ်ဘူး။ ရုပ်ရှင်ကြည့်ပြီးနောက် မီဒီယာတွေကို လည်း အင်တာဗျူးထပ်ဖြေပေးခဲ့ပါတယ်။ ပွဲပြီးပြီးချင်းနောက်နေ့မှာ အဆိုပါ မီဒီယာတိုက်က ဆက်သွယ် လာခဲ့ရာ တောင်းပန်မယ့်အကြောင်းဆိုခဲ့ပေမယ့် ၎င်းဘက်က တောင်းပန်ဖို့မလိုအပ်ကြောင်း၊ စိတ်ထဲ လည်း ဘာမှမရှိ တော့ကြောင်း၊ မနေ့ကကိစ္စက မနေ့ကပြီးသွားပြီ”လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ဒါ့ပြင် သတင်းထောက်မေးတဲ့မေးခွန်းက သူ့ဘဝအတွက် ကြီးမားတဲ့ဘဝအမှားကြီးမို့ အစဆွဲမထုတ်စေလို ကြောင်း ဝန်ခံခဲ့ပါတယ်။ သတင်းထောက်အပေါ်ဆဲဆိုခဲ့တဲ့အတွက် တောင်းပန်သင့်ကြောင်း ပြောဆိုနေမှု အပေါ် “ပြောရရင် ကျွန်တော်က မင်္ဂလာပါပြောတဲ့သူကို ဆဲဆိုလိုက်တာဆို ကျွန်တော့်ဘက်က ရိုင်း တယ်။ ဒါပေမဲ့ မေးတဲ့သူရဲ့မေးခွန်းကလည်း မှားနေတယ်။ မေးတဲ့သူရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိပေမယ့်။ ဒီကိစ္စက ကျွန်တော့်အတွက် နောက်စရာကိစ္စမဟုတ်ဘူး။ လူတွေကသာ နောက်စရာတစ်ခု လိုပြောဆိုနေကြပေမယ့် ကျွန်တော့်အတွက် ကြီးမားတဲ့ ဘဝရဲ့အမှားကြီးဗျာ။ ကျွန်တော်ကိုယ်တိုင် လည်း အဲဒီလိုလုပ်ရပ်တွေအတွက် ပြင်ဆင်နေပြီဗျာ။ ပြင်ဆင်နေတဲ့အချိန်မှာ ကျွန်တော်က ဒီကိစ္စကြီးကို ပြန်ဆွဲမထုတ်ချင်ဘူး။ ကျွန်တော် ရုတ်တရက်တော့ စိတ်မထိန်းနိုင်ဖြစ် သွားတယ်၊ ဆဲလိုက်တယ်။ အဲဒီ အတွက် မေးတဲ့သူနဲ့မီဒီယာကိုပဲ နာမည်မေးလိုက်တယ် ဒါပဲ” လို့ လွှမ်းပိုင်ကဖြေရှင်းခဲ့ပါတယ်။
ဒီကိစ္စက ဒီမှာတင်မပြီးဆုံးသေးပါ။ မေးခွန်းအမေးခံရသူ လွှမ်းပိုင်က တောင်းပန်စာမရေးခိုင်း သလို အရေးယူပေးဖို့လည်း မတောင်းဆိုခဲ့ကြောင်းဖြေရှင်းခဲ့တာကြောင့် အခုလို တောင်းပန်စာထွက်ရှိ လာအောင် သတင်းထောက်ကို ဖိအားပေးအရေးယူခဲ့မှုရဲ့နောက်ကွယ်က ဘယ်သူလဲဆိုတာ ဖော်ထုတ် ရတော့မှာဖြစ်ကြောင်း မီဒီယာအသိုင်းအဝိုင်းထံမှ ကြားသိရပါတယ်။

Facebook Cele Kelvin Kate ရဲ့အဖြစ်
“ငါယောကျာ်းပဲဆိုပြီး ဘယ်စော်ကိုမှလွယ်လွယ်မစားနဲ့ ဘဝပါပျက်တယ် ညီအစ်ကိုတို့”ဆိုတဲ့ စာသားနဲ့အစချီကာ Kelvin Kate က ဖေ့စ်ဘွတ်အကောင့်မှာ ပို့စ်တင်ဖော်ပြခဲ့ပါတယ်။ Facebook Cele Kelvin Kate က ဟာသ Video Content ရိုက်ကူးမှုတွေကနေတစ်ဆင့် လူသိများလာခဲ့သူဖြစ်ကာ ကြော် ငြာ ရိုက်ကူးမှုတွေ ဆက်တိုက်ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာ လူမှုရေးအရှုပ်အထွေးပြဿနာတွေဖြစ်ပေါ်ခဲ့ ပြီး “မိန်းမနဲ့ကလေးရှိလျက်နဲ့ တိတ်တိတ်ပုန်းနေသူ၊ အိမ်တွင်းအကြမ်းဖက်သူ၊ အမျိုးသမီးကို ရိုက်နှက် နှိပ်စက်သူ” အဖြစ် နာမည်ပျက်နဲ့ဝေဖန်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ အသက် (၂၀)အရွယ်မှာ ချစ်သူ ရည်းစား မဟုတ်တဲ့ အသက် (၂၇) နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ တစ်ညတာ (One night stand) နေ ထိုင်ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုပါ။ အဆိုပါအမျိုးသမီးက (၃)လအကြာမှာ သူကိုယ်ဝန်ရှိ ကြောင်း အကြောင်းကြားခဲ့ပေမယ့် One night stand သာ နေထိုင်ခဲ့တာကြောင့် မယုံကြည်ခဲ့ကြောင်း ဆိုခဲ့ပေမယ့် နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်အကျပ်ကိုင်ခံခဲ့ရကြောင်း၊ တာဝန်မယူပါက ဆိုရှယ် မီဒီယာ ထက်မှာ အရှက်ခွဲမှာဖြစ်ကြောင်း၊ နာမည်ပျက်မှာကြောက်ရုံမက အသက် (၂၀) အရွယ် လူငယ်တစ်ဦး အနေနဲ့ ဒီဖြစ်စဉ်အပေါ် တုန်လှုပ်မိကြောင်း၊ နာမည်ပျက်စီးသွားပါက အလုပ်တွေကိုထိခိုက်လာမှာ စိုးရိမ် မိတဲ့အတွက် မိဘဂုဏ်သိက္ခာအတွက်၊ ကျွန်တော့်ဘဝရှေ့ရေးအတွက် ၎င်းတို့ ကိုးကွယ်ရာ ဘာသာရေး အယူအဆအတိုင်း နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ရှင်းပြထားပါတယ်။ နှစ်ဦး သဘောတူ တရားဝင် လက်မှတ်ရေးထိုးတာဝန်ယူခဲ့ပြီးနောက် ကလေးမွေးပြီးချိန်မှာ ကလေးကို DNA စစ်ပေးရမှာ ဖြစ်ကြောင်း နှစ်ဦးသဘောတူခဲ့ကြတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ကလေးမွေးဖွားချိန်မှာ Kelvin Kate က အိုသွေး၊ အမျိုးသမီးကလည်း အိုသွေးဖြစ်ပေမယ့် မွေးဖွားလာတဲ့ကလေးက အေဘီသွေးဖြစ်နေတာ ကြောင့် DNA စစ်ဆေးဖို့တောင်းဆိုချိန်မှာတော့ ငြင်းဆန်ခဲ့ပြီး သူရဲ့ဆွေမျိုးများကပါ ဖုံးဖိပေးခဲ့ကြ ကြောင်း၊ ကလေးက ၎င်းနဲ့ရရှိတဲ့ကလေးမဟုတ်ခဲ့ကြောင်း အချိန်ကာလကြာမြင့်မှ ပြန်လည်ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်ယောကျာ်းပါ။ ကျွန်တော်လုပ်ခဲ့တာတွေအတွက် ကျွန်တော်ခံရဲပါတယ်။ မလုပ် ခဲ့တာတွေအတွက်လည်း ကျွန်တော် နှုတ်ဆိတ်နေခဲ့ပါသေးတယ်။ နှမချင်းစာနာလို့ပါ။ ဒါပေမဲ့ မိန်းမ ဆို တိုင်း နစ်နာသူဆိုတဲ့ Mindset နဲ့ ခုချိန်ထိ လိုက်နှောင့်ယှက်နေတော့ ငြိမ်မခံသင့်တော့ဘူးထင်လို့ ဖြေ ရှင်းတာပါ” လို့ ရင်ဖွင့်ခဲ့ပါတယ်။
အသက် (၂၀)အရွယ်လူငယ်တစ်ဦးအနေနဲ့ ငွေကြေးများစွာရှာဖွေလာနိုင်ချိန်မှာ အပျော်အပါးကို ခုံမင်ခဲ့ပြီး ထိန်းသိမ်းနိုင်မှုကင်းမဲ့ခဲ့ကာ မူးယစ်ဆေးဝါးလည်းအသုံးပြုမိခဲ့တဲ့အတွက် ဘဝက အဖတ်ဆယ် မရအောင် ပျက်စီးခဲ့ရကြောင်း၊ ဒါ့ကြောင့်လည်း နာမည်ကြီး Brand တွေဖြစ်တဲ့ Veve ၊ Red Bull ၊ Telenor အစရှိတဲ့ Commercial Brand များစွာနဲ့လက်တွဲဖြုတ်ခဲ့ရပြီး စာချုပ်အခကြေးငွေတွေလည်း ပြန်လျော်ပေးခဲ့ရကြောင်း ၎င်းရဲ့အတိတ်ကအမှားများကိုဝန်ခံထားရင်း လူငယ်တွေအနေနဲ့ အထူးသဖြင့် ယောကျာ်းလေးတွေအနေနဲ့ အလွယ်တကူရတိုင်း မဆင်မခြင်မနေထိုင်ကြဖို့လိုအပ်ကြောင်း ကိုယ်တွေ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ပညာပေးလိုက်တာပါ။ လူအများရဲ့ပြစ်တင်ဝေဖန်စကားသံတွေကြား နာမည်ဂုဏ် သတင်းတွေထိခိုက်ခဲ့ရုံမက စိတ်ဒဏ်ရာများစွာရရှိခဲ့ရပြီး အောင်မြင်မှုတွေပါဆုံးရှုံးခဲ့ရတာကြောင့် နစ်နာ ဆုံးရှုံးမှုတွေအတွက် အဆိုပါကလေးနဲ့ ၎င်းက လုံးဝ မသက်ဆိုင်ကြောင်း တရားဝင်ကြေညာပေးဖို့နဲ့ ပြန်လည်တရားဝင်တောင်းပန်ပေးစေလိုကြောင်း ဆန္ဒရှိပြီး၊ မဖြေရှင်းပေးပါက တရားဥပဒေအတိုင်း ဆက်လက်ဖြေရှင်းသွားမှာဖြစ်ကြောင်း အတိအလင်းကြေညာထားပါတယ်။

ဝေဖန်မှု အနည်းဆုံးဖြစ်ခဲ့တဲ့ “ရေစက်တို့သည်လည်း တစ်ခါတစ်ရံ မဆုံဆည်းသာ” ဇာတ်လမ်းတွဲ
နေတိုး၊ သူထူးစံ၊ အေးမြတ်သူနဲ့ နော်ဖော်အယ်ထားတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ရေစက်တို့ သည်လည်း တစ်ခါတစ်ရံမဆုံဆည်းသာ” ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသမှုကပြီးစီးသွားပေမယ့် ဇာတ် လမ်း အစ၊ အလယ်၊ အဆုံး ကို ပရိသတ်တွေသဘောတွေ့ခဲ့ကြပြီး အေးမြတ်သူနဲ့ သူထူးစံကတော့ ပရိသတ်အားပေးမှုစကားသံကို ပိုမိုရရှိခဲ့ကြတာပါ။ အေးမြတ်သူနဲ့သူထူးစံအနေနဲ့က Comeback လို့ လည်းဆိုနိုင်သလို အေးမြတ်သူရဲ့လက်ရှိရောက်နေတဲ့အသက်အရွယ်နဲ့ ဇာတ်ရုပ်က လိုက်ဖက်လွန်းခဲ့ပြီး အနုပညာ ကျန်တဲ့ဇာတ်ကားတစ်ကားလို့လည်း ကြည့်ရှုသူတိုင်းကချီးကျူးခဲ့ကြပါတယ်။ အိမ်ထောင် ရေး ဖောက်ပြားမှုတွေကိုသာဦးစားပေးရိုက်ကူးလေ့ရှိတဲ့မြန်မာဇာတ်လမ်းတွဲတွေ ကြား“ရေစက်တို့ သည် လည်း တစ်ခါတစ်ရံမဆုံဆည်းသာ” ဇာတ်လမ်းတွဲမှာတော့ ပွင့်ဦးလှနဲ့ဦးဘရမ်ထွယ်အောင်တို့ရဲ့အချစ်ကို ဖော်ပြမှုပုံစံချင်းမတူညီပုံကိုကြည့်ရှုခွင့်ရခဲ့သလို နောက်ကွယ်ကနေ ချစ်ရသူအတွက် အပြည့်အဝ ထောက်ပံ့ပေးခဲ့ပြီး အိမ်ထောင်ရေးထိခိုက်မှုမရှိအောင် အသိ၊ သတိတရားကပ်ကာ ထိန်းသိမ်းစောင့်စည်း ခဲ့ကြတဲ့ ရန်ပယ်နဲ့ ပွင့်ဦးလှတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ တခြားတစ်ဖက်မှာတော့ ပွင့်ဦးလှ ရဲ့လိုအင်မှန်သမျှကိုဖြည့်ဆည်းပေးကာ ချစ်နေရရင်ကိုကျေနပ်ပါတယ်ဆိုတဲ့ ဦးဘရမ်ထွယ် အောင် (သူထူးစံ)ရဲ့အကြည့်၊ အပြုအမူနဲ့ “အချစ်နဲ့ငွေ မင်းကြိုက်သလိုသုံးနိုင်တယ်။ ဘယ်တော့မှ ကုန်မသွား စေရဘူး”၊ “မင်းမုန်းတဲ့သူကိုသတ်ပေးနိုင်သလို မင်းချစ်တဲ့သူကို နန်းတော်ကြီးတောင်ဆောက်ပေးနိုင်ပါ တယ်။ အဲဒီလောက်ထိ မင်းကိုချစ်ပါတယ်” စတဲ့ ဒိုင်ယာလော့တွေက ပရိသတ်တွေကိုဖမ်းစားနိုင်စေခဲ့ပါ တယ်။ နော်ဖော်အယ်ထားကိုတော့ သရုပ်ဆောင်ပညာမှာ လိုအပ်ချက်များစွာရှိနေသေးကြောင်း ထောက် ပြခဲ့ကြပါတယ်။ ဒီဇာတ်လမ်းတွဲက အကယ်ဒမီအေးမြတ်သူအတွက် အောင်မြင်မှုမှတ်တိုင် တစ်ခုစိုက်ထူး နိုင်ခဲ့တာတော့ အမှန်ပါ။ “ရေစက်တို့သည်လည်း တစ်ခါတစ်ရံမဆုံဆည်းသာ” ဇာတ်လမ်းတွဲကို ဒါရိုက် တာ ပြည့်ဖြိုးနိုင်က ရိုက်ကူးပုံဖော်ခဲ့ပြီး အကယ်ဒမီ နေတိုး၊ အကယ်ဒမီ သူထူးစံ၊ အကယ်ဒမီ အေးမြတ် သူ၊ နော်ဖောအယ်ထား၊ ခန့်ကျော်၊ သွန်းကြယ်စင်၊ အကယ်ဒမီ မြင့်မြင့်ခိုင်၊ အကယ်ဒမီ မေသဉ္ဇာဦး စတဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီတစ်ပတ်အတွက် ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။
Zawgyi Version:
“ဘဝအတြက္ ႀကီးမားတဲ့အမွားႀကီးမို႔ အစဆြဲမထုတ္ေစလို”
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “မၿပီးဆုံးေသးတဲ့ လႊမ္းပိုင္နဲ႔ မီဒီယာ၊ အလကားရတိုင္းမစားၾကဖို႔ အသိ သတိေပးမႈ၊ ေအးျမတ္သူရဲ႕ တစ္ေက်ာ့ျပန္ေအာင္ျမင္မႈ” စတဲ့ အႏုပညာ ဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္
အိျဖဴ (NP News) - ၾသဂုတ္ ၂၅
မၿပီးဆုံးေသးတဲ့ လႊမ္းပိုင္နဲ႔ မီဒီယာ
ဩဂုတ္လ (၁၃)ရက္ကက်င္းပခဲ့တဲ့ ဖိုက္ပလပ္စ္ဝမ္း (၅+၁) ႐ုပ္ရွင္ဇာတ္ကား Press Show အခမ္းအနားအတြင္း အဆိုေတာ္ သ႐ုပ္ေဆာင္ လႊမ္းပိုင္နဲ႔ သတင္းေထာက္တို႔ၾကား ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္စဥ္ နဲ႔ ပတ္သက္ၿပီး ဩဂုတ္လ (၂၀)ရက္အထိ အႏုပညာအသိုင္းအဝိုင္းနဲ႔ မီဒီယာၾကား အျပန္အလွန္ ေဝဖန္ ရႈတ္ခ်သံေတြ ဆူညံခဲ့တာပါ။
သတင္းေထာက္က “အရင္က မေခ်ာသုံးေယာက္၊ အခု မေခ်ာငါးေယာက္ဆိုေတာ့ ႏိုင္ရဲ႕လား” လို႔ေမးျမန္းခဲ့ရာ လႊမ္းပိုင္ကလည္း သူ႔အေနနဲ႔ Hip Hop အဆိုေတာ္/မင္းသမီး/အဆိုေတာ္ မိန္းကေလး သုံးဦးၾကားကပတ္သက္ဆက္ႏႊယ္ခဲ့တဲ့ဇာတ္ရႈပ္ေတြရွိခဲ့ဖူးတာေၾကာင့္ စိတ္ခံစားခ်က္ကို မထိန္းသိမ္း ႏိုင္ခဲ့ဘဲ လူပုံအလယ္ ဆဲဆိုတုံ႔ျပန္ခဲ့တဲ့႐ုပ္သံဖိုင္က လူအမ်ား ေဝဖန္စရာျဖစ္ေစခဲ့ပါတယ္။ အဲဒီျဖစ္စဥ္မွာ ေမးျမန္းခဲ့တဲ့သတင္းေထာက္၊ သက္ဆိုင္ရာသတင္းဌာနတိုက္နဲ႔ ႐ုပ္သံဖိုင္ ျပန္လည္ျဖန႔္ေဝခဲ့သူတို႔ကို အျပစ္တင္သူေတြလည္းရွိခဲ့သလို လူပုံအလယ္ ႐ိုင္းစိုင္းစြာဆဲဆိုခဲ့တဲ့ အဆိုေတာ္ သ႐ုပ္ေဆာင္ လႊမ္းပိုင္ ရဲ႕တုံ႔ျပန္မႈကိုလည္း ေဝဖန္ခဲ့ၾကပါတယ္။
ေနာက္ဆက္တြဲရလဒ္အရ အႏုပညာသမားအခ်င္းခ်င္းက ႐ိုင္းစိုင္းစြာဆဲဆိုခဲ့တဲ့ လႊမ္းပိုင္ရဲ႕ လုပ္ ရပ္က မွန္ကန္သေယာင္ တက္ညီလက္ညီဝိုင္းဝန္းေထာက္ခံေဖာ္ျပခဲ့ၾကတာကိုျမင္ေတြ႕ခဲ့ရေပမယ့္ ပြဲ တက္ေရာက္ခဲ့သူ သတင္းေထာက္အခ်င္းခ်င္း၊ သတင္းဌာနတိုက္ေတြသာမက ဝါရင့္သတင္းသမားမ်ား ကိုယ္တိုင္က ေမးခြန္းေမးျမန္းခဲ့သူနဲ႔ ႐ုပ္သံဖိုင္တင္သူအေပၚ လက္ညႇိဳးထိုး ျပစ္တင္ခဲ့ၾကကာ သတင္း မီဒီ ယာေလာကသားမ်ား အသိုက္အၿမဳံၿပိဳကြဲေနၾကတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ “ငါးခုံးမတစ္ေကာင္ေၾကာင့္ တစ္ေလွလုံးေတာ့ အပုပ္မခံႏိုင္ေၾကာင္း” ၊ “ေမးျမန္းသူနဲ႔ ႐ုပ္သံဖိုင္ေဖာ္ျပသူကို အေရးယူသင့္ေၾကာင္း၊ ၾကဥ္ဖယ္ထားသင့္ေၾကာင္း” ၎တို႔ရဲ႕ေဖ့စ္ဘြတ္အေကာင့္ေတြနဲ႔ သတင္းေထာက္ေတြအေပၚ ျပစ္တင္ ရႈတ္ခ် ေျပာဆိုထားတဲ့အႏုပညာရွင္တခ်ိဳ႕ရဲ႕ပို႔စ္ေတြမွာ သံေယာင္လိုက္ခဲ့ၾကတာကို စိတ္မေကာင္းစြာ ျမင္ေတြ႕ခဲ့ရပါတယ္။
အလားတူ ဩဂုတ္လ(၁၉)ရက္မွာ ေမးျမန္းသူလို႔ သံသယဝင္ခံရသူ၊ ႐ုပ္သံဖိုင္တင္သူ သတင္း ေထာက္ရဲ႕လက္မွတ္၊ ႏိုင္ငံသားစိစစ္ေရးမွတ္ပုံတင္အမွတ္နဲ႔တကြ “ဝန္ခ်ေတာင္းပန္ေၾကာင္း” စာ အြန္ လိုင္းေပၚမွာ ထပ္မံပ်ံ႕ႏွံ႔လာခဲ့ၿပီး သတင္းမီဒီယာေကာင္စီက သတင္းသမားေတြနဲ႔ပတ္သက္လာရင္ တာ ဝန္ယူေျဖရွင္းေပးႏိုင္စြမ္း/ ကာကြယ္ေပးႏိုင္စြမ္းမရွိေၾကာင္း ပိုမိုေပၚလြင္ေစခဲ့ကာ အႏုပညာရွင္ေတြနဲ႔ ျဖစ္ေစ၊ လူပုဂၢိဳလ္တစ္ ဦးဦးနဲ႔ျဖစ္ေစ ျပႆနာတစ္စုံတစ္ရာျဖစ္ေပၚပါက သတင္းေထာက္ေတြအေနနဲ႔ အားကိုးရာမဲ့သြားၿပီလားလို႔ ေမးခြန္းထုတ္စရာျဖစ္လာပါၿပီ။
လႊမ္းပိုင္ဘက္က “ကြၽန္ေတာ္မႀကိဳက္တဲ့ေမးခြန္းကိုေမးျမန္းတဲ့အတြက္ ေမးတဲ့သူကိုသာ ေျပာ ဆိုျခင္းျဖစ္ၿပီး၊ မီဒီယာအားလုံးကိုေျပာျခင္းမ်ိဳးလည္းမဟုတ္ဘူး။ ႐ုပ္ရွင္ၾကည့္ၿပီးေနာက္ မီဒီယာေတြကို လည္း အင္တာဗ်ဴးထပ္ေျဖေပးခဲ့ပါတယ္။ ပြဲၿပီးၿပီးခ်င္းေနာက္ေန႔မွာ အဆိုပါ မီဒီယာတိုက္က ဆက္သြယ္ လာခဲ့ရာ ေတာင္းပန္မယ့္အေၾကာင္းဆိုခဲ့ေပမယ့္ ၎ဘက္က ေတာင္းပန္ဖို႔မလိုအပ္ေၾကာင္း၊ စိတ္ထဲ လည္း ဘာမွမရွိ ေတာ့ေၾကာင္း၊ မေန႔ကကိစၥက မေန႔ကၿပီးသြားၿပီ”လို႔ ျပန္လည္ေျဖရွင္းခဲ့ပါတယ္။ ဒါ့ျပင္ သတင္းေထာက္ေမးတဲ့ေမးခြန္းက သူ႔ဘဝအတြက္ ႀကီးမားတဲ့ဘဝအမွားႀကီးမို႔ အစဆြဲမထုတ္ေစလို ေၾကာင္း ဝန္ခံခဲ့ပါတယ္။ သတင္းေထာက္အေပၚဆဲဆိုခဲ့တဲ့အတြက္ ေတာင္းပန္သင့္ေၾကာင္း ေျပာဆိုေနမႈ အေပၚ “ေျပာရရင္ ကြၽန္ေတာ္က မဂၤလာပါေျပာတဲ့သူကို ဆဲဆိုလိုက္တာဆို ကြၽန္ေတာ့္ဘက္က ႐ိုင္း တယ္။ ဒါေပမဲ့ ေမးတဲ့သူရဲ႕ေမးခြန္းကလည္း မွားေနတယ္။ ေမးတဲ့သူရဲ႕ရည္႐ြယ္ခ်က္က ဘာလဲဆိုတာ မသိေပမယ့္။ ဒီကိစၥက ကြၽန္ေတာ့္အတြက္ ေနာက္စရာကိစၥမဟုတ္ဘူး။ လူေတြကသာ ေနာက္စရာတစ္ခု လိုေျပာဆိုေနၾကေပမယ့္ ကြၽန္ေတာ့္အတြက္ ႀကီးမားတဲ့ ဘဝရဲ႕အမွားႀကီးဗ်ာ။ ကြၽန္ေတာ္ကိုယ္တိုင္ လည္း အဲဒီလိုလုပ္ရပ္ေတြအတြက္ ျပင္ဆင္ေနၿပီဗ်ာ။ ျပင္ဆင္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္က ဒီကိစၥႀကီးကို ျပန္ဆြဲမထုတ္ခ်င္ဘူး။ ကြၽန္ေတာ္ ႐ုတ္တရက္ေတာ့ စိတ္မထိန္းႏိုင္ျဖစ္ သြားတယ္၊ ဆဲလိုက္တယ္။ အဲဒီ အတြက္ ေမးတဲ့သူနဲ႔မီဒီယာကိုပဲ နာမည္ေမးလိုက္တယ္ ဒါပဲ” လို႔ လႊမ္းပိုင္ကေျဖရွင္းခဲ့ပါတယ္။
ဒီကိစၥက ဒီမွာတင္မၿပီးဆုံးေသးပါ။ ေမးခြန္းအေမးခံရသူ လႊမ္းပိုင္က ေတာင္းပန္စာမေရးခိုင္း သလို အေရးယူေပးဖို႔လည္း မေတာင္းဆိုခဲ့ေၾကာင္းေျဖရွင္းခဲ့တာေၾကာင့္ အခုလို ေတာင္းပန္စာထြက္ရွိ လာေအာင္ သတင္းေထာက္ကို ဖိအားေပးအေရးယူခဲ့မႈရဲ႕ေနာက္ကြယ္က ဘယ္သူလဲဆိုတာ ေဖာ္ထုတ္ ရေတာ့မွာျဖစ္ေၾကာင္း မီဒီယာအသိုင္းအဝိုင္းထံမွ ၾကားသိရပါတယ္။
Facebook Cele Kelvin Kate ရဲ႕အျဖစ္
“ငါေယာက်ာ္းပဲဆိုၿပီး ဘယ္ေစာ္ကိုမွလြယ္လြယ္မစားနဲ႔ ဘဝပါပ်က္တယ္ ညီအစ္ကိုတို႔”ဆိုတဲ့ စာသားနဲ႔အစခ်ီကာ Kelvin Kate က ေဖ့စ္ဘြတ္အေကာင့္မွာ ပို႔စ္တင္ေဖာ္ျပခဲ့ပါတယ္။ Facebook Cele Kelvin Kate က ဟာသ Video Content ႐ိုက္ကူးမႈေတြကေနတစ္ဆင့္ လူသိမ်ားလာခဲ့သူျဖစ္ကာ ေၾကာ္ ျငာ ႐ိုက္ကူးမႈေတြ ဆက္တိုက္ရရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာ လူမႈေရးအရႈပ္အေထြးျပႆနာေတြျဖစ္ေပၚခဲ့ ၿပီး “မိန္းမနဲ႔ကေလးရွိလ်က္နဲ႔ တိတ္တိတ္ပုန္းေနသူ၊ အိမ္တြင္းအၾကမ္းဖက္သူ၊ အမ်ိဳးသမီးကို ႐ိုက္ႏွက္ ႏွိပ္စက္သူ” အျဖစ္ နာမည္ပ်က္နဲ႔ေဝဖန္ခံခဲ့ရသူလည္းျဖစ္ပါတယ္။ အသက္ (၂၀)အ႐ြယ္မွာ ခ်စ္သူ ရည္းစား မဟုတ္တဲ့ အသက္ (၂၇) ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးနဲ႔ တစ္ညတာ (One night stand) ေန ထိုင္ခဲ့ၿပီးေနာက္ ျဖစ္ေပၚခဲ့တဲ့ျဖစ္ရပ္တစ္ခုပါ။ အဆိုပါအမ်ိဳးသမီးက (၃)လအၾကာမွာ သူကိုယ္ဝန္ရွိ ေၾကာင္း အေၾကာင္းၾကားခဲ့ေပမယ့္ One night stand သာ ေနထိုင္ခဲ့တာေၾကာင့္ မယုံၾကည္ခဲ့ေၾကာင္း ဆိုခဲ့ေပမယ့္ နည္းလမ္းမ်ိဳးစုံနဲ႔ ၿခိမ္းေျခာက္အက်ပ္ကိုင္ခံခဲ့ရေၾကာင္း၊ တာဝန္မယူပါက ဆိုရွယ္ မီဒီယာ ထက္မွာ အရွက္ခြဲမွာျဖစ္ေၾကာင္း၊ နာမည္ပ်က္မွာေၾကာက္႐ုံမက အသက္ (၂၀) အ႐ြယ္ လူငယ္တစ္ဦး အေနနဲ႔ ဒီျဖစ္စဥ္အေပၚ တုန္လႈပ္မိေၾကာင္း၊ နာမည္ပ်က္စီးသြားပါက အလုပ္ေတြကိုထိခိုက္လာမွာ စိုးရိမ္ မိတဲ့အတြက္ မိဘဂုဏ္သိကၡာအတြက္၊ ကြၽန္ေတာ့္ဘဝေရွ႕ေရးအတြက္ ၎တို႔ ကိုးကြယ္ရာ ဘာသာေရး အယူအဆအတိုင္း ႏွစ္ဦးသေဘာတူလက္မွတ္ေရးထိုးခဲ့ေၾကာင္း ရွင္းျပထားပါတယ္။ ႏွစ္ဦး သေဘာတူ တရားဝင္ လက္မွတ္ေရးထိုးတာဝန္ယူခဲ့ၿပီးေနာက္ ကေလးေမြးၿပီးခ်ိန္မွာ ကေလးကို DNA စစ္ေပးရမွာ ျဖစ္ေၾကာင္း ႏွစ္ဦးသေဘာတူခဲ့ၾကတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။ ကေလးေမြးဖြားခ်ိန္မွာ Kelvin Kate က အိုေသြး၊ အမ်ိဳးသမီးကလည္း အိုေသြးျဖစ္ေပမယ့္ ေမြးဖြားလာတဲ့ကေလးက ေအဘီေသြးျဖစ္ေနတာ ေၾကာင့္ DNA စစ္ေဆးဖို႔ေတာင္းဆိုခ်ိန္မွာေတာ့ ျငင္းဆန္ခဲ့ၿပီး သူရဲ႕ေဆြမ်ိဳးမ်ားကပါ ဖုံးဖိေပးခဲ့ၾက ေၾကာင္း၊ ကေလးက ၎နဲ႔ရရွိတဲ့ကေလးမဟုတ္ခဲ့ေၾကာင္း အခ်ိန္ကာလၾကာျမင့္မွ ျပန္လည္ရွင္းျပခဲ့တာ ျဖစ္ပါတယ္။ “ကြၽန္ေတာ္ေယာက်ာ္းပါ။ ကြၽန္ေတာ္လုပ္ခဲ့တာေတြအတြက္ ကြၽန္ေတာ္ခံရဲပါတယ္။ မလုပ္ ခဲ့တာေတြအတြက္လည္း ကြၽန္ေတာ္ ႏႈတ္ဆိတ္ေနခဲ့ပါေသးတယ္။ ႏွမခ်င္းစာနာလို႔ပါ။ ဒါေပမဲ့ မိန္းမ ဆို တိုင္း နစ္နာသူဆိုတဲ့ Mindset နဲ႔ ခုခ်ိန္ထိ လိုက္ေႏွာင့္ယွက္ေနေတာ့ ၿငိမ္မခံသင့္ေတာ့ဘူးထင္လို႔ ေျဖ ရွင္းတာပါ” လို႔ ရင္ဖြင့္ခဲ့ပါတယ္။
အသက္ (၂၀)အ႐ြယ္လူငယ္တစ္ဦးအေနနဲ႔ ေငြေၾကးမ်ားစြာရွာေဖြလာႏိုင္ခ်ိန္မွာ အေပ်ာ္အပါးကို ခုံမင္ခဲ့ၿပီး ထိန္းသိမ္းႏိုင္မႈကင္းမဲ့ခဲ့ကာ မူးယစ္ေဆးဝါးလည္းအသုံးျပဳမိခဲ့တဲ့အတြက္ ဘဝက အဖတ္ဆယ္ မရေအာင္ ပ်က္စီးခဲ့ရေၾကာင္း၊ ဒါ့ေၾကာင့္လည္း နာမည္ႀကီး Brand ေတြျဖစ္တဲ့ Veve ၊ Red Bull ၊ Telenor အစရွိတဲ့ Commercial Brand မ်ားစြာနဲ႔လက္တြဲျဖဳတ္ခဲ့ရၿပီး စာခ်ဳပ္အခေၾကးေငြေတြလည္း ျပန္ေလ်ာ္ေပးခဲ့ရေၾကာင္း ၎ရဲ႕အတိတ္ကအမွားမ်ားကိုဝန္ခံထားရင္း လူငယ္ေတြအေနနဲ႔ အထူးသျဖင့္ ေယာက်ာ္းေလးေတြအေနနဲ႔ အလြယ္တကူရတိုင္း မဆင္မျခင္မေနထိုင္ၾကဖို႔လိုအပ္ေၾကာင္း ကိုယ္ေတြ႕ ျဖစ္ရပ္နဲ႔ ႏႈိင္းယွဥ္ပညာေပးလိုက္တာပါ။ လူအမ်ားရဲ႕ျပစ္တင္ေဝဖန္စကားသံေတြၾကား နာမည္ဂုဏ္ သတင္းေတြထိခိုက္ခဲ့႐ုံမက စိတ္ဒဏ္ရာမ်ားစြာရရွိခဲ့ရၿပီး ေအာင္ျမင္မႈေတြပါဆုံးရႈံးခဲ့ရတာေၾကာင့္ နစ္နာ ဆုံးရႈံးမႈေတြအတြက္ အဆိုပါကေလးနဲ႔ ၎က လုံးဝ မသက္ဆိုင္ေၾကာင္း တရားဝင္ေၾကညာေပးဖို႔နဲ႔ ျပန္လည္တရားဝင္ေတာင္းပန္ေပးေစလိုေၾကာင္း ဆႏၵရွိၿပီး၊ မေျဖရွင္းေပးပါက တရားဥပေဒအတိုင္း ဆက္လက္ေျဖရွင္းသြားမွာျဖစ္ေၾကာင္း အတိအလင္းေၾကညာထားပါတယ္။
ေဝဖန္မႈ အနည္းဆုံးျဖစ္ခဲ့တဲ့ “ေရစက္တို႔သည္လည္း တစ္ခါတစ္ရံ မဆုံဆည္းသာ” ဇာတ္လမ္းတြဲ
ေနတိုး၊ သူထူးစံ၊ ေအးျမတ္သူနဲ႔ ေနာ္ေဖာ္အယ္ထားတို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ေရစက္တို႔ သည္လည္း တစ္ခါတစ္ရံမဆုံဆည္းသာ” ဇာတ္လမ္းတြဲ ထုတ္လႊင့္ျပသမႈကၿပီးစီးသြားေပမယ့္ ဇာတ္ လမ္း အစ၊ အလယ္၊ အဆုံး ကို ပရိသတ္ေတြသေဘာေတြ႕ခဲ့ၾကၿပီး ေအးျမတ္သူနဲ႔ သူထူးစံကေတာ့ ပရိသတ္အားေပးမႈစကားသံကို ပိုမိုရရွိခဲ့ၾကတာပါ။ ေအးျမတ္သူနဲ႔သူထူးစံအေနနဲ႔က Comeback လို႔ လည္းဆိုႏိုင္သလို ေအးျမတ္သူရဲ႕လက္ရွိေရာက္ေနတဲ့အသက္အ႐ြယ္နဲ႔ ဇာတ္႐ုပ္က လိုက္ဖက္လြန္းခဲ့ၿပီး အႏုပညာ က်န္တဲ့ဇာတ္ကားတစ္ကားလို႔လည္း ၾကည့္ရႈသူတိုင္းကခ်ီးက်ဴးခဲ့ၾကပါတယ္။ အိမ္ေထာင္ ေရး ေဖာက္ျပားမႈေတြကိုသာဦးစားေပး႐ိုက္ကူးေလ့ရွိတဲ့ျမန္မာဇာတ္လမ္းတြဲေတြ ၾကား“ေရစက္တို႔ သည္ လည္း တစ္ခါတစ္ရံမဆုံဆည္းသာ” ဇာတ္လမ္းတြဲမွာေတာ့ ပြင့္ဦးလွနဲ႔ဦးဘရမ္ထြယ္ေအာင္တို႔ရဲ႕အခ်စ္ကို ေဖာ္ျပမႈပုံစံခ်င္းမတူညီပုံကိုၾကည့္ရႈခြင့္ရခဲ့သလို ေနာက္ကြယ္ကေန ခ်စ္ရသူအတြက္ အျပည့္အဝ ေထာက္ပံ့ေပးခဲ့ၿပီး အိမ္ေထာင္ေရးထိခိုက္မႈမရွိေအာင္ အသိ၊ သတိတရားကပ္ကာ ထိန္းသိမ္းေစာင့္စည္း ခဲ့ၾကတဲ့ ရန္ပယ္နဲ႔ ပြင့္ဦးလွတို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလးပဲျဖစ္ပါတယ္။ တျခားတစ္ဖက္မွာေတာ့ ပြင့္ဦးလွ ရဲ႕လိုအင္မွန္သမွ်ကိုျဖည့္ဆည္းေပးကာ ခ်စ္ေနရရင္ကိုေက်နပ္ပါတယ္ဆိုတဲ့ ဦးဘရမ္ထြယ္ ေအာင္ (သူထူးစံ)ရဲ႕အၾကည့္၊ အျပဳအမူနဲ႔ “အခ်စ္နဲ႔ေငြ မင္းႀကိဳက္သလိုသုံးႏိုင္တယ္။ ဘယ္ေတာ့မွ ကုန္မသြား ေစရဘူး”၊ “မင္းမုန္းတဲ့သူကိုသတ္ေပးႏိုင္သလို မင္းခ်စ္တဲ့သူကို နန္းေတာ္ႀကီးေတာင္ေဆာက္ေပးႏိုင္ပါ တယ္။ အဲဒီေလာက္ထိ မင္းကိုခ်စ္ပါတယ္” စတဲ့ ဒိုင္ယာေလာ့ေတြက ပရိသတ္ေတြကိုဖမ္းစားႏိုင္ေစခဲ့ပါ တယ္။ ေနာ္ေဖာ္အယ္ထားကိုေတာ့ သ႐ုပ္ေဆာင္ပညာမွာ လိုအပ္ခ်က္မ်ားစြာရွိေနေသးေၾကာင္း ေထာက္ ျပခဲ့ၾကပါတယ္။ ဒီဇာတ္လမ္းတြဲက အကယ္ဒမီေအးျမတ္သူအတြက္ ေအာင္ျမင္မႈမွတ္တိုင္ တစ္ခုစိုက္ထူး ႏိုင္ခဲ့တာေတာ့ အမွန္ပါ။ “ေရစက္တို႔သည္လည္း တစ္ခါတစ္ရံမဆုံဆည္းသာ” ဇာတ္လမ္းတြဲကို ဒါ႐ိုက္ တာ ျပည့္ၿဖိဳးႏိုင္က ႐ိုက္ကူးပုံေဖာ္ခဲ့ၿပီး အကယ္ဒမီ ေနတိုး၊ အကယ္ဒမီ သူထူးစံ၊ အကယ္ဒမီ ေအးျမတ္ သူ၊ ေနာ္ေဖာအယ္ထား၊ ခန႔္ေက်ာ္၊ သြန္းၾကယ္စင္၊ အကယ္ဒမီ ျမင့္ျမင့္ခိုင္၊ အကယ္ဒမီ ေမသၪၨာဦး စတဲ့ သ႐ုပ္ေဆာင္မ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။ ဒီတစ္ပတ္အတြက္ ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။