ပုသိမ် - မုံရွာလမ်းနဲ့ ငါးသိုင်းချောင်း-ဂွ ကားလမ်းမှသည် ရခိုင်ရိုးမအနီးက မြောက်စမ်း ဆီသို့

1233

Peral (NP News) - သြဂုတ် ၂၆
တိတ်ဆိတ်နေသောမြင်ကွင်းနှင့် အသံက ယခု ရောက်နေသောနေရာကို အေးအေးလူလူဟု ထင် ပေလိမ့်မည်။ သို့သော် သာမန်ထက် တိတ်ဆိတ်နေ ခြင်းကပင်လျှင် တစ်ခုခုထူးခြားနေကြောင်း ခံစားရစေ သည်။ နေရာကား ရေကြည်မြို့နယ် မြောက်စမ်း ကျေးရွာအနီးတွင် ဖြစ်သည်။ ပြည်ပရောက် မီဒီယာများတွင် AA လက်တွင်းသို့ကျတော့မည်ဟု ရေးသား နေကြသောအမြောက်တပ်မှာ ခပ်လှမ်းလှမ်းဆီတွင် တာဝန်ကျ တပ်မတော်သားတို့နှင့်အတူ ထည်ဝါစွာရှိ နေဆဲပင်။ အွန်လိုင်းနှင့် မြေပြင်တွင် အခြေအနေကား တက်တက်စင်အောင်လွဲနေကြောင်း ကိုယ်တိုင်မျက် ဝါးထင်ထင်မြင်ရသော အခိုက်အတန့်ဖြစ်သည်။ ထိုစဉ် တပ်မတော်ဘက်ကပစ်သော အမြောက်သံတစ် ချက်ကြားရသည်။ စစ်ပွဲ၏နယ်နိမိတ်အစွန်သို့ ရောက်နေကြောင်း နိမိတ်ဖြစ်သော်လည်း လုံးဝ ရှေ့တန်းသို့ ရောက်နေခြင်းကား မဟုတ်ပါ။
ယင်းသို့ ခရီးကား ဩဂုတ်လ (၁၆) ရက်တွင် စတင်ခဲ့သည်။ ရန်ကုန်မှထွက်ကာ ပုသိမ်-မုံရွာလမ်းမကြီး၏အစိတ်အပိုင်းအချို့ကိုဖြတ်သန်းပြီး ထိုမှ တစ်ဆင့် ဂွ-ငါးသိုင်းချောင်းလမ်းကို အသုံးပြုမည်ဖြစ် သည်။
တိုးဂိတ်တစ်ခုကိုဖြတ်၍ ပုသိမ် - မုံရွာလမ်းအ တိုင်းမောင်းနှင်လာခဲ့ရာ လမ်းတစ်လျှောက်၌ ကုန်ကား အချို့နှင့်ဆိုင်ကယ်များကို တွေ့ရသည်။ ယင်းလမ်း မကြီးသည် ယခင်က မုံရွာအထိတိုင်ပေါက်ခဲ့သော် လည်း ငြိမ်းချမ်းရေးမလိုလားသူ သူပုန်တို့၏ဘေး ကြောင့် ယင်းလမ်းပိုင်းနေရာအချို့ကိုအသုံးပြုရန် ခက်နေပြီဖြစ်သည်။ လမ်းအနည်းငယ်ကြမ်းသော် လည်း လမ်းပြင်နေသည့်လုပ်သားအချို့ကို တွေ့ရ၏။ လမ်းဘေးဝဲ၊ ယာရှိ ကျွန်းပင်တန်းကြီးများနှင့် ယင်း မှအကျော် လယ်ကွင်းစိမ်းစိမ်းများသည် ဧရာဝတီ တိုင်းဒေသကြီး၏သရုပ်မှန်ကို ဖော်ပြနေကြသည်။
လမ်းတစ်လျှောက် မြင်မြင်သမျှ ပတ်ဝန်းကျင်က အေးချမ်းမှုကို ပေးစွမ်းသည်။ မိုးကဖွဲလိုက်၊ ရွာလိုက်ဖြင့် လမ်းတစ်လျှောက်ကို ဖြတ်သန်းခဲ့ရာ လမ်းဘေးမှ မြင်ကွင်းတို့ကား အသွင်တစ်မျိုးစီဖြင့် ရှုမငြီးအောင် ရှိတော့သည်။ လယ်ကွင်း စိမ်းစိမ်းတို့နှင့် လယ် တဲငယ်များ၊ ကျေးရွာများမှ ဖြူစင်ပြီးအေးချမ်းသော ကျေးလက်ရနံ့ကို ကောင်းစွာရရှိသည်။ လယ်ကွင်း တို့နှင့်အတူ တိုးတက်သောခေတ်နှင့်အတူ ဆိုင်ကယ် အများအပြားကိုလည်း မြင်ရသည်။ သို့သော် ယင်း ဆိုင်ကယ်မောင်းနှင်သူ အများစုမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုအားနည်းသည်ကို မှတ် သားမိခဲ့သည်။
ထို့ပြင် လမ်းတွင် ထူးထူးခြားခြားအဖြစ် ကား ခေါင်းမိုးတွင်ကအစ ကုန်များတင်ထားသည့် မြောင်း မြ - ပခုက္ကူ ခရီးသည်တင်ကားတစ်စီးကို မြင်ရ သည်။ ယင်းမှာ တစ်လျှောက်လုံးမြင်လာရသည့် ခရီး သည်တင်ကားများအနက် အဝေးဆုံးသွားသော ခရီး သည်တင်ကားဖြစ်ပြီး အလားတူ ခရီးဝေးသွားယာဉ် ဟူ၍ ယင်းတစ်စီးတည်းသာ မြင်ခဲ့ရခြင်းဖြစ်၏။ ထို့ နောက် ရေကြည်မြို့ကိုဖြတ်သန်းကာ ငါးသိုင်းချောင်း မြို့သို့ ရောက်သည်။ လမ်းတစ်လျှောက် ဂိတ်များကို ဖြတ်သန်းခဲ့ရရာ ငါးသိုင်းချောင်းတံတား အတက်၊ အဆင်းတွင် နေရာယူထားသော ပြည်သူ့စစ်ဂိတ်ကို တွေ့ရသည်။ ယင်းမှာ လမ်းခရီးတစ်လျှောက် ထူးထူး ခြားခြားအဖြစ် ပြည်သူ့စစ်များနေရာယူထားသော ဂိတ်ကို ပထမဆုံးမြင်ရခြင်းဖြစ်သည်။ ထို့နောက် တံ တားမှအဆင်းတွင် မိုးများ၍ ရေဖုံးနေသော လယ် ကွင်းများစွာကို တွေ့ရသည်။ ထို့နောက်တွင်ကား ရေ နံ့သာဂိတ်သို့ရောက်၏။ မကြာမီ သွားရန်ရည်ရွယ် ထားသော ခရီးလမ်းဆုံးနေရာသို့ ရောက်ပေတော့ မည်။ အချိန် ကား နေ့လယ်ပိုင်း (၁) နာရီ မိနစ် (၄၀) ထိုးပြီဖြစ်သည်။
ယင်းဂိတ်တွင် တာဝန်ကျဝန်ထမ်းများက လို အပ်သည်များကို စစ်ဆေးမေးမြန်းကြပြီးနောက် သွား ရမည့် ခရီးနှင့်ပတ်သက်၍ နယ်မြေအခြေအနေကို ရှင်းပြသည်။ တိုက်ပွဲဖြစ်နေရာသို့ မကြာမီရောက် တော့မည်ဆိုသောအတွေးဖြင့် ရင်တထိတ်ထိတ် ဖြစ် လာသည်။ အွန်လိုင်းတွင် မကြာခဏမြင်ရသော ရေနံ့ သာဂိတ်ကို သူပုန်က လာတိုက်တော့မည်လောဟု ပင် စိုးရိမ်လိုက်သေး၏။ ယခုအချိန်တွင် ပြန်စဉ်းစား ပါက ရယ်ဖွယ်ကောင်းသော်လည်း ထိုစဉ်က အမှန် တကယ်ပင် စိုးရိမ်စိတ်ဖြင့် တွေးမိနေခြင်း ဖြစ်သည်။
“ဒီမှာတော့ အေးအေးချမ်းချမ်းပဲ။ ရေနံ့သာဂိတ် ကိုတော့ ီမသစ သြာဘ လာချလို့လည်း မရဘူး။ AA တွေ ဟိုဘက်ကနေ ဆက်မတိုးနိုင်ဘူး” ဟု နယ်မြေခံ တာဝန်ကျဝန်ထမ်းတစ်ဦးကရှင်းပြမှ အနည်းငယ် စိတ်ပေါ့ပါးသွားသည်။ ယင်းဂိတ်သည်ကား ရခိုင် ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ လာရောက် ရာ တံခါးပေါက်တစ်ခုလည်းဖြစ်နေရာ စစ်ဆေးမှု အထူးတင်းကြပ်ထားကြောင်း တွေ့မြင်ရသည်။ ကြုံ မှ ကြုံတတ်သေး၏။ သတင်းသမားလာဘ်ဟု ဆိုရ မည်ထင်၏။ ဂိတ်ကိုဖြတ်သန်းမည့် အမျိုးသမီးတစ်ဦး ကို တာဝန်ထမ်း ဝန်ထမ်းများကစစ်ဆေး၍ လိုအပ် သော အထောက်အထားများ မပါ၍ စောင့်ဆိုင်းခိုင်းနေ စဉ် ၎င်း၏ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟု ယူဆရသူက ဂိတ်မှအရာရှိထံ ဖုန်းဆက်ကာ နာမည်ပြော၍ ယင်း အမျိုးသမီးကို ဖမ်းထားပါသလား ဟု မေးမြန်း လာကြောင်း တွေ့ရသည်။
မျက်မြင်တွေ့ရသော သတင်းတစ်ပုဒ်ပင် ဖြစ် သည်။ ရေးရန်မဟုတ်၊ သိရန် သတင်းသာ ဖြစ်သည်။ သို့သော် ယင်းသတင်းသာ ပြည်ပရောက်မီဒီယာများ ထံရောက်သွားပါက ရေနံ့သာဂိတ်တွင် အမျိုးသမီး တစ်ဦးကို အကြောင်းမဲ့ဖမ်းဆီးထားသည်ဟု သတင်း မှားရေးကြပေလိမ့်မည်။ အမှန်တကယ်အားဖြင့် အမျိုးသမီး၏ထိတ်လန့်စိတ်က ဖြစ်စဉ်ကို ပို၍ကြီး ကျယ်သွားစေခဲ့ခြင်းဖြစ်သည်။ “ဂိတ်ကနေ ဆန်အိတ် တွေ၊ ရိက္ခာတွေ အများကြီးသယ်ရင် အိမ်မှာ လူဘယ် နှယောက်ရှိလဲ၊ တစ်နေ့ ဆန်ဘယ်လောက်ကုန်လဲ သေချာစိစစ်တယ်။ မသင်္ကာရင် ပေးမသယ်ဘူး။ တချို့ဆို လူကနည်းပြီး ဆန်အိတ်တွေ သယ်တာများ နေရင် ဂိတ်မှာထားခဲ့ခိုင်းပြီး အဲဒီ ယူသွားတဲ့ဆန်ကုန် ရင် ဒီမှာ ပြန်လာယူခိုင်းတာမျိုးတွေရှိတယ်” ဟု ဂိတ် မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းစဉ်ကို ရှင်းပြသည်။
ထို့နောက် နေ့လယ်စာစားရန် ရေနံ့သာဂိတ် ဝန်းကျင်မှ စားသောက်ဆိုင်တန်းကိုသွားကြရာ ဆိုင် များအားလုံး ပိတ်ထားကြောင်း တွေ့ရသည်။ စစ်ငွေ့ ကို စတင်မြင်တွေ့ခံစားရပေပြီ။ AA တို့ ဧရာဝတီ တိုင်းဒေသကြီးကို စတင်တိုက်ခိုက်ပြီးနောက်၊ အွန်လိုင်းထက်တွင် သတင်းမှားများပျံ့လာချိန်က စတင်ကာ ယင်းဆိုင်တို့ပိတ်သွားခြင်းဖြစ်ကြောင်း နောင်မှသိရသည်။ စစ်မလာခဲ့လျှင် ယင်းဆိုင်တို့မှာ အလွန် ပင် အရောင်းသွက်ခဲ့ဖွယ်ရှိသည်။ ရေနံ့သာဂိတ်မှ ထွက်ကာ ဂွ - ငါးသိုင်းချောင်းလမ်းကို စတင် ဖြတ် သန်းရသည်။ စစ်ကြောင့်နှင့် လူတို့၏ စိုးရိမ်စိတ် ကြောင့်ထင်၏။ လမ်းတစ်လျှောက်တွင် ဆိုင်ကယ် (၂) စီးခန့်သာ မြင်ရသည်။ မိန်းကလေးပီပီ နယ်မြေ မအေးချမ်းသောနေရာတွင် ယခုခရီးပင် အဆင်ပြေပါ မည်လားဟု စိုးတထိတ်ထိတ်စိတ်က ဝင်လာပြန်၏။ မကြာမီ သီတာကုန်းပြင်ဆိုသည့် ရွာကြီးကို ရောက်၏။ ယင်းရွာကား နာမည်ကျော် ရွာတစ်ရွာပင် ဖြစ်သည်။
ယခင်က ဒေသတွင်း လူသိများသော ကျေးရွာ တစ်ရွာဖြစ်သော်လည်း ယခုတော့ စစ်မီးဟပ်လာ သောအခါ တစ်နိုင်ငံလုံးက သတိထားမိသောနေရာ တစ်ခု ဖြစ်လာသည်။ ယင်း ကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားသည်ဟု သတင်းမှားဖြန့်ခံရသော ရွာပင်။ မိမိ တို့ ရောက်ချိန်တွင် ဒေသခံအချို့မှာ ရှောင်တိမ်းနေပြီ ဖြစ်သည့်အတွက် လူသူနည်းပါးပြီး ခြောက်ကပ်သော မြင်ကွင်းကိုသာ မြင်ရသည်။ ပတ်ဝန်းကျင်မှ စိမ်းလန်း သောမြင်ကွင်းနှင့် သီတာကုန်းပြင်ရွာ အခြေအနေ ကား လမိုင်းမကပ်လှပါ။ ရွာပြင်မှကြည့်ခဲ့ရသော အခြေအနေအရ အချို့အိမ်များတွင် ချုံနွယ်တို့တက် စပြုနေပေပြီ။ ယင်းရွာကိုကျော်၍ ခရီးဆက်ခဲ့ရာ ပို၍ လူသူဆိတ်သုဉ်းနေသည်ကို တွေ့မြင်ရသည်။ ဒေသခံများ ကောင်းစွာအသုံးပြုနိုင်သော်လည်း ကုန်ကား များကို ယာယီဖြတ်သန်းခွင့်မပေးကြောင်း သိရသည်။
လမ်းတစ်လျှောက်တွင် ပထမဆုံးအဖြစ် မြေပြန့် ကိုသာ အများဆုံးမြင်ရာမှ လယ်ကွင်းများနောက် တွင် ရခိုင်ရိုးမကို မှုန်ပျပျ စတင်မြင်ရသည်။ ရာသီ ဥတုကား တိမ်ထူထပ်နေသော်လည်း နေရောင် အောက်တွင် မြင်မြင်သမျှက လှနေသည်ဟု ခံစားမိ သည်။ သို့သော် ယခု စာရေးပြမှသာ အလှအပကို သီးသန့် ခွဲထုတ်ရေးနိုင်ခြင်းဖြစ်သော်လည်း ထိုစဉ် ကမူ စိုးရိမ်စိတ်က အနည်းငယ်ကဲသည်ဟု ဝန်ခံရပါ မည်။ AA ၊ PDF ပူးပေါင်းအဖွဲ့ဝင်များ တိုက်ခိုက် သိမ်းပိုက်ထားသည့်ပုံစံ ပုံဖော်ရေးသားဖော်ပြနေမှု များကြောင့် စိတ်ထဲတွင် စစ်မြေပြင်ဟုယူဆထား သည့် မြောက်စမ်း အမြောက်တပ် (၃၄၄)အနီး သွားရမည့်အရေးကို ရင်ခုန်နေမိသည်က အမှန်ပင် ဖြစ်သည်။ မကြာမီ (၃၄၄) အမြောက်တပ်သို့ ရောက် ပါပြီ။ အထင်နှင့်အမြင်ကား တက်တက်စင်အောင် လွဲ နေတော့သည်။ လုံခြုံရေးအပြည့်နှင့် အမြောက်တပ်သည် ထည်ထည်ဝါဝါရှိနေဆဲပင်။ အွန်လိုင်းထက်က သတင်းမှားများကြောင့် အမြောက်တပ်နေရာတွင် ရှေ့တန်းဖြစ်နေမည်ဟုထင်မိခဲ့သော်လည်း ယခုတော့ မဟုတ်ပါ။ အမြောက်တပ်ကို ကျော်ပြီးနောက် သံတွဲ သစ်ထုတ်လုပ်ရေး ဒေသ၊ ဂွ သစ်ထုတ်ရေးနယ်၊ မာလာကွင်း သစ်ဆိပ်အနီးအရောက် လေ့လာနေစဉ် “ဂျိမ်း” ဟုသော အသံကျယ်ကြီး ကြားရသည်။ မိုးခြိမ်းသံဟု ထင်လိုက်သေးသော်လည်း တစ်ဖက် တွင် မိမိရောက်နေသော နယ်မြေအခြေအနေအရ အမြောက်သံဖြစ်လိမ့်မည်ဟု သိနေပါသည်။ အ မြောက်တပ်၏အကျော်တွင် ကွင်းပြင်ကြီးများကို မြင် ရသည့် အတွက် AA တို့ ချုံခိုတိုက်ရန် မလွယ် ကြောင်း သိရသည်။ ယခုရောက်နေသော မာလာ ကွင်း သစ်ဆိပ်အနီးတွင် ယခင်က လက်ဖက်ရည်ဆိုင် များဖြင့် စည်ကားခဲ့သောနေရာတစ်ခုဟု ယင်းခရီး တွင် ပါသူတစ်ဦးက ရှင်းပြသည်။ သို့သော် ယခုတော့ ထီးထီးကြီးဖြစ်နေကာ လူသွားလူလာပင် အလွန် ကျဲပါးနေ၏။
ပြည်ပရောက် မီဒီယာများ၏သတင်းများထက် တွင် အမြဲမပြတ် အတိုက်ခံနေရသော (၃၄၄) အ မြောက်တပ်ကိုကျော်ပြီး ရောက်သည်အထိ တိုက်ပွဲဟု မမြင်ရပါ။ တိုက်ပွဲဖြစ်၍ အပြန်အလှန် ပစ်ခတ်သော အသံ မဆိုထားဘိ လက်နက်ငယ်များ သုံးလေးချက် ပစ်သော အသံပင် မကြားခဲ့ရပါ။ လက်ရှိ မြေပြင်တွင် ယခုအတိုင်း တိုးတက်လာပါက နယ်မြေအေးချမ်းပြီး မကြာမီ ဒေသခံများ ပြန်လည်နေထိုင်နိုင်ဖွယ် ရှိ သည်။ ရှေ့ဆက်သွားရန် အတွက်မှာမူ လုံခြုံရေးအရ မသင့်တော့သည့်အတွက် သတင်းမှတ်တမ်းရယူပြီး နောက် ပြန်ထွက်ခဲ့သည်။ ယခု အပြန်ခရီးတွင် နဂါး ရစ်ဆရာတော်ကြီးကို ဖူးတွေ့ရန်အတွက် အလာလမ်း အတိုင်း မဟုတ်ဘဲ သီတာကုန်းပြင်ကျေးရွာသို့ ဘက် သို့ ဦးတည်ခဲ့သည်။
ယင်း ကျေးရွာတွင် အိမ်ကြီးအိမ်ကောင်း အချို့ အပါအဝင် အိမ်အတော်များများကို ပိတ်ထားကြောင်း မြင်ရသည်။ အချို့ အိမ်ဝန်းများအတွင်းတွင် နေထိုင် သူ မရှိသည့်အတွက် မြက်ပင်ရိုင်းတို့ ထူထပ်နေပေပြီ။ ကျေးရွာသား အချို့လှုပ်ရှားသွားလာနေကြသည်ကို မြင်သော်လည်း ယင်းတို့၏ မျက်နှာများထက်တွင် စိုးရိမ်စိတ်ကို မြင်ရသည်။ ယင်းရွာမှအထွက် လက်ပံ ပင်ရွာကို တစ်ဆက်တည်းဖြတ်သန်းရသည်။ ရွာတို့ ကား သီတာကုန်းပြင်ကဲ့သို့ပင် အိမ်အချို့ပိတ်ထားပြီး ရွာသားအနည်းစုသာ ကျန်နေရစ်သည်။
ထို့နောက် ပုသိမ် - မုံရွာ လမ်းမကြီးသို့ ရောက် သည်။ ယင်း လမ်းပိုင်းတွင်ကား တိတ်ဆိတ်ခြောက် ကပ်နေ၏။ ခရီးသည်ကားများ၊ ကုန်ကားများကို နယ် မြေလုံခြုံရေးအရ ဖြတ်သန်းခွင့် ယာယီပိတ်ထား၏။ ယင်းမှတစ်ဆင့် နဂါးရစ်ဆရာတော်ကြီးကျောင်း သို့ရောက်ကာ ဖူးမြော်ခဲ့ကြသည်။ ဆရာတော်ကြီးထံမှ အပြန်တွင် လက်နက်ကြီးသံကိုကြားရသေး၏။ တစ်ချက်တည်းမဟုတ်ဘဲ လေးချက်တိတိ အသံ ကြားရခြင်းဖြစ်ပြီး ကင်းထောက်ဒရုန်းလည်း တက် သွားသည်ကို မြင်ရသည်။ သို့သော် ယင်းနယ်မြေ ဘက်တွင် တပ်မတော်က အသာစီးရနေကြောင်း မြင် ရသည်။ တခြားမကြည့်ပါနှင့်။ အွန်လိုင်းတွင် ဗဗ တို့ မကြာခဏရောက်သည်ဆိုသော (၃၄၄) အမြောက် တပ်ကျော်အထိပင် မိမိတို့ရောက်ခဲ့သည်မဟုတ်ပါ လား။ ရည်မှန်းချက်ခရီးဆုံးပြီဖြစ်ရာ ရန်ကုန်မြို့ဘက် ဆီသို့ ဦးတည်ခဲ့တော့သည်။ အပြန်ခရီးတွင်ကား အတွေးများစွာကပ်ပါလာ၏။ ခရီးတွင်သိခဲ့ရသည့် အထဲတွင် စစ်ဘေးရောက်နေသောဒေသနှင့် စစ် ဘေးမရောက်သောဒေသတို့အကြောင်း နှိုင်းယှဉ် ချက်လည်း ပါဝင်သည်။ လမ်းတစ်လျှောက် တည်ငြိမ် သောနေရာများရှိ လယ်ကွင်းစိမ်းစိမ်းများနှင့် မတည် ငြိမ်သောနေရာမှ လယ်ကွင်းစိမ်းစိမ်းတို့သည် မျိုး အားဖြင့် တူညီပါ၏။ သို့သော် ယင်းလယ်တို့ကို စိုက် သော တောင်သူတို့၏ရင်တွင်းမှအပူတို့မှာမူ မတူကြပါ။
ထို့ပြင် သတင်းမှားတို့က အဘယ်မျှ ပြည်သူ တို့ကို ထိခိုက်စေကြောင်းပါ မြင်ခဲ့ရသည်။ အွန်လိုင်း ထက်တွင် AA တို့ အသာစီးရသည်ဆိုသောနေရာ တွင် လွန်ခဲ့သော နာရီပိုင်းက မိမိလမ်းလျှောက်ခဲ့သည် ဟု ပြည်ပရောက်မီဒီယာများကိုပြောလျှင် ၎င်းတို့ ကြိုက်မည်မထင်ပါ။ အဘယ်ကြောင့်ဆိုသော သတင်းမှားများဖြင့် ပြည်သူကို ခြောက်ခြားစေလိုခြင်း ဖြစ်ပေလိမ့်မည်။ စစ်သည် ကြမ်းတမ်း၏။ ထိတ်လန့် ဖွယ်ကောင်း၏။ စက်ဆုပ်ရွံရှာဖွယ်ရာကောင်း၏။ ယင်းဒေသမှ အိုးအိမ်စွန့်ခွာရသူများကိုမေးမြန်းလျှင် လည်း အထက်ပါအတိုင်းပင် ဖြေကြားကြပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် စစ်သည် ပျော်ရွှင်ခြင်းကို မယူဆောင်လာသောကြောင့် ဖြစ်ပါသည်။

Zawgyi Version:
ပုသိမ္ - မုံ႐ြာလမ္းနဲ႔ ငါးသိုင္းေခ်ာင္း-ဂြ ကားလမ္းမွသည္ ရခိုင္႐ိုးမအနီးက ေျမာက္စမ္း ဆီသို႔
Peral (NP News) - ၾသဂုတ္ ၂၆
တိတ္ဆိတ္ေနေသာျမင္ကြင္းႏွင့္ အသံက ယခု ေရာက္ေနေသာေနရာကို ေအးေအးလူလူဟု ထင္ ေပလိမ့္မည္။ သို႔ေသာ္ သာမန္ထက္ တိတ္ဆိတ္ေန ျခင္းကပင္လွ်င္ တစ္ခုခုထူးျခားေနေၾကာင္း ခံစားရေစ သည္။ ေနရာကား ေရၾကည္ၿမိဳ႕နယ္ ေျမာက္စမ္း ေက်း႐ြာအနီးတြင္ ျဖစ္သည္။ ျပည္ပေရာက္ မီဒီယာမ်ားတြင္ AA လက္တြင္းသို႔က်ေတာ့မည္ဟု ေရးသား ေနၾကေသာအေျမာက္တပ္မွာ ခပ္လွမ္းလွမ္းဆီတြင္ တာဝန္က် တပ္မေတာ္သားတို႔ႏွင့္အတူ ထည္ဝါစြာရွိ ေနဆဲပင္။ အြန္လိုင္းႏွင့္ ေျမျပင္တြင္ အေျခအေနကား တက္တက္စင္ေအာင္လြဲေနေၾကာင္း ကိုယ္တိုင္မ်က္ ဝါးထင္ထင္ျမင္ရေသာ အခိုက္အတန႔္ျဖစ္သည္။ ထိုစဥ္ တပ္မေတာ္ဘက္ကပစ္ေသာ အေျမာက္သံတစ္ ခ်က္ၾကားရသည္။ စစ္ပြဲ၏နယ္နိမိတ္အစြန္သို႔ ေရာက္ေနေၾကာင္း နိမိတ္ျဖစ္ေသာ္လည္း လုံးဝ ေရွ႕တန္းသို႔ ေရာက္ေနျခင္းကား မဟုတ္ပါ။
ယင္းသို႔ ခရီးကား ဩဂုတ္လ (၁၆) ရက္တြင္ စတင္ခဲ့သည္။ ရန္ကုန္မွထြက္ကာ ပုသိမ္-မုံ႐ြာလမ္းမႀကီး၏အစိတ္အပိုင္းအခ်ိဳ႕ကိုျဖတ္သန္းၿပီး ထိုမွ တစ္ဆင့္ ဂြ-ငါးသိုင္းေခ်ာင္းလမ္းကို အသုံးျပဳမည္ျဖစ္ သည္။
တိုးဂိတ္တစ္ခုကိုျဖတ္၍ ပုသိမ္ - မုံ႐ြာလမ္းအ တိုင္းေမာင္းႏွင္လာခဲ့ရာ လမ္းတစ္ေလွ်ာက္၌ ကုန္ကား အခ်ိဳ႕ႏွင့္ဆိုင္ကယ္မ်ားကို ေတြ႕ရသည္။ ယင္းလမ္း မႀကီးသည္ ယခင္က မုံ႐ြာအထိတိုင္ေပါက္ခဲ့ေသာ္ လည္း ၿငိမ္းခ်မ္းေရးမလိုလားသူ သူပုန္တို႔၏ေဘး ေၾကာင့္ ယင္းလမ္းပိုင္းေနရာအခ်ိဳ႕ကိုအသုံးျပဳရန္ ခက္ေနၿပီျဖစ္သည္။ လမ္းအနည္းငယ္ၾကမ္းေသာ္ လည္း လမ္းျပင္ေနသည့္လုပ္သားအခ်ိဳ႕ကို ေတြ႕ရ၏။ လမ္းေဘးဝဲ၊ ယာရွိ ကြၽန္းပင္တန္းႀကီးမ်ားႏွင့္ ယင္း မွအေက်ာ္ လယ္ကြင္းစိမ္းစိမ္းမ်ားသည္ ဧရာဝတီ တိုင္းေဒသႀကီး၏သ႐ုပ္မွန္ကို ေဖာ္ျပေနၾကသည္။
လမ္းတစ္ေလွ်ာက္ ျမင္ျမင္သမွ် ပတ္ဝန္းက်င္က ေအးခ်မ္းမႈကို ေပးစြမ္းသည္။ မိုးကဖြဲလိုက္၊ ႐ြာလိုက္ျဖင့္ လမ္းတစ္ေလွ်ာက္ကို ျဖတ္သန္းခဲ့ရာ လမ္းေဘးမွ ျမင္ကြင္းတို႔ကား အသြင္တစ္မ်ိဳးစီျဖင့္ ရႈမၿငီးေအာင္ ရွိေတာ့သည္။ လယ္ကြင္း စိမ္းစိမ္းတို႔ႏွင့္ လယ္ တဲငယ္မ်ား၊ ေက်း႐ြာမ်ားမွ ျဖဴစင္ၿပီးေအးခ်မ္းေသာ ေက်းလက္ရနံ႔ကို ေကာင္းစြာရရွိသည္။ လယ္ကြင္း တို႔ႏွင့္အတူ တိုးတက္ေသာေခတ္ႏွင့္အတူ ဆိုင္ကယ္ အမ်ားအျပားကိုလည္း ျမင္ရသည္။ သို႔ေသာ္ ယင္း ဆိုင္ကယ္ေမာင္းႏွင္သူ အမ်ားစုမွာ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းလိုက္နာမႈအားနည္းသည္ကို မွတ္ သားမိခဲ့သည္။
ထို႔ျပင္ လမ္းတြင္ ထူးထူးျခားျခားအျဖစ္ ကား ေခါင္းမိုးတြင္ကအစ ကုန္မ်ားတင္ထားသည့္ ေျမာင္း ျမ - ပခုကၠဴ ခရီးသည္တင္ကားတစ္စီးကို ျမင္ရ သည္။ ယင္းမွာ တစ္ေလွ်ာက္လုံးျမင္လာရသည့္ ခရီး သည္တင္ကားမ်ားအနက္ အေဝးဆုံးသြားေသာ ခရီး သည္တင္ကားျဖစ္ၿပီး အလားတူ ခရီးေဝးသြားယာဥ္ ဟူ၍ ယင္းတစ္စီးတည္းသာ ျမင္ခဲ့ရျခင္းျဖစ္၏။ ထို႔ ေနာက္ ေရၾကည္ၿမိဳ႕ကိုျဖတ္သန္းကာ ငါးသိုင္းေခ်ာင္း ၿမိဳ႕သို႔ ေရာက္သည္။ လမ္းတစ္ေလွ်ာက္ ဂိတ္မ်ားကို ျဖတ္သန္းခဲ့ရရာ ငါးသိုင္းေခ်ာင္းတံတား အတက္၊ အဆင္းတြင္ ေနရာယူထားေသာ ျပည္သူ႔စစ္ဂိတ္ကို ေတြ႕ရသည္။ ယင္းမွာ လမ္းခရီးတစ္ေလွ်ာက္ ထူးထူး ျခားျခားအျဖစ္ ျပည္သူ႔စစ္မ်ားေနရာယူထားေသာ ဂိတ္ကို ပထမဆုံးျမင္ရျခင္းျဖစ္သည္။ ထို႔ေနာက္ တံ တားမွအဆင္းတြင္ မိုးမ်ား၍ ေရဖုံးေနေသာ လယ္ ကြင္းမ်ားစြာကို ေတြ႕ရသည္။ ထို႔ေနာက္တြင္ကား ေရ နံ႔သာဂိတ္သို႔ေရာက္၏။ မၾကာမီ သြားရန္ရည္႐ြယ္ ထားေသာ ခရီးလမ္းဆုံးေနရာသို႔ ေရာက္ေပေတာ့ မည္။ အခ်ိန္ ကား ေန႔လယ္ပိုင္း (၁) နာရီ မိနစ္ (၄၀) ထိုးၿပီျဖစ္သည္။
ယင္းဂိတ္တြင္ တာဝန္က်ဝန္ထမ္းမ်ားက လို အပ္သည္မ်ားကို စစ္ေဆးေမးျမန္းၾကၿပီးေနာက္ သြား ရမည့္ ခရီးႏွင့္ပတ္သက္၍ နယ္ေျမအေျခအေနကို ရွင္းျပသည္။ တိုက္ပြဲျဖစ္ေနရာသို႔ မၾကာမီေရာက္ ေတာ့မည္ဆိုေသာအေတြးျဖင့္ ရင္တထိတ္ထိတ္ ျဖစ္ လာသည္။ အြန္လိုင္းတြင္ မၾကာခဏျမင္ရေသာ ေရနံ႔ သာဂိတ္ကို သူပုန္က လာတိုက္ေတာ့မည္ေလာဟု ပင္ စိုးရိမ္လိုက္ေသး၏။ ယခုအခ်ိန္တြင္ ျပန္စဥ္းစား ပါက ရယ္ဖြယ္ေကာင္းေသာ္လည္း ထိုစဥ္က အမွန္ တကယ္ပင္ စိုးရိမ္စိတ္ျဖင့္ ေတြးမိေနျခင္း ျဖစ္သည္။
“ဒီမွာေတာ့ ေအးေအးခ်မ္းခ်မ္းပဲ။ ေရနံ႔သာဂိတ္ ကိုေတာ့ ီမသစ ၾသာဘ လာခ်လို႔လည္း မရဘူး။ AA ေတြ ဟိုဘက္ကေန ဆက္မတိုးႏိုင္ဘူး” ဟု နယ္ေျမခံ တာဝန္က်ဝန္ထမ္းတစ္ဦးကရွင္းျပမွ အနည္းငယ္ စိတ္ေပါ့ပါးသြားသည္။ ယင္းဂိတ္သည္ကား ရခိုင္ ျပည္နယ္မွ ဧရာဝတီတိုင္းေဒသႀကီးသို႔ လာေရာက္ ရာ တံခါးေပါက္တစ္ခုလည္းျဖစ္ေနရာ စစ္ေဆးမႈ အထူးတင္းၾကပ္ထားေၾကာင္း ေတြ႕ျမင္ရသည္။ ႀကဳံ မွ ႀကဳံတတ္ေသး၏။ သတင္းသမားလာဘ္ဟု ဆိုရ မည္ထင္၏။ ဂိတ္ကိုျဖတ္သန္းမည့္ အမ်ိဳးသမီးတစ္ဦး ကို တာဝန္ထမ္း ဝန္ထမ္းမ်ားကစစ္ေဆး၍ လိုအပ္ ေသာ အေထာက္အထားမ်ား မပါ၍ ေစာင့္ဆိုင္းခိုင္းေန စဥ္ ၎၏ေက်း႐ြာမွ အုပ္ခ်ဳပ္ေရးမႉးဟု ယူဆရသူက ဂိတ္မွအရာရွိထံ ဖုန္းဆက္ကာ နာမည္ေျပာ၍ ယင္း အမ်ိဳးသမီးကို ဖမ္းထားပါသလား ဟု ေမးျမန္း လာေၾကာင္း ေတြ႕ရသည္။
မ်က္ျမင္ေတြ႕ရေသာ သတင္းတစ္ပုဒ္ပင္ ျဖစ္ သည္။ ေရးရန္မဟုတ္၊ သိရန္ သတင္းသာ ျဖစ္သည္။ သို႔ေသာ္ ယင္းသတင္းသာ ျပည္ပေရာက္မီဒီယာမ်ား ထံေရာက္သြားပါက ေရနံ႔သာဂိတ္တြင္ အမ်ိဳးသမီး တစ္ဦးကို အေၾကာင္းမဲ့ဖမ္းဆီးထားသည္ဟု သတင္း မွားေရးၾကေပလိမ့္မည္။ အမွန္တကယ္အားျဖင့္ အမ်ိဳးသမီး၏ထိတ္လန႔္စိတ္က ျဖစ္စဥ္ကို ပို၍ႀကီး က်ယ္သြားေစခဲ့ျခင္းျဖစ္သည္။ “ဂိတ္ကေန ဆန္အိတ္ ေတြ၊ ရိကၡာေတြ အမ်ားႀကီးသယ္ရင္ အိမ္မွာ လူဘယ္ ႏွေယာက္ရွိလဲ၊ တစ္ေန႔ ဆန္ဘယ္ေလာက္ကုန္လဲ ေသခ်ာစိစစ္တယ္။ မသကၤာရင္ ေပးမသယ္ဘူး။ တခ်ိဳ႕ဆို လူကနည္းၿပီး ဆန္အိတ္ေတြ သယ္တာမ်ား ေနရင္ ဂိတ္မွာထားခဲ့ခိုင္းၿပီး အဲဒီ ယူသြားတဲ့ဆန္ကုန္ ရင္ ဒီမွာ ျပန္လာယူခိုင္းတာမ်ိဳးေတြရွိတယ္” ဟု ဂိတ္ မွ တာဝန္ရွိသူတစ္ဦးက လုပ္ငန္းစဥ္ကို ရွင္းျပသည္။
ထို႔ေနာက္ ေန႔လယ္စာစားရန္ ေရနံ႔သာဂိတ္ ဝန္းက်င္မွ စားေသာက္ဆိုင္တန္းကိုသြားၾကရာ ဆိုင္ မ်ားအားလုံး ပိတ္ထားေၾကာင္း ေတြ႕ရသည္။ စစ္ေငြ႕ ကို စတင္ျမင္ေတြ႕ခံစားရေပၿပီ။ AA တို႔ ဧရာဝတီ တိုင္းေဒသႀကီးကို စတင္တိုက္ခိုက္ၿပီးေနာက္၊ အြန္လိုင္းထက္တြင္ သတင္းမွားမ်ားပ်ံ႕လာခ်ိန္က စတင္ကာ ယင္းဆိုင္တို႔ပိတ္သြားျခင္းျဖစ္ေၾကာင္း ေနာင္မွသိရသည္။ စစ္မလာခဲ့လွ်င္ ယင္းဆိုင္တို႔မွာ အလြန္ ပင္ အေရာင္းသြက္ခဲ့ဖြယ္ရွိသည္။ ေရနံ႔သာဂိတ္မွ ထြက္ကာ ဂြ - ငါးသိုင္းေခ်ာင္းလမ္းကို စတင္ ျဖတ္ သန္းရသည္။ စစ္ေၾကာင့္ႏွင့္ လူတို႔၏ စိုးရိမ္စိတ္ ေၾကာင့္ထင္၏။ လမ္းတစ္ေလွ်ာက္တြင္ ဆိုင္ကယ္ (၂) စီးခန႔္သာ ျမင္ရသည္။ မိန္းကေလးပီပီ နယ္ေျမ မေအးခ်မ္းေသာေနရာတြင္ ယခုခရီးပင္ အဆင္ေျပပါ မည္လားဟု စိုးတထိတ္ထိတ္စိတ္က ဝင္လာျပန္၏။ မၾကာမီ သီတာကုန္းျပင္ဆိုသည့္ ႐ြာႀကီးကို ေရာက္၏။ ယင္း႐ြာကား နာမည္ေက်ာ္ ႐ြာတစ္႐ြာပင္ ျဖစ္သည္။
ယခင္က ေဒသတြင္း လူသိမ်ားေသာ ေက်း႐ြာ တစ္႐ြာျဖစ္ေသာ္လည္း ယခုေတာ့ စစ္မီးဟပ္လာ ေသာအခါ တစ္ႏိုင္ငံလုံးက သတိထားမိေသာေနရာ တစ္ခု ျဖစ္လာသည္။ ယင္း ေက်း႐ြာအနီး တိုက္ပြဲမ်ား ျဖစ္ပြားသည္ဟု သတင္းမွားျဖန႔္ခံရေသာ ႐ြာပင္။ မိမိ တို႔ ေရာက္ခ်ိန္တြင္ ေဒသခံအခ်ိဳ႕မွာ ေရွာင္တိမ္းေနၿပီ ျဖစ္သည့္အတြက္ လူသူနည္းပါးၿပီး ေျခာက္ကပ္ေသာ ျမင္ကြင္းကိုသာ ျမင္ရသည္။ ပတ္ဝန္းက်င္မွ စိမ္းလန္း ေသာျမင္ကြင္းႏွင့္ သီတာကုန္းျပင္႐ြာ အေျခအေန ကား လမိုင္းမကပ္လွပါ။ ႐ြာျပင္မွၾကည့္ခဲ့ရေသာ အေျခအေနအရ အခ်ိဳ႕အိမ္မ်ားတြင္ ခ်ဳံႏြယ္တို႔တက္ စျပဳေနေပၿပီ။ ယင္း႐ြာကိုေက်ာ္၍ ခရီးဆက္ခဲ့ရာ ပို၍ လူသူဆိတ္သုဥ္းေနသည္ကို ေတြ႕ျမင္ရသည္။ ေဒသခံမ်ား ေကာင္းစြာအသုံးျပဳႏိုင္ေသာ္လည္း ကုန္ကား မ်ားကို ယာယီျဖတ္သန္းခြင့္မေပးေၾကာင္း သိရသည္။
လမ္းတစ္ေလွ်ာက္တြင္ ပထမဆုံးအျဖစ္ ေျမျပန႔္ ကိုသာ အမ်ားဆုံးျမင္ရာမွ လယ္ကြင္းမ်ားေနာက္ တြင္ ရခိုင္႐ိုးမကို မႈန္ပ်ပ် စတင္ျမင္ရသည္။ ရာသီ ဥတုကား တိမ္ထူထပ္ေနေသာ္လည္း ေနေရာင္ ေအာက္တြင္ ျမင္ျမင္သမွ်က လွေနသည္ဟု ခံစားမိ သည္။ သို႔ေသာ္ ယခု စာေရးျပမွသာ အလွအပကို သီးသန႔္ ခြဲထုတ္ေရးႏိုင္ျခင္းျဖစ္ေသာ္လည္း ထိုစဥ္ ကမူ စိုးရိမ္စိတ္က အနည္းငယ္ကဲသည္ဟု ဝန္ခံရပါ မည္။ AA ၊ PDF ပူးေပါင္းအဖြဲ႕ဝင္မ်ား တိုက္ခိုက္ သိမ္းပိုက္ထားသည့္ပုံစံ ပုံေဖာ္ေရးသားေဖာ္ျပေနမႈ မ်ားေၾကာင့္ စိတ္ထဲတြင္ စစ္ေျမျပင္ဟုယူဆထား သည့္ ေျမာက္စမ္း အေျမာက္တပ္ (၃၄၄)အနီး သြားရမည့္အေရးကို ရင္ခုန္ေနမိသည္က အမွန္ပင္ ျဖစ္သည္။ မၾကာမီ (၃၄၄) အေျမာက္တပ္သို႔ ေရာက္ ပါၿပီ။ အထင္ႏွင့္အျမင္ကား တက္တက္စင္ေအာင္ လြဲ ေနေတာ့သည္။ လုံၿခဳံေရးအျပည့္ႏွင့္ အေျမာက္တပ္သည္ ထည္ထည္ဝါဝါရွိေနဆဲပင္။ အြန္လိုင္းထက္က သတင္းမွားမ်ားေၾကာင့္ အေျမာက္တပ္ေနရာတြင္ ေရွ႕တန္းျဖစ္ေနမည္ဟုထင္မိခဲ့ေသာ္လည္း ယခုေတာ့ မဟုတ္ပါ။ အေျမာက္တပ္ကို ေက်ာ္ၿပီးေနာက္ သံတြဲ သစ္ထုတ္လုပ္ေရး ေဒသ၊ ဂြ သစ္ထုတ္ေရးနယ္၊ မာလာကြင္း သစ္ဆိပ္အနီးအေရာက္ ေလ့လာေနစဥ္ “ဂ်ိမ္း” ဟုေသာ အသံက်ယ္ႀကီး ၾကားရသည္။ မိုးၿခိမ္းသံဟု ထင္လိုက္ေသးေသာ္လည္း တစ္ဖက္ တြင္ မိမိေရာက္ေနေသာ နယ္ေျမအေျခအေနအရ အေျမာက္သံျဖစ္လိမ့္မည္ဟု သိေနပါသည္။ အ ေျမာက္တပ္၏အေက်ာ္တြင္ ကြင္းျပင္ႀကီးမ်ားကို ျမင္ ရသည့္ အတြက္ AA တို႔ ခ်ဳံခိုတိုက္ရန္ မလြယ္ ေၾကာင္း သိရသည္။ ယခုေရာက္ေနေသာ မာလာ ကြင္း သစ္ဆိပ္အနီးတြင္ ယခင္က လက္ဖက္ရည္ဆိုင္ မ်ားျဖင့္ စည္ကားခဲ့ေသာေနရာတစ္ခုဟု ယင္းခရီး တြင္ ပါသူတစ္ဦးက ရွင္းျပသည္။ သို႔ေသာ္ ယခုေတာ့ ထီးထီးႀကီးျဖစ္ေနကာ လူသြားလူလာပင္ အလြန္ က်ဲပါးေန၏။
ျပည္ပေရာက္ မီဒီယာမ်ား၏သတင္းမ်ားထက္ တြင္ အၿမဲမျပတ္ အတိုက္ခံေနရေသာ (၃၄၄) အ ေျမာက္တပ္ကိုေက်ာ္ၿပီး ေရာက္သည္အထိ တိုက္ပြဲဟု မျမင္ရပါ။ တိုက္ပြဲျဖစ္၍ အျပန္အလွန္ ပစ္ခတ္ေသာ အသံ မဆိုထားဘိ လက္နက္ငယ္မ်ား သုံးေလးခ်က္ ပစ္ေသာ အသံပင္ မၾကားခဲ့ရပါ။ လက္ရွိ ေျမျပင္တြင္ ယခုအတိုင္း တိုးတက္လာပါက နယ္ေျမေအးခ်မ္းၿပီး မၾကာမီ ေဒသခံမ်ား ျပန္လည္ေနထိုင္ႏိုင္ဖြယ္ ရွိ သည္။ ေရွ႕ဆက္သြားရန္ အတြက္မွာမူ လုံၿခဳံေရးအရ မသင့္ေတာ့သည့္အတြက္ သတင္းမွတ္တမ္းရယူၿပီး ေနာက္ ျပန္ထြက္ခဲ့သည္။ ယခု အျပန္ခရီးတြင္ နဂါး ရစ္ဆရာေတာ္ႀကီးကို ဖူးေတြ႕ရန္အတြက္ အလာလမ္း အတိုင္း မဟုတ္ဘဲ သီတာကုန္းျပင္ေက်း႐ြာသို႔ ဘက္ သို႔ ဦးတည္ခဲ့သည္။
ယင္း ေက်း႐ြာတြင္ အိမ္ႀကီးအိမ္ေကာင္း အခ်ိဳ႕ အပါအဝင္ အိမ္အေတာ္မ်ားမ်ားကို ပိတ္ထားေၾကာင္း ျမင္ရသည္။ အခ်ိဳ႕ အိမ္ဝန္းမ်ားအတြင္းတြင္ ေနထိုင္ သူ မရွိသည့္အတြက္ ျမက္ပင္႐ိုင္းတို႔ ထူထပ္ေနေပၿပီ။ ေက်း႐ြာသား အခ်ိဳ႕လႈပ္ရွားသြားလာေနၾကသည္ကို ျမင္ေသာ္လည္း ယင္းတို႔၏ မ်က္ႏွာမ်ားထက္တြင္ စိုးရိမ္စိတ္ကို ျမင္ရသည္။ ယင္း႐ြာမွအထြက္ လက္ပံ ပင္႐ြာကို တစ္ဆက္တည္းျဖတ္သန္းရသည္။ ႐ြာတို႔ ကား သီတာကုန္းျပင္ကဲ့သို႔ပင္ အိမ္အခ်ိဳ႕ပိတ္ထားၿပီး ႐ြာသားအနည္းစုသာ က်န္ေနရစ္သည္။
ထို႔ေနာက္ ပုသိမ္ - မုံ႐ြာ လမ္းမႀကီးသို႔ ေရာက္ သည္။ ယင္း လမ္းပိုင္းတြင္ကား တိတ္ဆိတ္ေျခာက္ ကပ္ေန၏။ ခရီးသည္ကားမ်ား၊ ကုန္ကားမ်ားကို နယ္ ေျမလုံၿခဳံေရးအရ ျဖတ္သန္းခြင့္ ယာယီပိတ္ထား၏။ ယင္းမွတစ္ဆင့္ နဂါးရစ္ဆရာေတာ္ႀကီးေက်ာင္း သို႔ေရာက္ကာ ဖူးေျမာ္ခဲ့ၾကသည္။ ဆရာေတာ္ႀကီးထံမွ အျပန္တြင္ လက္နက္ႀကီးသံကိုၾကားရေသး၏။ တစ္ခ်က္တည္းမဟုတ္ဘဲ ေလးခ်က္တိတိ အသံ ၾကားရျခင္းျဖစ္ၿပီး ကင္းေထာက္ဒ႐ုန္းလည္း တက္ သြားသည္ကို ျမင္ရသည္။ သို႔ေသာ္ ယင္းနယ္ေျမ ဘက္တြင္ တပ္မေတာ္က အသာစီးရေနေၾကာင္း ျမင္ ရသည္။ တျခားမၾကည့္ပါႏွင့္။ အြန္လိုင္းတြင္ ဗဗ တို႔ မၾကာခဏေရာက္သည္ဆိုေသာ (၃၄၄) အေျမာက္ တပ္ေက်ာ္အထိပင္ မိမိတို႔ေရာက္ခဲ့သည္မဟုတ္ပါ လား။ ရည္မွန္းခ်က္ခရီးဆုံးၿပီျဖစ္ရာ ရန္ကုန္ၿမိဳ႕ဘက္ ဆီသို႔ ဦးတည္ခဲ့ေတာ့သည္။ အျပန္ခရီးတြင္ကား အေတြးမ်ားစြာကပ္ပါလာ၏။ ခရီးတြင္သိခဲ့ရသည့္ အထဲတြင္ စစ္ေဘးေရာက္ေနေသာေဒသႏွင့္ စစ္ ေဘးမေရာက္ေသာေဒသတို႔အေၾကာင္း ႏႈိင္းယွဥ္ ခ်က္လည္း ပါဝင္သည္။ လမ္းတစ္ေလွ်ာက္ တည္ၿငိမ္ ေသာေနရာမ်ားရွိ လယ္ကြင္းစိမ္းစိမ္းမ်ားႏွင့္ မတည္ ၿငိမ္ေသာေနရာမွ လယ္ကြင္းစိမ္းစိမ္းတို႔သည္ မ်ိဳး အားျဖင့္ တူညီပါ၏။ သို႔ေသာ္ ယင္းလယ္တို႔ကို စိုက္ ေသာ ေတာင္သူတို႔၏ရင္တြင္းမွအပူတို႔မွာမူ မတူၾကပါ။
ထို႔ျပင္ သတင္းမွားတို႔က အဘယ္မွ် ျပည္သူ တို႔ကို ထိခိုက္ေစေၾကာင္းပါ ျမင္ခဲ့ရသည္။ အြန္လိုင္း ထက္တြင္ AA တို႔ အသာစီးရသည္ဆိုေသာေနရာ တြင္ လြန္ခဲ့ေသာ နာရီပိုင္းက မိမိလမ္းေလွ်ာက္ခဲ့သည္ ဟု ျပည္ပေရာက္မီဒီယာမ်ားကိုေျပာလွ်င္ ၎တို႔ ႀကိဳက္မည္မထင္ပါ။ အဘယ္ေၾကာင့္ဆိုေသာ သတင္းမွားမ်ားျဖင့္ ျပည္သူကို ေျခာက္ျခားေစလိုျခင္း ျဖစ္ေပလိမ့္မည္။ စစ္သည္ ၾကမ္းတမ္း၏။ ထိတ္လန႔္ ဖြယ္ေကာင္း၏။ စက္ဆုပ္႐ြံရွာဖြယ္ရာေကာင္း၏။ ယင္းေဒသမွ အိုးအိမ္စြန႔္ခြာရသူမ်ားကိုေမးျမန္းလွ်င္ လည္း အထက္ပါအတိုင္းပင္ ေျဖၾကားၾကေပလိမ့္မည္။ အဘယ့္ေၾကာင့္ဆိုေသာ္ စစ္သည္ ေပ်ာ္႐ႊင္ျခင္းကို မယူေဆာင္လာေသာေၾကာင့္ ျဖစ္ပါသည္။