HUNTR/X အဖွဲ့ရဲ့ "Golden" သီချင်း ဗြိတိန်ရဲ့ Official Singles Chart မှာ သီတင်း ၃ ပတ်ကြာ နေရာယူနိုင်တဲ့ ပထမဆုံး K pop သီချင်းဖြစ်လာ

65
ရောင်နီ (NP News) - သြဂုတ် ၂၆
တောင်ကိုရီးယား Animation ရုပ်ရှင်(Netflix ရဲ့ ပထမဆုံး Animation ရုပ်ရှင်) KPop Demon Hunter ထဲမှာ ပါဝင်တဲ့ အမျိုးသမီး K pop အဖွဲ့ HUNTR/X ရဲ့ "Golden” ဟာ ဗြိတိန်ရဲ့ "Official Singles Chart" မှာ သီတင်း ၃ ပတ်ကြာ နေရာယူနိုင်ခဲ့တဲ့ ပထမဆုံး K pop သီချင်းအဖြစ် စံချိန်ချိုးသွားခဲ့ပါတယ်။
သြဂုတ် ၂၁ မှ ၂၇ ရက်အထိ ရက်သတ္တပတ်မှာလည်း " Golden”ဟာ Official Singles Chart မှာ အကျော်ကြားဆုံး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့ပြီး သီတင်း ပတ် ၃ ပတ်ဆက်တိုက် ဒီစံချိန်ကို ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် “KPop Demon Hunters” ရဲ့ အခြားသီချင်းများစွာလည်း ယခုသီတင်းပတ်ရဲ့ Official Singles Chart မှာ ထိပ်ဆုံးနေရာ ရောက်ရှိလာခဲ့ပါတယ်။ ဇာတ်ကားထဲက အမျိုးသား K pop အဖွဲ့ Saja Boys ရဲ့ "Soda Pop” သီချင်းဟာလည်း Official Single Chart မှာ နံပါတ် ၃ နေရာ ရောက်ရှိခဲ့ပြီး Saja Boys ရဲ့ နောက်ထပ်သီချင်း "Your Idol” က နံပါတ် ၆ နေရာမှာ ရပ်တည်နေပါတယ်။
Zawgyi Version:
HUNTR/X အဖြဲ႕ရဲ႕ "Golden" သီခ်င္း ၿဗိတိန္ရဲ႕ Official Singles Chart မွာ သီတင္း ၃ ပတ္ၾကာ ေနရာယူႏိုင္တဲ့ ပထမဆုံး K pop သီခ်င္းျဖစ္လာ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၆
ေတာင္ကိုရီးယား Animation ႐ုပ္ရွင္(Netflix ရဲ႕ ပထမဆုံး Animation ႐ုပ္ရွင္) KPop Demon Hunter ထဲမွာ ပါဝင္တဲ့ အမ်ိဳးသမီး K pop အဖြဲ႕ HUNTR/X ရဲ႕ "Golden” ဟာ ၿဗိတိန္ရဲ႕ "Official Singles Chart" မွာ သီတင္း ၃ ပတ္ၾကာ ေနရာယူႏိုင္ခဲ့တဲ့ ပထမဆုံး K pop သီခ်င္းအျဖစ္ စံခ်ိန္ခ်ိဳးသြားခဲ့ပါတယ္။
ၾသဂုတ္ ၂၁ မွ ၂၇ ရက္အထိ ရက္သတၱပတ္မွာလည္း " Golden”ဟာ Official Singles Chart မွာ အေက်ာ္ၾကားဆုံး နံပါတ္ (၁) ေနရာမွာ ရပ္တည္ခဲ့ၿပီး သီတင္း ပတ္ ၃ ပတ္ဆက္တိုက္ ဒီစံခ်ိန္ကို ထိန္းထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါအျပင္ “KPop Demon Hunters” ရဲ႕ အျခားသီခ်င္းမ်ားစြာလည္း ယခုသီတင္းပတ္ရဲ႕ Official Singles Chart မွာ ထိပ္ဆုံးေနရာ ေရာက္ရွိလာခဲ့ပါတယ္။ ဇာတ္ကားထဲက အမ်ိဳးသား K pop အဖြဲ႕ Saja Boys ရဲ႕ "Soda Pop” သီခ်င္းဟာလည္း Official Single Chart မွာ နံပါတ္ ၃ ေနရာ ေရာက္ရွိခဲ့ၿပီး Saja Boys ရဲ႕ ေနာက္ထပ္သီခ်င္း "Your Idol” က နံပါတ္ ၆ ေနရာမွာ ရပ္တည္ေနပါတယ္။