အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) တွင် Agro-based Textile industrial Complex အကောင် အထည်ဖော်သည့်လုပ်ငန်းကို ယခုနှစ်တွင် စမည်

390

သက်ပိုင် (NP News) - သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီးပြည်မြို့နယ် ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) တွင် Agro-based Textile industrial Complex အကောင်အထည်ဖော်သည့်လုပ်ငန်းကို ယခုနှစ်တွင် စတင် မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)၏ မြေ(၂၅၈)ဧကတွင် တည်ဆောက်မည့် Agro-based Textile industrial Complex တည်ဆောက်ရန်အတွက် မိမိအစီအစဉ်ဖြင့် ရင်းနှီးမြှုပ်နှံတည်ဆောက်လို သူ (Developer) အဖြစ် အဆိုပြုလွှာတင်သွင်းရန် စက်မှုဝန်ကြီးဌာနက တင်ဒါခေါ်ယူထားခဲ့ကြောင်း သိရသည်။
“ဒီစီမံကိန်းကို အစောကြီးကတည်းက ကြိုးစားနေတာပါ။ လုပ်ငန်းပိုင်းဆိုင်ရာ အဆင့်တွေ ကတော့ တော်တော်များများကတော့ ပြီးနေပြီပေါ့။ တင်ဒါခေါ်ပြီး ဆောင်ရွက်သွားမှာပါ။ ပထမဆုံး အဆင့်အနေနဲ့ Pilot Project ကိုတော့ ဒီနှစ်ထဲစတင်အကောင်အတည်ဖော်သွားမှာပါ” ဟု ၎င်းက ဆို သည်။ ယခုစီမံကိန်းပြီးမြောက်သွားပါက ဒေသတွင်းရှိ သောင်းနှင့်ချီသော ပြည်သူများအတွက် အကျိုး ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် ဝါစိုက်တောင်သူများနှင့် ချည်မျှင်ထုတ်လုပ်သူများ၊ ပိတ်စ ထုတ်လုပ်သူများ ပိုမိုအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။
“စီမံကိန်းပြီးသွားခဲ့ရင် သောင်းနဲ့ချီတဲ့ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရလာမှာပါ။ ဒီ ကွင်းဆက်က စိုက်ပျိုးတဲ့သူတွေအထိပါသွားမှာဆိုတော့ တိုက်ရိုက်ဆိုရင် ချည်ထုတ်တာ၊ ပိတ်ထုတ်တာ တွေ ပိုထွက်လာမှာပေါ့။ သွယ်ဝိုက်တာဆိုရင်တော့ ဝါစိုက်ပျိုးတဲ့သူတွေအတွက်လည်း အကျိုးရှိလာမှာ ပေါ့။ ဒီဒေသကြီးတစ်ခုလုံးမှာရှိတဲ့ ဝါစိုက်တဲ့သူတွေ၊ ချည်မျှင်ထုတ်တဲ့သူတွေနဲ့ ပိတ်စထုတ်တဲ့သူတွေ အားလုံးအတွက် အကျိုးရှိသွားမှာပါ။ဒေသတစ်ခုလုံးကပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမယ့် စီမံ ကိန်းတစ်ခုလို့ ပြောလို့ရပါတယ်”ဟု ၎င်းကဆိုသည်။
ယင်းမြေပေါ်တွင် စီမံကိန်းကို အဆင့် (၃) ဆင့်ဖြင့် အကောင်အထည်ဖော်ရမည်ဖြစ်ကာ အဆင့် တစ်အဖြစ် အထည်အလိပ်ဆိုင်ရာသင်တန်းကျောင်းများ၊ စက်မှုဇုန်အစည်းအဝေးခန်းမ၊ ထုတ်ကုန် ပစ္စည်းပြခန်း ဓာတ်ခွဲခန်းများ ပါဝင်ကြောင်း သိရသည်။ အဆင့်နှစ်တွင် အဖြူချွတ်၊ ဆေးဆိုး၊ ပန်းရိုက် စက်ရုံများနှင့် အဆင့်သုံးအဖြစ် ချည်မျှင်စက်ရုံများ ရက်ကန်းစက်ရုံများ၊ သိုလှောင်ရုံများ၊ ထောက်ပံ့ပို့ ဆောင်ရေးဌာန၊ စက်မှုဇုန်စီမံခန့်ခွဲရေး Delayer Fire Fighting System amulet Industrial Solid Waste Management: Rec reation Center ၊ သင်တန်းသား/ ဝန်ထမ်းအဆောင်များကို အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အမွတ္(၁)အထည္စက္႐ုံ (ေ႐ႊေတာင္) တြင္ Agro-based Textile industrial Complex အေကာင္ အထည္ေဖာ္သည့္လုပ္ငန္းကို ယခုႏွစ္တြင္ စမည္
သက္ပိုင္ (NP News) - ၾသဂုတ္ ၂၇
ပဲခူးတိုင္းေဒသႀကီးျပည္ၿမိဳ႕နယ္ ေ႐ႊေတာင္ၿမိဳ႕ရွိ အမွတ္(၁)အထည္စက္႐ုံ (ေ႐ႊေတာင္) တြင္ Agro-based Textile industrial Complex အေကာင္အထည္ေဖာ္သည့္လုပ္ငန္းကို ယခုႏွစ္တြင္ စတင္ မည္ျဖစ္ေၾကာင္း စက္မႈဝန္ႀကီးဌာနတာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
အမွတ္(၁)အထည္စက္႐ုံ (ေ႐ႊေတာင္)၏ ေျမ(၂၅၈)ဧကတြင္ တည္ေဆာက္မည့္ Agro-based Textile industrial Complex တည္ေဆာက္ရန္အတြက္ မိမိအစီအစဥ္ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံတည္ေဆာက္လို သူ (Developer) အျဖစ္ အဆိုျပဳလႊာတင္သြင္းရန္ စက္မႈဝန္ႀကီးဌာနက တင္ဒါေခၚယူထားခဲ့ေၾကာင္း သိရသည္။
“ဒီစီမံကိန္းကို အေစာႀကီးကတည္းက ႀကိဳးစားေနတာပါ။ လုပ္ငန္းပိုင္းဆိုင္ရာ အဆင့္ေတြ ကေတာ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ ၿပီးေနၿပီေပါ့။ တင္ဒါေခၚၿပီး ေဆာင္႐ြက္သြားမွာပါ။ ပထမဆုံး အဆင့္အေနနဲ႔ Pilot Project ကိုေတာ့ ဒီႏွစ္ထဲစတင္အေကာင္အတည္ေဖာ္သြားမွာပါ” ဟု ၎က ဆို သည္။ ယခုစီမံကိန္းၿပီးေျမာက္သြားပါက ေဒသတြင္းရွိ ေသာင္းႏွင့္ခ်ီေသာ ျပည္သူမ်ားအတြက္ အက်ိဳး ျဖစ္ထြန္းေစႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ အထူးသျဖင့္ ဝါစိုက္ေတာင္သူမ်ားႏွင့္ ခ်ည္မွ်င္ထုတ္လုပ္သူမ်ား၊ ပိတ္စ ထုတ္လုပ္သူမ်ား ပိုမိုအက်ိဳးျဖစ္ထြန္းႏိုင္မည္ျဖစ္ေၾကာင္း အဆိုပါတာဝန္ရွိသူကဆိုသည္။
“စီမံကိန္းၿပီးသြားခဲ့ရင္ ေသာင္းနဲ႔ခ်ီတဲ့ ျပည္သူေတြ အလုပ္အကိုင္အခြင့္အလမ္းေတြရလာမွာပါ။ ဒီ ကြင္းဆက္က စိုက္ပ်ိဳးတဲ့သူေတြအထိပါသြားမွာဆိုေတာ့ တိုက္႐ိုက္ဆိုရင္ ခ်ည္ထုတ္တာ၊ ပိတ္ထုတ္တာ ေတြ ပိုထြက္လာမွာေပါ့။ သြယ္ဝိုက္တာဆိုရင္ေတာ့ ဝါစိုက္ပ်ိဳးတဲ့သူေတြအတြက္လည္း အက်ိဳးရွိလာမွာ ေပါ့။ ဒီေဒသႀကီးတစ္ခုလုံးမွာရွိတဲ့ ဝါစိုက္တဲ့သူေတြ၊ ခ်ည္မွ်င္ထုတ္တဲ့သူေတြနဲ႔ ပိတ္စထုတ္တဲ့သူေတြ အားလုံးအတြက္ အက်ိဳးရွိသြားမွာပါ။ေဒသတစ္ခုလုံးကျပည္သူေတြအတြက္ အက်ိဳးျဖစ္ထြန္းမယ့္ စီမံ ကိန္းတစ္ခုလို႔ ေျပာလို႔ရပါတယ္”ဟု ၎ကဆိုသည္။
ယင္းေျမေပၚတြင္ စီမံကိန္းကို အဆင့္ (၃) ဆင့္ျဖင့္ အေကာင္အထည္ေဖာ္ရမည္ျဖစ္ကာ အဆင့္ တစ္အျဖစ္ အထည္အလိပ္ဆိုင္ရာသင္တန္းေက်ာင္းမ်ား၊ စက္မႈဇုန္အစည္းအေဝးခန္းမ၊ ထုတ္ကုန္ ပစၥည္းျပခန္း ဓာတ္ခြဲခန္းမ်ား ပါဝင္ေၾကာင္း သိရသည္။ အဆင့္ႏွစ္တြင္ အျဖဴခြၽတ္၊ ေဆးဆိုး၊ ပန္း႐ိုက္ စက္႐ုံမ်ားႏွင့္ အဆင့္သုံးအျဖစ္ ခ်ည္မွ်င္စက္႐ုံမ်ား ရက္ကန္းစက္႐ုံမ်ား၊ သိုေလွာင္႐ုံမ်ား၊ ေထာက္ပံ့ပို႔ ေဆာင္ေရးဌာန၊ စက္မႈဇုန္စီမံခန႔္ခြဲေရး Delayer Fire Fighting System amulet Industrial Solid Waste Management: Rec reation Center ၊ သင္တန္းသား/ ဝန္ထမ္းအေဆာင္မ်ားကို အေကာင္ အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။