နောင်လာမည့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ ဘွဲ့ရသူဖြစ်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများ ကြိုတင်စီစဉ်ထားရန် လိုအပ်

 285

ချယ်ရီ (NP News) - ဩဂုတ် ၂၇
နောင်လာမည့် ရွေးကောက်ပွဲများတွင် ကိုယ်စာလှယ်လောင်းများသည် ဘွဲ့ရရှိသူများဖြစ်ရမည်ဖြစ်၍ ယခုအချိန်မှစတင်ကာ နိုင်ငံရေးပါတီများ ကြိုတင်စီစဉ်ထားရန်လိုအပ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောကြားသည်။
အဆိုပါစကားကို ယမန်နေ့ (ဩဂုတ်လ ၂၆ ရက်)၊ နံနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီများအနက် နိုင်ငံရေးပါတီ (၆၁) ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ရာ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ(၉)ပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့်ပါတီ (၅၂) ပါတီဖြစ်ပြီး ဥပဒေနှင့်အညီလျှောက်ထားသည့် နိုင်ငံရေးပါတီအားလုံးကို စိစစ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
ထို့နောက် နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရာတွင် ဥပဒေနှင့်အညီ သတ်မှတ် ထားသည့် မဲဆန္ဒနယ်အရေအတွက်၊ အရည်အချင်းများနှင့် ကိုက်ညီရန်လိုအပ်ပြီး ပညာအရည်အချင်း သတ်မှတ်ချက်ဖြစ်သည့် အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်သူများဖြစ်ရမည့်အချက်ကို သတိမူကြစေလိုကြောင်း ၎င်းက ပြောသည်။
ထို့ကြောင့် နောင်လာမည့် ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများသည် အစိုးရအသိအမှတ်ပြုတက္ကသိုလ်၊ ကောလိပ်တစ်ခုခုမှ ဘွဲ့ရသူများဖြစ်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ယခုမှစ၍ စီစဉ်ထားရန်နှင့် ပြည်သူအားကိုးရပြီး နိုင်ငံကိုအကျိုးပြုမည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်တင်သွင်းကြရန် ကော်မရှင်ဥက္ကဋ္ဌ က တိုက်တွန်းပြောကြားထားသည်။
ယာယီနေရပ်စွန့်ခွာရသူများ အပါအဝင် ပြည်တွင်း၊ ပြည်ပကြိုတင်မဲပေးမည့်သူများသည် ပုံစံ (၁၅) ဖြင့် တောင်းဆိုမဲ ပေးရမည်ဖြစ်ပြီး ရောက်ရှိနေရပ်တွင် မဲပေးလိုပါက အနည်းဆုံးရက်ပေါင်း (၁၈၀) ထက်မနည်း နေထိုင်ပြီးပါက ထောက်ခံချက်ဖြင့် မဲပေးခွင့်ရရှိရန် ဆောင်ရွက်ထားကြောင်း ၎င်းက ဆိုသည်။

Zawgyi Version:
ေနာင္လာမည့္ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္ေလာင္းမ်ား ဘြဲ႕ရသူျဖစ္ရမည္ျဖစ္၍ ႏိုင္ငံေရးပါတီမ်ား ႀကိဳတင္စီစဥ္ထားရန္ လိုအပ္
ခ်ယ္ရီ (NP News) - ဩဂုတ္ ၂၇
ေနာင္လာမည့္ ေ႐ြးေကာက္ပြဲမ်ားတြင္ ကိုယ္စာလွယ္ေလာင္းမ်ားသည္ ဘြဲ႕ရရွိသူမ်ားျဖစ္ရမည္ျဖစ္၍ ယခုအခ်ိန္မွစတင္ကာ ႏိုင္ငံေရးပါတီမ်ား ႀကိဳတင္စီစဥ္ထားရန္လိုအပ္ေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးသန္းစိုးက ေျပာၾကားသည္။
အဆိုပါစကားကို ယမန္ေန႔ (ဩဂုတ္လ ၂၆ ရက္)၊ နံနက္ပိုင္းက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး အစည္းအေဝးခန္းမတြင္ က်င္းပသည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ မွတ္ပုံတင္ခြင့္ျပဳၿပီးေသာ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆုံပြဲအခမ္းအနား၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ ေလွ်ာက္ထားခဲ့သည့္ ႏိုင္ငံေရးပါတီမ်ားအနက္ ႏိုင္ငံေရးပါတီ (၆၁) ပါတီကို မွတ္ပုံတင္ခြင့္ျပဳခဲ့ၿပီးျဖစ္ရာ ျပည္ေထာင္စုတစ္ဝန္းလုံးတြင္ စည္း႐ုံးမည့္ပါတီ(၉)ပါတီႏွင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တစ္ခု အတြင္း၌သာ စည္း႐ုံးမည့္ပါတီ (၅၂) ပါတီျဖစ္ၿပီး ဥပေဒႏွင့္အညီေလွ်ာက္ထားသည့္ ႏိုင္ငံေရးပါတီအားလုံးကို စိစစ္ခြင့္ျပဳေပးခဲ့ၿပီး ျဖစ္ေၾကာင္း ေကာ္မရွင္ဥကၠ႒က ဆိုသည္။
ထို႔ေနာက္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္စာရင္းတင္သြင္းရာတြင္ ဥပေဒႏွင့္အညီ သတ္မွတ္ ထားသည့္ မဲဆႏၵနယ္အေရအတြက္၊ အရည္အခ်င္းမ်ားႏွင့္ ကိုက္ညီရန္လိုအပ္ၿပီး ပညာအရည္အခ်င္း သတ္မွတ္ခ်က္ျဖစ္သည့္ အေျခခံပညာအထက္တန္းဆင့္ ၿပီးေျမာက္သူမ်ားျဖစ္ရမည့္အခ်က္ကို သတိမူၾကေစလိုေၾကာင္း ၎က ေျပာသည္။
ထို႔ေၾကာင့္ ေနာင္လာမည့္ ေ႐ြးေကာက္ပြဲမ်ားတြင္ ကိုယ္စားလွယ္ေလာင္းမ်ားသည္ အစိုးရအသိအမွတ္ျပဳတကၠသိုလ္၊ ေကာလိပ္တစ္ခုခုမွ ဘြဲ႕ရသူမ်ားျဖစ္ရမည္ျဖစ္၍ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ယခုမွစ၍ စီစဥ္ထားရန္ႏွင့္ ျပည္သူအားကိုးရၿပီး ႏိုင္ငံကိုအက်ိဳးျပဳမည့္ ကိုယ္စားလွယ္ေလာင္းမ်ားကို ေ႐ြးခ်ယ္တင္သြင္းၾကရန္ ေကာ္မရွင္ဥကၠ႒ က တိုက္တြန္းေျပာၾကားထားသည္။
ယာယီေနရပ္စြန႔္ခြာရသူမ်ား အပါအဝင္ ျပည္တြင္း၊ ျပည္ပႀကိဳတင္မဲေပးမည့္သူမ်ားသည္ ပုံစံ (၁၅) ျဖင့္ ေတာင္းဆိုမဲ ေပးရမည္ျဖစ္ၿပီး ေရာက္ရွိေနရပ္တြင္ မဲေပးလိုပါက အနည္းဆုံးရက္ေပါင္း (၁၈၀) ထက္မနည္း ေနထိုင္ၿပီးပါက ေထာက္ခံခ်က္ျဖင့္ မဲေပးခြင့္ရရွိရန္ ေဆာင္႐ြက္ထားေၾကာင္း ၎က ဆိုသည္။

Related news

© 2021. All rights reserved.