ရန်ကုန်တွင်လူငါးထောင်ကျော်အလုပ်ရမည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခု ကိုခွင့်ပြု

 544

ပြည့်ဖြိုး-(NP News) ဩဂုတ် (၂၈) ရက်
ရန်ကုန်တိုင်းဒေသကြီး အတွင်း လူဦးရေ ၅,၀၀၀ ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နံမှု လုပ်ငန်း ၈ ခုကို ခွင့်ပြုပေးခဲ့ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ သိရသည်။
ခွင့်ပြုပေးခဲ့တဲ့ လုပ်ငန်းများမှာ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၄)ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခု၊ စုစုပေါင်း ၈ ခုတို့ဖြစ်တယ်လို့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဟာ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း၊ ၉၂ ရာခိုင်နှုန်း ပြည်ပတင်ပို့၍ ၈ ရာခိုင်နှုန်း ပြည်တွင်း ရောင်းချမည့် ဆန်ဖြူ၊ ဆန်ကွဲ သန့်စင်ခြင်း၊ အရောင်တင်ခြင်းနှင့် တင်ပို့ရောင်းချ ခြင်းလုပ်ငန်း၊ ဆန်ကြိတ်ခွဲ ဖွတ်ချော သန့်စင်ထုတ်လုပ်ပြီး ပြည်ပကို ၁၀၀ ရာခိုင်နှုန်း တင်ပို့ ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်၍ ပြည်တွင်း အလုပ်အကိုင် လူဦးရေ ၅,၀၀၂ ဦးအတွက် အလုပ်အကိုင်များ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထိုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၉,၄၆၆ ဒသမ ၅၉၀ သန်း (ကိုးထောင်လေးရာ ခြောက်ဆယ့်ခြောက် ဒသမ ငါးကိုးသုည သန်း)နှင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၉၅ သန်း (ခုနစ် ဒသမ သုည ကိုးငါးသန်း)ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ရန္ကုန္တြင္လူငါးေထာင္ေက်ာ္အလုပ္ရမည့္ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၈) ခု ကိုခြင့္ျပဳ
ျပည့္ၿဖိဳး-(NP News) ဩဂုတ္ (၂၈) ရက္
ရန္ကုန္တိုင္းေဒသႀကီး အတြင္း လူဦးေရ ၅,၀၀၀ ေက်ာ္ အလုပ္အကိုင္ ရရွိမည့္ ရင္းႏွီးျမႇဳပ္နံမႈ လုပ္ငန္း ၈ ခုကို ခြင့္ျပဳေပးခဲ့ေၾကာင္း တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီထံမွ သိရသည္။
ခြင့္ျပဳေပးခဲ့တဲ့ လုပ္ငန္းမ်ားမွာ ဟိုတယ္ႏွင့္ ခရီးသြားလာေရး က႑တြင္ ရာခိုင္ႏႈန္းျပည့္ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၁)ခု၊ စက္မႈက႑တြင္ ရာခိုင္ႏႈန္းျပည့္ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၂) ခု၊ ရာခိုင္ႏႈန္းျပည့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း (၄)ခုႏွင့္ ဖက္စပ္ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း (၁)ခု၊ စုစုေပါင္း ၈ ခုတို႔ျဖစ္တယ္လို႔ ဩဂုတ္လ ၂၇ ရက္ေန႔တြင္ ျပဳလုပ္ခဲ့သည့္ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ (၈/၂၀၂၅) ႀကိမ္ေျမာက္ အစည္းအေဝးမွ သိရသည္။
အဆိုပါ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားဟာ ဟိုတယ္ ဝန္ေဆာင္မႈလုပ္ငန္း၊ ၉၂ ရာခိုင္ႏႈန္း ျပည္ပတင္ပို႔၍ ၈ ရာခိုင္ႏႈန္း ျပည္တြင္း ေရာင္းခ်မည့္ ဆန္ျဖဴ၊ ဆန္ကြဲ သန႔္စင္ျခင္း၊ အေရာင္တင္ျခင္းႏွင့္ တင္ပို႔ေရာင္းခ် ျခင္းလုပ္ငန္း၊ ဆန္ႀကိတ္ခြဲ ဖြတ္ေခ်ာ သန႔္စင္ထုတ္လုပ္ၿပီး ျပည္ပကို ၁၀၀ ရာခိုင္ႏႈန္း တင္ပို႔ ေရာင္းခ်ျခင္း လုပ္ငန္း၊ CMP စနစ္ျဖင့္ wearing apparel အမ်ိဳးမ်ိဳး ခ်ဳပ္လုပ္ျခင္းလုပ္ငန္းႏွင့္ CMP စနစ္ျဖင့္ အဝတ္အထည္ အမ်ိဳးမ်ိဳးခ်ဳပ္လုပ္ျခင္း လုပ္ငန္းတို႔ျဖစ္၍ ျပည္တြင္း အလုပ္အကိုင္ လူဦးေရ ၅,၀၀၂ ဦးအတြက္ အလုပ္အကိုင္မ်ား ရရွိမည္ျဖစ္ေၾကာင္း သိရသည္။
ထိုလုပ္ငန္းမ်ား၏ မတည္ေငြရင္း ပမာဏမွာ က်ပ္ ၉,၄၆၆ ဒသမ ၅၉၀ သန္း (ကိုးေထာင္ေလးရာ ေျခာက္ဆယ့္ေျခာက္ ဒသမ ငါးကိုးသုည သန္း)ႏွင့္ အေမရိကန္ေဒၚလာ ၇ ဒသမ ၀၉၅ သန္း (ခုနစ္ ဒသမ သုည ကိုးငါးသန္း)ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.