လူမှုဖူလုံရေးဆေးရုံ၊ ဆေးခန်း (၂၄၀)ကျော်ရှိပြီး နှစ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုအကြိမ်ရေ (၁၁)သိန်းကျော် ပြုလုပ် ပေးထားဟုဆို

 182

Pearl(NP News)-ဩဂုတ် ၂၈

လူမှုဖူလုံရေးအဖွဲ့မှ ဖွင့်လှစ်ထားသည့် ဆေးရုံ၊ ဆေးခန်း (၂၄၀)ကျော်ရှိပြီး နှစ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုအကြိမ်ရေ (၁၁)သိန်းကျော် ပြုလုပ် ပေးထားကြောင်း လူမှုဖူလုံရေးအဖွဲ့ထံမှ သိရသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စာရင်းအရ အာမခံထားရှိသည့် အလုပ်ဌာနပေါင်း (၃၅၆၁၀) ရှိပြီး အာမခံလုပ်သား (၁၃၅၀၁၅၇)ဦး မှတ်ပုံတင်ထားကြောင်း သိရသည်။

လက်ရှိတွင် လူမှုဖူလုံရေးအဖွဲ့မှ ဖွင့်လှစ်ထားသည့် ဆေးရုံ (၃)ရုံရှိကာ ရန်ကုန်တိုင်းဒေသကြီးတွင် (၂)ခု ၊ မန္တလေးတိုင်း ဒေသကြီးတွင် တစ်ခုဖြစ်ပြီး ဆေးခန်းပေါင်း (၂၄၀)ကျော်ရှိကြောင်း သိရသည်။

“ပြည်နယ် နဲ့ တိုင်းအလိုက် ဆေးရုံဆေးခန်းတွေကတော့ ၂၄၀ ကျော်လောက်တော့ ရှိပါတယ်။ ဆေးရုံကြီးကတော့ (၃)ရုံပေါ့နော်။ ရန်ကုန်တိုင်းဒေသကြီးမှာ (၂)ရုံ ၊ မန္တလေးတိုင်း ဒေသကြီးမှာ တစ်ရုံပေါ့။ လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးခန်းကတော့ ၉၆ခန်း ရှိပါတယ်။ နောက် ဌာနကြီးဆေးခန်းက ဆရာဝန်တစ်ယောက်နဲ့ သူနာပြုတစ်ယောက် နဲ့ ဆေးခန်းရှိရပါတယ်။ အဲဒီလို ဆေးခန်းက ကျွန်မတို့နဲ့ စာချုပ်ချုပ်ဆိုထားတာ (၆၁)ခန်း ရှိပါတယ်။ နောက် Fees For Service ကတော့ (၇၃) ခန်းရှိပါတယ်။ ကျွန်မတို့က Provider , Purchaser ဆိုပြီး အဲဒီစနစ်နဲ့ လုပ်တာမှာ Payment ကတော့ (၂)မျိုးပေါ့နော်။ နောက် သားဖွားဆေးရုံဆေးခန်းက (၂၀)ကျော်ရှိပါတယ်။ တိုင်းရင်းဆေးခန်းက (၁)ခန်းရှိတဲ့အတွက် စုစုပေါင်း (၂၄၀)ကျော် ရှိပါတယ်” ဟု လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက The Statesman ဂျာနယ်သို့ပြောသည်။


ထို့ပြင် Mobile Medical Unit ဖြစ်သည့် ကား (၄)စီးဖြင့် လှည့်လည်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။

“အာမခံ လုပ်သားတွေက အဲဒီဆေးရုံဆေးခန်းတွေ မှာ အခမဲ့ သွား‌ရောက်ကုသနိုင်ပါတယ်။ ပြင်ပလူနာက တစ်နှစ်တစ်နှစ်ကို လာရောက်ကုသတာ (၁၁)သိန်း၊ (၁၂) သိန်းကျော်ရှိပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကတော့ (၁၅) သိန်းကျော် ရှိခဲ့့ပါတယ်။ လူဦးရေအနေနဲ့ မဟုတ်ဘဲ Visit ပေါ့။ လာရောက်ပြသတဲ့အကြိမ်အရေအတွက်ကို တွက်တာ။ ဆေးရုံကြီးတွေမှာ အတွင်းလူနာအနေနဲ့ တက်ဖူးတာက တစ်နှစ်ကို (၃)ထောင်ကျော်လောက်ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

လူမှုဖူလုံရေးနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာရန်အတွက် လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူ များအနေဖြင့် လုပ်ငန်းဌာန များထံ သွားရောက်၍ လူမှု ဖူလုံ‌ရေး၏ အကျိုးခံစားခွင့်များနှင့် ပတ်သက်၍ ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
လူမႈဖူလုံေရးေဆး႐ုံ၊ ေဆးခန္း (၂၄၀)ေက်ာ္ရွိၿပီး ႏွစ္စဥ္ က်န္းမာေရးေစာင့္ေရွာက္မႈအႀကိမ္ေရ (၁၁)သိန္းေက်ာ္ ျပဳလုပ္ ေပးထားဟုဆို
Pearl(NP News)-ဩဂုတ္ ၂၈

လူမႈဖူလုံေရးအဖြဲ႕မွ ဖြင့္လွစ္ထားသည့္ ေဆး႐ုံ၊ ေဆးခန္း (၂၄၀)ေက်ာ္ရွိၿပီး ႏွစ္စဥ္ က်န္းမာေရးေစာင့္ေရွာက္မႈအႀကိမ္ေရ (၁၁)သိန္းေက်ာ္ ျပဳလုပ္ ေပးထားေၾကာင္း လူမႈဖူလုံေရးအဖြဲ႕ထံမွ သိရသည္။

၂၀၂၅ ခုႏွစ္၊ ဇူလိုင္လ စာရင္းအရ အာမခံထားရွိသည့္ အလုပ္ဌာနေပါင္း (၃၅၆၁၀) ရွိၿပီး အာမခံလုပ္သား (၁၃၅၀၁၅၇)ဦး မွတ္ပုံတင္ထားေၾကာင္း သိရသည္။

လက္ရွိတြင္ လူမႈဖူလုံေရးအဖြဲ႕မွ ဖြင့္လွစ္ထားသည့္ ေဆး႐ုံ (၃)႐ုံရွိကာ ရန္ကုန္တိုင္းေဒသႀကီးတြင္ (၂)ခု ၊ မႏၲေလးတိုင္း ေဒသႀကီးတြင္ တစ္ခုျဖစ္ၿပီး ေဆးခန္းေပါင္း (၂၄၀)ေက်ာ္ရွိေၾကာင္း သိရသည္။

“ျပည္နယ္ နဲ႔ တိုင္းအလိုက္ ေဆး႐ုံေဆးခန္းေတြကေတာ့ ၂၄၀ ေက်ာ္ေလာက္ေတာ့ ရွိပါတယ္။ ေဆး႐ုံႀကီးကေတာ့ (၃)႐ုံေပါ့ေနာ္။ ရန္ကုန္တိုင္းေဒသႀကီးမွာ (၂)႐ုံ ၊ မႏၲေလးတိုင္း ေဒသႀကီးမွာ တစ္႐ုံေပါ့။ လူမႈဖူလုံေရးအဖြဲ႕ပိုင္ ေဆးခန္းကေတာ့ ၉၆ခန္း ရွိပါတယ္။ ေနာက္ ဌာနႀကီးေဆးခန္းက ဆရာဝန္တစ္ေယာက္နဲ႔ သူနာျပဳတစ္ေယာက္ နဲ႔ ေဆးခန္းရွိရပါတယ္။ အဲဒီလို ေဆးခန္းက ကြၽန္မတို႔နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတာ (၆၁)ခန္း ရွိပါတယ္။ ေနာက္ Fees For Service ကေတာ့ (၇၃) ခန္းရွိပါတယ္။ ကြၽန္မတို႔က Provider , Purchaser ဆိုၿပီး အဲဒီစနစ္နဲ႔ လုပ္တာမွာ Payment ကေတာ့ (၂)မ်ိဳးေပါ့ေနာ္။ ေနာက္ သားဖြားေဆး႐ုံေဆးခန္းက (၂၀)ေက်ာ္ရွိပါတယ္။ တိုင္းရင္းေဆးခန္းက (၁)ခန္းရွိတဲ့အတြက္ စုစုေပါင္း (၂၄၀)ေက်ာ္ ရွိပါတယ္” ဟု လူမႈဖူလုံေရးအဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက The Statesman ဂ်ာနယ္သို႔ေျပာသည္။


ထို႔ျပင္ Mobile Medical Unit ျဖစ္သည့္ ကား (၄)စီးျဖင့္ လွည့္လည္၍ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။

“အာမခံ လုပ္သားေတြက အဲဒီေဆး႐ုံေဆးခန္းေတြ မွာ အခမဲ့ သြား‌ေရာက္ကုသႏိုင္ပါတယ္။ ျပင္ပလူနာက တစ္ႏွစ္တစ္ႏွစ္ကို လာေရာက္ကုသတာ (၁၁)သိန္း၊ (၁၂) သိန္းေက်ာ္ရွိပါတယ္။ ၿပီးခဲ့တဲ့ ဘ႑ာႏွစ္ကေတာ့ (၁၅) သိန္းေက်ာ္ ရွိခဲ့့ပါတယ္။ လူဦးေရအေနနဲ႔ မဟုတ္ဘဲ Visit ေပါ့။ လာေရာက္ျပသတဲ့အႀကိမ္အေရအတြက္ကို တြက္တာ။ ေဆး႐ုံႀကီးေတြမွာ အတြင္းလူနာအေနနဲ႔ တက္ဖူးတာက တစ္ႏွစ္ကို (၃)ေထာင္ေက်ာ္ေလာက္ရွိပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

လူမႈဖူလုံေရးႏွင့္ ပတ္သက္၍ ျပည္သူမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ သိရွိလာရန္အတြက္ လူမႈဖူလုံေရးအဖြဲ႕မွ တာဝန္ရွိသူ မ်ားအေနျဖင့္ လုပ္ငန္းဌာန မ်ားထံ သြားေရာက္၍ လူမႈ ဖူလုံ‌ေရး၏ အက်ိဳးခံစားခြင့္မ်ားႏွင့္ ပတ္သက္၍ ေဟာေျပာပြဲမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.