ခက်ခက်ခဲခဲ ဖြတ်ကျော်တိုက်ခိုက်ကာ ဂုတ်တွင်းတံတားနှင့် ဂုတ်ထိပ်မီးရထား လမ်းနေရာတစ်ဝိုက်အား ပြန်ရ

 1171

သုတကျော် (NP News) - ဩဂုတ် ၃ဝ

ရန်သူ မျှော်လင့်မထားသည့်နေရာ မှ ခက်ခက်ခဲခဲဖြတ်ကျော်တိုက်ခိုက်ကာ ဂုတ်တွင်းတံတားနှင့် ဂုတ်ထိပ် မီးရထား လမ်းနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
TNLA အဖွဲ့ နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် တပ်မတော်က တန်ပြန်ထိုးစစ်များဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် နောင်ချိုမြို့တစ်မြို့လုံးအား တပ်မတော်က အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ တပ်မတော်အနေဖြင့် နောင်ချိုမြို့မှတစ်ဆင့် ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် ပြည်ထောင်စုလမ်းမကြီးဖြစ်သော မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် နောင်ချို-ကျောက်မဲလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ နောင်ချိုမြို့မှ ဆုတ်ခွာပြီးနောက်ပိုင်း လမ်းကြောင်းတစ်လျှောက် ခုခံမည့်နေရာများအား နယ်မြေရှင်း လင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ တပ်မတော်စစ်ကြောင်းများသည် နောင်ချို-ဂုတ်တွင်း လမ်းကြောင်း၊ နောင်ချို- ဂုတ်ထိပ်မီးရထားလမ်း လမ်းကြောင်းများဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲ၍ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြား ဂုတ်တွင်းတံတားနှင့် ဂုတ်ထိပ်မီးရထားလမ်းကြား နေရာတစ်ဝိုက်ရှိ မြေပြင်အနေအထားသည် ပေ ၃၀၀ ကျော်နက်ပြီး တစ်ဖက်နှင့်တစ်ဖက် ပေ ၂၀၀၀ ကျော်ဝေးကွာသော သဘာဝအတားအဆီး ချောက်ကမ်းပါးရှိနေပြီး အကြမ်းဖက်သောင်းကျန်း သူများအနေဖြင့်လည်း အဆိုပါမြေအနေအထားကို အခွင့်အကောင်းယူ၍ ကမ်းပါးတစ်လျှောက် အခိုင်အမာ ကွန်ကရစ်ဘန်ကာများ တည်ဆောက်ကာ အပေါ်စီးမှ စိုးမိုးနေရာယူကာ တပ်မတော်စစ်ကြောင်းများ ဆက်လက်ချီတက်နိုင်မှု မရှိစေရန်အတွက် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ရန် စီမံထားကြောင်း တပ်မတော်စစ်ကြောင်းများက ထောက်လှမ်းသိရှိခဲ့ရသည်ဟု ဖော်ပြထားသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါနေရာများအား ဖြတ်ကျော်ရန် နည်းလမ်းမျိုးစုံဖြင့် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း မြေအနေအထားအရ မိမိဘက်မှ အရေးသာမှုမရှိသည့်အတွက် ရန်သူအား အဆိုပါနေရာတစ်ဝိုက်တွင် ရင်ဆိုင်ထိန်းချုပ်ထားပြီး ကျန်စစ်ကြောင်းများအနေဖြင့် ရန်သူမျှော်လင့်မထားသည့် ဂုတ်ထိပ်တံတား တောင်ဘက် ၈ ကီလိုမီတာခန့်အကွာနေရာမှတစ်ဆင့် နမ့်ပန်စီချောင်း၏ ချောက်ကမ်းပါးအား ခဲရာခဲဆစ် ဖြတ်ကျော်လျက် နမ့်ပန်စီချောင်း တစ်ဖက်ကမ်းသို့ ခက်ခက်ခဲခဲဖြတ်ကူးကာ ရန်သူနောက်ကျောဖြစ်သည့် နောင်ပိန်ကျေးရွာအား စစ်နည်းဗျူဟာမြောက် မြေပြင်၊ ဝေဟင်ပေါင်းစပ်ပြီး အကြမ်းဖက်သောင်းကျန်းသူများအား လိုက်လံတိုက်ခိုက်ချေမှုန်း၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် ခဲတုံကြိုင်ကျေးရွာ၊ ၂၁ ရက်တွင် ကောင်းပိုကျေးရွာ၊ ၂၂ ရက်တွင် ထန်းတပင်ကျေးရွာ၊ ၂၃ ရက်တွင် ပန်တိကျေးရွာ၊ ၂၄ ရက်တွင် နောင်ပိန်ကျေးရွာ၊ ပင်ပေါကျေးရွာနှင့် ဇီးပင်စခန်းကျေးရွာ၊ ၂၅ ရက်တွင် ကျောင်းကုန်းကျေးရွာ၊ ၂၆ ရက်တွင် စန္ဒမုနိ ကျောင်းတိုက်၊ ၂၇ ရက်တွင် နောင်ပစ်လမ်းခွဲနှင့် ဂုတ်တွင်းတံတား၊ ၂၈ ရက်တွင် ရှုခင်းသာ၊ ယနေ့တွင် ဂုတ်ထိပ်တံတားနှင့် အဆိုပါ ဒေသတစ်ဝိုက်တို့ကို အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ဆင်ရေးကာလ ၁၂ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် (၄၇) ကြိမ်ဖြစ်ပွားခဲ့ကာ ရန်သူ့အလောင်း ၂၉ လောင်းနှင့် လက်နက်မျိုးစုံ ၂၃ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူများအား အခိုင်အမာခံစစ်စခန်းတည်ဆောက်ထားသည့် ဂုတ်တွင်း နှင့် ဂုတ်ထိပ်မီးရထားလမ်းတံတားနေရာတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်ခဲ့ရာတွင် သဘာဝအတားအဆီးကိုအကာအကွယ်ယူ၍ မြေအနေအထားအသာစီးရယူထားသော အကြမ်းဖက်သောင်းကျန်းသူတို့အား နောင်ချိုမြို့ဘက်ခြမ်း ဂုတ်တွင်းနှင့် ဂုတ်ထိပ်မီးရထားလမ်းတွင်ရှိသော တပ်မတော်စစ်ကြောင်းများအနေဖြင့် ရန်သူ့အား ရင်ဆိုင်ထိန်းချုပ်ထားပြီး ကျန်စစ်ကြောင်းများအနေဖြင့် ရန်သူ့မျှော်လင့်ထားခြင်းမရှိသော လမ်းကြောင်းမှ ရန်သူ၏နောက်ကျောဖြစ်သည့် နောင်ပိန်ကျေးရွာအား ဦးစွာဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောင်ပိန်ကျေးရွာမှတစ်ဆင့် ဂုတ်တွင်းနှင့် ဂုတ်ထိပ်ဒေသတစ်ဝိုက်အား ရန်သူ့နောက်ကျောမှ အဆင့်ဆင့်ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် တပ်မတော်စစ်ကြောင်းများနှင့် တိုက်ပွဲများဖြစ်ပွားစဉ်ကာလအတွင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အပိုင်း မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၇၈/၂-၇၈/၃) အတွင်းတည်ရှိသည့် တံတားအမှတ် (၉/၈၄)၊ သံကူကွန်ကရစ်တံတားအားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် ဂုတ်တွင်းတံတား (အသစ်) နှင့် (အဟောင်း) နေရာနှစ်ခုကို ဒုတိယအကြိမ်မြောက်အဖြစ်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာကျော် ရှေးဟောင်းတံတားတစ်စင်းဖြစ်သည့် ဂုတ်ထိပ်တံတား၏ ကျောက်မဲမြို့ဘက်အခြမ်းရှိ တံတားတိုင်အမှတ် (P - 16) နှင့် ကမ်းကပ်ခုံ (AB - 2) နေရာတို့အကြား ပေ ၆၀ အရှည်ရှိ တံတားသံပေါင်နေရာနှင့် တံတား၏ ကမ်းကပ်ခုံ (AB-2) တို့အားလည်းကောင်း အကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းနှင့် နောင်ချို-ကျောက်မဲ လမ်းကြောင်းတစ်လျှောက်၌ လမ်းပန်းဆက်သွယ်ရေးများ အခက်အခဲဖြစ်စေရန်အတွက် အတားအဆီးများပြုလုပ်၍ လမ်းများ ပိတ်ဆို့ထားခြင်းတို့ကို လုပ်ဆောင်ခဲ့ကြကြောင်း ဖော်ပြထားသည်။
ထိုသို့ အကြမ်းဖက်သမားများလုပ်ဆောင်ခဲ့သည့် လမ်းကြောင်းတစ်လျှောက်ရှိ အတားအဆီးနေရာများနှင့် လမ်းတံတားများအား တပ်မတော်စစ်ကြောင်းများက လူအင်အားနှင့် စက်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းများနှင့် ဂုတ်တွင်းတံတားအား အများပြည်သူပြန်လည်အသုံးပြုနိုင်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်မှ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့များက ယာယီသံပေါင်ဘေလီတံတားထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ခက္ခက္ခဲခဲ ျဖတ္ေက်ာ္တိုက္ခိုက္ကာ ဂုတ္တြင္းတံတားႏွင့္ ဂုတ္ထိပ္ မီးရထား လမ္းေနရာတစ္ဝိုက္အား ျပန္ရ
သုတေက်ာ္ (NP News) - ဩဂုတ္ ၃ဝ

ရန္သူ ေမွ်ာ္လင့္မထားသည့္ေနရာ မွ ခက္ခက္ခဲခဲျဖတ္ေက်ာ္တိုက္ခိုက္ကာ ဂုတ္တြင္းတံတားႏွင့္ ဂုတ္ထိပ္ မီးရထား လမ္းေနရာတစ္ဝိုက္အား တပ္မေတာ္စစ္ေၾကာင္းမ်ားက ျပန္လည္သိမ္းပိုက္ရရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္ကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
TNLA အဖြဲ႕ ႏွင့္ PDF အမည္ခံအၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေခတၱစိုးမိုးထားသည့္ ေနာင္ခ်ိဳၿမိဳ႕အား ျပန္လည္သိမ္းပိုက္ရရွိေရးအတြက္ တပ္မေတာ္က တန္ျပန္ထိုးစစ္မ်ားျဖင့္ အၾကမ္းဖက္ေခ်မႈန္းေရးစစ္ဆင္ေရးမ်ား ေဆာင္႐ြက္ခဲ့ရာ ၂၀၂၅ ခုႏွစ္၊ ဇူလိုင္လ ၁၆ ရက္တြင္ ေနာင္ခ်ိဳၿမိဳ႕တစ္ၿမိဳ႕လုံးအား တပ္မေတာ္က အၿပီးတိုင္ ေအာင္ျမင္စြာသိမ္းပိုက္ႏိုင္ခဲ့ၿပီးျဖစ္သည္။
ဆက္လက္၍ တပ္မေတာ္အေနျဖင့္ ေနာင္ခ်ိဳၿမိဳ႕မွတစ္ဆင့္ ကုန္စည္စီးဆင္းမႈအတြက္ အဓိကအေရးပါသည့္ ျပည္ေထာင္စုလမ္းမႀကီးျဖစ္ေသာ မႏၲေလး-လားရႈိး-မူဆယ္ လမ္းမႀကီးေပၚရွိ အဓိကလမ္းေၾကာင္းတစ္ခုျဖစ္သည့္ ေနာင္ခ်ိဳ-ေက်ာက္မဲလမ္းပိုင္းအား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေနာင္ခ်ိဳၿမိဳ႕မွ ဆုတ္ခြာၿပီးေနာက္ပိုင္း လမ္းေၾကာင္းတစ္ေလွ်ာက္ ခုခံမည့္ေနရာမ်ားအား နယ္ေျမရွင္း လင္းေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ႏိုင္ေရး လိုအပ္သည့္ျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထိုသို႔ေဆာင္႐ြက္ခဲ့ရာ တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ ေနာင္ခ်ိဳ-ဂုတ္တြင္း လမ္းေၾကာင္း၊ ေနာင္ခ်ိဳ- ဂုတ္ထိပ္မီးရထားလမ္း လမ္းေၾကာင္းမ်ားျဖင့္ စစ္ေၾကာင္း ၂ ေၾကာင္းခြဲ၍ နယ္ေျမရွင္းလင္းေရးေဆာင္႐ြက္ခဲ့ရာ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕အၾကား ဂုတ္တြင္းတံတားႏွင့္ ဂုတ္ထိပ္မီးရထားလမ္းၾကား ေနရာတစ္ဝိုက္ရွိ ေျမျပင္အေနအထားသည္ ေပ ၃၀၀ ေက်ာ္နက္ၿပီး တစ္ဖက္ႏွင့္တစ္ဖက္ ေပ ၂၀၀၀ ေက်ာ္ေဝးကြာေသာ သဘာဝအတားအဆီး ေခ်ာက္ကမ္းပါးရွိေနၿပီး အၾကမ္းဖက္ေသာင္းက်န္း သူမ်ားအေနျဖင့္လည္း အဆိုပါေျမအေနအထားကို အခြင့္အေကာင္းယူ၍ ကမ္းပါးတစ္ေလွ်ာက္ အခိုင္အမာ ကြန္ကရစ္ဘန္ကာမ်ား တည္ေဆာက္ကာ အေပၚစီးမွ စိုးမိုးေနရာယူကာ တပ္မေတာ္စစ္ေၾကာင္းမ်ား ဆက္လက္ခ်ီတက္ႏိုင္မႈ မရွိေစရန္အတြက္ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားျပဳလုပ္ရန္ စီမံထားေၾကာင္း တပ္မေတာ္စစ္ေၾကာင္းမ်ားက ေထာက္လွမ္းသိရွိခဲ့ရသည္ဟု ေဖာ္ျပထားသည္။

တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ အဆိုပါေနရာမ်ားအား ျဖတ္ေက်ာ္ရန္ နည္းလမ္းမ်ိဳးစုံျဖင့္ သက္စြန႔္ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ေသာ္လည္း ေျမအေနအထားအရ မိမိဘက္မွ အေရးသာမႈမရွိသည့္အတြက္ ရန္သူအား အဆိုပါေနရာတစ္ဝိုက္တြင္ ရင္ဆိုင္ထိန္းခ်ဳပ္ထားၿပီး က်န္စစ္ေၾကာင္းမ်ားအေနျဖင့္ ရန္သူေမွ်ာ္လင့္မထားသည့္ ဂုတ္ထိပ္တံတား ေတာင္ဘက္ ၈ ကီလိုမီတာခန႔္အကြာေနရာမွတစ္ဆင့္ နမ့္ပန္စီေခ်ာင္း၏ ေခ်ာက္ကမ္းပါးအား ခဲရာခဲဆစ္ ျဖတ္ေက်ာ္လ်က္ နမ့္ပန္စီေခ်ာင္း တစ္ဖက္ကမ္းသို႔ ခက္ခက္ခဲခဲျဖတ္ကူးကာ ရန္သူေနာက္ေက်ာျဖစ္သည့္ ေနာင္ပိန္ေက်း႐ြာအား စစ္နည္းဗ်ဴဟာေျမာက္ ေျမျပင္၊ ေဝဟင္ေပါင္းစပ္ၿပီး အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအား လိုက္လံတိုက္ခိုက္ေခ်မႈန္း၍ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ရာ ၂၀၂၅ ခုႏွစ္၊ ဩဂုတ္ ၁၉ ရက္တြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေခတၱစိုးမိုးထားသည့္ ခဲတုံႀကိဳင္ေက်း႐ြာ၊ ၂၁ ရက္တြင္ ေကာင္းပိုေက်း႐ြာ၊ ၂၂ ရက္တြင္ ထန္းတပင္ေက်း႐ြာ၊ ၂၃ ရက္တြင္ ပန္တိေက်း႐ြာ၊ ၂၄ ရက္တြင္ ေနာင္ပိန္ေက်း႐ြာ၊ ပင္ေပါေက်း႐ြာႏွင့္ ဇီးပင္စခန္းေက်း႐ြာ၊ ၂၅ ရက္တြင္ ေက်ာင္းကုန္းေက်း႐ြာ၊ ၂၆ ရက္တြင္ စႏၵမုနိ ေက်ာင္းတိုက္၊ ၂၇ ရက္တြင္ ေနာင္ပစ္လမ္းခြဲႏွင့္ ဂုတ္တြင္းတံတား၊ ၂၈ ရက္တြင္ ရႈခင္းသာ၊ ယေန႔တြင္ ဂုတ္ထိပ္တံတားႏွင့္ အဆိုပါ ေဒသတစ္ဝိုက္တို႔ကို အဆင့္ဆင့္ ျပန္လည္သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး စစ္ဆင္ေရးကာလ ၁၂ ရက္အတြင္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲႀကီး/ငယ္ (၄၇) ႀကိမ္ျဖစ္ပြားခဲ့ကာ ရန္သူ႔အေလာင္း ၂၉ ေလာင္းႏွင့္ လက္နက္မ်ိဳးစုံ ၂၃ လက္တို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအား အခိုင္အမာခံစစ္စခန္းတည္ေဆာက္ထားသည့္ ဂုတ္တြင္း ႏွင့္ ဂုတ္ထိပ္မီးရထားလမ္းတံတားေနရာတို႔အား တိုက္ခိုက္သိမ္းပိုက္ႏိုင္ေရးေဆာင္႐ြက္ခဲ့ရာတြင္ သဘာဝအတားအဆီးကိုအကာအကြယ္ယူ၍ ေျမအေနအထားအသာစီးရယူထားေသာ အၾကမ္းဖက္ေသာင္းက်န္းသူတို႔အား ေနာင္ခ်ိဳၿမိဳ႕ဘက္ျခမ္း ဂုတ္တြင္းႏွင့္ ဂုတ္ထိပ္မီးရထားလမ္းတြင္ရွိေသာ တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ ရန္သူ႔အား ရင္ဆိုင္ထိန္းခ်ဳပ္ထားၿပီး က်န္စစ္ေၾကာင္းမ်ားအေနျဖင့္ ရန္သူ႔ေမွ်ာ္လင့္ထားျခင္းမရွိေသာ လမ္းေၾကာင္းမွ ရန္သူ၏ေနာက္ေက်ာျဖစ္သည့္ ေနာင္ပိန္ေက်း႐ြာအား ဦးစြာဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီး ေနာင္ပိန္ေက်း႐ြာမွတစ္ဆင့္ ဂုတ္တြင္းႏွင့္ ဂုတ္ထိပ္ေဒသတစ္ဝိုက္အား ရန္သူ႔ေနာက္ေက်ာမွ အဆင့္ဆင့္ျပန္လည္တိုက္ခိုက္ သိမ္းပိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
TNLA အၾကမ္းဖက္အဖြဲ႕ႏွင့္ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားအေနျဖင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားစဥ္ကာလအတြင္း ၂၀၂၅ ခုႏွစ္၊ ဇူလိုင္ ၁၃ ရက္တြင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေက်ာက္မဲခ႐ိုင္၊ ေနာင္ခ်ိဳၿမိဳ႕နယ္အပိုင္း မႏၲေလး-လားရႈိး-မူဆယ္ ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ (၇၈/၂-၇၈/၃) အတြင္းတည္ရွိသည့္ တံတားအမွတ္ (၉/၈၄)၊ သံကူကြန္ကရစ္တံတားအားလည္းေကာင္း၊ ၂၀၂၅ ခုႏွစ္၊ ဇူလိုင္ ၁၅ ရက္တြင္ ဂုတ္တြင္းတံတား (အသစ္) ႏွင့္ (အေဟာင္း) ေနရာႏွစ္ခုကို ဒုတိယအႀကိမ္ေျမာက္အျဖစ္လည္းေကာင္း၊ ၂၀၂၅ ခုႏွစ္၊ ဩဂုတ္ ၂၄ ရက္တြင္ ျမန္မာႏိုင္ငံ၏ အထင္ကရအမွတ္အသားႏွင့္ ကမာၻေက်ာ္ ေရွးေဟာင္းတံတားတစ္စင္းျဖစ္သည့္ ဂုတ္ထိပ္တံတား၏ ေက်ာက္မဲၿမိဳ႕ဘက္အျခမ္းရွိ တံတားတိုင္အမွတ္ (P - 16) ႏွင့္ ကမ္းကပ္ခုံ (AB - 2) ေနရာတို႔အၾကား ေပ ၆၀ အရွည္ရွိ တံတားသံေပါင္ေနရာႏွင့္ တံတား၏ ကမ္းကပ္ခုံ (AB-2) တို႔အားလည္းေကာင္း အၾကမ္းဖက္သမားမ်ားက ယုတ္မာ႐ိုင္းစိုင္းစြာ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ျခင္းႏွင့္ ေနာင္ခ်ိဳ-ေက်ာက္မဲ လမ္းေၾကာင္းတစ္ေလွ်ာက္၌ လမ္းပန္းဆက္သြယ္ေရးမ်ား အခက္အခဲျဖစ္ေစရန္အတြက္ အတားအဆီးမ်ားျပဳလုပ္၍ လမ္းမ်ား ပိတ္ဆို႔ထားျခင္းတို႔ကို လုပ္ေဆာင္ခဲ့ၾကေၾကာင္း ေဖာ္ျပထားသည္။
ထိုသို႔ အၾကမ္းဖက္သမားမ်ားလုပ္ေဆာင္ခဲ့သည့္ လမ္းေၾကာင္းတစ္ေလွ်ာက္ရွိ အတားအဆီးေနရာမ်ားႏွင့္ လမ္းတံတားမ်ားအား တပ္မေတာ္စစ္ေၾကာင္းမ်ားက လူအင္အားႏွင့္ စက္ယႏၲရားမ်ားအသုံးျပဳ၍ ဖယ္ရွားရွင္းလင္းျခင္းမ်ားႏွင့္ ဂုတ္တြင္းတံတားအား အမ်ားျပည္သူျပန္လည္အသုံးျပဳႏိုင္ေရးႏွင့္ ပို႔ေဆာင္ဆက္သြယ္ေရး အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ တပ္မေတာ္မွ စစ္ေျမျပင္အင္ဂ်င္နီယာတပ္ဖြဲ႕မ်ားက ယာယီသံေပါင္ေဘလီတံတားထိုးျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိၿပီး လိုအပ္သည့္ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.