အမှတ်(၁) ရေနံချက်စက်ရုံတွင် Modular Type စက်ရုံကို ယခုနှစ်ကုန်တွင် လည်ပတ်ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေ

 658

Pearl (NP News) – သြဂုတ် ၃၁

အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) တွင် Modular Type စက်ရုံကို ယခုနှစ်အကုန်တွင် လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)တွင် ပထမအဆင့်အနေဖြင့် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ငါးသိန်း ချက်လုပ်နိုင်သော Modular Type စက်ရုံအား ယခုနှစ်အကုန်တွင် လည်ပတ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စက်ပစ္စည်းများထုတ်လုပ်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီး ရေနံစိမ်းနှင့် ရေနံထွက် ပစ္စည်းဖြန့်ဖြူးပေးမည့် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းမှာ ၁၀ ရာခိုင်နှုန်း နှင့် စက်ရုံအတွက် လိုအပ်မည့် သဘာဝဓာတ်ငွေ့များ ပို့လွှတ်ပေးနိုင်ရန် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အလားတူ မြေပြင်စက်ရုံတည်ဆောက်နေမှုလုပ်ငန်းမှာ ၂၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေကာ သတ်မှတ်ထားသည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရသည်။

ဒုတိယအဆင့်အနေဖြင့် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန်သုံးသန်းချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံ အသစ်ကို ၂၀၂၈ ခုနှစ်အတွင်း တည်ဆောက်ပြီးစီးရန် လျာထားဆောင်ရွက်နေကြောင်းလည်း သိရသည်။

အဆိုပါ စီမံကိန်းများပြီးစီးပါက နိုင်ငံတော်အတွက် လိုအပ်သည့် အဆင့်မြင့်စက်သုံးဆီများကို ပြည်တွင်းတွင် ချက်လုပ်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အမွတ္(၁) ေရနံခ်က္စက္႐ုံတြင္ Modular Type စက္႐ုံကို ယခုႏွစ္ကုန္တြင္ လည္ပတ္ထုတ္လုပ္ႏိုင္ေရးေဆာင္႐ြက္ေန
Pearl (NP News) – ၾသဂုတ္ ၃၁

အမွတ္(၁)ေရနံခ်က္စက္႐ုံ(သန္လ်င္) တြင္ Modular Type စက္႐ုံကို ယခုႏွစ္အကုန္တြင္ လည္ပတ္ထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

စြမ္းအင္ဝန္ႀကီးဌာနသည္ ႏိုင္ငံေတာ္၏ စက္သုံးဆီလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ အမွတ္(၁) ေရနံခ်က္စက္႐ုံ(သန္လ်င္)တြင္ ပထမအဆင့္အေနျဖင့္ တစ္ႏွစ္လွ်င္ ေရနံစိမ္းတန္ခ်ိန္ ငါးသိန္း ခ်က္လုပ္ႏိုင္ေသာ Modular Type စက္႐ုံအား ယခုႏွစ္အကုန္တြင္ လည္ပတ္ထုတ္လုပ္ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

စက္ပစၥည္းမ်ားထုတ္လုပ္မႈ ၁၀၀ ရာခိုင္ႏႈန္းၿပီးစီးေနၿပီး ေရနံစိမ္းႏွင့္ ေရနံထြက္ ပစၥည္းျဖန႔္ျဖဴးေပးမည့္ ပိုက္လိုင္းသြယ္တန္းျခင္းလုပ္ငန္းမွာ ၁၀ ရာခိုင္ႏႈန္း ႏွင့္ စက္႐ုံအတြက္ လိုအပ္မည့္ သဘာဝဓာတ္ေငြ႕မ်ား ပို႔လႊတ္ေပးႏိုင္ရန္ ပိုက္လိုင္းသြယ္တန္းျခင္းလုပ္ငန္းမွာ ၉၀ ရာခိုင္ႏႈန္း ၿပီးစီးၿပီျဖစ္ေၾကာင္း သိရသည္။

အလားတူ ေျမျပင္စက္႐ုံတည္ေဆာက္ေနမႈလုပ္ငန္းမွာ ၂၅ ရာခိုင္ႏႈန္း တည္ေဆာက္ၿပီးစီးေနကာ သတ္မွတ္ထားသည့္ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလတြင္ လည္ပတ္ထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိ ေၾကာင္းလည္း သိရသည္။

ဒုတိယအဆင့္အေနျဖင့္ တစ္ႏွစ္လွ်င္ ေရနံစိမ္းတန္ခ်ိန္သုံးသန္းခ်က္လုပ္ႏိုင္သည့္ ေရနံခ်က္စက္႐ုံ အသစ္ကို ၂၀၂၈ ခုႏွစ္အတြင္း တည္ေဆာက္ၿပီးစီးရန္ လ်ာထားေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။

အဆိုပါ စီမံကိန္းမ်ားၿပီးစီးပါက ႏိုင္ငံေတာ္အတြက္ လိုအပ္သည့္ အဆင့္ျမင့္စက္သုံးဆီမ်ားကို ျပည္တြင္းတြင္ ခ်က္လုပ္သုံးစြဲႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.