ဗိုလ်ချုပ်မှူးကြီး၏ EV ကားပေါ်လစီနှင့် ဈေးကွက် အရောင်းမသွက်ဘဲ ခပ်မြော့မြော့သာ ကျန်

1725

အေဝိုင်အီး (NP News)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏မူဝါဒ တစ်ခုဖြစ်ခဲ့သော EV ကားပေါ်လစီသည် ဈေးကွက် အတွင်း တင်သွင်းရောင်းချမှုကာလ နှစ်နှစ်နီးပါးရှိလာပြီးနောက် ခပ်မြော့မြော့သာ ကျန်တော့ကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းက ထုတ်ဖော်ပြောကြားလာသည်။
၂၀၂၃ ခုနှစ်က စတင်ခဲ့သော EV ကား ပေါ်လစီသည် နှစ်နှစ်တာကာလအတွင်းသို့ ရောက်ရှိလာ ချိန်၌ ပြန်လည်ဆန်းစစ်ရမည့်ကိစ္စရပ်များစွာ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အမှန်တကယ်အောင်မြင်လို သည့် ဆန္ဒ ရှိ-မရှိကို သက်ဆိုင်ရာအာဏာပိုင်များကိုယ်တိုင် ဆန်းစစ်သင့်ကြောင်းလည်း လုပ်ငန်းရှင် အများစုက ထောက်ပြသည်။ “ဈေးကွက်ပျက်တဲ့အဆင့်တော့ မရောက်သေးဘူး။ ခပ်မြော့မြော့ပဲ ကျန် တော့တယ်ပေါ့။ ဒီပုံစံအတိုင်းသွားရင် နောက်နှစ်နှစ်လောက်အတွင်းမှာ EV ကားဈေးကွက်ပျက်ပြီ” ဟု နာမည်ကျော် Brand တစ်ခုကို တင်သွင်းရောင်းချနေသည့် EV ကား ကုမ္ပဏီတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိဈေးကွက်အတွင်း၌ တရုတ်နိုင်ငံမှ တင်သွင်းရောင်းချနေသည့် EV ကား Brand မျိုးစုံ ရှိထားသော်လည်း SKD ပုံစံထုတ်လုပ်ရောင်းချသည့်လုပ်ငန်းရှင်က အနည်းငယ်သာရှိထားကြောင်း၊ အဆိုပါ လုပ်ငန်းရှင်များကိုယ်တိုင်လည်း နိုင်ငံတော်၏မူဝါဒကို ယုံကြည်သောကြောင့် ဝယ်ရောင်း ဆန် ဆန် တင်သွင်းရောင်းချခြင်းမျိုးထက် နည်းပညာပြန်လည်ရယူနိုင်သော SKD ပုံစံကိုသာ ပုံအော ကြိုးစား ခဲ့ကြခြင်းမျိုးဖြစ်ကြောင်း သိရသည်။ EV ကား တင်သွင်းရောင်းချခွင့်ရထားသူ ကုမ္ပဏီပေါင်း(၅၀) ကျော် ရှိထားသည့်အထဲမှ (၁၀)ခုပင် မပြည့်သော လုပ်ငန်းရှင်များကသာ နိုင်ငံတော်၏မူဝါဒအတိုင်း စနစ်တကျ အကောင်အထည်ဖော်နေခြင်းမျိုးဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်များအားလုံးနီးပါး အခက်တွေ့နေပြီဖြစ်ကြောင်း လည်း ကြားသိရသည်။
“အခု SKD နဲ့ ထုတ်ထားတဲ့ EV ကားတွေက ပုံနေပြီလေ။ ထပ်မထုတ်သေးဘဲ ထုတ်ပြီးသားကို ထိုင်ရောင်းနေရင်တောင် (၆)လလောက် ရောင်းထုတ်နေရမှာ။ အစကတည်းက EV ကို မယုံကြည်ရင် လည်း ဆီကား SKD ပဲ ပေးလိုက်ပေါ့ဗျာ။ အခုက စက်သုံးဆီလည်း လျှော့ချချင်တယ်။ ဆီကားကိုလည်း EV နဲ့ အပြိုင် ထုတ်ခွင့်ပေးနေတယ်ဆိုတော့ ဝယ်စီးတဲ့သူတွေက အသစ်ချင်းတူရင် နောက်ဆုံးမှာ ဆီကားပဲ ရွေးကြတော့တာပေါ့” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
EV ကား SKD ထုတ်လုပ်သူများအတွက် အဓိကစိန်ခေါ်မှု သုံးခုထက်မနည်းရှိနေပြီး စက်သုံးဆီ SKD ကားများ အပြိုင်ထုတ်ခွင့်ရနေခြင်း၊ အဆိုပါ စက်သုံးဆီ SKD များအတွက် အခွန်သတ်မှတ်ချက်က EV နှင့်ကွာဟမှု နည်းပါးခြင်း၊ After Sale Service အားနည်းသော ပြည်ပမှတင်သွင်းလာသည့် Shop- ping ကားများအပေါ် စိစစ်ကန့်သတ်မှု မပြုခြင်း၊ PHEV ကဲ့သို့သော ကားများကို တင်သွင်း ထုတ်လုပ် ရောင်းချခွင့်ပြုရန် နိုင်ငံတော်က စဉ်းစားပေးနေခြင်း၊ EV – SKD ထုတ်လုပ်မှုအပေါ် အာရုံစိုက်ကူညီပေးမှု နည်း ပါးလာခြင်း အစရှိသော ကိစ္စရပ်များက နဠ ကား ဈေးကွက်ကို ခပ်မြော့မြော့သာ ကျန်ရှိလာစေ ခြင်းမျိုးဖြစ်ကြောင်း ကြားသိရသည်။ “ဈေးကွက်ထဲမှာ EV ကားဈေးတွေ ကျိုးသွားတယ်။ ဈေးနှုန်းတွေ က (၃၀) ရာခိုင်နှုန်းလောက် ကျိုးကျသွားတာ။ တချို့ဆိုရင် ဘဏ်ချိတ်နဲ့ ရောင်းတာကိုတောင် ကြော်ငြာ အား ကောင်းကောင်းသုံးနေရတယ်။ ဈေးကျတာက တစ်ဖက်ကကြည့်ရင် ကောင်းပေမယ့် ရောင်း မထွက်တဲ့အထိ ဖြစ်လာရင် ဈေးကွက်ပျက်သွားနိုင်တယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မူလရည်မှန်းချက်တွင် စက်သုံးဆီ လျှော့ချရေး၊ ကာဗွန် ထုတ်လွှတ်မှုလျှော့ချရေး၊ မြို့ပြသန့်ရှင်းသပ်ရပ်မှုနှင့် ဆူညံမှုလျော့ပါးရေးဆိုသည့်ခေါင်းစဉ်များ ပါဝင် နေပြီး တစ်နှစ်အတွင်း ကားစီးရေ (၃၀ဝဝဝ)ထက်မနည်းတင်သွင်းရန် မျှော်မှန်းထားခဲ့ဖူးသည်ဟုဆို သည်။ ယခု လက်ရှိဈေးကွက်အတွင်း၌ နှစ်နှစ်တာ ရှိလာသည့်တိုင် ကားစီးရေ (၁၀ဝဝဝ)ပင် မပြည့်သေး ကြောင်း ကြားသိရသည်။

Zawgyi Version:
ဗိုလ္ခ်ဳပ္မႉးႀကီး၏ EV ကားေပၚလစီႏွင့္ ေဈးကြက္ အေရာင္းမသြက္ဘဲ ခပ္ေျမာ့ေျမာ့သာ က်န္
ေအဝိုင္အီး (NP News)
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏မူဝါဒ တစ္ခုျဖစ္ခဲ့ေသာ EV ကားေပၚလစီသည္ ေဈးကြက္ အတြင္း တင္သြင္းေရာင္းခ်မႈကာလ ႏွစ္ႏွစ္နီးပါးရွိလာၿပီးေနာက္ ခပ္ေျမာ့ေျမာ့သာ က်န္ေတာ့ေၾကာင္း လုပ္ငန္းရွင္အသိုင္းအဝိုင္းက ထုတ္ေဖာ္ေျပာၾကားလာသည္။
၂၀၂၃ ခုႏွစ္က စတင္ခဲ့ေသာ EV ကား ေပၚလစီသည္ ႏွစ္ႏွစ္တာကာလအတြင္းသို႔ ေရာက္ရွိလာ ခ်ိန္၌ ျပန္လည္ဆန္းစစ္ရမည့္ကိစၥရပ္မ်ားစြာ ေပၚေပါက္လာျခင္းျဖစ္ၿပီး အမွန္တကယ္ေအာင္ျမင္လို သည့္ ဆႏၵ ရွိ-မရွိကို သက္ဆိုင္ရာအာဏာပိုင္မ်ားကိုယ္တိုင္ ဆန္းစစ္သင့္ေၾကာင္းလည္း လုပ္ငန္းရွင္ အမ်ားစုက ေထာက္ျပသည္။ “ေဈးကြက္ပ်က္တဲ့အဆင့္ေတာ့ မေရာက္ေသးဘူး။ ခပ္ေျမာ့ေျမာ့ပဲ က်န္ ေတာ့တယ္ေပါ့။ ဒီပုံစံအတိုင္းသြားရင္ ေနာက္ႏွစ္ႏွစ္ေလာက္အတြင္းမွာ EV ကားေဈးကြက္ပ်က္ၿပီ” ဟု နာမည္ေက်ာ္ Brand တစ္ခုကို တင္သြင္းေရာင္းခ်ေနသည့္ EV ကား ကုမၸဏီတစ္ခုမွ တာဝန္ခံတစ္ဦးက ေျပာသည္။ လက္ရွိေဈးကြက္အတြင္း၌ တ႐ုတ္ႏိုင္ငံမွ တင္သြင္းေရာင္းခ်ေနသည့္ EV ကား Brand မ်ိဳးစုံ ရွိထားေသာ္လည္း SKD ပုံစံထုတ္လုပ္ေရာင္းခ်သည့္လုပ္ငန္းရွင္က အနည္းငယ္သာရွိထားေၾကာင္း၊ အဆိုပါ လုပ္ငန္းရွင္မ်ားကိုယ္တိုင္လည္း ႏိုင္ငံေတာ္၏မူဝါဒကို ယုံၾကည္ေသာေၾကာင့္ ဝယ္ေရာင္း ဆန္ ဆန္ တင္သြင္းေရာင္းခ်ျခင္းမ်ိဳးထက္ နည္းပညာျပန္လည္ရယူႏိုင္ေသာ SKD ပုံစံကိုသာ ပုံေအာ ႀကိဳးစား ခဲ့ၾကျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။ EV ကား တင္သြင္းေရာင္းခ်ခြင့္ရထားသူ ကုမၸဏီေပါင္း(၅၀) ေက်ာ္ ရွိထားသည့္အထဲမွ (၁၀)ခုပင္ မျပည့္ေသာ လုပ္ငန္းရွင္မ်ားကသာ ႏိုင္ငံေတာ္၏မူဝါဒအတိုင္း စနစ္တက် အေကာင္အထည္ေဖာ္ေနျခင္းမ်ိဳးျဖစ္ၿပီး အဆိုပါပုဂၢိဳလ္မ်ားအားလုံးနီးပါး အခက္ေတြ႕ေနၿပီျဖစ္ေၾကာင္း လည္း ၾကားသိရသည္။
“အခု SKD နဲ႔ ထုတ္ထားတဲ့ EV ကားေတြက ပုံေနၿပီေလ။ ထပ္မထုတ္ေသးဘဲ ထုတ္ၿပီးသားကို ထိုင္ေရာင္းေနရင္ေတာင္ (၆)လေလာက္ ေရာင္းထုတ္ေနရမွာ။ အစကတည္းက EV ကို မယုံၾကည္ရင္ လည္း ဆီကား SKD ပဲ ေပးလိုက္ေပါ့ဗ်ာ။ အခုက စက္သုံးဆီလည္း ေလွ်ာ့ခ်ခ်င္တယ္။ ဆီကားကိုလည္း EV နဲ႔ အၿပိဳင္ ထုတ္ခြင့္ေပးေနတယ္ဆိုေတာ့ ဝယ္စီးတဲ့သူေတြက အသစ္ခ်င္းတူရင္ ေနာက္ဆုံးမွာ ဆီကားပဲ ေ႐ြးၾကေတာ့တာေပါ့” ဟု လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
EV ကား SKD ထုတ္လုပ္သူမ်ားအတြက္ အဓိကစိန္ေခၚမႈ သုံးခုထက္မနည္းရွိေနၿပီး စက္သုံးဆီ SKD ကားမ်ား အၿပိဳင္ထုတ္ခြင့္ရေနျခင္း၊ အဆိုပါ စက္သုံးဆီ SKD မ်ားအတြက္ အခြန္သတ္မွတ္ခ်က္က EV ႏွင့္ကြာဟမႈ နည္းပါးျခင္း၊ After Sale Service အားနည္းေသာ ျပည္ပမွတင္သြင္းလာသည့္ Shop- ping ကားမ်ားအေပၚ စိစစ္ကန႔္သတ္မႈ မျပဳျခင္း၊ PHEV ကဲ့သို႔ေသာ ကားမ်ားကို တင္သြင္း ထုတ္လုပ္ ေရာင္းခ်ခြင့္ျပဳရန္ ႏိုင္ငံေတာ္က စဥ္းစားေပးေနျခင္း၊ EV – SKD ထုတ္လုပ္မႈအေပၚ အာ႐ုံစိုက္ကူညီေပးမႈ နည္း ပါးလာျခင္း အစရွိေသာ ကိစၥရပ္မ်ားက နဠ ကား ေဈးကြက္ကို ခပ္ေျမာ့ေျမာ့သာ က်န္ရွိလာေစ ျခင္းမ်ိဳးျဖစ္ေၾကာင္း ၾကားသိရသည္။ “ေဈးကြက္ထဲမွာ EV ကားေဈးေတြ က်ိဳးသြားတယ္။ ေဈးႏႈန္းေတြ က (၃၀) ရာခိုင္ႏႈန္းေလာက္ က်ိဳးက်သြားတာ။ တခ်ိဳ႕ဆိုရင္ ဘဏ္ခ်ိတ္နဲ႔ ေရာင္းတာကိုေတာင္ ေၾကာ္ျငာ အား ေကာင္းေကာင္းသုံးေနရတယ္။ ေဈးက်တာက တစ္ဖက္ကၾကည့္ရင္ ေကာင္းေပမယ့္ ေရာင္း မထြက္တဲ့အထိ ျဖစ္လာရင္ ေဈးကြက္ပ်က္သြားႏိုင္တယ္” ဟု လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ မူလရည္မွန္းခ်က္တြင္ စက္သုံးဆီ ေလွ်ာ့ခ်ေရး၊ ကာဗြန္ ထုတ္လႊတ္မႈေလွ်ာ့ခ်ေရး၊ ၿမိဳ႕ျပသန႔္ရွင္းသပ္ရပ္မႈႏွင့္ ဆူညံမႈေလ်ာ့ပါးေရးဆိုသည့္ေခါင္းစဥ္မ်ား ပါဝင္ ေနၿပီး တစ္ႏွစ္အတြင္း ကားစီးေရ (၃၀ဝဝဝ)ထက္မနည္းတင္သြင္းရန္ ေမွ်ာ္မွန္းထားခဲ့ဖူးသည္ဟုဆို သည္။ ယခု လက္ရွိေဈးကြက္အတြင္း၌ ႏွစ္ႏွစ္တာ ရွိလာသည့္တိုင္ ကားစီးေရ (၁၀ဝဝဝ)ပင္ မျပည့္ေသး ေၾကာင္း ၾကားသိရသည္။