မြန်မာနိုင်ငံအနေဖြင့် (SCO) အဖွဲ့ဝင်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ဗိုလ်ချုပ်မှူးကြီး ပြော

417

သန့်ဇင် (NP News)-စက်တင်ဘာ ၁
မြန်မာနိုင်ငံအနေဖြင့် (SCO) အဖွဲ့ဝင်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ ( စက်တင်ဘာ ၁ရက် )တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့ရှိ Tianjin Meijiang Convention Center ၌ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) သို့ ပါဝင်တက်ရောက်ဆွေးနွေးစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည်လည်း စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်ခုဖြစ်ပြီး ပထဝီနိုင်ငံရေးအရ အချက်အခြာကျသည့်နေရာတွင် တည်ရှိလျက်ရှိသည့်အပြင် ကောင်းမွန်မျှတသော အပူပိုင်းဒေသရာသီဥတုရှိသည့်အတွက် မြန်မာ့စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်ဆောင်ရွက်နိုင်မည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကောင်းများစွာရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အနေဖြင့် ကမ္ဘာ့လူဦးရေ၏ (၄၀) ရာခိုင်နှုန်းနီးပါးနှင့် ကမ္ဘာ့ဂျီဒီပီ၏ (၃၀) ရာခိုင်နှုန်းခန့်ရှိသည့် ဒေသတစ်ခုကိုပိုင်ဆိုင်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပါအဝင် စွမ်းအင်စီမံကိန်းများ၊ စားနပ်ရိက္ခာဖူလုံမှုနှင့် စွမ်းအင်လုံခြုံရေးတို့အတွက် အရင်းအမြစ်များကို အတူတကွအသုံးပြုနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
အလားတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းရေး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် မြန်မာနိုင်ငံအနေဖြင့် သဘာဝအရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုးရေး၊ စက်မှုလက်မှုနှင့် စွမ်းအင်ကဏ္ဍတို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် မျှော်လင့်ထားကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
လုံခြုံရေးကဏ္ဍတွင်လည်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့မျက်မှောက်ခေတ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနှင့် အစွန်းရောက်ဝါဒတို့၏ ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရာတွင်ထိရောက်သည့် အောင်မြင်မှုများကို ဂုဏ်ယူဖွယ်ရာတွေ့မြင်ရကြောင်း ပြောကြားသည်။
ထို့အပြင် ခေတ်မီနည်းပညာရပ်များ ဖြစ်သည့်ဉာဏ်ရည်တု (AI) နည်းပညာနှင့် Data အုပ်ချုပ်မှုဆိုင်ရာ ဒစ်ဂျစ်တယ်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အလေးထားလုပ်ဆောင် လျက်ရှိသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ၏ အသီးအပွင့်များကို ခံစားရလျက်ရှိကာ အနာဂတ်တွင် ဖြစ်ပွားလာနိုင်သည့် ခေတ်မီနည်းပညာသုံး တိုက်ခိုက်မှုများကို စုပေါင်းကာကွယ်နိုင်သည့် အလားအလာများကိုလည်း တွေ့မြင်ရကြောင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ မူဘောင်များအောက်မှပါဝင်ကာ ဒေသလုံခြုံရေးနှင့် ခေတ်မီနည်းပညာများ ဖွံဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး Mr. Xi Jinping ၊ က ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပဏာမအဆိုပြုချက် (Global Governance Initiative(GGI) (၅) ချက်ကို တင်သွင်းခဲ့ကြောင်း၊ အဆိုပြု (၅) ချက်သည် မိမိအရှေ့ပိုင်းတွင်ဆွေးနွေးတင်ပြခဲ့သည့် အခြေအနေများနှင့် ထင်ဟပ်နေပါကြောင်း၊ လက်တွေ့ကျပါကြောင်း၊ နိုင်ငံအများအပြား ရင်ဆိုင်နေရသည့် မမျှတမှုများကို ယခုအဆိုပြုချက် (၅) ချက်ပါ လုပ်ငန်းရပ်များနှင့် ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုရမည်ဟု မိမိအနေဖြင့် အပြည့်အဝယုံကြည်ပါကြောင်း၊ ထို့ကြောင့် သမ္မတကြီး Mr. Xi Jinping ရဲ့ အဆိုပြု ချက်ကိုထောက်ခံကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။
အဆိုပါ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ SCO ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အခြားဖိတ်ကြားထားသည့် နိုင်ငံ ၂၄ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးမစတင်မီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စည်းအဝေးမစတင်မီ မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ မွန်ဂိုလီးယားနိုင်ငံသမ္မတ၊ နီပေါနိုင်ငံဝန်ကြီးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ချုပ် အတွင်းရေးမှူးချုပ်၊ ပါကစ္စတန်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့်နိုင်ငံများမှ ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအလိုက် နှစ်နိုင်ငံအကြားချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သိရသည်။

zawgyiversion
ျမန္မာႏိုင္ငံအေနျဖင့္ (SCO) အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးျမႇင့္ ေဆာင္႐ြက္သြားရန္ ေမွ်ာ္လင့္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး ေျပာ
သန႔္ဇင္ (NP News)-စက္တင္ဘာ ၁
ျမန္မာႏိုင္ငံအေနျဖင့္ (SCO) အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးျမႇင့္ ေဆာင္႐ြက္သြားရန္ ေမွ်ာ္လင့္ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားသည္။
ယေန႔ ( စက္တင္ဘာ ၁ရက္ )တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ တီယန္က်င္းၿမိဳ႕ရွိ Tianjin Meijiang Convention Center ၌က်င္းပျပဳလုပ္သည့္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ ထိပ္သီးအစည္းအေဝး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) သို႔ ပါဝင္တက္ေရာက္ေဆြးေႏြးစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္ ျမန္မာႏိုင္ငံသည္လည္း စိုက္ပ်ိဳးေရးကိုအေျခခံသည့္ ႏိုင္ငံတစ္ခုျဖစ္ၿပီး ပထဝီႏိုင္ငံေရးအရ အခ်က္အျခာက်သည့္ေနရာတြင္ တည္ရွိလ်က္ရွိသည့္အျပင္ ေကာင္းမြန္မွ်တေသာ အပူပိုင္းေဒသရာသီဥတုရွိသည့္အတြက္ ျမန္မာ့စိုက္ပ်ိဳးေရးက႑ဖြံ႕ၿဖိဳးတိုးတက္မႈမွသည္ စိုက္ပ်ိဳးေမြးျမဴေရး အေျခခံစက္မႈဖြံ႕ၿဖိဳးတိုးတက္မႈဆီကို ဦးတည္ေဆာင္႐ြက္ႏိုင္မည့္ စီးပြားေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ အခြင့္အလမ္းေကာင္းမ်ားစြာရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကဆိုသည္။
ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ (SCO) အေနျဖင့္ ကမာၻ႔လူဦးေရ၏ (၄၀) ရာခိုင္ႏႈန္းနီးပါးႏွင့္ ကမာၻ႔ဂ်ီဒီပီ၏ (၃၀) ရာခိုင္ႏႈန္းခန႔္ရွိသည့္ ေဒသတစ္ခုကိုပိုင္ဆိုင္ၿပီး အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈကို တိုးျမႇင့္ရန္ႏွင့္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ထုတ္လုပ္မႈအပါအဝင္ စြမ္းအင္စီမံကိန္းမ်ား၊ စားနပ္ရိကၡာဖူလုံမႈႏွင့္ စြမ္းအင္လုံၿခဳံေရးတို႔အတြက္ အရင္းအျမစ္မ်ားကို အတူတကြအသုံးျပဳႏိုင္ရန္ ဦးစားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာၾကားသည္။
အလားတူ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ အျပန္အလွန္အက်ိဳးျဖစ္ထြန္းေရး ပူးေပါင္းေဆာင္႐ြက္မႈက႑တြင္ ျမန္မာႏိုင္ငံအေနျဖင့္ သဘာဝအရင္းအျမစ္မ်ားစြာ ပိုင္ဆိုင္ထားသည့္ႏိုင္ငံျဖစ္ျခင္းေၾကာင့္ စိုက္ပ်ိဳးေရး၊ စက္မႈလက္မႈႏွင့္ စြမ္းအင္က႑တို႔တြင္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ (SCO) အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုတိုးျမႇင့္ ေဆာင္႐ြက္သြားရန္ ေမွ်ာ္လင့္ထားေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားသည္။
လုံၿခဳံေရးက႑တြင္လည္း ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ (SCO) အေနျဖင့္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးတြင္ တက္ႂကြစြာပူးေပါင္းေဆာင္႐ြက္လ်က္ရွိရာ ယေန႔မ်က္ေမွာက္ေခတ္တြင္ ရင္ဆိုင္ႀကဳံေတြ႕ေနရသည့္ အၾကမ္းဖက္ဝါဒ၊ ခြဲထြက္ေရးဝါဒႏွင့္ အစြန္းေရာက္ဝါဒတို႔၏ ၿခိမ္းေျခာက္မႈမ်ားကို တိုက္ဖ်က္ရာတြင္ထိေရာက္သည့္ ေအာင္ျမင္မႈမ်ားကို ဂုဏ္ယူဖြယ္ရာေတြ႕ျမင္ရေၾကာင္း ေျပာၾကားသည္။
ထို႔အျပင္ ေခတ္မီနည္းပညာရပ္မ်ား ျဖစ္သည့္ဉာဏ္ရည္တု (AI) နည္းပညာႏွင့္ Data အုပ္ခ်ဳပ္မႈဆိုင္ရာ ဒစ္ဂ်စ္တယ္နည္းပညာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကိုလည္း အေလးထားလုပ္ေဆာင္ လ်က္ရွိသည့္အတြက္ အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈမ်ား၏ အသီးအပြင့္မ်ားကို ခံစားရလ်က္ရွိကာ အနာဂတ္တြင္ ျဖစ္ပြားလာႏိုင္သည့္ ေခတ္မီနည္းပညာသုံး တိုက္ခိုက္မႈမ်ားကို စုေပါင္းကာကြယ္ႏိုင္သည့္ အလားအလာမ်ားကိုလည္း ေတြ႕ျမင္ရေၾကာင္းဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကဆိုသည္။
ျမန္မာႏိုင္ငံအေနျဖင့္လည္း ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕(SCO)၏ မူေဘာင္မ်ားေအာက္မွပါဝင္ကာ ေဒသလုံၿခဳံေရးႏွင့္ ေခတ္မီနည္းပညာမ်ား ဖြံၿဖိဳးတိုးတက္ေရးတို႔အတြက္ ပူးေပါင္းေဆာင္႐ြက္သြားလိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သမၼတႀကီး Mr. Xi Jinping ၊ က ကမာၻလုံးဆိုင္ရာ အုပ္ခ်ဳပ္မႈပဏာမအဆိုျပဳခ်က္ (Global Governance Initiative(GGI) (၅) ခ်က္ကို တင္သြင္းခဲ့ေၾကာင္း၊ အဆိုျပဳ (၅) ခ်က္သည္ မိမိအေရွ႕ပိုင္းတြင္ေဆြးေႏြးတင္ျပခဲ့သည့္ အေျခအေနမ်ားႏွင့္ ထင္ဟပ္ေနပါေၾကာင္း၊ လက္ေတြ႕က်ပါေၾကာင္း၊ ႏိုင္ငံအမ်ားအျပား ရင္ဆိုင္ေနရသည့္ မမွ်တမႈမ်ားကို ယခုအဆိုျပဳခ်က္ (၅) ခ်က္ပါ လုပ္ငန္းရပ္မ်ားႏွင့္ ထိန္းသိမ္းေဆာင္႐ြက္မည္ဆိုပါက ေအာင္ျမင္မႈရမည္ဟု မိမိအေနျဖင့္ အျပည့္အဝယုံၾကည္ပါေၾကာင္း၊ ထို႔ေၾကာင့္ သမၼတႀကီး Mr. Xi Jinping ရဲ႕ အဆိုျပဳ ခ်က္ကိုေထာက္ခံေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကဆိုသည္။
အဆိုပါ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ ထိပ္သီးအစည္းအေဝး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) သို႔ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ ထိပ္သီးအစည္းအေဝးဥကၠ႒ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သမၼတ H.E. Mr. Xi Jinping၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ SCO ထိပ္သီးအစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ အဖြဲ႕ဝင္ႏိုင္ငံမ်ား၊ ေလ့လာသူႏိုင္ငံမ်ား၊ ေဆြးေႏြးဖက္ႏိုင္ငံမ်ားႏွင့္ အျခားဖိတ္ၾကားထားသည့္ ႏိုင္ငံ ၂၄ ႏိုင္ငံမွ ႏိုင္ငံ့ေခါင္းေဆာင္မ်ား၊ ကမာၻ႔ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ Mr. Antonio Guterres ႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားမွ ေခါင္းေဆာင္မ်ားတက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အစည္းအေဝးမစတင္မီ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ စည္းအေဝးမစတင္မီ မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္၊ မြန္ဂိုလီးယားႏိုင္ငံသမၼတ၊ နီေပါႏိုင္ငံဝန္ႀကီးခ်ဳပ္၊ အာဆီယံအတြင္းေရးမႉးခ်ဳပ္၊ ရွန္ဟိုင္းပူးေပါင္း ေဆာင္႐ြက္ေရးအဖြဲ႕ခ်ဳပ္ အတြင္းေရးမႉးခ်ဳပ္၊ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ႏွင့္ အခမ္းအနားသို႔ တက္ေရာက္လာၾကသည့္ႏိုင္ငံမ်ားမွ ေခါင္းေဆာင္မ်ားႏွင့္ သီးျခားစီေတြ႕ဆုံ၍ ႏိုင္ငံအလိုက္ ႏွစ္ႏိုင္ငံအၾကားခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရးဆိုင္ရာ ကိစၥရပ္မ်ားကို ရင္းရင္းႏွီးႏွီးေဆြးေႏြးခဲ့ေၾကာင္း သိရသည္။