အမေရိကန်အားကိုးနှင့် ယူနွတ်အစိုးရ၏ ရခိုင်ပြည်နယ် သေမင်းတမန်နည်းဗျူဟာ

3533

HtayOung (NP News) - စက်တင်ဘာ ၂
မိုဟာမက်ယူနွတ်ရဲ့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရဟာ မြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်း စွန့်စားရ မယ့် အစီအစဉ်တစ်ခုကို အကောင်အထည် ဖော်နေပါတယ်။ ယခင် “ရခိုင် လူသားချင်းစာနာမှု စင်္ကြံ “စိတ်ကူးကို စွန့်လွှတ်ထားတယ်ဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီဒုက္ခသည် တွေကို စစ်ရေးလေ့ကျင့်ပေးတာနဲ့ လက်နက်တပ်ဆင်ပေးတာကို ရှေ့တိုးဆောင်ရွက်နေကြောင်း၊ ယူနွတ် အစိုးရရဲ့အကြံအစည်ဟာ ဒုက္ခသည်တွေရဲ့လူနေမှုဘဝကို ပိုမိုဆိုးရွားစေရုံမက ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ရှုပ်ထွေးသွားနိုင်ကြောင်း၊ မတည်မငြိမ်ဖြစ်မှုအကျိုးဆက်တွေဟာ ဒေသတွင်းကို ကျော်လွန်သွားပြီး အသက်ပေါင်းများစွာ ဆုံးရှုံးနိုင်ခြေရှိတယ်လို့ အမေရိကန်-ဩစေဩးလျနဲ့ ဂျပန်နိုင်ငံ အခြေစိုက် “ဒီပလိုမက်” (24 August 2025) အွန်လိုင်းမဂ္ဂဇင်းက ရေးပါတယ်။
အခုနည်းဗျူဟာရဲ့ ကနဦးနိဒါန်းမှာ အကြောင်းရင်းများစွာပေါင်းစပ်မှုကနေ ပေါ်ပေါက်လာတာ ဖြစ်ပြီး (၁၉၇၀)ပြည့်လွန်နောက်ပိုင်း ကော့ခ် ဘဇားဒေသမှာ လက်ခံထားရတဲ့ ဘင်္ဂါလီဒုက္ခသည်ပေါင်း တစ်သန်းကျော်ရဲ့ ဝန်ထုပ်ဝန်ပိုးမှ စတင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အကြမ်းဖက်မှုနဲ့ ရာဇဝတ် မှုခင်းတွေမှာ ဘင်္ဂါလီဒုက္ခသည်တွေ ပါဝင်ပတ်သက်နေလေ့ရှိပါတယ်။ ဒုက္ခသည်စခန်းတွေအတွင်း လက် နက်ကိုင်ဘင်္ဂါလီအုပ်စု (၄)ခုထက် မနည်းရှိနေပြီး ရင်းမြစ်အခက်အခဲကြောင့် လှုပ်ရှားမှုမရဘဲ ကြာမြင့် စွာ ငြိမ်သက်နေခဲ့ရတဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ဟာ အခုနှစ်ပိုင်းတွေအတွင်း အတက်ကြွဆုံးဖြစ်လာခဲ့ပါတယ်။ ရခိုင်လက်နက်ကိုင် (AA) ဟာ တိုက်ပွဲတွေမှာ အသာစီးရနေပြီး ဘင်္ဂါ လီ အများစုနေထိုင်ရာ မောင်တော အပါအဝင် ရခိုင်ပြည်နယ် (၁၇)မြို့နယ်အနက် (၁၄)မြို့နယ်ကို ထိန်း ချုပ်ထားတဲ့အတွက် ဒုက္ခသည်တွေ ထပ်မံတိုးပွားလာမှာကို ဘင်္ဂလားဒေ့ရှ်က စိုးရိမ်နေပါတယ်။
ဒါကာဟာ ဒုက္ခသည်အရေးအခင်းအတွက် အဖြေရှာဖို့ တဖွဖွတိုက်တွန်းနေပြီး နိုင်ငံတကာ အစည်းအဝေးအတော်များများမှာလည်း ဒီကိစ္စကို အလေးပေးဆွေးနွေးနေပါတယ်။ ယခင်က ဘင်္ဂလား ဒေ့ရှ်ဟာ ဒုက္ခသည်တွေကို နေရပ်ပြန်ရေးနဲ့ စောင့်ကြပ်ကူညီသူတွေကို ပို့ဆောင်ဖို့အတွက် ကော့ခ် ဘဇားနဲ့ ရခိုင်ပြည်နယ်ကိုချိတ်ဆက်ပေးမယ့် “ရခိုင်လူသားချင်းစာနာမှုစင်္ကြံ” ကို အဆိုပြုခဲ့ပါတယ်။ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ခုခံရာမှာ ခြေကုပ်တစ်နေရာရရှိမယ့် အခွင့်အရေးတစ်ခုလို့ ရှုမြင်တဲ့ အမေရိကန်က အစီအစဉ်ကို အားတက်သရောထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီတွေအတွက် Safe Zone ခေါ် “လုံခြုံရေးဇုန်” တစ်ခုဖန်တီးဖို့သာ ဖြစ်တယ်လို့ ဝေဖန်သူ တွေက ဆိုခဲ့ကြပါတယ်။ ပထဝီနိုင်ငံရေးအရ တည်နေရာများပါဝင်မှုကြောင့် အငြင်းပွားဖွယ်ဖြစ်ရပြီး တက္ကနက်ဖ်မှ စတင်ဖြတ်သန်းမယ့် စင်္ကြံကို AA က ကန့်ကွက်ခဲ့ပါတယ်။ စင်္ကြံလမ်းအတိုင်း အကူအညီ တွေ အလုံးအရင်းနဲ့ လှိမ့်ဝင်လာမယ်။ အဲဒီပစ္စည်းတွေကို ဘင်္ဂါလီလက်နက်ကိုင်တွေက လုယက်ခွင့်ရဖို့ ဖြစ်လာမယ်-ရခိုင်မြောက်ဖျား ဘင်္ဂါလီတွေအတွက် လုံခြုံမှုမရှိကြောင်း အကြောင်းပြချက်နဲ့ “လုံခြုံရေး ဇုန်” ဖြစ်လာအောင် ယူနွတ်က အကွက်ချနေတယ်လို့ သတင်းရင်းမြစ်တွေကစွပ်စွဲစရာဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ အဲဒီဇုန်ကို တခြားဘယ်သူမှတို့ထိလို့မရအောင် ကုလသမဂ္ဂ ငြိမ်း ချမ်းရေးတပ်ဖွဲ့ (UN Peacekeeping Force) တပ်စွဲထားဖို့လည်း ပါဝင်ပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ် ဟာ နိုင်ငံပေါင်း (၁၀) နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ကုလသမဂ္ဂရဲ့ တပ်သား (၅ယ၆၁၉)ဦး ရှိပါ တယ်။
ယူနွတ်ရဲ့ နည်းဗျူဟာမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ချိုးဖောက်ရာရောက် ရှိပြီး ပထဝီနိုင်ငံရေးအကျိုးအမြတ်ကို ကျားချောင်း ချောင်းနေတဲ့ အမေရိကန်က ပစ်စလက်ခတ်ထောက် ခံနေတဲ့အတွက် BNP အပါအဝင် နိုင်ငံရေးအုပ်စုအတော်များများတို့ကလည်း ကန့်ကွက်ခဲ့ပါတယ်။ ပြီး ခဲ့တဲ့ မေလမှာ ဘင်္ဂလားဒေ့ရှ်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဝါကာအူဇမန်က အစီအစဉ်ကိုရုပ်သိမ်း ဖို့ ယူနွတ်အစိုးရကို ပြင်းထန်စွာသတိပေးမှသာလျှင် စင်္ကြံလမ်းအစီအစဉ်ဟာ အဖျားရှူးသွားရပါတယ်။
ဒါပေမဲ့ ယူနွတ်အစိုးရဟာ အမေရိကန် ထောက်ခံမှုနဲ့ ယခင်ရည်မှန်းချက်အတိုင်း ပိန်မသာ လိမ် မသာ Safe Zone ဖြစ်ပေါ်ရေး အစီအစဉ်နဲ့ ခွေးမြီးကောက်ကျည်တောက်စွပ် လုပ်နေဆဲပဲလို့ သတင်း တွေထွက်ပေါ်နေပါတယ်။ မြန်မာစစ်တပ်နဲ့ အတူ ပူးပေါင်းပြီး AA တို့ကို တိုက်ခိုက်မယ့် ဘင်္ဂါလီ တိုက် ခိုက်ရေးသမား ကေဒါတွေကို ပြင်ဆင်ဖို့ဖြစ် ကြောင်း။ ထိုသို့ဆိုလျှင် AA ကို နှစ်ဖက်ညှပ်တိုက် ခိုက်သလို ဖြစ်လာစေပြီး အရပ်သားတွေလုံခြုံရေး အကြောင်းပြချက်နဲ့ မောင်တောမှာ Safe Zone မ ဖြစ်မနေ ဖန်တီးရန်ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒီကိစ္စ အတွက် ဘင်္ဂလားဒေ့ရှ်လူကြီးမင်းတွေက နေပြည် တော်ကို ကြိမ်ဖန်များစွာနားချခဲ့တယ်လို့ အိန္ဒိယအစိုးရအရာရှိတစ်ဦးက ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ကောင်း စွာမအုပ်ချုပ်နိုင်ရင် ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်ပိုင်နက်အဖြစ် သတ်မှတ်ဖို့ အဆိုပြုကြောင်း အာရှ ပစိဖိတ်ရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌ (အောက်လွှတ်တော်အမတ်) ဘရက်ဒလီ ရှာမန်က (၂၀၁၉)ခုနှစ် အမေရိကန်လွှတ်တော်ကြားနာပွဲတစ်ခုမှာ ပြောဆိုခဲ့ဖူးပါတယ်။ တစ်ဖန် ဒုက္ခသည် ဘင်္ဂါလီတွေ ဘေး ကင်းစွာ နေရပ်ပြန်ရေး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂထောက်ခံတဲ့ Safe Zone တစ်ခု ဖြစ် ပေါ်ဖို့အတွက် OIC အဖွဲ့ဝင်နိုင်ငံတွေက အကူအညီပေးဖို့ (၂၀၁၇)ခုနှစ် ကာဇက် စတန်နိုင်ငံ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အစ္စလာမ္မစ် ထိပ်သီးအစည်းအဝေးကျင်းပစဉ် တူရကီသမ္မတနဲ့ ပြင်ပတွေ့ဆုံတဲ့ ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက် အဗ္ဗဒူလ်ဟာမစ်က ပြောဆိုခဲ့ဖူးပါတယ်။ အလားတူ (၂၀၁၇)ခုနှစ် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာကလည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် လက်ရှိကြားဖြတ် အစိုးရအကြီး အကဲ မိုဟာမက်ယူနွတ်က (၂၀၂၄)ခုနှစ်မှာလည်းကောင်း ရခိုင်ပြည်နယ်မှာ “Safe Zone” သတ်မှတ်ရေး နိုင်ငံတကာအစည်းအဝေးတွေမှာ တောင်းဆိုခဲ့ဖူးပါတယ်။ အဲဒီအဆိုကို အချုပ်အခြာအာဏာ ထိပါးမှု အဖြစ် မြန်မာအစိုးရက ပြင်းထန်စွာ ပယ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း Safe Zone အဆိုကို ထောက် ခံခြင်းမရှိကြောင်း တရုတ်နိုင်ငံကလည်း ငြင်းဆိုခဲ့ပြီး မြန်မာ-ဘင်္ဂလား ဒေ့ရှ်အကြား ညှိနှိုင်းဆောင်ရွက် မှုကိုထောက်ခံကြောင်း ဖော်ပြခဲ့ပါတယ်။
ဒုက္ခသည် ဘင်္ဂါလီအုပ်စုငယ်တွေကို လက်နက်တပ်ဆင် စစ်သင်တန်းပေးရာမှာ ဒါကာမြို့ မြောက်ဘက် (၇၅)မိုင်အကွာ ဗြဟ္မပုတ္တရ မြစ်ကမ်းပါး မိုင်မန်ဆင်းစခန်းက အထင်ရှားဆုံးဖြစ်ကြောင်း၊ ကော့ခ်ဘဇားနဲ့ ဘက်ဂျီရာ့တို့မှာလည်း စခန်းတွေ ဖြန့်ကြက်တည်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်တပ်မ တော် ရဲ့ရွေးချယ်ထားတဲ့ အဖွဲ့တွေက လေ့ကျင့်ပေး နေတယ်လို့ ဆိုပါတယ်။ RSO နဲ့ ရိုဟင်ဂျာဆိုသူတွေ ကယ် တင်ရေးတပ်ခေါ် ARSA တိုက်ခိုက်ရေးသမားအရေအတွက် တိုးပွားလာနေပြီး စစ်ဝတ်စုံဝတ် ဘင်္ဂါလီ ကေဒါတွေဟာ မြန်မာလုံခြုံရေးတပ်တွေမှာ အသုံးပြုတဲ့ G-3 သေနတ်တွေ ကိုင်ဆောင်လေ့ကျင့်နေတာ ကို လူမှုကွန်ရက်မှာ တွေ့မြင်နေရပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေဟာ အစွန်းရောက်တော်လှန်လို သူတွေ အင်အားကောင်းစေရေးဆောင်ရွက်ဖို့ ပါကစ္စတန်အတွက် အခွင့်အခါကောင်း ဖြစ်နေပါတယ်။ ဇူလိုင်လ (၂၉) ရက်က ပါကစ္စတန်အဖွဲ့ တစ်ဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးအေဂျင်စီမှ တပ်ဖွဲ့ဝင်များ၊ ထောက် လှမ်းရေးညွှန်ကြားရေးမှူးချုပ်ရုံး (DGFI) မှ အရာရှိတွေလိုက်ပါပြီး မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ် နေတဲ့ ကော့စ်ဘဇားဒေသ နတ်မြစ်ကမ်းအနီး တက္ကနက်ဖ်မှရှာပိုရီဒွစ်အထိ ဇုန်တစ်ခုလုံးကို စူးစမ်းလေ့လာခဲ့ တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းရင်းမြစ်တွေက ပြောဆိုပေမယ့် စစ်တမ်းကောက်ယူရတာရဲ့ ရည်ရွယ် ချက်ကိုမသိရှိရပါ။
ပါကစ္စတန်ရဲ့ ရည်မှန်းချက်မှာ ဒုက္ခသည်တွေနေရပ်ပြန်ရေးကို ထောက်ခံတာထက် အိန္ဒိယနိုင်ငံ အတွင်း နိုင်ငံရေးအရှုပ်တော်ပုံတွေကို ခြေထိုး ဖို့ဖြစ်တယ်လို့ အိန္ဒိယအစိုးရအရာရှိတွေရဲ့ အစိတ်အပိုင်း တစ်ခုက ယုံကြည်နေပါတယ်။
“ကျွန်တော်တို့ အရှေ့ဘက်ကစတင်မှာပါ” လို့ မကြာသေးမီ အီကောနောမစ်သတင်းစာနဲ့ တွေ့ ဆုံစဉ် ပါကစ္စတန်စစ်တပ် ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောပါတယ်။ ဒါဟာ ပါကစ္စတန်အနေနဲ့ အိန္ဒိယ နိုင်ငံ ကို အရှေ့ဘက်မှတိုက်ခိုက်ရာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုအသုံးပြုမယ်လို့ ဆိုလိုရာရောက်ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရှိတ်ဟာစီနာရဲ့ အဝါမီလိဂ် အစိုးရကျဆုံးပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်-ပါကစ္စ တန် ဆက်ဆံရေးဟာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစွန်းရောက်အုပ်စုတွေရဲ့ အိန္ဒိယ-ဆန့်ကျင်ရေး လှုပ်ရှားမှုတွေတိုးပွား လာတဲ့ကိစ္စကို ဩဂုတ်လ (၂၅)ရက်မှစတင်ပြီး ဒါကာမြို့မှာကျင်းပမယ့် ဘင်္ဂလားဒေ့ရှ်နယ်စပ်စောင့် တပ်ဖွဲ့ BGB နဲ့အစည်းအဝေးမှာ တင်ပြဆွေးနွေးဖို့ အိန္ဒိယနိုင်ငံ နယ်ခြားလုံခြုံရေးတပ်ဖွဲ့ (BSF) က ပြင်ဆင်ထားခဲ့ပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် (AA) က စစ်အင်အား ပြင်ဆင်မှုတွေကို အရှိန်မြှင့်တင်လာကြောင်း တွေ့ရှိရပါတယ်။ AA ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ United League of Arakan (ULA) က အမျိုး သားကာကွယ်ရေး အရေးပေါ်ပြဋ္ဌာန်းချက်ကို ထုတ် ပြန်ပြီး အသက် (၄၅)နှစ်အထိ အရွယ်ရောက်သူတိုင်းကို စစ်မှုထမ်းရန် အတင်းအကြပ်ခေါ်ယူခဲ့ပါတယ်။ အဲဒီ အသက်အပိုင်းအခြားရှိ အရွယ်ရောက်သူအားလုံး ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ရခိုင်ပြည်နယ်မှ ထွက်ခွာခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ဒုက္ခသည်ဘင်္ဂါလီတွေ နေရပ်ပြန်လည်ပို့ ဆောင်ရေးနည်းလမ်းတွေရှာဖွေရင်း AA နဲ့ ပုံမှန်အဆက်အသွယ်ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအခြေအနေ မှာ ဘဏ္ဍာရေးအကူအညီနဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်မပါဘဲ နေရပ်ပြန်ရေးဆောင်ရွက်ဖို့ မဖြစ် နိုင်ကြောင်း AA က ဆက်လက်သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံ တကာထောက်ခံမှုရယူဖို့နဲ့ ပြည်ပနိုင်ငံတချို့မှာ အစည်းအဝေးတွေ စီစဉ်ဖို့ ကြိုးပမ်းနေပါတယ်။
ရခိုင်လူသားချင်းစာနာမှုဆိုင်ရာစင်္ကြံ စိတ်ကူးစိတ်သန်းကို စွန့်လွှတ်လိုက်ရပေမယ့် ဒုက္ခသည် တွေနေရပ်ပြန်ရေး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုတွေမှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဒေသတွင်း ပိုမို ဆန်းပြားတဲ့အရှုပ်တော်ပုံတွေနဲ့ သွေးထွက်သံယိုမှုတွေကိုဖြစ်ပေါ်စေနိုင်တဲ့နည်းဗျူဟာ အပြောင်းအလဲ တွေနဲ့ ဆောင်ရွက်မှုမျိုးတော့ဖြစ်နေပါတယ်။

Zawgyi Version:
အေမရိကန္အားကိုးႏွင့္ ယူႏြတ္အစိုးရ၏ ရခိုင္ျပည္နယ္ ေသမင္းတမန္နည္းဗ်ဴဟာ
HtayOung (NP News) - စက္တင္ဘာ ၂
မိုဟာမက္ယူႏြတ္ရဲ႕ ဘဂၤလားေဒ့ရွ္ ယာယီအစိုးရဟာ ျမန္မာႏိုင္ငံရခိုင္ျပည္နယ္အတြင္း စြန႔္စားရ မယ့္ အစီအစဥ္တစ္ခုကို အေကာင္အထည္ ေဖာ္ေနပါတယ္။ ယခင္ “ရခိုင္ လူသားခ်င္းစာနာမႈ စႀကႍ “စိတ္ကူးကို စြန႔္လႊတ္ထားတယ္ဆိုေပမယ့္ ဘဂၤလားေဒ့ရွ္ဟာ ႐ိုဟင္ဂ်ာဆိုသူ ဘဂၤါလီဒုကၡသည္ ေတြကို စစ္ေရးေလ့က်င့္ေပးတာနဲ႔ လက္နက္တပ္ဆင္ေပးတာကို ေရွ႕တိုးေဆာင္႐ြက္ေနေၾကာင္း၊ ယူႏြတ္ အစိုးရရဲ႕အႀကံအစည္ဟာ ဒုကၡသည္ေတြရဲ႕လူေနမႈဘဝကို ပိုမိုဆိုး႐ြားေစ႐ုံမက ရခိုင္ျပည္နယ္အတြင္း စစ္ေရးတင္းမာမႈေတြ ရႈပ္ေထြးသြားႏိုင္ေၾကာင္း၊ မတည္မၿငိမ္ျဖစ္မႈအက်ိဳးဆက္ေတြဟာ ေဒသတြင္းကို ေက်ာ္လြန္သြားၿပီး အသက္ေပါင္းမ်ားစြာ ဆုံးရႈံးႏိုင္ေျခရွိတယ္လို႔ အေမရိကန္-ဩေစဩးလ်နဲ႔ ဂ်ပန္ႏိုင္ငံ အေျခစိုက္ “ဒီပလိုမက္” (24 August 2025) အြန္လိုင္းမဂၢဇင္းက ေရးပါတယ္။
အခုနည္းဗ်ဴဟာရဲ႕ ကနဦးနိဒါန္းမွာ အေၾကာင္းရင္းမ်ားစြာေပါင္းစပ္မႈကေန ေပၚေပါက္လာတာ ျဖစ္ၿပီး (၁၉၇၀)ျပည့္လြန္ေနာက္ပိုင္း ေကာ့ခ္ ဘဇားေဒသမွာ လက္ခံထားရတဲ့ ဘဂၤါလီဒုကၡသည္ေပါင္း တစ္သန္းေက်ာ္ရဲ႕ ဝန္ထုပ္ဝန္ပိုးမွ စတင္ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း အၾကမ္းဖက္မႈနဲ႔ ရာဇဝတ္ မႈခင္းေတြမွာ ဘဂၤါလီဒုကၡသည္ေတြ ပါဝင္ပတ္သက္ေနေလ့ရွိပါတယ္။ ဒုကၡသည္စခန္းေတြအတြင္း လက္ နက္ကိုင္ဘဂၤါလီအုပ္စု (၄)ခုထက္ မနည္းရွိေနၿပီး ရင္းျမစ္အခက္အခဲေၾကာင့္ လႈပ္ရွားမႈမရဘဲ ၾကာျမင့္ စြာ ၿငိမ္သက္ေနခဲ့ရတဲ့ ႐ိုဟင္ဂ်ာ ေသြးစည္းညီၫြတ္ေရးအဖြဲ႕ (RSO) ဟာ အခုႏွစ္ပိုင္းေတြအတြင္း အတက္ႂကြဆုံးျဖစ္လာခဲ့ပါတယ္။ ရခိုင္လက္နက္ကိုင္ (AA) ဟာ တိုက္ပြဲေတြမွာ အသာစီးရေနၿပီး ဘဂၤါ လီ အမ်ားစုေနထိုင္ရာ ေမာင္ေတာ အပါအဝင္ ရခိုင္ျပည္နယ္ (၁၇)ၿမိဳ႕နယ္အနက္ (၁၄)ၿမိဳ႕နယ္ကို ထိန္း ခ်ဳပ္ထားတဲ့အတြက္ ဒုကၡသည္ေတြ ထပ္မံတိုးပြားလာမွာကို ဘဂၤလားေဒ့ရွ္က စိုးရိမ္ေနပါတယ္။
ဒါကာဟာ ဒုကၡသည္အေရးအခင္းအတြက္ အေျဖရွာဖို႔ တဖြဖြတိုက္တြန္းေနၿပီး ႏိုင္ငံတကာ အစည္းအေဝးအေတာ္မ်ားမ်ားမွာလည္း ဒီကိစၥကို အေလးေပးေဆြးေႏြးေနပါတယ္။ ယခင္က ဘဂၤလား ေဒ့ရွ္ဟာ ဒုကၡသည္ေတြကို ေနရပ္ျပန္ေရးနဲ႔ ေစာင့္ၾကပ္ကူညီသူေတြကို ပို႔ေဆာင္ဖို႔အတြက္ ေကာ့ခ္ ဘဇားနဲ႔ ရခိုင္ျပည္နယ္ကိုခ်ိတ္ဆက္ေပးမယ့္ “ရခိုင္လူသားခ်င္းစာနာမႈစႀကႍ” ကို အဆိုျပဳခဲ့ပါတယ္။ တ႐ုတ္ရဲ႕ ဩဇာလႊမ္းမိုးမႈကို ခုခံရာမွာ ေျခကုပ္တစ္ေနရာရရွိမယ့္ အခြင့္အေရးတစ္ခုလို႔ ရႈျမင္တဲ့ အေမရိကန္က အစီအစဥ္ကို အားတက္သေရာေထာက္ခံခဲ့ပါတယ္။ ဒါေပမဲ့ ဒီကိစၥဟာ ရခိုင္ျပည္နယ္ အတြင္း ဘဂၤါလီေတြအတြက္ Safe Zone ေခၚ “လုံၿခဳံေရးဇုန္” တစ္ခုဖန္တီးဖို႔သာ ျဖစ္တယ္လို႔ ေဝဖန္သူ ေတြက ဆိုခဲ့ၾကပါတယ္။ ပထဝီႏိုင္ငံေရးအရ တည္ေနရာမ်ားပါဝင္မႈေၾကာင့္ အျငင္းပြားဖြယ္ျဖစ္ရၿပီး တကၠနက္ဖ္မွ စတင္ျဖတ္သန္းမယ့္ စႀကႍကို AA က ကန႔္ကြက္ခဲ့ပါတယ္။ စႀကႍလမ္းအတိုင္း အကူအညီ ေတြ အလုံးအရင္းနဲ႔ လွိမ့္ဝင္လာမယ္။ အဲဒီပစၥည္းေတြကို ဘဂၤါလီလက္နက္ကိုင္ေတြက လုယက္ခြင့္ရဖို႔ ျဖစ္လာမယ္-ရခိုင္ေျမာက္ဖ်ား ဘဂၤါလီေတြအတြက္ လုံၿခဳံမႈမရွိေၾကာင္း အေၾကာင္းျပခ်က္နဲ႔ “လုံၿခဳံေရး ဇုန္” ျဖစ္လာေအာင္ ယူႏြတ္က အကြက္ခ်ေနတယ္လို႔ သတင္းရင္းျမစ္ေတြကစြပ္စြဲစရာျဖစ္ေနပါတယ္။ ဘဂၤလားေဒ့ရွ္နဲ႔ တစ္ဆက္တည္းျဖစ္တဲ့ အဲဒီဇုန္ကို တျခားဘယ္သူမွတို႔ထိလို႔မရေအာင္ ကုလသမဂၢ ၿငိမ္း ခ်မ္းေရးတပ္ဖြဲ႕ (UN Peacekeeping Force) တပ္စြဲထားဖို႔လည္း ပါဝင္ပါတယ္။ လက္ရွိ ဘဂၤလားေဒ့ရွ္ ဟာ ႏိုင္ငံေပါင္း (၁၀) ႏိုင္ငံမွာ တာဝန္ထမ္းေဆာင္ေနတဲ့ကုလသမဂၢရဲ႕ တပ္သား (၅ယ၆၁၉)ဦး ရွိပါ တယ္။
ယူႏြတ္ရဲ႕ နည္းဗ်ဴဟာမွာ ဘဂၤလားေဒ့ရွ္ရဲ႕ အခ်ဳပ္အျခာအာဏာပိုင္မႈကို ခ်ိဳးေဖာက္ရာေရာက္ ရွိၿပီး ပထဝီႏိုင္ငံေရးအက်ိဳးအျမတ္ကို က်ားေခ်ာင္း ေခ်ာင္းေနတဲ့ အေမရိကန္က ပစ္စလက္ခတ္ေထာက္ ခံေနတဲ့အတြက္ BNP အပါအဝင္ ႏိုင္ငံေရးအုပ္စုအေတာ္မ်ားမ်ားတို႔ကလည္း ကန႔္ကြက္ခဲ့ပါတယ္။ ၿပီး ခဲ့တဲ့ ေမလမွာ ဘဂၤလားေဒ့ရွ္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဝါကာအူဇမန္က အစီအစဥ္ကို႐ုပ္သိမ္း ဖို႔ ယူႏြတ္အစိုးရကို ျပင္းထန္စြာသတိေပးမွသာလွ်င္ စႀကႍလမ္းအစီအစဥ္ဟာ အဖ်ားရႉးသြားရပါတယ္။
ဒါေပမဲ့ ယူႏြတ္အစိုးရဟာ အေမရိကန္ ေထာက္ခံမႈနဲ႔ ယခင္ရည္မွန္းခ်က္အတိုင္း ပိန္မသာ လိမ္ မသာ Safe Zone ျဖစ္ေပၚေရး အစီအစဥ္နဲ႔ ေခြးၿမီးေကာက္က်ည္ေတာက္စြပ္ လုပ္ေနဆဲပဲလို႔ သတင္း ေတြထြက္ေပၚေနပါတယ္။ ျမန္မာစစ္တပ္နဲ႔ အတူ ပူးေပါင္းၿပီး AA တို႔ကို တိုက္ခိုက္မယ့္ ဘဂၤါလီ တိုက္ ခိုက္ေရးသမား ေကဒါေတြကို ျပင္ဆင္ဖို႔ျဖစ္ ေၾကာင္း။ ထိုသို႔ဆိုလွ်င္ AA ကို ႏွစ္ဖက္ညႇပ္တိုက္ ခိုက္သလို ျဖစ္လာေစၿပီး အရပ္သားေတြလုံၿခဳံေရး အေၾကာင္းျပခ်က္နဲ႔ ေမာင္ေတာမွာ Safe Zone မ ျဖစ္မေန ဖန္တီးရန္ျဖစ္ေပၚလာပါလိမ့္မယ္။ ဒီကိစၥ အတြက္ ဘဂၤလားေဒ့ရွ္လူႀကီးမင္းေတြက ေနျပည္ ေတာ္ကို ႀကိမ္ဖန္မ်ားစြာနားခ်ခဲ့တယ္လို႔ အိႏၵိယအစိုးရအရာရွိတစ္ဦးက ဆိုပါတယ္။ ျမန္မာအစိုးရအေနနဲ႔ ေကာင္း စြာမအုပ္ခ်ဳပ္ႏိုင္ရင္ ရခိုင္ျပည္နယ္ကို ဘဂၤလားေဒ့ရွ္ပိုင္နက္အျဖစ္ သတ္မွတ္ဖို႔ အဆိုျပဳေၾကာင္း အာရွ ပစိဖိတ္ေရးရာဆပ္ေကာ္မတီ ဥကၠ႒ (ေအာက္လႊတ္ေတာ္အမတ္) ဘရက္ဒလီ ရွာမန္က (၂၀၁၉)ခုႏွစ္ အေမရိကန္လႊတ္ေတာ္ၾကားနာပြဲတစ္ခုမွာ ေျပာဆိုခဲ့ဖူးပါတယ္။ တစ္ဖန္ ဒုကၡသည္ ဘဂၤါလီေတြ ေဘး ကင္းစြာ ေနရပ္ျပန္ေရး ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္မွာ ကုလသမဂၢေထာက္ခံတဲ့ Safe Zone တစ္ခု ျဖစ္ ေပၚဖို႔အတြက္ OIC အဖြဲ႕ဝင္ႏိုင္ငံေတြက အကူအညီေပးဖို႔ (၂၀၁၇)ခုႏွစ္ ကာဇက္ စတန္ႏိုင္ငံ သိပၸံႏွင့္ နည္းပညာဆိုင္ရာ အစၥလာမၼစ္ ထိပ္သီးအစည္းအေဝးက်င္းပစဥ္ တူရကီသမၼတနဲ႔ ျပင္ပေတြ႕ဆုံတဲ့ ဘဂၤလားေဒ့ရွ္သမၼတ မိုဟာမက္ အဗၺဒူလ္ဟာမစ္က ေျပာဆိုခဲ့ဖူးပါတယ္။ အလားတူ (၂၀၁၇)ခုႏွစ္ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာကလည္းေကာင္း၊ ဘဂၤလားေဒ့ရွ္ လက္ရွိၾကားျဖတ္ အစိုးရအႀကီး အကဲ မိုဟာမက္ယူႏြတ္က (၂၀၂၄)ခုႏွစ္မွာလည္းေကာင္း ရခိုင္ျပည္နယ္မွာ “Safe Zone” သတ္မွတ္ေရး ႏိုင္ငံတကာအစည္းအေဝးေတြမွာ ေတာင္းဆိုခဲ့ဖူးပါတယ္။ အဲဒီအဆိုကို အခ်ဳပ္အျခာအာဏာ ထိပါးမႈ အျဖစ္ ျမန္မာအစိုးရက ျပင္းထန္စြာ ပယ္ခ်ခဲ့ပါတယ္။ ျမန္မာႏိုင္ငံအတြင္း Safe Zone အဆိုကို ေထာက္ ခံျခင္းမရွိေၾကာင္း တ႐ုတ္ႏိုင္ငံကလည္း ျငင္းဆိုခဲ့ၿပီး ျမန္မာ-ဘဂၤလား ေဒ့ရွ္အၾကား ညႇိႏႈိင္းေဆာင္႐ြက္ မႈကိုေထာက္ခံေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
ဒုကၡသည္ ဘဂၤါလီအုပ္စုငယ္ေတြကို လက္နက္တပ္ဆင္ စစ္သင္တန္းေပးရာမွာ ဒါကာၿမိဳ႕ ေျမာက္ဘက္ (၇၅)မိုင္အကြာ ျဗဟၼပုတၱရ ျမစ္ကမ္းပါး မိုင္မန္ဆင္းစခန္းက အထင္ရွားဆုံးျဖစ္ေၾကာင္း၊ ေကာ့ခ္ဘဇားနဲ႔ ဘက္ဂ်ီရာ့တို႔မွာလည္း စခန္းေတြ ျဖန႔္ၾကက္တည္ရွိေၾကာင္း၊ ဘဂၤလားေဒ့ရွ္တပ္မ ေတာ္ ရဲ႕ေ႐ြးခ်ယ္ထားတဲ့ အဖြဲ႕ေတြက ေလ့က်င့္ေပး ေနတယ္လို႔ ဆိုပါတယ္။ RSO နဲ႔ ႐ိုဟင္ဂ်ာဆိုသူေတြ ကယ္ တင္ေရးတပ္ေခၚ ARSA တိုက္ခိုက္ေရးသမားအေရအတြက္ တိုးပြားလာေနၿပီး စစ္ဝတ္စုံဝတ္ ဘဂၤါလီ ေကဒါေတြဟာ ျမန္မာလုံၿခဳံေရးတပ္ေတြမွာ အသုံးျပဳတဲ့ G-3 ေသနတ္ေတြ ကိုင္ေဆာင္ေလ့က်င့္ေနတာ ကို လူမႈကြန္ရက္မွာ ေတြ႕ျမင္ေနရပါတယ္။
ဘဂၤလားေဒ့ရွ္ရဲ႕ေျပာင္းလဲလာတဲ့ ႏိုင္ငံေရးအေျခအေနဟာ အစြန္းေရာက္ေတာ္လွန္လို သူေတြ အင္အားေကာင္းေစေရးေဆာင္႐ြက္ဖို႔ ပါကစၥတန္အတြက္ အခြင့္အခါေကာင္း ျဖစ္ေနပါတယ္။ ဇူလိုင္လ (၂၉) ရက္က ပါကစၥတန္အဖြဲ႕ တစ္ဖြဲ႕ဟာ ဘဂၤလားေဒ့ရွ္လုံၿခဳံေရးေအဂ်င္စီမွ တပ္ဖြဲ႕ဝင္မ်ား၊ ေထာက္ လွမ္းေရးၫႊန္ၾကားေရးမႉးခ်ဳပ္႐ုံး (DGFI) မွ အရာရွိေတြလိုက္ပါၿပီး ျမန္မာနဲ႔ နယ္နိမိတ္ခ်င္းထိစပ္ ေနတဲ့ ေကာ့စ္ဘဇားေဒသ နတ္ျမစ္ကမ္းအနီး တကၠနက္ဖ္မွရွာပိုရီဒြစ္အထိ ဇုန္တစ္ခုလုံးကို စူးစမ္းေလ့လာခဲ့ တယ္လို႔ ဘဂၤလားေဒ့ရွ္ သတင္းရင္းျမစ္ေတြက ေျပာဆိုေပမယ့္ စစ္တမ္းေကာက္ယူရတာရဲ႕ ရည္႐ြယ္ ခ်က္ကိုမသိရွိရပါ။
ပါကစၥတန္ရဲ႕ ရည္မွန္းခ်က္မွာ ဒုကၡသည္ေတြေနရပ္ျပန္ေရးကို ေထာက္ခံတာထက္ အိႏၵိယႏိုင္ငံ အတြင္း ႏိုင္ငံေရးအရႈပ္ေတာ္ပုံေတြကို ေျခထိုး ဖို႔ျဖစ္တယ္လို႔ အိႏၵိယအစိုးရအရာရွိေတြရဲ႕ အစိတ္အပိုင္း တစ္ခုက ယုံၾကည္ေနပါတယ္။
“ကြၽန္ေတာ္တို႔ အေရွ႕ဘက္ကစတင္မွာပါ” လို႔ မၾကာေသးမီ အီေကာေနာမစ္သတင္းစာနဲ႔ ေတြ႕ ဆုံစဥ္ ပါကစၥတန္စစ္တပ္ ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးက ေျပာပါတယ္။ ဒါဟာ ပါကစၥတန္အေနနဲ႔ အိႏၵိယ ႏိုင္ငံ ကို အေရွ႕ဘက္မွတိုက္ခိုက္ရာမွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံကိုအသုံးျပဳမယ္လို႔ ဆိုလိုရာေရာက္ရွိေနပါတယ္။ ဘဂၤလားေဒ့ရွ္မွာ ရွိတ္ဟာစီနာရဲ႕ အဝါမီလိဂ္ အစိုးရက်ဆုံးၿပီးေနာက္ပိုင္း ဘဂၤလားေဒ့ရွ္-ပါကစၥ တန္ ဆက္ဆံေရးဟာ သိသိသာသာ တိုးတက္ေကာင္းမြန္လာခဲ့ပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ အစြန္းေရာက္အုပ္စုေတြရဲ႕ အိႏၵိယ-ဆန႔္က်င္ေရး လႈပ္ရွားမႈေတြတိုးပြား လာတဲ့ကိစၥကို ဩဂုတ္လ (၂၅)ရက္မွစတင္ၿပီး ဒါကာၿမိဳ႕မွာက်င္းပမယ့္ ဘဂၤလားေဒ့ရွ္နယ္စပ္ေစာင့္ တပ္ဖြဲ႕ BGB နဲ႔အစည္းအေဝးမွာ တင္ျပေဆြးေႏြးဖို႔ အိႏၵိယႏိုင္ငံ နယ္ျခားလုံၿခဳံေရးတပ္ဖြဲ႕ (BSF) က ျပင္ဆင္ထားခဲ့ပါတယ္။
ဒီအေတာအတြင္း ျမန္မာႏိုင္ငံရခိုင္ျပည္နယ္မွာ ရခိုင္လက္နက္ကိုင္ (AA) က စစ္အင္အား ျပင္ဆင္မႈေတြကို အရွိန္ျမႇင့္တင္လာေၾကာင္း ေတြ႕ရွိရပါတယ္။ AA ရဲ႕ ႏိုင္ငံေရးအဖြဲ႕ျဖစ္တဲ့ United League of Arakan (ULA) က အမ်ိဳး သားကာကြယ္ေရး အေရးေပၚျပ႒ာန္းခ်က္ကို ထုတ္ ျပန္ၿပီး အသက္ (၄၅)ႏွစ္အထိ အ႐ြယ္ေရာက္သူတိုင္းကို စစ္မႈထမ္းရန္ အတင္းအၾကပ္ေခၚယူခဲ့ပါတယ္။ အဲဒီ အသက္အပိုင္းအျခားရွိ အ႐ြယ္ေရာက္သူအားလုံး ခိုင္လုံတဲ့အေၾကာင္းျပခ်က္မရွိဘဲ ရခိုင္ျပည္နယ္မွ ထြက္ခြာခြင့္ကိုလည္း ပိတ္ပင္ထားပါတယ္။
လြန္ခဲ့တဲ့ႏွစ္ႏွစ္အတြင္း ဘဂၤလားေဒ့ရွ္ အစိုးရဟာ ဒုကၡသည္ဘဂၤါလီေတြ ေနရပ္ျပန္လည္ပို႔ ေဆာင္ေရးနည္းလမ္းေတြရွာေဖြရင္း AA နဲ႔ ပုံမွန္အဆက္အသြယ္ျပဳလုပ္ခဲ့ပါတယ္။ လက္ရွိအေျခအေန မွာ ဘ႑ာေရးအကူအညီနဲ႔ ျပန္လည္ထူေထာင္ေရး အစီအစဥ္မပါဘဲ ေနရပ္ျပန္ေရးေဆာင္႐ြက္ဖို႔ မျဖစ္ ႏိုင္ေၾကာင္း AA က ဆက္လက္သတင္း ထုတ္ျပန္ခဲ့ပါတယ္။ ဒီအတြက္ ဘဂၤလားေဒ့ရွ္အစိုးရက ႏိုင္ငံ တကာေထာက္ခံမႈရယူဖို႔နဲ႔ ျပည္ပႏိုင္ငံတခ်ိဳ႕မွာ အစည္းအေဝးေတြ စီစဥ္ဖို႔ ႀကိဳးပမ္းေနပါတယ္။
ရခိုင္လူသားခ်င္းစာနာမႈဆိုင္ရာစႀကႍ စိတ္ကူးစိတ္သန္းကို စြန႔္လႊတ္လိုက္ရေပမယ့္ ဒုကၡသည္ ေတြေနရပ္ျပန္ေရး အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးပမ္းမႈေတြမွာ ဆက္လက္ရွိေနဆဲျဖစ္ၿပီး ေဒသတြင္း ပိုမို ဆန္းျပားတဲ့အရႈပ္ေတာ္ပုံေတြနဲ႔ ေသြးထြက္သံယိုမႈေတြကိုျဖစ္ေပၚေစႏိုင္တဲ့နည္းဗ်ဴဟာ အေျပာင္းအလဲ ေတြနဲ႔ ေဆာင္႐ြက္မႈမ်ိဳးေတာ့ျဖစ္ေနပါတယ္။