ဇီဝစိုးငှက်မွေးမြူရေးလုပ်ငန်းများမှ အရည်အသွေးကောင်းငှက်သိုက်ကို ပြည်ပသို့တရားဝင်တင်ပို့ခွင့်ရရှိရန် လိုအပ်နေ

 423

သန့်ဇင် (NP News) - စက်တင်ဘာလ ၃
ရွှေဖြူဟုတင်စားခေါ်ကြသော မြန်မာမှဇီဝ စိုးငှက်သိုက်ကို ပြည်ပနိုင်ငံများသို့ တရားဝင်တင်ပို့ခွင့် ရရှိရန်လိုအပ်နေကြောင်း ဇီဝစိုး ငှက်သိုက်မွေးမြူ ထုတ်လုပ်ရေးလုပ်ကိုင်နေသူများထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အ လက်များအရ သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသော ငှက်သိုက်များ သည် အရည်အသွေးပိုင်းကောင်းမွန်သည့်အတွက် ပြည်ပနိုင်ငံများကလည်း ဝယ်ယူရန်စိတ်ဝင်စားနေကြ သော်လည်း လက်ရှိတွင် တရုတ်ပြည်ဈေးကွက်သို့သာ မှောင်ခိုတင်ပို့နေရကြောင်းသိရသည်။
" ကျွန်တော်တို့အတွက် အဓိက Market က တရုတ်ပဲ။ ဒါပေမဲ့ တရုတ်ကလည်း တစ်ကမ္ဘာလုံးမှာ (၄)ပုံ (၁)ပုံလောက်ရှိတဲ့အတွက် ကျွန်တော်တို့ကလည်း ထုတ်မလောက်ဖြစ်တယ်။ အဲဒီတော့ တရုတ်ဖြစ်တဲ့အ တွက် ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူနဲ့ အမေရိကန် မှာလည်း တရုတ်တွေအများကြီးရှိတယ်။ အနောက်ဥ ရောပနိုင်ငံတွေကတော့ Supply နဲ့ Demand အေးရာ အေးကြောင်းရှိနေတယ်။ ဒါပေမဲ့ အခက်အခဲက တရုတ် ပြည်ကို တရားဝင်ပို့လို့မရဘူး။ တရားဝင်ပို့မရတဲ့အတွက် ကြားခံတွေများပြီးတော့ အလုပ်မဖြစ်တော့ဘူး။ နောက် ကျရင်တော့ တရားဝင်ဖြစ်အောင်လုပ်ဖို့တော့ အစီအစဉ် ရှိမှာပါ"ဟု ဇီဝစိုးငှက်သိုက်မွေးမြူထုတ်လုပ်ရေး လုပ်ကိုင်နေသူတစ်ဦးကပြောသည်။
ပြည်တွင်းမှမွေးမြူထုတ်လုပ်သော ငှက် သိုက်ကုန်ချောများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ ရာတွင် (၁)ပိဿာကို ကျပ်သိန်း (၁၂၀)အထိ ပေါက် ဈေးရှိနေသော်လည်း လက်ရှိ ပြည်တွင်းဈေးကွက် တွင်မူ သိန်း(၅၀)မှ သိန်း (၆၀)အတွင်းသာ ပေါက် ဈေးရှိနေကြောင်းသိရသည်။
" လက်ရှိမှာတော့ ငှက်သိုက်ဈေးနှုန်းလေး နည်းနည်းကျတယ်။ ဘာလို့ဆို လမ်းကြောင်းက မှောင်ခိုလမ်းနဲ့သွားရတဲ့အတွက် နည်းနည်းကျပ်နေ ပြီးတော့ တရုတ်ပြည်ကို မှောင်ခိုနဲ့သွားရလို့ ဈေးကျ တယ်။ ပုံမှန်ထုတ်ရင်တော့ တရုတ်ပြည်မှာ တစ် ပိဿာကို သိန်း (၁၂၀)အထိခေါ်တယ်။ ကျွန်တော်တို့ ဒီမှာက တစ်ပိဿာကို သိန်း(၅၀)နဲ့ သိန်း(၆၀)အ ကြားပဲပေါက်နေတယ်လေ။ ရေရှည်ဆိုရင်တော့ ကောင်းမှာပါ။ အခု တော့ ကျွန်တော်တို့ တစ်ပိဿာကို ကုန်ကြမ်း သိန်း (၂၀)လောက်ပဲဝယ်ရတယ်လေ။ ဒါပေမဲ့ တချို့အိမ်တွေက တစ်လတစ်လကို (၄)ပိဿာ၊ (၅) ပိဿာလောက်ထွက်နေတော့ တစ်လ တစ်လကို သိန်း (၁၀ဝ)လောက်ဝင်နေတဲ့အိမ်တွေ လည်းရှိနေတယ်ပေါ့နော်" ဟု ငှက်သိုက်မွေးမြူ ထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ဇီဝစိုးငှက်မွေးမြူခြင်းကို လွန်ခဲ့သော (၁၀)နှစ်ခန့်က စတင်လုပ်ကိုင်လာခဲ့ရာ လက်ရှိတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ကျယ်ပြန့်စွာမွေးမြူနေကြပြီး ဇီဝစိုးငှက်မွေးမြူရေး အိမ်အလုံးပေါင်း (၅၀ဝဝ)ကျော်ခန့်ရှိနေပြီဖြစ် ကြောင်းသိရသည်။
" ကျွန်တော်တို့ ဆိုကြပါစို့ မြိတ်ဘက်မှာ တော့ အိမ်တွေဆောက်ပြီး လွန်ခဲ့တဲ့ (၁၀)နှစ်လောက် တည်းကမွေးကြတယ်။ ရန်ကုန်ဘက်မှာတော့ လွန်ခဲ့ တဲ့ (၈)နှစ် (၉)နှစ်လောက်ကစပြီးတော့ ဆောက်လာ ကြတာ အခုဆိုရင် တွင်တွင်ကျယ်ကျယ်ဆောက်လာပြီ ပေါ့နော်။ ကျွန်တော်တို့ ရန်ကုန်ကမြို့နယ်တွေထဲမှာ တော့ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ မြောက် ဥက္ကလာ၊ သာကေတ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံနဲ့ ဒဂုံ ဆိပ်ကမ်းဘက်တွေမှာရှိတယ်ဗျ။ မြို့နယ်တိုင်းလိုလို မှာရှိပါတယ်။ ရန်ကုန်မှာတော့ အလုံး (၅၀ဝ)ကျော် လောက်ရှိသွားပြီ။ အလွန်များတဲ့ပမာဏပေါ့နော်။ ဧရာဝတီတိုင်းမှာတော့ ဒေးဒရဲ၊ မြောင်းမြ၊ ဖျာပုံမှာ တော်တော်ကိုများတယ်။ အလုံး (၅၀)ကျော် လောက် ဖြစ်သွားပြီ။ နောက်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့မှာ လည်း လွန်ခဲ့တဲ့ (၂)နှစ် (၃)နှစ်လောက်တော့ လုပ် ပေးခဲ့ဖူးတယ်။ နောက်ပြီး မြစ်ကြီးနားမှာလည်းရှိ တယ်၊ မန္တလေးလည်းရှိမယ်၊‌ နေပြည်တော်မှာတော့ (၇)လုံးလောက်ရှိပြီ" ဟု ၎င်းကပြောသည်။ သို့သော် ငှက်သိုက်မွေးမြူရေးလုပ်ငန်းများမှ ပြည်ပပို့ကုန်အ ဖြစ် ငှက်သိုက်ကုန်ချောထုတ်လုပ်ရာတွင်လည်း ကျွမ်းကျင်လုပ်သား ရှားပါးခြင်းနှင့်လည်း ရင်ဆိုင်နေ ရကြောင်းသိရသည်။
" ငှက်သိုက်ကို ကျွန်တော်တို့က သန့်စင် တဲ့နေရာမှာ စက်နဲ့လုပ်လို့မရဘူးဗျ။ အင်ဒိုနီးရှားမှာ လည်း လက်နဲ့ပဲလုပ်ရတာ။ လက်နဲ့ပဲလုပ်ရတာဖြစ်တဲ့ အတွက် အခက်အခဲကတော့ ကျွမ်းကျင်ဝန်ထမ်းလို အပ်တယ်။ ငှက်သိုက်ကို ဘယ်လိုနည်းနဲ့သန့်စင်မ လဲ။ ရေဘယ်လိုဆေးရမလဲ။ ငှက်သိုက်ပုံမပျက်သွား အောင်ဆိုတာလည်း အတွေ့အကြုံနဲ့ဆိုင်တယ်။ အဲဒီ တော့ သင်ပေးတဲ့နည်းပြဆရာက အလွန်အရေးကြီး တယ်။ ပြီးရင် ငှက်သိုက်ဆိုတာလည်း ကျွန်တော်တို့ အိုးလုပ်သလိုပဲဗျ။ မာရင်မာသလို ပျော့ရင်ပျော့သလို ရေဘယ်လောက်လောက်ထည့်ရမယ် ဘယ်လိုကိုင် တွယ်ရမယ် ဒါတွေကတော့ အတွေ့အကြုံအရမ်း ကောင်းတဲ့လူလိုလိမ့်မယ်။ အနီးကပ်ကြီးကြပ်ပြီးသင် မယ်ဆိုရင်တော့ ခက်ခဲမှုမရှိဘူး။ ကျွန်တော်တို့လည်း သင်တန်းတွေပေးနေတာဖြစ်တဲ့အတွက် နောက်ပိုင်း ကျယ်ပြန့်လာရင်တော့ သန့်စင်တဲ့ကိစ္စက သိပ်ကိစ္စ မရှိဘူးလို့ပြောချင်ပါတယ်" ဟု ၎င်းကဆက်ပြော သည်။ ထို့ကြောင့် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် ငှက် သိုက်ကို တရားဝင် ပြည်ပတင်ပို့ခွင့်နှင့် လုပ်သား လိုအပ်ချက်ကိုဖြည့်ဆည်းပေးပါက နိုင်ငံအတွက်များ စွာအကျိုးများမည်ဖြစ်ကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ " အာဏာပိုင်တွေက လည်း ဒီငှက်သိုက်ကို တရုတ်ပြည်ကိုပို့ဖို့အတွက် တရားဝင်လမ်းကြောင်းကကူညီမယ်ဆိုရင်တော့ ငှက် သိုက်ကိုရောင်းရတဲ့အတွက် နိုင်ငံခြားငွေအများကြီး ဝင်မယ်။ ပြည်တွင်းမှာလည်း အလုပ်အကိုင်အခွင့် အလမ်းတွေ အများကြီးရမှာဖြစ်တဲ့အတွက် ရတနာ တစ်ခုဖြစ်လို့ ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဆိုရင်တော့ စီးပွားရေးအလားအလာအရ ဒီအချိန်မှာ အလုပ်တွေ ကလည်း မကောင်းတာဖြစ်တဲ့အတွက် စီးပွားရေးအလားအလာကောင်းမယ်လိုတော့မြင်ပါတယ်"ဟု ၎င်းကဆိုသည်။

Zawgyi Version:
ဇီဝစိုးငွက္ေမြးျမဴေရးလုပ္ငန္းမ်ားမွ အရည္အေသြးေကာင္းငွက္သိုက္ကို ျပည္ပသို႔တရားဝင္တင္ပို႔ခြင့္ရရွိရန္ လိုအပ္ေန
သန႔္ဇင္ (NP News) - စက္တင္ဘာလ ၃
ေ႐ႊျဖဴဟုတင္စားေခၚၾကေသာ ျမန္မာမွဇီဝ စိုးငွက္သိုက္ကို ျပည္ပႏိုင္ငံမ်ားသို႔ တရားဝင္တင္ပို႔ခြင့္ ရရွိရန္လိုအပ္ေနေၾကာင္း ဇီဝစိုး ငွက္သိုက္ေမြးျမဴ ထုတ္လုပ္ေရးလုပ္ကိုင္ေနသူမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အ လက္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံမွထြက္ရွိေသာ ငွက္သိုက္မ်ား သည္ အရည္အေသြးပိုင္းေကာင္းမြန္သည့္အတြက္ ျပည္ပႏိုင္ငံမ်ားကလည္း ဝယ္ယူရန္စိတ္ဝင္စားေနၾက ေသာ္လည္း လက္ရွိတြင္ တ႐ုတ္ျပည္ေဈးကြက္သို႔သာ ေမွာင္ခိုတင္ပို႔ေနရေၾကာင္းသိရသည္။
" ကြၽန္ေတာ္တို႔အတြက္ အဓိက Market က တ႐ုတ္ပဲ။ ဒါေပမဲ့ တ႐ုတ္ကလည္း တစ္ကမာၻလုံးမွာ (၄)ပုံ (၁)ပုံေလာက္ရွိတဲ့အတြက္ ကြၽန္ေတာ္တို႔ကလည္း ထုတ္မေလာက္ျဖစ္တယ္။ အဲဒီေတာ့ တ႐ုတ္ျဖစ္တဲ့အ တြက္ ေဟာင္ေကာင္၊ ထိုင္ဝမ္၊ စင္ကာပူနဲ႔ အေမရိကန္ မွာလည္း တ႐ုတ္ေတြအမ်ားႀကီးရွိတယ္။ အေနာက္ဥ ေရာပႏိုင္ငံေတြကေတာ့ Supply နဲ႔ Demand ေအးရာ ေအးေၾကာင္းရွိေနတယ္။ ဒါေပမဲ့ အခက္အခဲက တ႐ုတ္ ျပည္ကို တရားဝင္ပို႔လို႔မရဘူး။ တရားဝင္ပို႔မရတဲ့အတြက္ ၾကားခံေတြမ်ားၿပီးေတာ့ အလုပ္မျဖစ္ေတာ့ဘူး။ ေနာက္ က်ရင္ေတာ့ တရားဝင္ျဖစ္ေအာင္လုပ္ဖို႔ေတာ့ အစီအစဥ္ ရွိမွာပါ"ဟု ဇီဝစိုးငွက္သိုက္ေမြးျမဴထုတ္လုပ္ေရး လုပ္ကိုင္ေနသူတစ္ဦးကေျပာသည္။
ျပည္တြင္းမွေမြးျမဴထုတ္လုပ္ေသာ ငွက္ သိုက္ကုန္ေခ်ာမ်ားကို တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ေရာင္းခ် ရာတြင္ (၁)ပိႆာကို က်ပ္သိန္း (၁၂၀)အထိ ေပါက္ ေဈးရွိေနေသာ္လည္း လက္ရွိ ျပည္တြင္းေဈးကြက္ တြင္မူ သိန္း(၅၀)မွ သိန္း (၆၀)အတြင္းသာ ေပါက္ ေဈးရွိေနေၾကာင္းသိရသည္။
" လက္ရွိမွာေတာ့ ငွက္သိုက္ေဈးႏႈန္းေလး နည္းနည္းက်တယ္။ ဘာလို႔ဆို လမ္းေၾကာင္းက ေမွာင္ခိုလမ္းနဲ႔သြားရတဲ့အတြက္ နည္းနည္းက်ပ္ေန ၿပီးေတာ့ တ႐ုတ္ျပည္ကို ေမွာင္ခိုနဲ႔သြားရလို႔ ေဈးက် တယ္။ ပုံမွန္ထုတ္ရင္ေတာ့ တ႐ုတ္ျပည္မွာ တစ္ ပိႆာကို သိန္း (၁၂၀)အထိေခၚတယ္။ ကြၽန္ေတာ္တို႔ ဒီမွာက တစ္ပိႆာကို သိန္း(၅၀)နဲ႔ သိန္း(၆၀)အ ၾကားပဲေပါက္ေနတယ္ေလ။ ေရရွည္ဆိုရင္ေတာ့ ေကာင္းမွာပါ။ အခု ေတာ့ ကြၽန္ေတာ္တို႔ တစ္ပိႆာကို ကုန္ၾကမ္း သိန္း (၂၀)ေလာက္ပဲဝယ္ရတယ္ေလ။ ဒါေပမဲ့ တခ်ိဳ႕အိမ္ေတြက တစ္လတစ္လကို (၄)ပိႆာ၊ (၅) ပိႆာေလာက္ထြက္ေနေတာ့ တစ္လ တစ္လကို သိန္း (၁၀ဝ)ေလာက္ဝင္ေနတဲ့အိမ္ေတြ လည္းရွိေနတယ္ေပါ့ေနာ္" ဟု ငွက္သိုက္ေမြးျမဴ ထုတ္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ဇီဝစိုးငွက္ေမြးျမဴျခင္းကို လြန္ခဲ့ေသာ (၁၀)ႏွစ္ခန႔္က စတင္လုပ္ကိုင္လာခဲ့ရာ လက္ရွိတြင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အခ်ိဳ႕တြင္ က်ယ္ျပန႔္စြာေမြးျမဴေနၾကၿပီး ဇီဝစိုးငွက္ေမြးျမဴေရး အိမ္အလုံးေပါင္း (၅၀ဝဝ)ေက်ာ္ခန႔္ရွိေနၿပီျဖစ္ ေၾကာင္းသိရသည္။
" ကြၽန္ေတာ္တို႔ ဆိုၾကပါစို႔ ၿမိတ္ဘက္မွာ ေတာ့ အိမ္ေတြေဆာက္ၿပီး လြန္ခဲ့တဲ့ (၁၀)ႏွစ္ေလာက္ တည္းကေမြးၾကတယ္။ ရန္ကုန္ဘက္မွာေတာ့ လြန္ခဲ့ တဲ့ (၈)ႏွစ္ (၉)ႏွစ္ေလာက္ကစၿပီးေတာ့ ေဆာက္လာ ၾကတာ အခုဆိုရင္ တြင္တြင္က်ယ္က်ယ္ေဆာက္လာၿပီ ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ရန္ကုန္ကၿမိဳ႕နယ္ေတြထဲမွာ ေတာ့ ေ႐ႊျပည္သာ၊ လႈိင္သာယာ၊ အင္းစိန္၊ ေျမာက္ ဥကၠလာ၊ သာေကတ၊ အေရွ႕ဒဂုံ၊ ေတာင္ဒဂုံနဲ႔ ဒဂုံ ဆိပ္ကမ္းဘက္ေတြမွာရွိတယ္ဗ်။ ၿမိဳ႕နယ္တိုင္းလိုလို မွာရွိပါတယ္။ ရန္ကုန္မွာေတာ့ အလုံး (၅၀ဝ)ေက်ာ္ ေလာက္ရွိသြားၿပီ။ အလြန္မ်ားတဲ့ပမာဏေပါ့ေနာ္။ ဧရာဝတီတိုင္းမွာေတာ့ ေဒးဒရဲ၊ ေျမာင္းျမ၊ ဖ်ာပုံမွာ ေတာ္ေတာ္ကိုမ်ားတယ္။ အလုံး (၅၀)ေက်ာ္ ေလာက္ ျဖစ္သြားၿပီ။ ေနာက္ၿပီး စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွာ လည္း လြန္ခဲ့တဲ့ (၂)ႏွစ္ (၃)ႏွစ္ေလာက္ေတာ့ လုပ္ ေပးခဲ့ဖူးတယ္။ ေနာက္ၿပီး ျမစ္ႀကီးနားမွာလည္းရွိ တယ္၊ မႏၲေလးလည္းရွိမယ္၊‌ ေနျပည္ေတာ္မွာေတာ့ (၇)လုံးေလာက္ရွိၿပီ" ဟု ၎ကေျပာသည္။ သို႔ေသာ္ ငွက္သိုက္ေမြးျမဴေရးလုပ္ငန္းမ်ားမွ ျပည္ပပို႔ကုန္အ ျဖစ္ ငွက္သိုက္ကုန္ေခ်ာထုတ္လုပ္ရာတြင္လည္း ကြၽမ္းက်င္လုပ္သား ရွားပါးျခင္းႏွင့္လည္း ရင္ဆိုင္ေန ရေၾကာင္းသိရသည္။
" ငွက္သိုက္ကို ကြၽန္ေတာ္တို႔က သန႔္စင္ တဲ့ေနရာမွာ စက္နဲ႔လုပ္လို႔မရဘူးဗ်။ အင္ဒိုနီးရွားမွာ လည္း လက္နဲ႔ပဲလုပ္ရတာ။ လက္နဲ႔ပဲလုပ္ရတာျဖစ္တဲ့ အတြက္ အခက္အခဲကေတာ့ ကြၽမ္းက်င္ဝန္ထမ္းလို အပ္တယ္။ ငွက္သိုက္ကို ဘယ္လိုနည္းနဲ႔သန႔္စင္မ လဲ။ ေရဘယ္လိုေဆးရမလဲ။ ငွက္သိုက္ပုံမပ်က္သြား ေအာင္ဆိုတာလည္း အေတြ႕အႀကဳံနဲ႔ဆိုင္တယ္။ အဲဒီ ေတာ့ သင္ေပးတဲ့နည္းျပဆရာက အလြန္အေရးႀကီး တယ္။ ၿပီးရင္ ငွက္သိုက္ဆိုတာလည္း ကြၽန္ေတာ္တို႔ အိုးလုပ္သလိုပဲဗ်။ မာရင္မာသလို ေပ်ာ့ရင္ေပ်ာ့သလို ေရဘယ္ေလာက္ေလာက္ထည့္ရမယ္ ဘယ္လိုကိုင္ တြယ္ရမယ္ ဒါေတြကေတာ့ အေတြ႕အႀကဳံအရမ္း ေကာင္းတဲ့လူလိုလိမ့္မယ္။ အနီးကပ္ႀကီးၾကပ္ၿပီးသင္ မယ္ဆိုရင္ေတာ့ ခက္ခဲမႈမရွိဘူး။ ကြၽန္ေတာ္တို႔လည္း သင္တန္းေတြေပးေနတာျဖစ္တဲ့အတြက္ ေနာက္ပိုင္း က်ယ္ျပန႔္လာရင္ေတာ့ သန႔္စင္တဲ့ကိစၥက သိပ္ကိစၥ မရွိဘူးလို႔ေျပာခ်င္ပါတယ္" ဟု ၎ကဆက္ေျပာ သည္။ ထို႔ေၾကာင့္ ႏိုင္ငံျခားဝင္ေငြရရွိႏိုင္သည့္ ငွက္ သိုက္ကို တရားဝင္ ျပည္ပတင္ပို႔ခြင့္ႏွင့္ လုပ္သား လိုအပ္ခ်က္ကိုျဖည့္ဆည္းေပးပါက ႏိုင္ငံအတြက္မ်ား စြာအက်ိဳးမ်ားမည္ျဖစ္ေၾကာင္းလည္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။ " အာဏာပိုင္ေတြက လည္း ဒီငွက္သိုက္ကို တ႐ုတ္ျပည္ကိုပို႔ဖို႔အတြက္ တရားဝင္လမ္းေၾကာင္းကကူညီမယ္ဆိုရင္ေတာ့ ငွက္ သိုက္ကိုေရာင္းရတဲ့အတြက္ ႏိုင္ငံျခားေငြအမ်ားႀကီး ဝင္မယ္။ ျပည္တြင္းမွာလည္း အလုပ္အကိုင္အခြင့္ အလမ္းေတြ အမ်ားႀကီးရမွာျဖစ္တဲ့အတြက္ ရတနာ တစ္ခုျဖစ္လို႔ ဝိုင္းဝန္းေဆာင္႐ြက္ၾကမယ္ဆိုရင္ေတာ့ စီးပြားေရးအလားအလာအရ ဒီအခ်ိန္မွာ အလုပ္ေတြ ကလည္း မေကာင္းတာျဖစ္တဲ့အတြက္ စီးပြားေရးအလားအလာေကာင္းမယ္လိုေတာ့ျမင္ပါတယ္"ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.