ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်မှာ အကျိုးများစွာဖြစ်ထွန်းစေသော ခရီးစဉ်တစ်ခုဖြစ်

 1511

Pearl (NP News) - စက်တင်ဘာ ၃
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus)သို့ ပါဝင်တက်ရောက်ခဲ့မှုနှင့် တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်သည် အကျိုးများစွာဖြစ်ထွန်းစေသည် ခရီးစဉ်တစ်ခု ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်သို့ သွားရောက်သည့် ခရီးစဉ်တွင် အပိုင်း(၃)ပိုင်းပါဝင်ပြီး နံပတ်(၁) အဖြစ် တီယန်ကျင်းမြို့အပိုင်း၊ နံပါတ် (နှစ်) ပေကျင်းမြို့အပိုင်း၊ နံပါတ်(သုံး) ဟာပင်းနှင့် ချန်ဒူးမြို့အပိုင်း တို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ခရီးစဉ်အတွင်း တရုတ်သမ္မတနှင့် တွေ့ဆုံစဉ် ရွေးကောက်ပွဲ ကူညီနိုင်ရန်အပါအဝင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆက်လက်ရပ်တည်ကူညီပေးမည်ဖြစ်ကြောင်း နှင့် နိုင်ငံရေးအရ အသိအမှတ်ပြုမှုများရရှိခဲ့ ကြောင်း သိရသည်။
“ မြန်မာနိုင်ငံအတွက် ဘာအကျိုးအမြတ်ရှိလဲဆိုတော့ နံပါတ်တစ် အကျိုးအမြတ်အနေ နဲ့ကတော့ နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ နံပါတ်နှစ်ကတော့ နိုင်ငံတကာရေးအရ အသိအမှတ်ပြုမှု၊ နံပါတ်သုံးအချက်ကတော့ မြန်မာနိုင်ငံမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ တရုတ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုဖို့ပြီးရင် အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကူညီနိုင်ဖို့ဒါတွေကို အတည်ပြုပေးလိုက်တာရှိတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ဆက်လက်ပြီး ကူညီသွားမယ်ဆိုတဲ့ အာမခံချက်တွေရရှိခဲ့တာဖြစ်တယ်။ တရုတ်သမ္မတကြီးနဲ့တွေ့တဲ့အချိန်မှာ မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေကို ဆက်လက်ရပ်တည်ကူညီပေးသွားမယ်ဆိုတာကိုလည်း ရရှိခဲ့ပါတယ် ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အလားတူ ခရီစဉ်အတွင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မစ္စတာမိုဒီ နှင့် တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ အိမ်နီးချင်းအင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ် မစ္စတာမိုဒီနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်။ တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံအနေနဲ့က အမြဲတမ်းရပ်တည်ပေးလျက်ရှိမှုတွေ၊ နိုင်ငံရေးအရ အာမခံချက်ရှိမှုတွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးနိုင်တာတွေ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် လာအိုနိုင်ငံသမ္မတ နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့အပါအဝင် အခြားနိုင်ငံ့ခေါင်း‌ဆောင်များ နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ယခု ခရီးစဉ်သည် အကျိုးများစွာ ဖြစ်ထွန်းသည့် ခရီးစဉ် တစ်ခုဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ ဒါ့အပြင် လာအိုနိုင်ငံသမ္မတကြီးနဲ့လည်း သီးခြားဆွေးနွေးနိုင်ခဲ့တယ်။ လာအိုနဲ့ ကျွန်တော်တို့ လုပ်နေတဲ့လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ နယ်စပ်ဖြတ်ကျော်ကဏ္ဍ၊ အလုပ်သမားကဏ္ဍ၊ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့တယ်။ ဒါ့အပြင် SCO အစည်းအဝေးတက်တဲ့အခါမှာ မလေးရှားနိုင်ငံဝန်ကြီးချုပ် တို့အပါအဝင် တခြားခေါင်းဆောင်တွေနဲ့လည်း အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အောင်မြင်တဲ့တွေ့ဆုံမှုပေါ့နော်။ ဒီတစ်နေရာတည်းမှာပဲ ဒေသခေါင်းဆောင်တွေ၊ အိမ်နီးနားချင်းခေါင်းဆောင်တွေနဲ့တွေ့ရတာ တကယ်လည်း အောင်မြင်တဲ့တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း ဒီခရီးစဉ်က အကျိုးများစွာဖြစ်ထွန်းစေတဲ့ ခရီးစဉ်တစ်ခုဆိုတာကို ကျွန်တော်တို့အနေနဲ့ ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ တ႐ုတ္ခရီးစဥ္မွာ အက်ိဳးမ်ားစြာျဖစ္ထြန္းေစေသာ ခရီးစဥ္တစ္ခုျဖစ္
Pearl (NP News) - စက္တင္ဘာ ၃
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ ထိပ္သီးအစည္းအေဝး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus)သို႔ ပါဝင္တက္ေရာက္ခဲ့မႈႏွင့္ တ႐ုတ္ႏိုင္ငံသို႔ အလုပ္သေဘာခရီးစဥ္သည္ အက်ိဳးမ်ားစြာျဖစ္ထြန္းေစသည္ ခရီးစဥ္တစ္ခု ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္သို႔ သြားေရာက္သည့္ ခရီးစဥ္တြင္ အပိုင္း(၃)ပိုင္းပါဝင္ၿပီး နံပတ္(၁) အျဖစ္ တီယန္က်င္းၿမိဳ႕အပိုင္း၊ နံပါတ္ (ႏွစ္) ေပက်င္းၿမိဳ႕အပိုင္း၊ နံပါတ္(သုံး) ဟာပင္းႏွင့္ ခ်န္ဒူးၿမိဳ႕အပိုင္း တို႔ ျဖစ္ေၾကာင္း ၎က ေျပာသည္။

အဆိုပါ ခရီးစဥ္အတြင္း တ႐ုတ္သမၼတႏွင့္ ေတြ႕ဆုံစဥ္ ေ႐ြးေကာက္ပြဲ ကူညီႏိုင္ရန္အပါအဝင္ ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားကို ဆက္လက္ရပ္တည္ကူညီေပးမည္ျဖစ္ေၾကာင္း ႏွင့္ ႏိုင္ငံေရးအရ အသိအမွတ္ျပဳမႈမ်ားရရွိခဲ့ ေၾကာင္း သိရသည္။
“ ျမန္မာႏိုင္ငံအတြက္ ဘာအက်ိဳးအျမတ္ရွိလဲဆိုေတာ့ နံပါတ္တစ္ အက်ိဳးအျမတ္အေန နဲ႔ကေတာ့ ႏိုင္ငံေရးအရ အသိအမွတ္ျပဳမႈ၊ နံပါတ္ႏွစ္ကေတာ့ ႏိုင္ငံတကာေရးအရ အသိအမွတ္ျပဳမႈ၊ နံပါတ္သုံးအခ်က္ကေတာ့ ျမန္မာႏိုင္ငံမွာက်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာ တ႐ုတ္ႏိုင္ငံအေနနဲ႔ အသိအမွတ္ျပဳဖို႔ၿပီးရင္ အေထြေထြေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီးေတာ့ ကူညီႏိုင္ဖို႔ဒါေတြကို အတည္ျပဳေပးလိုက္တာရွိတယ္။ ေနာက္တစ္ခုက ျမန္မာႏိုင္ငံရဲ႕တည္ၿငိမ္ေအးခ်မ္းေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံအေနနဲ႔ဆက္လက္ၿပီး ကူညီသြားမယ္ဆိုတဲ့ အာမခံခ်က္ေတြရရွိခဲ့တာျဖစ္တယ္။ တ႐ုတ္သမၼတႀကီးနဲ႔ေတြ႕တဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံမွာလိုအပ္ေနတဲ့ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာေတြကို ဆက္လက္ရပ္တည္ကူညီေပးသြားမယ္ဆိုတာကိုလည္း ရရွိခဲ့ပါတယ္ ” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
အလားတူ ခရီစဥ္အတြင္း အိႏၵိယႏိုင္ငံ ဝန္ႀကီးခ်ဳပ္ မစၥတာမိုဒီ ႏွင့္ ေတြ႕ဆုံ၍ ေဆြးေႏြးညႇိႏႈိင္းမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
“ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔ရဲ႕ အိမ္နီးခ်င္းအင္အားႀကီးႏိုင္ငံျဖစ္တဲ့ အိႏၵိယႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္ မစၥတာမိုဒီနဲ႔လည္း ေတြ႕ဆုံေဆြးေႏြးခဲ့တယ္။ ေတြ႕ဆုံေဆြးေႏြးတဲ့အခါမွာလည္း ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အိႏၵိယႏိုင္ငံအေနနဲ႔က အၿမဲတမ္းရပ္တည္ေပးလ်က္ရွိမႈေတြ၊ ႏိုင္ငံေရးအရ အာမခံခ်က္ရွိမႈေတြ၊ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္ေပးႏိုင္တာေတြ ဒါေတြနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ေဆြးေႏြးႏိုင္ခဲ့တယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ လာအိုႏိုင္ငံသမၼတ ႏွင့္ မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္တို႔အပါအဝင္ အျခားႏိုင္ငံ့ေခါင္း‌ေဆာင္မ်ား ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား လုပ္ေဆာင္ႏိုင္ခဲ့ၿပီး ျမန္မာႏိုင္ငံအေနျဖင့္ ယခု ခရီးစဥ္သည္ အက်ိဳးမ်ားစြာ ျဖစ္ထြန္းသည့္ ခရီးစဥ္ တစ္ခုျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

“ ဒါ့အျပင္ လာအိုႏိုင္ငံသမၼတႀကီးနဲ႔လည္း သီးျခားေဆြးေႏြးႏိုင္ခဲ့တယ္။ လာအိုနဲ႔ ကြၽန္ေတာ္တို႔ လုပ္ေနတဲ့လွ်ပ္စစ္စြမ္းအင္က႑၊ နယ္စပ္ျဖတ္ေက်ာ္က႑၊ အလုပ္သမားက႑၊ ဒါေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးႏိုင္ခဲ့တယ္။ ဒါ့အျပင္ SCO အစည္းအေဝးတက္တဲ့အခါမွာ မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္ တို႔အပါအဝင္ တျခားေခါင္းေဆာင္ေတြနဲ႔လည္း အစည္းအေဝးခန္းမမွာ ေတြ႕ဆုံေဆြးေႏြးႏိုင္ခဲ့ပါတယ္။ ေျပာရမယ္ဆိုရင္ ေအာင္ျမင္တဲ့ေတြ႕ဆုံမႈေပါ့ေနာ္။ ဒီတစ္ေနရာတည္းမွာပဲ ေဒသေခါင္းေဆာင္ေတြ၊ အိမ္နီးနားခ်င္းေခါင္းေဆာင္ေတြနဲ႔ေတြ႕ရတာ တကယ္လည္း ေအာင္ျမင္တဲ့ေတြ႕ဆုံေဆြးေႏြးပြဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံအေနနဲ႔လည္း ဒီခရီးစဥ္က အက်ိဳးမ်ားစြာျဖစ္ထြန္းေစတဲ့ ခရီးစဥ္တစ္ခုဆိုတာကို ကြၽန္ေတာ္တို႔အေနနဲ႔ ေျပာၾကားလိုပါတယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.