ကျိုက်မရောတွင် KNU၊ PDF အဖွဲ့မှ Drop Bomb ချတိုက်ခိုက်မှုကြောင့် (၁၁)ဦး ဗုံးစထိမှန်ထိခိုက်ဒဏ်ရာရ

237

Pearl (NP News) - စက်တင်ဘာ ၄
ကျိုက်မရောတွင် KNU၊ PDF အဖွဲ့မှ Drop Bomb ချတိုက်ခိုက်မှုကြောင့် (၁၁)ဦးဗုံးစထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်၊ညနေ (၅) နာရီခွဲတွင် ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာလမ်းဆုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
KNU နှင့် PDF ပူးပေါင်းအဖွဲ့သည် ကော့ပနောကျေးရွာအတွင်းသို့ Drop Bomb ချတိုက်ခိုက်ခဲ့ရာ ကျိုက်မရောမြို့မှ ကြာအင်းဆိပ်ကြီးသွား ကားလမ်းပေါ်ရှိ ကော်ပနောလမ်းဆုံသို့ ရောက်ရှိနေသော ဦးလှရွှေ (၅၂) နှစ်မောင်းနှင်သည့် Super Custom အမျိုးအစားပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ ဦးတို့တွင် ဗုံးစထိမှန်ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား တာဝန်ရှိသူများက ကျိုက်မရောမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ လိုအပ်သောဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
က်ိဳက္မေရာတြင္ KNU၊ PDF အဖြဲ႕မွ Drop Bomb ခ်တိုက္ခိုက္မႈေၾကာင့္ (၁၁)ဦး ဗုံးစထိမွန္ထိခိုက္ဒဏ္ရာရ
Pearl (NP News) - စက္တင္ဘာ ၄
က်ိဳက္မေရာတြင္ KNU၊ PDF အဖြဲ႕မွ Drop Bomb ခ်တိုက္ခိုက္မႈေၾကာင့္ (၁၁)ဦးဗုံးစထိမွန္ထိခိုက္ဒဏ္ရာရရွိခဲ့ ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ စက္တင္ဘာလ ၂ ရက္၊ညေန (၅) နာရီခြဲတြင္ က်ိဳက္မေရာၿမိဳ႕နယ္၊ ေကာ့ပေနာေက်း႐ြာလမ္းဆုံတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
KNU ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ ေကာ့ပေနာေက်း႐ြာအတြင္းသို႔ Drop Bomb ခ်တိုက္ခိုက္ခဲ့ရာ က်ိဳက္မေရာၿမိဳ႕မွ ၾကာအင္းဆိပ္ႀကီးသြား ကားလမ္းေပၚရွိ ေကာ္ပေနာလမ္းဆုံသို႔ ေရာက္ရွိေနေသာ ဦးလွေ႐ႊ (၅၂) ႏွစ္ေမာင္းႏွင္သည့္ Super Custom အမ်ိဳးအစားေပၚသို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေပါက္ကြဲမႈေၾကာင့္ ယာဥ္ေမာင္းအပါအဝင္ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ ခရီးသည္ အမ်ိဳးသား ၉ ဦး၊ အမ်ိဳးသမီး ၂ ဦး စုစုေပါင္း ၁၁ ဦးတို႔တြင္ ဗုံးစထိမွန္ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့သည္။
အဆိုပါထိခိုက္ဒဏ္ရာရရွိသူမ်ားအား တာဝန္ရွိသူမ်ားက က်ိဳက္မေရာၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကာ လိုအပ္ေသာေဆးဝါးကုသမႈမ်ား ခံယူေစလ်က္ရွိေၾကာင္းႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။