မိုးကုတ်မြို့က ပြည်သူ့အသံနဲ့ တောင့်တချက်

 972

သုတကျော် (NP News) - စက်တင်ဘာလ ၄
မြန်မာနိုင်ငံ၏ ဘဏ္ဍာတိုက်ကြီးဟုတင်စားနိုင်သော မိုးကုတ်မြို့ကို TNLA တို့ ထိန်းချုပ် သွားခဲ့ပြီးသည့် နောက်တွင် မြို့၏အခြေအနေမှာ သိုက်တူးခံရသည့်ကိန်းဆိုက်သွားခဲ့သည်။ မြို့မှ တွင်းထွက်တို့ကို ရသမျှ တူးယူခံရသည်။ မြို့၏အခြေအနေမှာကား မူလထက်ပင် ဆုတ်ယုတ်သွားခဲ့သည်။ အဆိုပါအခြေအ နေများနှင့်ပတ်သက်၍ မိုးကုတ်မြို့ခံတစ်ဦးထံ NP News မှ ဆက်သွယ်မေးမြန်းထားသည် များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - အရင်ဆုံးမေးချင်တာက မိုးကုတ်မြို့ လက်ရှိအ ခြေအနေပါ။
ဖြေ - မိုးကုတ်က အခု ဗုံးတစ်လုံးပြီးတစ်လုံး ချနေ တော့ မြို့သူ၊ မြို့သားတွေက မန္တလေးဘက်တို့ဘာတို့ ကိုရှောင်ကြပြီလေ။ မရှောင်နိုင်တဲ့သူတွေကတော့ ဒီလိုပဲနေနေကြတာပေါ့။ ချတဲ့ဟာတွေကလည်း TNLA တို့၊ PDF တို့ ထိတာနည်းတယ်။ သူတို့က အရင်တုန်းက စခန်းချခဲ့တဲ့နေရာတွေကို ဒီဘက်က သတင်းပေးကလည်း အဲဒီနေရာတွေပေးတာပေါ့။ အဲဒီနေရာတွေပေးလို့ရအောင်လည်း TNLA က နည်းနည်းဟပေးတယ်ထင်တယ်။ တပ်နဲ့ ပြည်သူနဲ့ကို ဗုံးတွေကြဲပြီး စိတ်နာအောင်လုပ်တာပေါ့။ ဒါပေမဲ့ မြို့ သူမြို့သားတွေကကျတော့ အခု ဘယ်လိုဖြစ်နေလဲ ဆိုတော့ တပ်ကိုစိတ်မနာဘဲနဲ့ ကဲ ထိတာကတော့ ကံ ပဲပေါ့။ ကိုယ့်ခေါင်းပေါ်ရောက်လာရင် ကိုယ်လည်းမ တတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ကြဲပလေ့စေ ပလောင်တွေ ထွက်သွားရင် ပြီးတာပဲပေါ့။ အခုက ဗုံးကြဲတာထက်ကို ပလောင်ကိုထွက်သွားစေချင်တာ။ အခု ဗုံးကြဲလို့သေ တာကိုက ပလောင်က စိတ်နာအောင်ဆိုပြီး ရန်တိုက် ပေးထားခဲ့တာ။ ပလောင်က မြို့ထဲမှာ ပိုက်ဆံကောက် ဖို့လူလောက်ပဲထားတော့တယ်။ သူရဲ့ပလောင်စစ် သားတွေတို့ ဘာတို့က နမ့်ဆန်ဘက်တွေကိုသွားနေပြီ။ PDF ကိုထိန်းချုပ်ဖို့ကျတော့လည်း ခေါင်းဆောင်ပိုင်း လောက်ပဲ၊ မိုးကုတ်လမ်းတစ်လျှောက် တိုက်ပွဲဝင်ဖို့ အဲဒီလောက်ပဲ သူကထားတယ်။ တကယ့်ပလောင် စစ် သားစစ်စစ်တွေဘာတွေ ပလောင်အဖွဲ့တွေက သူတို့အ ခြေကျတဲ့ဘက်ကို ခြေကုပ်ယူထားတဲ့သဘောပဲ။
မေး - TNLA မိုးကုတ်ကိုသိမ်းပြီးတဲ့နောက် ပြောင်းလဲမှုတွေက ဘာတွေဖြစ်သွားလဲ။
ဖြေ - အရင်တုန်းကတော့ မိုးကုတ်သူ မိုးကုတ်သား ဆိုတာက စစ်တပ်ကိုကြောက်တယ်လေ။ ကြောက်ပေ မယ့်လည်း ဒါ ဥပဒေရှိတာကိုး။ စစ်တပ်ဆိုတာက နိုင်ငံဥပဒေရှိတယ်လေ။ သူတို့ကို ကြောက်သာ ကြောက်တာပဲ မလုပ်ခဲ့ဘူး။ အခု ပလောင်ဝင်သွား တော့ ဥပဒေမှမရှိတာ။ ဥပဒေမဲ့အကြမ်းဖက်တဲ့အချိန် ကျတော့ အဲဒီကျမှ တကယ့်တကယ်ကို သူခိုး၊ ဓားပြ၊ သူပုန်၊ အကြမ်းဖက်သမားက အခုမှ မြို့ထဲကိုတကယ် ရောက်လာပြီဆိုတဲ့ခံစားချက်မျိုး ဖြစ်သွားတယ်လေ။ အရင်တုန်းကတော့ စစ်တပ်ကို ဒါပြောမယ်ဆိုရင် စစ် တပ်က အနိုင်ကျင့်တယ်၊ ဖိနှိပ်တယ်ဆိုတာမျိုး မိုး ကုတ်သူ၊ မိုးကုတ်သားကမြင်တာပေါ့။ အခုမှ တကယ် ပလောင်ဝင်လာတဲ့အချိန်ကျမှ စစ်တပ်အနိုင်ကျင့် တယ် ဖိနှိပ်တယ်ဆိုတာ တချို့က ကြုံဖူးချင်လည်း ကြုံဖူးမယ် မကြုံဖူးရင်လည်းမကြုံဖူးဘူးပေါ့။ ဒါပေ မဲ့ အခုဟာကတော့ ဘယ်လိုဖြစ်လဲတော့ မြို့သူ၊ မြို့ သား၊ ကလေး၊ လူကြီးမကျန် အကြောက်တရားကို သွင်းလိုက်တော့တာပဲလေ။
မေး - လုံးဝ စစ်အုပ်ချုပ်ရေးအောက်ရောက်သွား တယ်ပြောနိုင်လား။
ဖြေ - စစ်အုပ်ချုပ်ရေးမဟုတ်ဘူး။ လုံးဝ အကြမ်းဖက် သမား အုပ်ချုပ်ရေးဖြစ်သွားတာလေ။ စစ်အုပ်ချုပ်ရေး ဆိုတာက စစ်ဆိုတာတောင် စစ်တပ်တစ်တပ်မှာ သူ့ ဖွဲ့စည်းပုံ၊ အုပ်ချုပ်ပုံရှိတယ်လေ။ ဥပဒေရှိတယ်လေ။ ဟုတ်တယ်မဟုတ်လား။ ဒါက ဘာဖွဲ့စည်းပုံ၊ ဘာဥပ ဒေမှမရှိဘူး။ ပြီးတော့ နောက်တစ်ခုက မိုးကုတ်ပတ် ဝန်းကျင်ကို ဘယ်လိုအကျိုးပြုအောင်လုပ်ပေးမယ် ဘာတွေညာတွေ အသံလွှင့်လိုက်သေးတယ်လေ။ လွှင့်ပေမယ့်လည်း မိုးကုတ်က တစ်ရက်အခွင့်အရေးရ ရင် တစ်ရက်ယူမယ်၊ တစ်လအခွင့်အရေးရရင် တစ် လယူမယ်ပေါ့။ နေလို့ရသမျှအချိန်မှာ အဆီအနှစ်ကို ရသမျှထုတ်ယူသွားမယ်ဆိုတဲ့ရည်ရွယ်ချက်ပဲ ရှိတာ လေ။
မေး - ဆိုတော့ မိုးကုတ်ရဲ့အဆီအနှစ်ကိုထုတ်ဖို့က သူတို့မှာ အစောတည်းက ကြံထားပြီးသားလား။
ဖြေ - နဂိုတည်းက သူတို့မှာ အစီအစဉ်ရှိထားပြီးသား။ ဘာလို့လဲဆိုတော့ မိုးကုတ်ကိုဝင်လို့ရတာနဲ့ ဘယ်နေ ရာတွေကို ကျောက်မိုင်းတွေကို ဘယ်လိုပုံစံမျိုးလုပ် မယ်၊ ကျောက်တွေထွက်လာရင် ဘယ်လိုပုံစံမျိုးနဲ့ အချိုးအစားတွေကိုယူမယ်ပေါ့နော်။ လိုချင်တဲ့ အချိုး အစားကိုမရဘူးဆိုရင် ဘယ်လိုလုယူရမလဲပေါ့၊ ဘယ် လိုတိုက်ယူရမလဲ ရှိထားပြီးသား။
မေး - မိုးကုတ်နဲ့ပတ်သက်လို့ သယံဇာတတွေက သူတို့ထိန်းချုပ်ပြီးတဲ့နောက် ဘယ်လောက် ပြုန်းတီး သွားပြီလဲ။
ဖြေ - မိုးကုတ် မြို့သူ၊ မြို့သားတွေက ဒီနေရာတွေဟာ အရင်တည်းက ရယူလို့လွယ်ကူတယ်ဆိုတာ သိထား ပြီးသား။ ဒါပေမဲ့လည်း ကိုယ့်မြို့ကို မပျက်စီး မထိ ခိုက်စေချင်တာရယ်၊ ကိုယ့်ဂုဏ်သိက္ခာအရရယ် အဲဒီ နေရာတွေကိုထိန်းသိမ်းထားခဲ့တယ်။ ထိန်းသိမ်းထား တာကို ပလောင်က အရင်တည်းက ကြိုတင်လေ့လာ ပြီးသား။ ဝင်ခွင့်ရတာနဲ့ ဂေါက်ကွင်းဆိုရင် ဘက်ဟိုး (၄၃)စီးနဲ့တူးတယ်။ ဂေါက်ကွင်းဆိုတာက ဘက်ဟိုး တစ်စီးနဲ့တောင် ဝင်တူးလို့မရဘူးလေ။ လက်လုပ် လက်စားတွေတောင် ဝင်တူးလို့ မောင်းထုတ်နေရတဲ့ နေရာလေ။ ဂေါက်ကွင်းဆိုတာ အင်မတန်လွယ်ကူတဲ့ နေရာလေ။ ကျောက်ကလည်း အများကြီးရတာ။ ဂေါက်ကွင်းမှာ တော်တော်လေးပါသွားပြီ။ နောက် တခြားနေရာတွေမှာလည်း ဥပမာ အိမ်တွေထဲမှာ၊ ခြံတွေထဲမှာ နဂိုက လုပ်ချင်တိုင်း လုပ်ခွင့်မပေးထား ဘူးလေ။ မြို့ကိုထိခိုက်မှာစိုးလို့၊ ပျက်စီးမှာစိုးလို့။ ကျောက်မျက်ဥပဒေအရ ထိန်းထားတာပေါ့။ အခုက တော့ အိမ်တွေထဲမှာရော၊ ခြံတွေထဲမှာရော၊ တချို့ သောလုပ်ကွက်အသစ်တွေရော၊ ရပ်နားထားတဲ့လုပ် ကွက်တွေရော အကုန်ဝင်တူးတော့တာပဲလေ။ သဘောက ဘော်မားဆိုရင် ဘော်မားမှာ နီလာလုပ် ကွက်တစ်ကွက်ရှိတယ်။ ကျောက်ကြောက ပေါက် နေပြီးသား။ ပေါက်နေပြီသားကို သူတို့ TNLA ထဲ က၊ PDF ထဲကလူတွေကဝင်ပြီးတော့ ကျုံးတော့တာပဲ လေ။ အဲဒီကျတော့ သယံဇာတ ဘယ်လောက်ပြုန်းတီး သွားလဲဆိုတော့ အစိုးရက အကျိုးတူနဲ့ဦးပိုင်နဲ့ပေးခဲ့ တဲ့ဟာကို (၁၉၉၀)လောက်မှာပေးခဲ့တယ်။ ထားပါ တော့ သဘောမှာ (၂၀၁၇)လောက်မှာ ကုန်သွားကြ တယ်။ နှစ်သုံးဆယ်လောက် ဦးပိုင်အကျိုးတူနဲ့လုပ် တာတောင်မှTNLA ဒီတစ်နှစ်မပြည့်တဲ့ဟာက အဲဒီ ထက်ပိုဆိုးတယ်။ သယံဇာတပြုန်းတီးတာက။ အစိုးရ နှစ်သုံးဆယ်လုပ်တာထက် သူ တစ်နှစ်မပြည့်ခင် လုပ် တာက ပိုဆိုးတယ်။
မေး - လုံးဝကို အတိုင်းအဆမရှိ၊ ပြောရရင် ဘုရားပွဲ တွေ့သွားတယ်ပေါ့လို့ သုံးလို့ရမလား။
ဖြေ - ဟုတ်တယ် ခွေးဘုရားပွဲတွေ့သွားတာပဲ။ မိုး ကုတ်ကလူတွေက ဒါကြောင့်မို့ ပြောကြတာရှိတယ်။ ပလောင်ဆိုတာ လူစကားပြောတတ်တဲ့တိရစ္ဆာန်ပဲ ပေါ့။ ပညာတတ်တာတွေ၊ မတတ်တာတွေဆိုတာ သိပ်ဝေးတယ်။ ပညာတတ်တာတွေ၊ အဆင့်အတန်း ရှိတာတွေ တွက်လို့မရဘူး။ သို့သော်လည်း သူတို့ သည် ဘယ်လောက်မိုက်သလဲ၊ ဘယ်လောက်ကြမ်း သလဲဆိုရင် လူစကားပြောတတ်တဲ့ တိရစ္ဆာန်ပဲပေါ့။
မေး - အရင်က ပန်းနဲ့ကြိုခဲ့ကြတယ်ပေါ့လေ။ ဒီလို ကြိုခဲ့သော်လည်းပဲ အခုတော့ အခက်အခဲတွေဖြစ်လာ ကြရတာလား။
ဖြေ - ပန်းနဲ့ကြိုခဲ့ကြတယ်ဆိုတာက မိုးကုတ် မြို့ကနေ PDF ဖြစ်သွားတဲ့ကလေးတွေရှိတယ်။ မိုး ကုတ်မြို့သူ၊ မြို့သားပေါ့။ မိုးကုတ်မြို့ကလူတွေက အနိုင်တိုက်ပြီးတော့ ကိုယ့်အိမ်ကိုယ်ပြန်လာကြပြီဆို ပြီး ပန်းနဲ့ကြိုတာ။ TNLA ကတော့ မိုးကုတ်သူ၊ မိုး ကုတ်သားက ဒီဘဝလည်းမကြိုဘူး၊ နောက်ဘဝ လည်း ကြိုမှာမဟုတ်ဘူး။ ပလောင်အချင်းချင်းကို မကြိုဆိုဘူး။ ဒါပေမဲ့ ဒီ PDF ကလေးတွေသည်လည်း ရောပြီးပါလာခဲ့တယ်။ မြို့ကို သူတို့သိမ်းသွားပြီးတဲ့ အချိန်ကျတော့ ဒီ PDF ကလေးတွေက ဘာရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်မှမရှိသလို မြို့ကိုလည်း သူတို့ ဘာမှ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်နိုင် ခြင်းမရှိတော့ မြို့သူ၊ မြို့သားတွေက အားမလို၊ အား မရ မချင့်မရဲနဲ့ပေါ့နော်။ နောက်ဆုံးမှာ ဘာဖြစ်လဲဆို တော့ ပလောင်ကို ရွံ၊ မုန်း၊ ကြောက်၊ မသတီပေါ့။ တ ကယ်တော့ မိုးကုတ်ကလူတွေတွက်တာက နှစ်ပေါင်း များစွာ တပ်ကအုပ်ချုပ်လာတယ်ပေါ့။ မိုးကုတ်ကို လည်း တပ်က အုပ်ချုပ်မှု၊ ဦးဆောင်မှုနဲ့ နေခဲ့တယ် ပေါ့။ ဒီအချိန်မှာ PDF က မြို့ကိုပြန်သိမ်းနိုင်ပြီထင် တာလေ။ ထင်တာက တခြားစီဖြစ်သွားပြီပေါ့။
မေး - မိုးကုတ်မှာ PDF နဲ့ TNLA ဆက်ဆံရေးက အထက်အောက်ဆက်ဆံရေးလား၊ မဟာမိတ် ဆက် ဆံရေးလား ဘယ်လိုထင်လဲ။
ဖြေ - အမှန်ကတော့ PDF ကို မွေးဖွားပေးလိုက်တာက သိတဲ့အတိုင်းပဲ KIA တို့၊ KNU တို့ပါခဲ့သလို AA တို့၊ TNLA တို့လည်းပါခဲ့တယ်လေ။ ဆရာ၊ တပည့် ပုံစံမျိုးတော့ဖြစ်တာပေါ့။ ဒီအချိန်ရောက်တော့ ဘယ် လိုဖြစ်လဲဆိုတော့ PDF တွေက TNLA ကို ရွံ လည်းရွံတယ်၊ မုန်းလည်းမုန်းတယ်၊ မကြောက် လည်းမကြောက်ဘူး။ ဒါပေမဲ့ ဘာဖြစ်လာလဲဆိုတော့ ဒီတိုင်းရင်းသား၊ လက်နက်ကိုင်တွေကို မှီခိုနေတဲ့သူ တွေဖြစ်နေတော့ ဒီအချိန်မှာ ဒီဟာတွေကို မလှန်ရဲ တာထက် မလှန်ချင်ဘူးဖြစ်နေတာ။ ဘာလို့လဲဆိုတော့ ကြားရသလောက်မှာ ပလောင်က PDF ကို တိုက်ပွဲ ဝင်ခိုင်းတယ်။ တိုက်ပြီး နိုင်လို့ပြန်လာရင် လက်နက် သိမ်းထားလိုက်တယ်။ ထွက်ပြေးရင်လည်း ပစ်သတ် မယ်၊ ပြီးရင် အဲဒီအချိန်မှာ အထိုင်ကိုပြန်ရောက်ရင် ပလောင်စစ်သား၊ သူပုန်ပဲ လက်နက်ကိုင်ထားတဲ့သ ဘောမျိုးပေါ့။ ပြောမယ်ဆိုရင် ဒီ PDF တွေကလည်း ထိန်းချုပ်ခံ၊ စတေးခံပေါ့။ တိုက်ပွဲရောက်ပြီဆိုရင်တော့ တစ်ခုရှိတာက တိုက်လို့ရရင် လက်နက်ရအောင် တိုက်ခဲ့တဲ့ကောင်က ထိန်းသိမ်းခွင့်ရှိတယ်၊ ယူခွင့်ရှိ တယ်ဆိုတာဖြစ်နေတော့ PDF ကလေးတွေက တိုက်မယ်ဆိုတာဖြစ်တာပေါ့။ လုလို့ရရင် မင်းရရင် မင်းယူဆိုတဲ့သဘောပေါ့။ အဲဒီမှာတင် သေနတ်မ ကိုင်ထားတဲ့ PDF တွေက အများကြီးလေ။ သေနတ် တစ်လက်ကို ကျည် အတောင့်(၅၀)၊ (၃၀)လောက် ကိုင်ထားရတဲ့သူတွေကလည်း အများကြီးလေ။ အကန့်အသတ်နဲ့ကိုး။ ဒီ PDF တွေက ပြောမယ်ဆိုရင် သူတို့လက်အောက်ခံသဘောမျိုး ရှိနေတာပဲ။
မေး - ပလောင်လက်အောက်က မိုးကုတ်မြို့ခံတွေရဲ့ လူမှုစီးပွားအခြေအနေကကော ဘယ်လိုရှိပါသလဲ။
ဖြေ - တချို့လည်း အဆင်ပြေသွားတဲ့သူလည်း လူ အနည်းငယ်ပဲရှိတယ်။ တော်တော်များများကတော့ အဆင်ပြေလာတာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အခွန်ကောက်တာနဲ့ အနိုင်ကျင့်တာနဲ့ပဲခံနေရတာ ကိုး။ ဥပမာပေါ့ ရွှေဆိုင်ပဲဖွင့်ဖွင့် ဆေးခန်းပဲဖွင့်ဖွင့် အားလုံးက အခွန်ကောက်တာပဲလေ။ အရင်တုန်းက မစို့မပို့ပေါ့။ တစ်နှစ်စာဆို ကုန်စုံဆိုင်ရောင်းရင် တစ် နှစ်စာဆောင်ရတယ်။ တစ်နှစ်စာအတွက်ကို (၅)သိန်းပေး၊ (၁၀)သိန်းပေး၊ သိန်း(၅၀)ကောက်လိုက် တယ်။ ဒီအခွန်ပေးရတဲ့ပိုက်ဆံကို မပေးချင်တာရော၊ ပြီးတော့ သူတို့ကို အားကိုးလေးစားမှု မရှိတာရောပေါ့ အဲဒါမျိုးဖြစ်တယ်။ ပလောင်ကိုလာတိုက်လို့ ပလောင် သေရင် ဝမ်းနည်းစရာအကြောင်းမရှိဘူး။ အရင်တုန်း က စစ်တပ်ကို မိုးကုတ်က လူရာခိုင်နှုန်း တော်တော် များများကြောက်ခဲ့ကြတယ်။ ဆန္ဒပြကြတယ်။ မကြိုက်ကြဘူး။ အခုက ဘယ်လိုဖြစ်လဲဆိုတော့ ပလောင်ကို မကြိုက်တာက မိုးကုတ်က လူတော်တော် များများ (၁၀ဝ)ရာခိုင်နှုန်းမကြိုက်ကြဘူး။ ဘယ် လောက် မကြိုက်သလဲဆိုရင် မိုးကုတ်မြို့သူ၊ မြို့သား မပြောနဲ့ သူတို့အချင်းချင်းတောင် မကြိုက်ဘူး။ မိုက် လည်းမိုက်တယ်၊ ကြမ်းလည်းကြမ်းတယ်၊ ရိုင်းလည်း ရိုင်းတယ်။ ကောက်ကျစ်ယုတ်မာတာလည်းရှိတယ်။ နောက်တစ်ခုက အခု ဗုံးကြဲတဲ့ပွိုင့်တွေဟာ စစ်တပ်ကို ပေးမယ့်သတင်းပေးကို သူတို့က ထောက်ချောက်ဆင် ပြီး ပြန်ပြန်ပေးထားတဲ့သတင်းတွေများနေတယ်။ အရင်တုန်းက သူတို့ ခဏတဖြုတ်စခန်းချတယ်။ အဲဒီနေရာမှာ မရှိတော့ဘူး။ မြို့သူ၊ မြို့သားတွေက ဝင်နေကြတဲ့အချိန်မှာ ပွိုင့်တွေရထားတော့ တပ်က လည်း သူရထားတဲ့နေရာကိုကြဲတော့တာပေါ့။ ဘက် ဟိုး အစီး(၃၀)ကျော်နဲ့လုပ်နေတဲ့ဂေါက်ကွင်းကို လည်းကြဲစေချင်တယ်။ အဲဒီနေရာမှာ ကျောက်ခိုးတူး တဲ့သူတွေပဲရှိတယ်။ သူတို့ ယာယီခိုအောင်းခဲ့တဲ့နေရာ တွေကို သူတို့က ထောက်ချောက်ဆင်ပြီးပေးခဲ့တဲ့ နေရာဖြစ်နေတယ်။
မေး - ဆိုတော့ TNLA က လူသားတံတိုင်းလုပ်နေ တာပဲလို့ ထင်လား။
ဖြေ - ဒေသခံတွေကို တပ်ကဗုံးကြဲတယ်ဆိုတဲ့ ပုံစံ လုပ်တာ။ နိုင်ငံရေးထောက်ချောက်၊ စစ်ရေးထောင် ချောက်လုပ်တာ။ ကြဲတာကတော့ မြို့သူ၊ မြို့သားတွေ ကတော့ကြဲစေချင်တယ်။ မြေကျန်ရင်ရပြီ။ လူတွေကို ထိတာကိုတော့ ဒါက အသက်တွေ၊ ဘဝတွေပဲလေ။ အဆောက်အအုံတွေထိတာတို့၊ ပလောင်တွေ ပြေး အောင် ကြဲမယ်ဆိုတာတော့ မိုးကုတ်ကလူတွေ မျှော် လင့်တယ်။ တိုက်ပြီဆိုရင်တော့ ပလောင်ကို အချိန်တို အတွင်း နိုင်အောင်တိုက်နိုင်ရင် ကောင်းတယ်။
မေး - စစ်ရေးအရဆို တပ်မတော်က အရေးသာတဲ့ အနေအထားပေါ့လေ။ မိုးကုတ်က အလွယ်တကူ သိမ်းနိုင်မလား။
ဖြေ - သိမ်းမယ်ဆိုရင် မခက်ဘူး။ စစ်ရေးအခိုင် အမာတည်ဆောက်ပုံဆိုတာ ဖွဲ့စည်းပုံတွေ၊ လက်နက် ခဲယမ်းတွေပြည့်စုံမှ ထိန်းလို့ရတာလေ။ အခိုင်အမာ ကာကွယ်ဖို့ဆိုတာလေ။ တကယ်သိမ်းမယ်ဆို သိမ်း လို့ မရနိုင်စရာမရှိဘူး။
မေး - မြို့သားတစ်ယောက်အနေနဲ့ ဆန္ဒက ဘယ်လို ရှိပါသလဲ။
ဖြေ - တပ်က မြန်မြန်သိမ်းတာကောင်းတယ်။ ပလောင်ကဆက်နေရင် တစ်ရက်နေရင်တစ်ရက် ပျက်စီးမှာပဲ။ မိုးကုတ်က ဘာမှကို ကျန်မှာမဟုတ်ဘူး။

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:
မိုးကုတ္ၿမိဳ႕ က ျပည္သူ႔ အသံနဲ႔ ေတာင့္တခ်က္
သုတေက်ာ္ (NP News) - စက္တင္ဘာလ ၄
ျမန္မာႏိုင္ငံ၏ ဘ႑ာတိုက္ႀကီးဟုတင္စားႏိုင္ေသာ မိုးကုတ္ၿမိဳ႕ကို TNLA တို႔ ထိန္းခ်ဳပ္ သြားခဲ့ၿပီးသည့္ ေနာက္တြင္ ၿမိဳ႕၏အေျခအေနမွာ သိုက္တူးခံရသည့္ကိန္းဆိုက္သြားခဲ့သည္။ ၿမိဳ႕မွ တြင္းထြက္တို႔ကို ရသမွ် တူးယူခံရသည္။ ၿမိဳ႕၏အေျခအေနမွာကား မူလထက္ပင္ ဆုတ္ယုတ္သြားခဲ့သည္။ အဆိုပါအေျခအ ေနမ်ားႏွင့္ပတ္သက္၍ မိုးကုတ္ၿမိဳ႕ခံတစ္ဦးထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည္ မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - အရင္ဆုံးေမးခ်င္တာက မိုးကုတ္ၿမိဳ႕ လက္ရွိအ ေျခအေနပါ။
ေျဖ - မိုးကုတ္က အခု ဗုံးတစ္လုံးၿပီးတစ္လုံး ခ်ေန ေတာ့ ၿမိဳ႕သူ၊ ၿမိဳ႕သားေတြက မႏၲေလးဘက္တို႔ဘာတို႔ ကိုေရွာင္ၾကၿပီေလ။ မေရွာင္ႏိုင္တဲ့သူေတြကေတာ့ ဒီလိုပဲေနေနၾကတာေပါ့။ ခ်တဲ့ဟာေတြကလည္း TNLA တို႔၊ PDF တို႔ ထိတာနည္းတယ္။ သူတို႔က အရင္တုန္းက စခန္းခ်ခဲ့တဲ့ေနရာေတြကို ဒီဘက္က သတင္းေပးကလည္း အဲဒီေနရာေတြေပးတာေပါ့။ အဲဒီေနရာေတြေပးလို႔ရေအာင္လည္း TNLA က နည္းနည္းဟေပးတယ္ထင္တယ္။ တပ္နဲ႔ ျပည္သူနဲ႔ကို ဗုံးေတြႀကဲၿပီး စိတ္နာေအာင္လုပ္တာေပါ့။ ဒါေပမဲ့ ၿမိဳ႕ သူၿမိဳ႕သားေတြကက်ေတာ့ အခု ဘယ္လိုျဖစ္ေနလဲ ဆိုေတာ့ တပ္ကိုစိတ္မနာဘဲနဲ႔ ကဲ ထိတာကေတာ့ ကံ ပဲေပါ့။ ကိုယ့္ေခါင္းေပၚေရာက္လာရင္ ကိုယ္လည္းမ တတ္ႏိုင္ဘူးေပါ့။ ဒါေပမဲ့ ႀကဲပေလ့ေစ ပေလာင္ေတြ ထြက္သြားရင္ ၿပီးတာပဲေပါ့။ အခုက ဗုံးႀကဲတာထက္ကို ပေလာင္ကိုထြက္သြားေစခ်င္တာ။ အခု ဗုံးႀကဲလို႔ေသ တာကိုက ပေလာင္က စိတ္နာေအာင္ဆိုၿပီး ရန္တိုက္ ေပးထားခဲ့တာ။ ပေလာင္က ၿမိဳ႕ထဲမွာ ပိုက္ဆံေကာက္ ဖို႔လူေလာက္ပဲထားေတာ့တယ္။ သူရဲ႕ပေလာင္စစ္ သားေတြတို႔ ဘာတို႔က နမ့္ဆန္ဘက္ေတြကိုသြားေနၿပီ။ PDF ကိုထိန္းခ်ဳပ္ဖို႔က်ေတာ့လည္း ေခါင္းေဆာင္ပိုင္း ေလာက္ပဲ၊ မိုးကုတ္လမ္းတစ္ေလွ်ာက္ တိုက္ပြဲဝင္ဖို႔ အဲဒီေလာက္ပဲ သူကထားတယ္။ တကယ့္ပေလာင္ စစ္ သားစစ္စစ္ေတြဘာေတြ ပေလာင္အဖြဲ႕ေတြက သူတို႔အ ေျခက်တဲ့ဘက္ကို ေျခကုပ္ယူထားတဲ့သေဘာပဲ။
ေမး - TNLA မိုးကုတ္ကိုသိမ္းၿပီးတဲ့ေနာက္ ေျပာင္းလဲမႈေတြက ဘာေတြျဖစ္သြားလဲ။
ေျဖ - အရင္တုန္းကေတာ့ မိုးကုတ္သူ မိုးကုတ္သား ဆိုတာက စစ္တပ္ကိုေၾကာက္တယ္ေလ။ ေၾကာက္ေပ မယ့္လည္း ဒါ ဥပေဒရွိတာကိုး။ စစ္တပ္ဆိုတာက ႏိုင္ငံဥပေဒရွိတယ္ေလ။ သူတို႔ကို ေၾကာက္သာ ေၾကာက္တာပဲ မလုပ္ခဲ့ဘူး။ အခု ပေလာင္ဝင္သြား ေတာ့ ဥပေဒမွမရွိတာ။ ဥပေဒမဲ့အၾကမ္းဖက္တဲ့အခ်ိန္ က်ေတာ့ အဲဒီက်မွ တကယ့္တကယ္ကို သူခိုး၊ ဓားျပ၊ သူပုန္၊ အၾကမ္းဖက္သမားက အခုမွ ၿမိဳ႕ထဲကိုတကယ္ ေရာက္လာၿပီဆိုတဲ့ခံစားခ်က္မ်ိဳး ျဖစ္သြားတယ္ေလ။ အရင္တုန္းကေတာ့ စစ္တပ္ကို ဒါေျပာမယ္ဆိုရင္ စစ္ တပ္က အႏိုင္က်င့္တယ္၊ ဖိႏွိပ္တယ္ဆိုတာမ်ိဳး မိုး ကုတ္သူ၊ မိုးကုတ္သားကျမင္တာေပါ့။ အခုမွ တကယ္ ပေလာင္ဝင္လာတဲ့အခ်ိန္က်မွ စစ္တပ္အႏိုင္က်င့္ တယ္ ဖိႏွိပ္တယ္ဆိုတာ တခ်ိဳ႕က ႀကဳံဖူးခ်င္လည္း ႀကဳံဖူးမယ္ မႀကဳံဖူးရင္လည္းမႀကဳံဖူးဘူးေပါ့။ ဒါေပ မဲ့ အခုဟာကေတာ့ ဘယ္လိုျဖစ္လဲေတာ့ ၿမိဳ႕သူ၊ ၿမိဳ႕ သား၊ ကေလး၊ လူႀကီးမက်န္ အေၾကာက္တရားကို သြင္းလိုက္ေတာ့တာပဲေလ။
ေမး - လုံးဝ စစ္အုပ္ခ်ဳပ္ေရးေအာက္ေရာက္သြား တယ္ေျပာႏိုင္လား။
ေျဖ - စစ္အုပ္ခ်ဳပ္ေရးမဟုတ္ဘူး။ လုံးဝ အၾကမ္းဖက္ သမား အုပ္ခ်ဳပ္ေရးျဖစ္သြားတာေလ။ စစ္အုပ္ခ်ဳပ္ေရး ဆိုတာက စစ္ဆိုတာေတာင္ စစ္တပ္တစ္တပ္မွာ သူ႔ ဖြဲ႕စည္းပုံ၊ အုပ္ခ်ဳပ္ပုံရွိတယ္ေလ။ ဥပေဒရွိတယ္ေလ။ ဟုတ္တယ္မဟုတ္လား။ ဒါက ဘာဖြဲ႕စည္းပုံ၊ ဘာဥပ ေဒမွမရွိဘူး။ ၿပီးေတာ့ ေနာက္တစ္ခုက မိုးကုတ္ပတ္ ဝန္းက်င္ကို ဘယ္လိုအက်ိဳးျပဳေအာင္လုပ္ေပးမယ္ ဘာေတြညာေတြ အသံလႊင့္လိုက္ေသးတယ္ေလ။ လႊင့္ေပမယ့္လည္း မိုးကုတ္က တစ္ရက္အခြင့္အေရးရ ရင္ တစ္ရက္ယူမယ္၊ တစ္လအခြင့္အေရးရရင္ တစ္ လယူမယ္ေပါ့။ ေနလို႔ရသမွ်အခ်ိန္မွာ အဆီအႏွစ္ကို ရသမွ်ထုတ္ယူသြားမယ္ဆိုတဲ့ရည္႐ြယ္ခ်က္ပဲ ရွိတာ ေလ။
ေမး - ဆိုေတာ့ မိုးကုတ္ရဲ႕အဆီအႏွစ္ကိုထုတ္ဖို႔က သူတို႔မွာ အေစာတည္းက ႀကံထားၿပီးသားလား။
ေျဖ - နဂိုတည္းက သူတို႔မွာ အစီအစဥ္ရွိထားၿပီးသား။ ဘာလို႔လဲဆိုေတာ့ မိုးကုတ္ကိုဝင္လို႔ရတာနဲ႔ ဘယ္ေန ရာေတြကို ေက်ာက္မိုင္းေတြကို ဘယ္လိုပုံစံမ်ိဳးလုပ္ မယ္၊ ေက်ာက္ေတြထြက္လာရင္ ဘယ္လိုပုံစံမ်ိဳးနဲ႔ အခ်ိဳးအစားေတြကိုယူမယ္ေပါ့ေနာ္။ လိုခ်င္တဲ့ အခ်ိဳး အစားကိုမရဘူးဆိုရင္ ဘယ္လိုလုယူရမလဲေပါ့၊ ဘယ္ လိုတိုက္ယူရမလဲ ရွိထားၿပီးသား။
ေမး - မိုးကုတ္နဲ႔ပတ္သက္လို႔ သယံဇာတေတြက သူတို႔ထိန္းခ်ဳပ္ၿပီးတဲ့ေနာက္ ဘယ္ေလာက္ ျပဳန္းတီး သြားၿပီလဲ။
ေျဖ - မိုးကုတ္ ၿမိဳ႕သူ၊ ၿမိဳ႕သားေတြက ဒီေနရာေတြဟာ အရင္တည္းက ရယူလို႔လြယ္ကူတယ္ဆိုတာ သိထား ၿပီးသား။ ဒါေပမဲ့လည္း ကိုယ့္ၿမိဳ႕ကို မပ်က္စီး မထိ ခိုက္ေစခ်င္တာရယ္၊ ကိုယ့္ဂုဏ္သိကၡာအရရယ္ အဲဒီ ေနရာေတြကိုထိန္းသိမ္းထားခဲ့တယ္။ ထိန္းသိမ္းထား တာကို ပေလာင္က အရင္တည္းက ႀကိဳတင္ေလ့လာ ၿပီးသား။ ဝင္ခြင့္ရတာနဲ႔ ေဂါက္ကြင္းဆိုရင္ ဘက္ဟိုး (၄၃)စီးနဲ႔တူးတယ္။ ေဂါက္ကြင္းဆိုတာက ဘက္ဟိုး တစ္စီးနဲ႔ေတာင္ ဝင္တူးလို႔မရဘူးေလ။ လက္လုပ္ လက္စားေတြေတာင္ ဝင္တူးလို႔ ေမာင္းထုတ္ေနရတဲ့ ေနရာေလ။ ေဂါက္ကြင္းဆိုတာ အင္မတန္လြယ္ကူတဲ့ ေနရာေလ။ ေက်ာက္ကလည္း အမ်ားႀကီးရတာ။ ေဂါက္ကြင္းမွာ ေတာ္ေတာ္ေလးပါသြားၿပီ။ ေနာက္ တျခားေနရာေတြမွာလည္း ဥပမာ အိမ္ေတြထဲမွာ၊ ၿခံေတြထဲမွာ နဂိုက လုပ္ခ်င္တိုင္း လုပ္ခြင့္မေပးထား ဘူးေလ။ ၿမိဳ႕ကိုထိခိုက္မွာစိုးလို႔၊ ပ်က္စီးမွာစိုးလို႔။ ေက်ာက္မ်က္ဥပေဒအရ ထိန္းထားတာေပါ့။ အခုက ေတာ့ အိမ္ေတြထဲမွာေရာ၊ ၿခံေတြထဲမွာေရာ၊ တခ်ိဳ႕ ေသာလုပ္ကြက္အသစ္ေတြေရာ၊ ရပ္နားထားတဲ့လုပ္ ကြက္ေတြေရာ အကုန္ဝင္တူးေတာ့တာပဲေလ။ သေဘာက ေဘာ္မားဆိုရင္ ေဘာ္မားမွာ နီလာလုပ္ ကြက္တစ္ကြက္ရွိတယ္။ ေက်ာက္ေၾကာက ေပါက္ ေနၿပီးသား။ ေပါက္ေနၿပီသားကို သူတို႔ TNLA ထဲ က၊ PDF ထဲကလူေတြကဝင္ၿပီးေတာ့ က်ဳံးေတာ့တာပဲ ေလ။ အဲဒီက်ေတာ့ သယံဇာတ ဘယ္ေလာက္ျပဳန္းတီး သြားလဲဆိုေတာ့ အစိုးရက အက်ိဳးတူနဲ႔ဦးပိုင္နဲ႔ေပးခဲ့ တဲ့ဟာကို (၁၉၉၀)ေလာက္မွာေပးခဲ့တယ္။ ထားပါ ေတာ့ သေဘာမွာ (၂၀၁၇)ေလာက္မွာ ကုန္သြားၾက တယ္။ ႏွစ္သုံးဆယ္ေလာက္ ဦးပိုင္အက်ိဳးတူနဲ႔လုပ္ တာေတာင္မွTNLA ဒီတစ္ႏွစ္မျပည့္တဲ့ဟာက အဲဒီ ထက္ပိုဆိုးတယ္။ သယံဇာတျပဳန္းတီးတာက။ အစိုးရ ႏွစ္သုံးဆယ္လုပ္တာထက္ သူ တစ္ႏွစ္မျပည့္ခင္ လုပ္ တာက ပိုဆိုးတယ္။
ေမး - လုံးဝကို အတိုင္းအဆမရွိ၊ ေျပာရရင္ ဘုရားပြဲ ေတြ႕သြားတယ္ေပါ့လို႔ သုံးလို႔ရမလား။
ေျဖ - ဟုတ္တယ္ ေခြးဘုရားပြဲေတြ႕သြားတာပဲ။ မိုး ကုတ္ကလူေတြက ဒါေၾကာင့္မို႔ ေျပာၾကတာရွိတယ္။ ပေလာင္ဆိုတာ လူစကားေျပာတတ္တဲ့တိရစာၦန္ပဲ ေပါ့။ ပညာတတ္တာေတြ၊ မတတ္တာေတြဆိုတာ သိပ္ေဝးတယ္။ ပညာတတ္တာေတြ၊ အဆင့္အတန္း ရွိတာေတြ တြက္လို႔မရဘူး။ သို႔ေသာ္လည္း သူတို႔ သည္ ဘယ္ေလာက္မိုက္သလဲ၊ ဘယ္ေလာက္ၾကမ္း သလဲဆိုရင္ လူစကားေျပာတတ္တဲ့ တိရစာၦန္ပဲေပါ့။
ေမး - အရင္က ပန္းနဲ႔ႀကိဳခဲ့ၾကတယ္ေပါ့ေလ။ ဒီလို ႀကိဳခဲ့ေသာ္လည္းပဲ အခုေတာ့ အခက္အခဲေတြျဖစ္လာ ၾကရတာလား။
ေျဖ - ပန္းနဲ႔ႀကိဳခဲ့ၾကတယ္ဆိုတာက မိုးကုတ္ ၿမိဳ႕ကေန PDF ျဖစ္သြားတဲ့ကေလးေတြရွိတယ္။ မိုး ကုတ္ၿမိဳ႕သူ၊ ၿမိဳ႕သားေပါ့။ မိုးကုတ္ၿမိဳ႕ကလူေတြက အႏိုင္တိုက္ၿပီးေတာ့ ကိုယ့္အိမ္ကိုယ္ျပန္လာၾကၿပီဆို ၿပီး ပန္းနဲ႔ႀကိဳတာ။ TNLA ကေတာ့ မိုးကုတ္သူ၊ မိုး ကုတ္သားက ဒီဘဝလည္းမႀကိဳဘူး၊ ေနာက္ဘဝ လည္း ႀကိဳမွာမဟုတ္ဘူး။ ပေလာင္အခ်င္းခ်င္းကို မႀကိဳဆိုဘူး။ ဒါေပမဲ့ ဒီ PDF ကေလးေတြသည္လည္း ေရာၿပီးပါလာခဲ့တယ္။ ၿမိဳ႕ကို သူတို႔သိမ္းသြားၿပီးတဲ့ အခ်ိန္က်ေတာ့ ဒီ PDF ကေလးေတြက ဘာရပိုင္ခြင့္၊ လုပ္ပိုင္ခြင့္မွမရွိသလို ၿမိဳ႕ကိုလည္း သူတို႔ ဘာမွ ေကာင္းေကာင္းမြန္မြန္ ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ ျခင္းမရွိေတာ့ ၿမိဳ႕သူ၊ ၿမိဳ႕သားေတြက အားမလို၊ အား မရ မခ်င့္မရဲနဲ႔ေပါ့ေနာ္။ ေနာက္ဆုံးမွာ ဘာျဖစ္လဲဆို ေတာ့ ပေလာင္ကို ႐ြံ၊ မုန္း၊ ေၾကာက္၊ မသတီေပါ့။ တ ကယ္ေတာ့ မိုးကုတ္ကလူေတြတြက္တာက ႏွစ္ေပါင္း မ်ားစြာ တပ္ကအုပ္ခ်ဳပ္လာတယ္ေပါ့။ မိုးကုတ္ကို လည္း တပ္က အုပ္ခ်ဳပ္မႈ၊ ဦးေဆာင္မႈနဲ႔ ေနခဲ့တယ္ ေပါ့။ ဒီအခ်ိန္မွာ PDF က ၿမိဳ႕ကိုျပန္သိမ္းႏိုင္ၿပီထင္ တာေလ။ ထင္တာက တျခားစီျဖစ္သြားၿပီေပါ့။
ေမး - မိုးကုတ္မွာ PDF နဲ႔ TNLA ဆက္ဆံေရးက အထက္ေအာက္ဆက္ဆံေရးလား၊ မဟာမိတ္ ဆက္ ဆံေရးလား ဘယ္လိုထင္လဲ။
ေျဖ - အမွန္ကေတာ့ PDF ကို ေမြးဖြားေပးလိုက္တာက သိတဲ့အတိုင္းပဲ KIA တို႔၊ KNU တို႔ပါခဲ့သလို AA တို႔၊ TNLA တို႔လည္းပါခဲ့တယ္ေလ။ ဆရာ၊ တပည့္ ပုံစံမ်ိဳးေတာ့ျဖစ္တာေပါ့။ ဒီအခ်ိန္ေရာက္ေတာ့ ဘယ္ လိုျဖစ္လဲဆိုေတာ့ PDF ေတြက TNLA ကို ႐ြံ လည္း႐ြံတယ္၊ မုန္းလည္းမုန္းတယ္၊ မေၾကာက္ လည္းမေၾကာက္ဘူး။ ဒါေပမဲ့ ဘာျဖစ္လာလဲဆိုေတာ့ ဒီတိုင္းရင္းသား၊ လက္နက္ကိုင္ေတြကို မွီခိုေနတဲ့သူ ေတြျဖစ္ေနေတာ့ ဒီအခ်ိန္မွာ ဒီဟာေတြကို မလွန္ရဲ တာထက္ မလွန္ခ်င္ဘူးျဖစ္ေနတာ။ ဘာလို႔လဲဆိုေတာ့ ၾကားရသေလာက္မွာ ပေလာင္က PDF ကို တိုက္ပြဲ ဝင္ခိုင္းတယ္။ တိုက္ၿပီး ႏိုင္လို႔ျပန္လာရင္ လက္နက္ သိမ္းထားလိုက္တယ္။ ထြက္ေျပးရင္လည္း ပစ္သတ္ မယ္၊ ၿပီးရင္ အဲဒီအခ်ိန္မွာ အထိုင္ကိုျပန္ေရာက္ရင္ ပေလာင္စစ္သား၊ သူပုန္ပဲ လက္နက္ကိုင္ထားတဲ့သ ေဘာမ်ိဳးေပါ့။ ေျပာမယ္ဆိုရင္ ဒီ PDF ေတြကလည္း ထိန္းခ်ဳပ္ခံ၊ စေတးခံေပါ့။ တိုက္ပြဲေရာက္ၿပီဆိုရင္ေတာ့ တစ္ခုရွိတာက တိုက္လို႔ရရင္ လက္နက္ရေအာင္ တိုက္ခဲ့တဲ့ေကာင္က ထိန္းသိမ္းခြင့္ရွိတယ္၊ ယူခြင့္ရွိ တယ္ဆိုတာျဖစ္ေနေတာ့ PDF ကေလးေတြက တိုက္မယ္ဆိုတာျဖစ္တာေပါ့။ လုလို႔ရရင္ မင္းရရင္ မင္းယူဆိုတဲ့သေဘာေပါ့။ အဲဒီမွာတင္ ေသနတ္မ ကိုင္ထားတဲ့ PDF ေတြက အမ်ားႀကီးေလ။ ေသနတ္ တစ္လက္ကို က်ည္ အေတာင့္(၅၀)၊ (၃၀)ေလာက္ ကိုင္ထားရတဲ့သူေတြကလည္း အမ်ားႀကီးေလ။ အကန႔္အသတ္နဲ႔ကိုး။ ဒီ PDF ေတြက ေျပာမယ္ဆိုရင္ သူတို႔လက္ေအာက္ခံသေဘာမ်ိဳး ရွိေနတာပဲ။
ေမး - ပေလာင္လက္ေအာက္က မိုးကုတ္ၿမိဳ႕ခံေတြရဲ႕ လူမႈစီးပြားအေျခအေနကေကာ ဘယ္လိုရွိပါသလဲ။
ေျဖ - တခ်ိဳ႕လည္း အဆင္ေျပသြားတဲ့သူလည္း လူ အနည္းငယ္ပဲရွိတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ အဆင္ေျပလာတာမဟုတ္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အခြန္ေကာက္တာနဲ႔ အႏိုင္က်င့္တာနဲ႔ပဲခံေနရတာ ကိုး။ ဥပမာေပါ့ ေ႐ႊဆိုင္ပဲဖြင့္ဖြင့္ ေဆးခန္းပဲဖြင့္ဖြင့္ အားလုံးက အခြန္ေကာက္တာပဲေလ။ အရင္တုန္းက မစို႔မပို႔ေပါ့။ တစ္ႏွစ္စာဆို ကုန္စုံဆိုင္ေရာင္းရင္ တစ္ ႏွစ္စာေဆာင္ရတယ္။ တစ္ႏွစ္စာအတြက္ကို (၅)သိန္းေပး၊ (၁၀)သိန္းေပး၊ သိန္း(၅၀)ေကာက္လိုက္ တယ္။ ဒီအခြန္ေပးရတဲ့ပိုက္ဆံကို မေပးခ်င္တာေရာ၊ ၿပီးေတာ့ သူတို႔ကို အားကိုးေလးစားမႈ မရွိတာေရာေပါ့ အဲဒါမ်ိဳးျဖစ္တယ္။ ပေလာင္ကိုလာတိုက္လို႔ ပေလာင္ ေသရင္ ဝမ္းနည္းစရာအေၾကာင္းမရွိဘူး။ အရင္တုန္း က စစ္တပ္ကို မိုးကုတ္က လူရာခိုင္ႏႈန္း ေတာ္ေတာ္ မ်ားမ်ားေၾကာက္ခဲ့ၾကတယ္။ ဆႏၵျပၾကတယ္။ မႀကိဳက္ၾကဘူး။ အခုက ဘယ္လိုျဖစ္လဲဆိုေတာ့ ပေလာင္ကို မႀကိဳက္တာက မိုးကုတ္က လူေတာ္ေတာ္ မ်ားမ်ား (၁၀ဝ)ရာခိုင္ႏႈန္းမႀကိဳက္ၾကဘူး။ ဘယ္ ေလာက္ မႀကိဳက္သလဲဆိုရင္ မိုးကုတ္ၿမိဳ႕သူ၊ ၿမိဳ႕သား မေျပာနဲ႔ သူတို႔အခ်င္းခ်င္းေတာင္ မႀကိဳက္ဘူး။ မိုက္ လည္းမိုက္တယ္၊ ၾကမ္းလည္းၾကမ္းတယ္၊ ႐ိုင္းလည္း ႐ိုင္းတယ္။ ေကာက္က်စ္ယုတ္မာတာလည္းရွိတယ္။ ေနာက္တစ္ခုက အခု ဗုံးႀကဲတဲ့ပြိဳင့္ေတြဟာ စစ္တပ္ကို ေပးမယ့္သတင္းေပးကို သူတို႔က ေထာက္ေခ်ာက္ဆင္ ၿပီး ျပန္ျပန္ေပးထားတဲ့သတင္းေတြမ်ားေနတယ္။ အရင္တုန္းက သူတို႔ ခဏတျဖဳတ္စခန္းခ်တယ္။ အဲဒီေနရာမွာ မရွိေတာ့ဘူး။ ၿမိဳ႕သူ၊ ၿမိဳ႕သားေတြက ဝင္ေနၾကတဲ့အခ်ိန္မွာ ပြိဳင့္ေတြရထားေတာ့ တပ္က လည္း သူရထားတဲ့ေနရာကိုႀကဲေတာ့တာေပါ့။ ဘက္ ဟိုး အစီး(၃၀)ေက်ာ္နဲ႔လုပ္ေနတဲ့ေဂါက္ကြင္းကို လည္းႀကဲေစခ်င္တယ္။ အဲဒီေနရာမွာ ေက်ာက္ခိုးတူး တဲ့သူေတြပဲရွိတယ္။ သူတို႔ ယာယီခိုေအာင္းခဲ့တဲ့ေနရာ ေတြကို သူတို႔က ေထာက္ေခ်ာက္ဆင္ၿပီးေပးခဲ့တဲ့ ေနရာျဖစ္ေနတယ္။
ေမး - ဆိုေတာ့ TNLA က လူသားတံတိုင္းလုပ္ေန တာပဲလို႔ ထင္လား။
ေျဖ - ေဒသခံေတြကို တပ္ကဗုံးႀကဲတယ္ဆိုတဲ့ ပုံစံ လုပ္တာ။ ႏိုင္ငံေရးေထာက္ေခ်ာက္၊ စစ္ေရးေထာင္ ေခ်ာက္လုပ္တာ။ ႀကဲတာကေတာ့ ၿမိဳ႕သူ၊ ၿမိဳ႕သားေတြ ကေတာ့ႀကဲေစခ်င္တယ္။ ေျမက်န္ရင္ရၿပီ။ လူေတြကို ထိတာကိုေတာ့ ဒါက အသက္ေတြ၊ ဘဝေတြပဲေလ။ အေဆာက္အအုံေတြထိတာတို႔၊ ပေလာင္ေတြ ေျပး ေအာင္ ႀကဲမယ္ဆိုတာေတာ့ မိုးကုတ္ကလူေတြ ေမွ်ာ္ လင့္တယ္။ တိုက္ၿပီဆိုရင္ေတာ့ ပေလာင္ကို အခ်ိန္တို အတြင္း ႏိုင္ေအာင္တိုက္ႏိုင္ရင္ ေကာင္းတယ္။
ေမး - စစ္ေရးအရဆို တပ္မေတာ္က အေရးသာတဲ့ အေနအထားေပါ့ေလ။ မိုးကုတ္က အလြယ္တကူ သိမ္းႏိုင္မလား။
ေျဖ - သိမ္းမယ္ဆိုရင္ မခက္ဘူး။ စစ္ေရးအခိုင္ အမာတည္ေဆာက္ပုံဆိုတာ ဖြဲ႕စည္းပုံေတြ၊ လက္နက္ ခဲယမ္းေတြျပည့္စုံမွ ထိန္းလို႔ရတာေလ။ အခိုင္အမာ ကာကြယ္ဖို႔ဆိုတာေလ။ တကယ္သိမ္းမယ္ဆို သိမ္း လို႔ မရႏိုင္စရာမရွိဘူး။
ေမး - ၿမိဳ႕သားတစ္ေယာက္အေနနဲ႔ ဆႏၵက ဘယ္လို ရွိပါသလဲ။
ေျဖ - တပ္က ျမန္ျမန္သိမ္းတာေကာင္းတယ္။ ပေလာင္ကဆက္ေနရင္ တစ္ရက္ေနရင္တစ္ရက္ ပ်က္စီးမွာပဲ။ မိုးကုတ္က ဘာမွကို က်န္မွာမဟုတ္ဘူး။

အခုလို ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.