မန္တလေးတွင် ကြိုပွိုင့်တိုက်ခန်းအဝယ်ကျဆင်းပြီး ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်း

387

ပြည့်ဖြိုး (NP News) - စက်တင်ဘာလ ၆
မန္တလေးတွင် ငလျင်အပြီး ကြိုပွိုင့် တိုက်ခန်းဈေးကွက်ကျဆင်းသွားပြီး ဆောက်လုပ်နေဆဲဆောက်လုပ်ရေး လုပ်ငန်းများရပ်ဆိုင်းထားရကြောင်း မန္တလေးမြို့ခံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ထံ မှသိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဈေးတက်ခြင်းနှင့် ကြိုပွိုင့်အရောင်းတိုက်ခန်းများ နှင့်ကန်ထရိုက်တိုက်ခန်းများအား ဝယ်ယူသူနည်းပါးသွားခြင်းတို့ကြောင့် မန္တလေး အိမ်ခြံမြေဈေးကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားရကြောင်းသိရသည်။
“ငလျင်မလှုပ်ခင်တုန်းကတိုက်ခန်း ဝယ်တဲ့သူ ပုံမှန်လေးရှိနေသေးတယ်။ငလျင်ကြီးလှုပ်ပြီးတော့ တိုက်ခန်းဆို ဝယ်တဲ့သူဘက်က တော်တော်ရှောင်သွားကြတာ၊ ကြို့ပွိုင့်ဆိုမရောင်းရတာကြာနေပြီ။ မန္တလေးမှာတိုက်ခန်းပိုင်တဲ့သူတွေက ငွေကြေးတက်နိုင်တဲ့သူတွေဆိုရင်တိုက်ခန်းရောင်းပြီး ပြင်ဦးလွင်ဘက်ကမြေတွေပြန်ဝယ်နေကြတယ်။”ဟု မန္တလေးမြို့ခံ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
မန္တလေးတွင် ငလျင်ကြီးအပြီးနောက်ဆက်တွဲငလျင်များ ထပ်မံ လှုပ်ခတ်နေဆဲဖြစ်ရာ တိုက်ခန်းနှင့်နေထိုင် သူများသာမက လုံးခြင်းတိုက်အိမ်များတွင်နေထိုင်သူများလည်း ငလျင်ဘေးအန္တရာယ် အပေါ်ကြောက်ရွံ့ ထိတ်လန့်နေကြခြင်းဖြစ်သည်။ ငလျင်ကြောင့် နာမည်ကျော် Sky Villar ကွန်ဒိုကြီးပြိုကျမှု အပါအဝင် အထပ်မြင့်တိုက်ခန်း များမှငလျင်ဘေး အန္တရယ်အပေါ်စိုးရိမ်မှုများကြောင့် မန္တလေးရှိ ထပ်မြင့်တိုက်ခန်းအပါအဝင် ကန်ထရိုက်တိုက်ခန်းများကို ဝယ်လိုအားကျဆင်းသွားခြင်းဖြစ်ကြောင်းသိရ သည်။
“ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်သမားလည်းတအားရှားနေတယ်။ ပြိုကျတဲ့အဆောက်အအုံတွေ စည်ပင်ကနေထိုင်ရန်မသင့်တော်ဘူးလို့သတ်မှတ်ထားတဲ့ အဆောက်အအုံတွေတောင် ပြန်ဖြိုဖို့ အလုပ်သမားရှားနေတာဆိုတော့ အသစ်ဆောက်တဲ့ ကန်တရိုက်တိုက်တွေဆို ဆောက်လုပ်နေဆဲ အကြမ်း ထည်အတိုင်း အလုပ်ရပ်ထားရတယ်”ဟု မန္တလေးမြို့ခံ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
မန္တလေးမြို့တွင် တိုက်ခန်းအရောင်းအဝယ်များကျဆင်းသွားသော်လည်း အငှားဈေးကွက်မှာ မြင့်တက်နေဆဲဖြစ်ကြောင်း၊ နယ်မြို့များမှစစ်ဘေးရှောင်သူများနှင့်ရှမ်းပြည်မြောက်ပိုင်းမှလာရောက်အခြေ ချသူများပြားလျက်ရှိကြောင်း မန္တလေးမြို့ခံများထံမှသိရသည်။
လက်တလောတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်စည်များကို သက်ဆိုင်ရာက သွင်းကုန်လိုင်စင်များ ပိတ်ပင်ထားဆဲ့ဖြစ်ရာ မန္တလေးရှိအထပ်မြင့်အဆောက်အအုံလုပ်ငန်းအများစုမှာ လုပ်ငန်းရပ်နား
ထားရကြောင်းသိရသည်။
ဒါ့ပြင် ငလျင်ဒဏ်ခံနိုင်ရည်သတ်မှတ်ချက်ကို ပြင်ဆင်ပြဒါန်းထားရာ ဆောက်လုပ်ရေးလုပ်ငန်းအများစုမှာ ငလျင်ဒဏ် ခံနိုင်ရည်ရှိရန်ပြန်လည်ပြင်ဆင်ရမည့်အခြေအနေသို့ ရောက်ရှိနေကြောင်းသိရသည်။
zawgyi version
မႏၲေလးတြင္ ႀကိဳပြိဳင့္တိုက္ခန္းအဝယ္က်ဆင္းၿပီး ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ရပ္ဆိုင္း
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာလ ၆
မႏၲေလးတြင္ ငလ်င္အၿပီး ႀကိဳပြိဳင့္ တိုက္ခန္းေဈးကြက္က်ဆင္းသြားၿပီး ေဆာက္လုပ္ေနဆဲေဆာက္လုပ္ေရး လုပ္ငန္းမ်ားရပ္ဆိုင္းထားရေၾကာင္း မႏၲေလးၿမိဳ႕ခံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား ထံ မွသိရသည္။
ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ားေဈးတက္ျခင္းႏွင့္ ႀကိဳပြိဳင့္အေရာင္းတိုက္ခန္းမ်ား ႏွင့္ကန္ထ႐ိုက္တိုက္ခန္းမ်ားအား ဝယ္ယူသူနည္းပါးသြားျခင္းတို႔ေၾကာင့္ မႏၲေလး အိမ္ၿခံေျမေဈးကြက္အတြင္း ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ရပ္နားထားရေၾကာင္းသိရသည္။
“ငလ်င္မလႈပ္ခင္တုန္းကတိုက္ခန္း ဝယ္တဲ့သူ ပုံမွန္ေလးရွိေနေသးတယ္။ငလ်င္ႀကီးလႈပ္ၿပီးေတာ့ တိုက္ခန္းဆို ဝယ္တဲ့သူဘက္က ေတာ္ေတာ္ေရွာင္သြားၾကတာ၊ ႀကိဳ႕ပြိဳင့္ဆိုမေရာင္းရတာၾကာေနၿပီ။ မႏၲေလးမွာတိုက္ခန္းပိုင္တဲ့သူေတြက ေငြေၾကးတက္ႏိုင္တဲ့သူေတြဆိုရင္တိုက္ခန္းေရာင္းၿပီး ျပင္ဦးလြင္ဘက္ကေျမေတြျပန္ဝယ္ေနၾကတယ္။”ဟု မႏၲေလးၿမိဳ႕ခံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးကေျပာသည္။
မႏၲေလးတြင္ ငလ်င္ႀကီးအၿပီးေနာက္ဆက္တြဲငလ်င္မ်ား ထပ္မံ လႈပ္ခတ္ေနဆဲျဖစ္ရာ တိုက္ခန္းႏွင့္ေနထိုင္ သူမ်ားသာမက လုံးျခင္းတိုက္အိမ္မ်ားတြင္ေနထိုင္သူမ်ားလည္း ငလ်င္ေဘးအႏၲရာယ္ အေပၚေၾကာက္႐ြံ႕ ထိတ္လန႔္ေနၾကျခင္းျဖစ္သည္။ ငလ်င္ေၾကာင့္ နာမည္ေက်ာ္ Sky Villar ကြန္ဒိုႀကီးၿပိဳက်မႈ အပါအဝင္ အထပ္ျမင့္တိုက္ခန္း မ်ားမွငလ်င္ေဘး အႏၲရယ္အေပၚစိုးရိမ္မႈမ်ားေၾကာင့္ မႏၲေလးရွိ ထပ္ျမင့္တိုက္ခန္းအပါအဝင္ ကန္ထ႐ိုက္တိုက္ခန္းမ်ားကို ဝယ္လိုအားက်ဆင္းသြားျခင္းျဖစ္ေၾကာင္းသိရ သည္။
“ေဆာက္လုပ္ေရးလုပ္ငန္းမွာအလုပ္သမားလည္းတအားရွားေနတယ္။ ၿပိဳက်တဲ့အေဆာက္အအုံေတြ စည္ပင္ကေနထိုင္ရန္မသင့္ေတာ္ဘူးလို႔သတ္မွတ္ထားတဲ့ အေဆာက္အအုံေတြေတာင္ ျပန္ၿဖိဳဖို႔ အလုပ္သမားရွားေနတာဆိုေတာ့ အသစ္ေဆာက္တဲ့ ကန္တ႐ိုက္တိုက္ေတြဆို ေဆာက္လုပ္ေနဆဲ အၾကမ္း ထည္အတိုင္း အလုပ္ရပ္ထားရတယ္”ဟု မႏၲေလးၿမိဳ႕ခံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးကေျပာသည္။
မႏၲေလးၿမိဳ႕တြင္ တိုက္ခန္းအေရာင္းအဝယ္မ်ားက်ဆင္းသြားေသာ္လည္း အငွားေဈးကြက္မွာ ျမင့္တက္ေနဆဲျဖစ္ေၾကာင္း၊ နယ္ၿမိဳ႕မ်ားမွစစ္ေဘးေရွာင္သူမ်ားႏွင့္ရွမ္းျပည္ေျမာက္ပိုင္းမွလာေရာက္အေျခ ခ်သူမ်ားျပားလ်က္ရွိေၾကာင္း မႏၲေလးၿမိဳ႕ခံမ်ားထံမွသိရသည္။
လက္တေလာတြင္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးကုန္စည္မ်ားကို သက္ဆိုင္ရာက သြင္းကုန္လိုင္စင္မ်ား ပိတ္ပင္ထားဆဲ့ျဖစ္ရာ မႏၲေလးရွိအထပ္ျမင့္အေဆာက္အအုံလုပ္ငန္းအမ်ားစုမွာ လုပ္ငန္းရပ္နား
ထားရေၾကာင္းသိရသည္။
ဒါ့ျပင္ ငလ်င္ဒဏ္ခံႏိုင္ရည္သတ္မွတ္ခ်က္ကို ျပင္ဆင္ျပဒါန္းထားရာ ေဆာက္လုပ္ေရးလုပ္ငန္းအမ်ားစုမွာ ငလ်င္ဒဏ္ ခံႏိုင္ရည္ရွိရန္ျပန္လည္ျပင္ဆင္ရမည့္အေျခအေနသို႔ ေရာက္ရွိေနေၾကာင္းသိရသည္။