မန္တလေးမြို့ ဂုဏ်ဆောင် ဝါရင့်လူရွှင်တော်ကြီး ဦးထင်ပေါ် ကွယ်လွန်

1252
သုတကျော် (NP News) - စက်တင်ဘာ ၈
မန္တလေးမြို့ ဂုဏ်ဆောင်ဟုပင် တင်စားနိုင်မည့် ဝါရင့် လူရွှင်တော်ကြီး တစ်ဦး ဖြစ်သော ဦးထင်ပေါ် သည် အသက် ၇၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။
ဦးထင်ပေါ် သည် ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက်ပိုင်းက နေထိုင်ရာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးကွက်သစ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မန္တလေးမြို့က ကျွန်ုပ်တို့ရဲ့အဖေဆရာ ဟာသလူရွှင်တော် ဦးထင်ပေါ်ကွယ်လွန်သွားကြောင်း ကြားသိရပါ၍မိသားစုနဲ့ထပ်တူ နှမြောတသ ဝမ်းနည်းရပါသည်။ ကောင်းရာဘုံဘဝရောက်ရှိပါစေ ဘဒွေးဦးထင်ပေါ်ရေ” ဟု ဟာသ လူရွှင်တော် ကောင်းကျော် က ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ဖော်ပြထားသည်။
Zawgyi Version:
မႏၲေလးၿမိဳ႕ ဂုဏ္ေဆာင္ ဝါရင့္လူ႐ႊင္ေတာ္ႀကီး ဦးထင္ေပၚ ကြယ္လြန္
သုတေက်ာ္ (NP News) - စက္တင္ဘာ ၈
မႏၲေလးၿမိဳ႕ ဂုဏ္ေဆာင္ဟုပင္ တင္စားႏိုင္မည့္ ဝါရင့္ လူ႐ႊင္ေတာ္ႀကီး တစ္ဦး ျဖစ္ေသာ ဦးထင္ေပၚ သည္ အသက္ ၇၄ ႏွစ္အ႐ြယ္တြင္ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ေၾကာင္း ၎ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ဦးထင္ေပၚ သည္ ယေန႔ (စက္တင္ဘာလ ၈ ရက္) နံနက္ပိုင္းက ေနထိုင္ရာ ျပင္ဦးလြင္ၿမိဳ႕နယ္၊ မိုးႀကိဳးကြက္သစ္တြင္ ကြယ္လြန္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“မႏၲေလးၿမိဳ႕က ကြၽႏ္ုပ္တို႔ရဲ႕အေဖဆရာ ဟာသလူ႐ႊင္ေတာ္ ဦးထင္ေပၚကြယ္လြန္သြားေၾကာင္း ၾကားသိရပါ၍မိသားစုနဲ႔ထပ္တူ ႏွေျမာတသ ဝမ္းနည္းရပါသည္။ ေကာင္းရာဘုံဘဝေရာက္ရွိပါေစ ဘေဒြးဦးထင္ေပၚေရ” ဟု ဟာသ လူ႐ႊင္ေတာ္ ေကငာ္းေက်ာ္ က ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေဖာ္ျပထားသည္။