စားအုန်းဆီ ရည်ညွန်းသတ်မှတ်ဈေးမြင့်တက်လာ၊ တစ်ပိသာ (၆၅၂၀)ကျပ်သတ်မှတ်ထား

 389

ပြည့်ဖြိုး(NP News) စက်တင်ဘာ ၈
၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက် ကနေ ၁၄ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို စားအုန်းဆီတစ်ပိဿာ ၊ငွေကျပ် ၆၅၂၀ အဖြစ်စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ က သတ်မှတ်ထားခြင်း ဖြစ်သည်။
“အရင်တစ်ပါတ်ကဈေးထက် ငွေတစ်ရာကျော်လောက်ဈေးမြင့်တက်လာတာပေါ့၊ရပ်ကွက်ထဲမှာ ဆီစာအုပ် နဲ့အပါတ်စဥ်ရောင်းပေးနေတဲ့ဆိုင်မှာတော့တစ်ပိသာ ခုနှစ်ထောင်ကျော်လောက်တော့ပေးနေရတာပါဘဲ။ အိမ်တိုင်ရာရောက် ဆီပို့ပေးတဲ့စနစ်လေး ကိုပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်စေချင်ပါတယ်။”ဟု တောင်ဒဂုံမြို့နယ်မှ စားအုန်းဆီ ဝယ်ယူသူတစ်ဦးကပြောသည်။
စားသုံးသူပြည်သူတွေ စားသုံးဆီဝယ်ယူ စားသုံးရာမှာဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီ များ ကို သင့်တင့်သည့် ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက် တွေ ကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ဆောင်ရွက်ပေးနေကြောင်းသိရသည်။
ပြည်တွင်းစားသုံးဆီလိုအပ်ချက်ဖြည့်ဆည်းပေးရန် ပြည်ပမှတင်သွင်းသော စားအုန်းဆီ တင်ပို့နေသည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျအပေါ်မှုတည်ကာ ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများကို တွက်ချက်သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။
ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
စားအုန်းဆီရည်ညွှန်းဈေးသည် ဇူလိုင်လကုန်ပိုင်း စားအုန်းဆီ ရည်ညွှန်ဈေး တစ်ပိဿာ ကျပ် ၆၁၃၀ မှ ၊ ဩဂုတ် ၃ ရက် ရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၆၂၄၀ သို့မြင့်တက်ခဲ့ခြင်းဖြစ်ပြီသည်။
ဩဂုတ် ၁၁ ရည်ညွှန်းဈေးမှာ တစ်ပိဿာ ကျပ် ၆၂၈၅ ၊ ဩဂုတ် ၁၈ ရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၆၂၈၅ ကျပ် ၊ဩဂုတ် ၂၅ ရက် ရည်ညွှန်းဈေးမှာ တစ်ပိဿာ ကျပ် ၆၃၀၀ ၊စက်တင်ဘာ ၁ ရက် ကနေ ၇ ရက်ထိ စားအုန်းဆီတစ်ပိဿာ ငွေကျပ် ၆,၄၁၀ နှင့် ယခုတပတ် စက်တင်ဘာ ၈ ရက်ကနေ ၁၄ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာ ငွေကျပ် ၆၅၂၀ နှုန်းဖြင့် ဈေးများပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

Zawgyi Version:
စားအုန္းဆီ ရည္ၫြန္းသတ္မွတ္ေဈးျမင့္တက္လာ၊ တစ္ပိသာ (၆၅၂၀)က်ပ္သတ္မွတ္ထား
ျပည့္ၿဖိဳး(NP News) စက္တင္ဘာ ၈
၂၀၂၅ ခုႏွစ္ စက္တင္ဘာ ၈ ရက္ ကေန ၁၄ ရက္အထိ ရန္ကုန္အထိုင္ေဈး အေျခခံ လက္ကားရည္ၫႊန္းေဈးႏႈန္းကို စားအုန္းဆီတစ္ပိႆာ ၊ေငြက်ပ္ ၆၅၂၀ အျဖစ္စားသုံးဆီတင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီ က သတ္မွတ္ထားျခင္း ျဖစ္သည္။
“အရင္တစ္ပါတ္ကေဈးထက္ ေငြတစ္ရာေက်ာ္ေလာက္ေဈးျမင့္တက္လာတာေပါ့၊ရပ္ကြက္ထဲမွာ ဆီစာအုပ္ နဲ႔အပါတ္စဥ္ေရာင္းေပးေနတဲ့ဆိုင္မွာေတာ့တစ္ပိသာ ခုႏွစ္ေထာင္ေက်ာ္ေလာက္ေတာ့ေပးေနရတာပါဘဲ။ အိမ္တိုင္ရာေရာက္ ဆီပို႔ေပးတဲ့စနစ္ေလး ကိုပိုၿပီးက်ယ္က်ယ္ျပန႔္ျပန႔္လုပ္ေစခ်င္ပါတယ္။”ဟု ေတာင္ဒဂုံၿမိဳ႕နယ္မွ စားအုန္းဆီ ဝယ္ယူသူတစ္ဦးကေျပာသည္။
စားသုံးသူျပည္သူေတြ စားသုံးဆီဝယ္ယူ စားသုံးရာမွာေဘးအႏၲရာယ္ကင္းရွင္းသည့္ စားသုံးဆီ မ်ား ကို သင့္တင့္သည့္ ေဈးႏႈန္းျဖင့္ ဝယ္ယူစားသုံးႏိုင္ေစရန္ႏွင့္ ျပည္တြင္းလိုအပ္ခ်က္ ေတြ ကိုျဖည့္ဆည္းေပးႏိုင္ရန္ စီးပြားေရး ႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ စားသုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္း လုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီမွ ေဆာင္႐ြက္ေပးေနေၾကာင္းသိရသည္။
ျပည္တြင္းစားသုံးဆီလိုအပ္ခ်က္ျဖည့္ဆည္းေပးရန္ ျပည္ပမွတင္သြင္းေသာ စားအုန္းဆီ တင္ပို႔ေနသည့္ႏိုင္ငံမ်ား၏ ေဈးႏႈန္းအတက္အက်အေပၚမႈတည္ကာ ျဖစ္သင့္ျဖစ္ထိုက္ေသာေဈးႏႈန္းမ်ားကို တြက္ခ်က္သတ္မွတ္ေပးထားျခင္းျဖစ္ေၾကာင္းသိရသည္။
ျပည္တြင္းေဈးကြက္အတြင္း အဆိုပါထုတ္ျပန္ေၾကညာထားသည့္ ေစ်းႏႈန္းထက္ ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း၊ ေဈးကစားရန္ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္းအပါအဝင္ မသမာသည့္ လုပ္ေဆာင္မႈမ်ားျပဳလုပ္ပါက အေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။
စားအုန္းဆီရည္ၫႊန္းေဈးသည္ ဇူလိုင္လကုန္ပိုင္း စားအုန္းဆီ ရည္ၫႊန္ေဈး တစ္ပိႆာ က်ပ္ ၆၁၃၀ မွ ၊ ဩဂုတ္ ၃ ရက္ ရည္ၫႊန္းေဈး တစ္ပိႆာ က်ပ္ ၆၂၄၀ သို႔ျမင့္တက္ခဲ့ျခင္းျဖစ္ၿပီသည္။
ဩဂုတ္ ၁၁ ရည္ၫႊန္းေဈးမွာ တစ္ပိႆာ က်ပ္ ၆၂၈၅ ၊ ဩဂုတ္ ၁၈ ရည္ၫႊန္းေဈး တစ္ပိႆာ က်ပ္ ၆၂၈၅ က်ပ္ ၊ဩဂုတ္ ၂၅ ရက္ ရည္ၫႊန္းေဈးမွာ တစ္ပိႆာ က်ပ္ ၆၃၀၀ ၊စက္တင္ဘာ ၁ ရက္ ကေန ၇ ရက္ထိ စားအုန္းဆီတစ္ပိႆာ ေငြက်ပ္ ၆,၄၁၀ ႏွင့္ ယခုတပတ္ စက္တင္ဘာ ၈ ရက္ကေန ၁၄ ရက္အထိ ရန္ကုန္အထိုင္ေဈး အေျခခံလက္ကားရည္ၫႊန္းေဈးႏႈန္းမွာ စားအုန္းဆီတစ္ပိႆာ ေငြက်ပ္ ၆၅၂၀ ႏႈန္းျဖင့္ ေဈးမ်ားျပန္လည္ျမင့္တက္လာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.