တရုတ် -မြန်မာ ဆက်ဆံရေးသည် အကောင်းဆုံးနှင့် အမြင့်ဆုံးအခြေအနေရောက်နေပြီး ပိုမိုကောင်းမွန်ရန် ဆောင်ရွက်မည်

1117

Pearl (NP News) - စက်တင်ဘာ ၈
လက်ရှိတွင် တရုတ် -မြန်မာ ဆက်ဆံရေးသည် အကောင်းဆုံးနှင့် အမြင့်ဆုံးအခြေအနေရောက်နေပြီး ပိုမိုကောင်းမွန်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ချန်ဒူးမြို့သို့ရောက်ရှိနေစဉ် အတွင်း ချန်ဒူးမြို့ရှိ Shangri La ဟိုတယ်၌ တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်လာ ရောက်ခဲ့မှုနှင့်ပတ်သက်၍တရုတ်နိုင်ငံသတင်းမီဒီယာများ၏မေးမြန်းမှုများအား ပြန်လည်ဖြေကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
အင်အားကြီးနိုင်ငံများမှ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ စစ်ရေးစသည်ဖြင့် အနိုင်ကျင့်မှုတွေ ရှိနေပြီး မြန်မာနိုင်ငံသည်လည်း နိုင်ငံရေးအရ ၊ စစ်ရေးအရ ဖိအားပေးခံရမှုများကြုံတွေ့နေရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အဆိုပါ ဖိအားပေးမှုများကို သမ္မတကြီး ရှီကျင့်ဖျင်တင်ပြထားသည့် Global Governance Initiative (၅) ချက်အရ ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် အားနည်းချက်များကို ဖော်ထုတ်ပြုပြင်ရန်လိုအပ်ကြောင်း ၊ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ပြောသည်။
“တရုတ်နိုင်ငံကိုပဲ အမေရိကန်က အခွန်နဲ့လှမ်းပြီးတော့ ဒုက္ခပေးနေတာ ဖိအားပေးနေတာလည်းရှိတယ်။ ကျွန်တော်တို့လည်း ဒီလိုဖိအား ပေးခံနေရတာရှိတယ်။ ဒါကဘဏ္ဍာရေးတင် မဟုတ်ဘူး။ နိုင်ငံရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်။ စီးပွားရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်။ ဒီလိုတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒီအချိန်မှာ ဒီ ၅ ချက်က ကမ္ဘာ့ရဲ့ ဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေကို ဖော်ထုတ်ပြီးတော့မှ ဒါကိုကျွန်တော်တို့ ပြုပြင်ဖို့လိုတဲ့အကြောင်းကို ဖော်ပြသွားတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံတွေပူးပေါင်းဆောင်ရွက်ဖို့သင့်တယ်လို့ ကျွန်တော်ကတော့ပြောချင် ပါတယ်။ အဲဒီတော့ သမ္မတကြီး ရှီကျင့်ဖျင်လည်း မည်သည့်ဖိအားမဆို၊ ခြိမ်းခြောက်မှုမဆို တရုတ် နိုင်ငံ အနေနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ရှိကြောင်းပြောခဲ့တာ ဒီအဓိပ္ပာယ်ကို ကျွန်တော်တို့နားလည် ထားပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ ဒါတွေအားလုံးကို ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောသည်။
အလားတူ မြန်မာ- တရုတ် ဆက်ဆံရေးသည် သံတမန်အရ (၇၅) နှစ် ဖြစ်သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် တည်ရှိခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့အတူ တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံပေါ်သို့ အကျိုးဖြစ်မှု ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေလိုကြောင်းလည်း ပြောကြားခဲ့သည်။
“ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိတယ်ဆိုတာ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံပဲရှိပါတယ်။ မဟာဗျူဟာမိတ်ဖက်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းအတူ ခံစားရမယ်ဆိုတဲ့ နိုင်ငံများအဖြစ် နှစ်နိုင်ငံသဘောတူညီချက်နဲ့လုပ်နေတာရှိပါတယ်။ ဒါကြောင့် ဒီကဏ္ဍတွေကို အခုလက်ရှိကျွန်တော်တာဝန်ယူထားတဲ့ အချိန်မှာလည်း ကျွန်တော်တို့နိုင်ငံကနေ ဒါကိုအလေးထားကုစားသွားမှာဖြစ်သလို တရုတ်နိုင်ငံကလည်း အခုလက်ရှိ ပူးပေါင်းဆောင်ရွက်ပေး နေတယ်ဆိုတာလည်း ကျွန်တော်တို့ အားလုံး မျက်မြင်ဖြစ်ပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးဟာ အခုအခြေအနေမှာ အကောင်းဆုံးအခြေအနေ၊ အမြင့်ဆုံးအခြေအနေကို ရောက်နေတယ်လို့ဆိုရ ပေမယ့်လည်း ဒီထက်ပိုပြီးကောင်းတဲ့၊ ဒီထက်ပိုပြီးမြင့်မားတဲ့၊ ဒီထက်ပိုပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့ အခြေအနေမျိုးကို ဆက်ပြီးအကောင်အထည်ဖော်သွားမှာလည်းဖြစ်ပါတယ်။ ကောင်း တယ်ဆိုတာ ကတော့ အမြဲတမ်းမဟုတ်ပါဘူး။ ကောင်းတယ်၊ ဒီထက်ပိုကောင်းတယ်၊ ဒီထက်ပိုပြီး ကောင်းတယ်ဆိုတာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နမူနာပြနေတယ်။ ဒီလိုပဲ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရာမှာလည်း ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်သွားဖို့ နှစ်ဖက်လုံးက ကြိုးစားရမှာဖြစ်ပါတယ်။ ဒီနေ့ကျွန်တော်လာတဲ့ ခရီးစဉ် က မနေ့က အခြေအနေထက် ပိုကောင်းအောင် ကျွန်တော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

Zawgyi Version:
တ႐ုတ္ -ျမန္မာ ဆက္ဆံေရးသည္ အေကာင္းဆုံးႏွင့္ အျမင့္ဆုံးအေျခအေနေရာက္ေနၿပီး ပိုမိုေကာင္းမြန္ရန္ ေဆာင္႐ြက္မည္
Pearl (NP News) - စက္တင္ဘာ ၈
လက္ရွိတြင္ တ႐ုတ္ -ျမန္မာ ဆက္ဆံေရးသည္ အေကာင္းဆုံးႏွင့္ အျမင့္ဆုံးအေျခအေနေရာက္ေနၿပီး ပိုမိုေကာင္းမြန္ရန္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းက ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ တ႐ုတ္ႏိုင္ငံ၊ ခ်န္ဒူးၿမိဳ႕သို႔ေရာက္ရွိေနစဥ္ အတြင္း ခ်န္ဒူးၿမိဳ႕ရွိ Shangri La ဟိုတယ္၌ တ႐ုတ္ႏိုင္ငံသို႔ အလုပ္သေဘာခရီးစဥ္လာ ေရာက္ခဲ့မႈႏွင့္ပတ္သက္၍တ႐ုတ္ႏိုင္ငံသတင္းမီဒီယာမ်ား၏ေမးျမန္းမႈမ်ားအား ျပန္လည္ေျဖၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျဖၾကားခဲ့ျခင္းျဖစ္သည္။
အင္အားႀကီးႏိုင္ငံမ်ားမွ ႏိုင္ငံေရး၊ စီးပြားေရး၊ ဘာသာေရး၊ စစ္ေရးစသည္ျဖင့္ အႏိုင္က်င့္မႈေတြ ရွိေနၿပီး ျမန္မာႏိုင္ငံသည္လည္း ႏိုင္ငံေရးအရ ၊ စစ္ေရးအရ ဖိအားေပးခံရမႈမ်ားႀကဳံေတြ႕ေနရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
အဆိုပါ ဖိအားေပးမႈမ်ားကို သမၼတႀကီး ရွီက်င့္ဖ်င္တင္ျပထားသည့္ Global Governance Initiative (၅) ခ်က္အရ ကမာၻတြင္ ျဖစ္ေပၚေနသည့္ အားနည္းခ်က္မ်ားကို ေဖာ္ထုတ္ျပဳျပင္လိုအပ္ေၾကာင္း ၊ ႏိုင္ငံအခ်င္းခ်င္းပူးေပါင္းေဆာင္႐ြက္သင့္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးမင္းေအာင္လႈိင္က ေျပာသည္။
“တ႐ုတ္ႏိုင္ငံကိုပဲ အေမရိကန္က အခြန္နဲ႔လွမ္းၿပီးေတာ့ ဒုကၡေပးေနတာ ဖိအားေပးေနတာလည္းရွိတယ္။ ကြၽန္ေတာ္တို႔လည္း ဒီလိုဖိအား ေပးခံေနရတာရွိတယ္။ ဒါကဘ႑ာေရးတင္ မဟုတ္ဘူး။ ႏိုင္ငံေရးအရလည္း ဖိအားေပးတာေတြ ခံရတယ္။ စီးပြားေရးအရလည္း ဖိအားေပးတာေတြ ခံရတယ္။ ဒီလိုေတြ ႀကဳံေတြ႕ေနရတာျဖစ္ပါတယ္။ ဒီအခ်ိန္မွာ ဒီ ၅ ခ်က္က ကမာၻ႔ရဲ႕ ျဖစ္ေပၚေနတဲ့ အားနည္းခ်က္ေတြကို ေဖာ္ထုတ္ၿပီးေတာ့မွ ဒါကိုကြၽန္ေတာ္တို႔ ျပဳျပင္ဖို႔လိုတဲ့အေၾကာင္းကို ေဖာ္ျပသြားတာျဖစ္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ပူးေပါင္းေဆာင္႐ြက္ဖို႔၊ ႏိုင္ငံေတြပူးေပါင္းေဆာင္႐ြက္ဖို႔သင့္တယ္လို႔ ကြၽန္ေတာ္ကေတာ့ေျပာခ်င္ ပါတယ္။ အဲဒီေတာ့ သမၼတႀကီး ရွီက်င့္ဖ်င္လည္း မည္သည့္ဖိအားမဆို၊ ၿခိမ္းေျခာက္မႈမဆို တ႐ုတ္ ႏိုင္ငံ အေနနဲ႔ရင္ဆိုင္ဖို႔ အဆင္သင့္ရွိေၾကာင္းေျပာခဲ့တာ ဒီအဓိပၸာယ္ကို ကြၽန္ေတာ္တို႔နားလည္ ထားပါတယ္။ ဒါေၾကာင့္ တ႐ုတ္ႏိုင္ငံအေနနဲ႔ ဒါေတြအားလုံးကို ထိန္းသိမ္းေဆာင္႐ြက္ေပးႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ႀကီး မင္းေအာင္လႈိင္က ေျပာသည္။
အလားတူ ျမန္မာ- တ႐ုတ္ ဆက္ဆံေရးသည္ သံတမန္အရ (၇၅) ႏွစ္ ျဖစ္ေသာ္လည္း လြန္ခဲ့သည့္ ႏွစ္ေပါင္းမ်ားစြာကပင္ တည္ရွိခဲ့ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ထို႔အတူ တ႐ုတ္၏ ဖြံ႕ၿဖိဳးတိုးတက္မႈသည္ ျမန္မာႏိုင္ငံေပၚသို႔ အက်ိဳးျဖစ္မႈ ရွိသကဲ့သို႔ ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္မႈသည္လည္း တ႐ုတ္ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျဖစ္ေစလိုေၾကာင္းလည္း ေျပာၾကားခဲ့သည္။
“ ေဆြမ်ိဳးေပါက္ေဖာ္ဆက္ဆံေရးရွိတယ္ဆိုတာ ျမန္မာနဲ႔ တ႐ုတ္ႏွစ္ႏိုင္ငံပဲရွိပါတယ္။ မဟာဗ်ဴဟာမိတ္ဖက္ႏိုင္ငံ ေအးအတူပူအမွ် အသိုက္အဝန္းအတူ ခံစားရမယ္ဆိုတဲ့ ႏိုင္ငံမ်ားအျဖစ္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္နဲ႔လုပ္ေနတာရွိပါတယ္။ ဒါေၾကာင့္ ဒီက႑ေတြကို အခုလက္ရွိကြၽန္ေတာ္တာဝန္ယူထားတဲ့ အခ်ိန္မွာလည္း ကြၽန္ေတာ္တို႔ႏိုင္ငံကေန ဒါကိုအေလးထားကုစားသြားမွာျဖစ္သလို တ႐ုတ္ႏိုင္ငံကလည္း အခုလက္ရွိ ပူးေပါင္းေဆာင္႐ြက္ေပး ေနတယ္ဆိုတာလည္း ကြၽန္ေတာ္တို႔ အားလုံး မ်က္ျမင္ျဖစ္ပါတယ္။ တ႐ုတ္-ျမန္မာဆက္ဆံေရးဟာ အခုအေျခအေနမွာ အေကာင္းဆုံးအေျခအေန၊ အျမင့္ဆုံးအေျခအေနကို ေရာက္ေနတယ္လို႔ဆိုရ ေပမယ့္လည္း ဒီထက္ပိုၿပီးေကာင္းတဲ့၊ ဒီထက္ပိုၿပီးျမင့္မားတဲ့၊ ဒီထက္ပိုၿပီး ပူးေပါင္းေဆာင္႐ြက္မႈ အားေကာင္းတဲ့ အေျခအေနမ်ိဳးကို ဆက္ၿပီးအေကာင္အထည္ေဖာ္သြားမွာလည္းျဖစ္ပါတယ္။ ေကာင္း တယ္ဆိုတာ ကေတာ့ အၿမဲတမ္းမဟုတ္ပါဘူး။ ေကာင္းတယ္၊ ဒီထက္ပိုေကာင္းတယ္၊ ဒီထက္ပိုၿပီး ေကာင္းတယ္ဆိုတာ တ႐ုတ္ႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈက နမူနာျပေနတယ္။ ဒီလိုပဲ ႏွစ္ႏိုင္ငံဆက္ဆံေရး ပူးေပါင္းေဆာင္႐ြက္ရာမွာလည္း ေကာင္းသည္ထက္ေကာင္းေအာင္ ၊ ေကာင္းသည္ထက္ေကာင္း ေအာင္ ေဆာင္႐ြက္သြားဖို႔ ႏွစ္ဖက္လုံးက ႀကိဳးစားရမွာျဖစ္ပါတယ္။ ဒီေန႔ကြၽန္ေတာ္လာတဲ့ ခရီးစဥ္ က မေန႔က အေျခအေနထက္ ပိုေကာင္းေအာင္ ကြၽန္ေတာ္ေဆာင္႐ြက္ႏိုင္ခဲ့တယ္လို႔ ေျပာခ်င္ပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။