လာအိုရောက် မြန်မာအမျိုးသမီးအချို့ အလုပ်အကိုင် အဆင်မပြေမှုကြောင့် ပြည့်တန်ဆာဘဝသို့ပင်ရောက်ခြင်းများရှိနေ

 974

Pearl (NP News) - စက်တင်ဘာ ၉
လာအိုနိုင်ငံရောက် မြန်မာအမျိုးသမီးအချို့ အလုပ်အကိုင်အဆင်မပြေမှုကြောင့် ပြည့်တန်ဆာ ဘဝသို့ပင် ရောက်ခြင်းများရှိနေကြောင်း လာအိုနိုင်ငံသို့ သွားရောက်လုပ်ကိုင်ဖူးသူများက NP News ထံ ဆက်သွယ်ပြောဆိုလာသည့် အချက်အလက်များအရ သိရသည်။
လက်ရှိတွင် TitTok အပါအဝင် လူအသုံး ပြုများသည့်အင်တာနက် လူမှုကွန်ရက်များမှတစ်ဆင့် လာအိုနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အချို့ လုပ်ငန်းများတွင် လုပ်ကိုင်ရမည်ဟုဆိုကာ မြန်မာ ငွေ ကျပ် သိန်း (၃၀) မှသိန်း (၅၀)အထိ ပွဲစားခများယူပြီး တာချီလိတ်မြို့ ဝမ်ပုံစက်လှေဂိတ်မှတစ်ဆင့် လုပ်သားပို့ဆောင်နေမှုများရှိကြောင်းသိရသည်။
“ မြန်မာနိုင်ငံကနေ လာအိုအရောက်ကို တစ်ယောက်ကို သိန်း (၃၀)၊ (၅၀) ပေးပြီး ခေါ်ပေး တယ်။ ခေါ်ပြီးရင် ဒီအတိုင်းပဲ အလုပ်မရှိဘူး။ လာအိုမှာ အဆောင် (၁၀ဝ)ဆိုတာရှိတယ်။ အဲဒီမှာ ဒီ အတိုင်းပဲထားတာ။ မြန်မာတွေ (၂၀ဝ) ၊ (၃၀ဝ) အထက်မှာပဲ ရှိတယ်။ နယ်စုံကနေ TitTok ကနေ ခေါ် နေတာတွေ့တယ်။ ပို့တာတော့ တာချီလိတ်၊ ဝမ်ပုံ စက်လှေဂိတ်ကနေ ပို့တာ။ စက်လှေဂိတ်က ယွမ်နဲ့ ဆို (၅၀ဝ) ကျပ်ငွေဆို (၃) သိန်းပေးရတာပေါ့။ အထုပ်အပိုးတွေကို သူတို့ဘာသာ သယ်တယ်။ ဟိုဘက် ရောက်ရင် သူတို့ (၃)ဘီးနဲ့ လာခေါ်တယ်။ အဲဒီမှာ ခေတ္တယာယီအဆောင်ငှားပေးထားတယ်။ ပြီးရင် ဒီအ တိုင်းပဲပစ်ပြီး ပွဲစားတွေကပဲ လုပ်စားသွားတာ။ တချို့ကျ အဆင့်ဆင့်လာတယ်။ ကားသမားတွေနဲ့ လာ တယ်။ ကားကတစ်ဆင့် စက်လှေသမားတွေ ချိတ် တယ်။ စက်လှေသမားတွေကတစ်ဆင့် ပွဲစားတွေဆီ ရောက်တယ်။ ပွဲစားကို သိန်း (၃၀)၊ (၅၀)ပေးရတယ်။ အဲဒါပေးပြီးသွားရင် ပျောက်သွားပြီ ပွဲစားက။ အနည်း နဲ့အများကတော့ အလုပ်ရှာပေးတာရှားတယ်။ အလုပ်ဆိုရင်လည်း အာမခံချက်မရှိဘူး။ ကျွန် တော်ကိုယ်တိုင်ရောက်ခဲ့ပြီးပြီ။ အခုက ပြန်လာတာ” ဟု လာအိုနိုင်ငံသို့ သွားရောက်လုပ်ကိုင်ဖူးသူ တစ် ဦးက NP News သို့ပြောသည်။
လက်ရှိတွင် လာအိုနိုင်ငံ၌ မြန်မာနိုင်ငံသား (၂၀ဝ) ထက်မနည်း အလုပ်အကိုင်ရှားပါးခြင်း ၊ နေ ထိုင်စားသောက်ရေး ခက်ခဲခြင်းများကို ရင်ဆိုင်နေရ ကြောင်းလည်း သိရသည်။ ထိုသို့ လာအိုနိုင်ငံတွင် အခက်အခဲများစွာ ရင်ဆိုင်နေရသူများမှာ ၎င်းတို့၏ နေရပ်ဒေသများတွင် ပဋိပက္ခ ဖြစ်ပွားမှုများနှင့် စီးပွား ရေး အဆင်မပြေမှုများကြောင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး အချို့မှာ စစ်မှုထမ်းဥပဒေရှောင်လိုသူများ ဖြစ် ကြောင်းလည်း သိရသည်။ “ တချို့က နယ်မြေမကောင်းလို့လာတာရှိသလို၊ တချို့ကျ စစ်မှုထမ်း ရှောင်ချင်လို့လာကြတာ။ စီးပွားရေးအဆင်မပြေလို့ လာတာများပါတယ်။ တခြားနေရာတွေမှာလည်း ရှိသေးတယ်။ လူဦးရေကတော့ တော်တော်များတယ်။ ဗမာတွေလည်း ရှိတယ်။ ရခိုင်တွေလည်းရှိတယ်။ ဖြစ်နိုင်ရင် လာအိုကို မလာစေချင်ဘူး။ မြန်မာနိုင်ငံမှာပဲ တစ်ရက် (၁) သောင်းပဲ ရရ၊ (၂)သောင်းပဲ ရရ လုပ်စေချင်တယ်။ မစားရမသောက်ရနဲ့ ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြစ်နေတဲ့လူတွေလည်းရှိတယ်။ တော်တော်များတယ် မြန်မာနိုင်ငံသားတွေ။ သောင်းချီပြီး တောင်ရှိနေနိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောသည်။ လာအိုနိုင်ငံတွင် ဒုက္ခရောက်နေသော်လည်း မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် အဆင်မပြေ သည့် မြန်မာလုပ်သားအချို့အနေဖြင့် ကြုံရာကျပန်း လုပ်ကိုင်နေသူများရှိသကဲ့သို့ မိန်းကလေး အချို့ သည်လည်း ပြည့်တန်ဆာအဖြစ်လုပ်ကိုင်နေရသူများ ပါရှိကြောင်းလည်း သိရသည်။
“ တချို့ကျ တာချီလိတ်ကို ရောက်အောင် ပြန်လာပြီး ကြုံရာကျပန်းလုပ်ပြီး ပြန်တဲ့လူရှိတယ်။ တချို့က တဲထိုးပြီး ဘူးပလုံကောက်ရောင်းပြီး စားဝတ်နေရေးဖြေရှင်းနေရတဲ့လူရှိတယ်။ မိန်းကလေး တွေဆိုရင်လည်း ပြည့်တန်ဆာလုပ်ပြီး နေရတဲ့လူတွေလည်းရှိတယ်။ အသက်အရွယ်ကတော့ အစုံပဲ။ အဆင်ပြေတာတော့ စက်လှေသမားတွေနဲ့ ပွဲစားတွေပဲ။ သူတို့က တစ်ဖွဲ့တည်း တစ်ကျိတ်တည်း တစ်ဉာဏ်တည်းတွေ” ဟု ၎င်းက ဆက်လက်ပြော သည်။

Zawgyi Version:
လာအိုေရာက္ ျမန္မာအမ်ိဳးသမီးအခ်ိဳ႕ အလုပ္အကိုင္ အဆင္မေျပမႈေၾကာင့္ ျပည့္တန္ဆာဘဝသို႔ပင္ ေရာက္ျခင္းမ်ားရွိေန
Pearl (NP News) - စက္တင္ဘာ ၉
လာအိုႏိုင္ငံေရာက္ ျမန္မာအမ်ိဳးသမီးအခ်ိဳ႕ အလုပ္အကိုင္အဆင္မေျပမႈေၾကာင့္ ျပည့္တန္ဆာ ဘဝသို႔ပင္ ေရာက္ျခင္းမ်ားရွိေနေၾကာင္း လာအိုႏိုင္ငံသို႔ သြားေရာက္လုပ္ကိုင္ဖူးသူမ်ားက NP News ထံ ဆက္သြယ္ေျပာဆိုလာသည့္ အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိတြင္ TitTok အပါအဝင္ လူအသုံး ျပဳမ်ားသည့္အင္တာနက္ လူမႈကြန္ရက္မ်ားမွတစ္ဆင့္ လာအိုႏိုင္ငံရွိ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားႏွင့္ အခ်ိဳ႕ လုပ္ငန္းမ်ားတြင္ လုပ္ကိုင္ရမည္ဟုဆိုကာ ျမန္မာ ေငြ က်ပ္ သိန္း (၃၀) မွသိန္း (၅၀)အထိ ပြဲစားခမ်ားယူၿပီး တာခ်ီလိတ္ၿမိဳ႕ ဝမ္ပုံစက္ေလွဂိတ္မွတစ္ဆင့္ လုပ္သားပို႔ေဆာင္ေနမႈမ်ားရွိေၾကာင္းသိရသည္။
“ ျမန္မာႏိုင္ငံကေန လာအိုအေရာက္ကို တစ္ေယာက္ကို သိန္း (၃၀)၊ (၅၀) ေပးၿပီး ေခၚေပး တယ္။ ေခၚၿပီးရင္ ဒီအတိုင္းပဲ အလုပ္မရွိဘူး။ လာအိုမွာ အေဆာင္ (၁၀ဝ)ဆိုတာရွိတယ္။ အဲဒီမွာ ဒီ အတိုင္းပဲထားတာ။ ျမန္မာေတြ (၂၀ဝ) ၊ (၃၀ဝ) အထက္မွာပဲ ရွိတယ္။ နယ္စုံကေန TitTok ကေန ေခၚ ေနတာေတြ႕တယ္။ ပို႔တာေတာ့ တာခ်ီလိတ္၊ ဝမ္ပုံ စက္ေလွဂိတ္ကေန ပို႔တာ။ စက္ေလွဂိတ္က ယြမ္နဲ႔ ဆို (၅၀ဝ) က်ပ္ေငြဆို (၃) သိန္းေပးရတာေပါ့။ အထုပ္အပိုးေတြကို သူတို႔ဘာသာ သယ္တယ္။ ဟိုဘက္ ေရာက္ရင္ သူတို႔ (၃)ဘီးနဲ႔ လာေခၚတယ္။ အဲဒီမွာ ေခတၱယာယီအေဆာင္ငွားေပးထားတယ္။ ၿပီးရင္ ဒီအ တိုင္းပဲပစ္ၿပီး ပြဲစားေတြကပဲ လုပ္စားသြားတာ။ တခ်ိဳ႕က် အဆင့္ဆင့္လာတယ္။ ကားသမားေတြနဲ႔ လာ တယ္။ ကားကတစ္ဆင့္ စက္ေလွသမားေတြ ခ်ိတ္ တယ္။ စက္ေလွသမားေတြကတစ္ဆင့္ ပြဲစားေတြဆီ ေရာက္တယ္။ ပြဲစားကို သိန္း (၃၀)၊ (၅၀)ေပးရတယ္။ အဲဒါေပးၿပီးသြားရင္ ေပ်ာက္သြားၿပီ ပြဲစားက။ အနည္း နဲ႔အမ်ားကေတာ့ အလုပ္ရွာေပးတာရွားတယ္။ အလုပ္ဆိုရင္လည္း အာမခံခ်က္မရွိဘူး။ ကြၽန္ ေတာ္ကိုယ္တိုင္ေရာက္ခဲ့ၿပီးၿပီ။ အခုက ျပန္လာတာ” ဟု လာအိုႏိုင္ငံသို႔ သြားေရာက္လုပ္ကိုင္ဖူးသူ တစ္ ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ လာအိုႏိုင္ငံ၌ ျမန္မာႏိုင္ငံသား (၂၀ဝ) ထက္မနည္း အလုပ္အကိုင္ရွားပါးျခင္း ၊ ေန ထိုင္စားေသာက္ေရး ခက္ခဲျခင္းမ်ားကို ရင္ဆိုင္ေနရ ေၾကာင္းလည္း သိရသည္။ ထိုသို႔ လာအိုႏိုင္ငံတြင္ အခက္အခဲမ်ားစြာ ရင္ဆိုင္ေနရသူမ်ားမွာ ၎တို႔၏ ေနရပ္ေဒသမ်ားတြင္ ပဋိပကၡ ျဖစ္ပြားမႈမ်ားႏွင့္ စီးပြား ေရး အဆင္မေျပမႈမ်ားေၾကာင့္ သြားေရာက္ခဲ့ျခင္းျဖစ္ၿပီး အခ်ိဳ႕မွာ စစ္မႈထမ္းဥပေဒေရွာင္လိုသူမ်ား ျဖစ္ ေၾကာင္းလည္း သိရသည္။ “ တခ်ိဳ႕က နယ္ေျမမေကာင္းလို႔လာတာရွိသလို၊ တခ်ိဳ႕က် စစ္မႈထမ္း ေရွာင္ခ်င္လို႔လာၾကတာ။ စီးပြားေရးအဆင္မေျပလို႔ လာတာမ်ားပါတယ္။ တျခားေနရာေတြမွာလည္း ရွိေသးတယ္။ လူဦးေရကေတာ့ ေတာ္ေတာ္မ်ားတယ္။ ဗမာေတြလည္း ရွိတယ္။ ရခိုင္ေတြလည္းရွိတယ္။ ျဖစ္ႏိုင္ရင္ လာအိုကို မလာေစခ်င္ဘူး။ ျမန္မာႏိုင္ငံမွာပဲ တစ္ရက္ (၁) ေသာင္းပဲ ရရ၊ (၂)ေသာင္းပဲ ရရ လုပ္ေစခ်င္တယ္။ မစားရမေသာက္ရနဲ႔ ငတ္တစ္လွည့္ ျပတ္တစ္လွည့္ျဖစ္ေနတဲ့လူေတြလည္းရွိတယ္။ ေတာ္ေတာ္မ်ားတယ္ ျမန္မာႏိုင္ငံသားေတြ။ ေသာင္းခ်ီၿပီး ေတာင္ရွိေနႏိုင္တယ္” ဟု ၎က ဆက္လက္ ေျပာသည္။ လာအိုႏိုင္ငံတြင္ ဒုကၡေရာက္ေနေသာ္လည္း ျမန္မာႏိုင္ငံသို႔ ျပန္လာႏိုင္ရန္ အဆင္မေျပ သည့္ ျမန္မာလုပ္သားအခ်ိဳ႕အေနျဖင့္ ႀကဳံရာက်ပန္း လုပ္ကိုင္ေနသူမ်ားရွိသကဲ့သို႔ မိန္းကေလး အခ်ိဳ႕ သည္လည္း ျပည့္တန္ဆာအျဖစ္လုပ္ကိုင္ေနရသူမ်ား ပါရွိေၾကာင္းလည္း သိရသည္။
“ တခ်ိဳ႕က် တာခ်ီလိတ္ကို ေရာက္ေအာင္ ျပန္လာၿပီး ႀကဳံရာက်ပန္းလုပ္ၿပီး ျပန္တဲ့လူရွိတယ္။ တခ်ိဳ႕က တဲထိုးၿပီး ဘူးပလုံေကာက္ေရာင္းၿပီး စားဝတ္ေနေရးေျဖရွင္းေနရတဲ့လူရွိတယ္။ မိန္းကေလး ေတြဆိုရင္လည္း ျပည့္တန္ဆာလုပ္ၿပီး ေနရတဲ့လူေတြလည္းရွိတယ္။ အသက္အ႐ြယ္ကေတာ့ အစုံပဲ။ အဆင္ေျပတာေတာ့ စက္ေလွသမားေတြနဲ႔ ပြဲစားေတြပဲ။ သူတို႔က တစ္ဖြဲ႕တည္း တစ္က်ိတ္တည္း တစ္ဉာဏ္တည္းေတြ” ဟု ၎က ဆက္လက္ေျပာ သည္။

Related news

© 2021. All rights reserved.