ပြင်သစ်သမ္မတမက်ခရွန် ရာထူးကနေနှုတ်ထွက်ဖို့ လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

198

Pika(NP News)စက်တင်ဘာ ၉
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ လူထောင်ပေါင်းများစွာဟာ မြို့တစ်လျှောက် ချီတက်ဆန္ဒပြပြီး ပြင်သစ်သမ္မတမက်ခရွန် ရာထူးကနေနှုတ်ထွက်ရေးနဲ့ ပြင်သစ်နိုင်ငံက ဥရောပသမဂ္ဂကနေ နှုတ်ထွက်ဖို့အတွက် တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။ ဘတ်ဂျက်လိုငွေပြမှု တဟုန်ထိုးတိုးလာပြီး ပြင်သစ်အစိုးရရဲ့ ဘဏ္ဍာရေးမူဝါဒအပေါ် မကျေနပ်မှုတွေမြင့်တက်လာချိန်မှာပဲ မက်ခရွန်အပေါ် ထောက်ခံမှုနှုန်းဟာ ၎င်းသမ္မတအဖြစ်စတင်တာဝန်ယူခဲ့တဲ့(၂၀၁၇)ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ မကြာသေးခင်ကလုပ်ဆောင်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ပြင်သစ်လူမျိုး(၈၀)ရာခိုင်နှုန်းဝန်းကျင်က ၎င်းတို့ဟာ မက်ခရွန်ကိုမယုံကြည်ဘူးလို့ ဖြေဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ပြင်သစ်လူမျိုးတွေရဲ့ ဝန်ကြီးချုပ်ဖရန်ဆွာဘေရုအပေါ် ယုံကြည်မှုတွေဟာလည်း စံချိန်တင်ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ပဲရစ်မြို့မှာလုပ်ဆောင်ခဲ့တဲ့ ချီတက်ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေဟာ “မက်ခရွန်ကိုရပ်တန့်ကြရအောင်၊စစ်ပွဲကို ရပ်တန့်ကြရအောင်”ဆိုတဲ့စာတန်းတွေကို ကိုင်ဆောင်ထားခဲ့ကြတယ်လို့လည်း သိရပါတယ်။အဲ့ဒီချီတက်ဆန္ဒပြပွဲကို ယူကရိန်းကိုစစ်လက်နက်ပစ္စည်းပေးပို့မှုကို ဆန့်ကျင်ပြီး ရုရှားနဲ့တင်းမာမှုတွေမြင့်တက်လာမှာကို ရှောင်ရှားဖို့ သတိပေးခဲ့တဲ့ အမျိုးသား လူထုစုဝေးပွဲ နိုင်ငံရေးသမားဟောင်း ဖလော်ရီယန်ဖိလစ်ပေါ့တ်က စီစဉ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ျပင္သစ္သမၼတမက္ခ႐ြန္ ရာထူးကေနႏႈတ္ထြက္ဖို႔ လူေထာင္ေပါင္းမ်ားစြာ ခ်ီတက္ဆႏၵျပ
Pika(NP News)စက္တင္ဘာ ၉
ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွာ လူေထာင္ေပါင္းမ်ားစြာဟာ ၿမိဳ႕တစ္ေလွ်ာက္ ခ်ီတက္ဆႏၵျပၿပီး ျပင္သစ္သမၼတမက္ခ႐ြန္ ရာထူးကေနႏႈတ္ထြက္ေရးနဲ႔ ျပင္သစ္ႏိုင္ငံက ဥေရာပသမဂၢကေန ႏႈတ္ထြက္ဖို႔အတြက္ ေတာင္းဆိုခဲ့ၾကတယ္လို႔သိရပါတယ္။ ဘတ္ဂ်က္လိုေငြျပမႈ တဟုန္ထိုးတိုးလာၿပီး ျပင္သစ္အစိုးရရဲ႕ ဘ႑ာေရးမူဝါဒအေပၚ မေက်နပ္မႈေတြျမင့္တက္လာခ်ိန္မွာပဲ မက္ခ႐ြန္အေပၚ ေထာက္ခံမႈႏႈန္းဟာ ၎သမၼတအျဖစ္စတင္တာဝန္ယူခဲ့တဲ့(၂၀၁၇)ခုႏွစ္ေနာက္ပိုင္း အနိမ့္ဆုံးအဆင့္ကို က်ဆင္းသြားခဲ့တယ္လို႔ သိရပါတယ္။ မၾကာေသးခင္ကလုပ္ေဆာင္ခဲ့တဲ့ စစ္တမ္းတစ္ခုအရ ျပင္သစ္လူမ်ိဳး(၈၀)ရာခိုင္ႏႈန္းဝန္းက်င္က ၎တို႔ဟာ မက္ခ႐ြန္ကိုမယုံၾကည္ဘူးလို႔ ေျဖဆိုခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ျပင္သစ္လူမ်ိဳးေတြရဲ႕ ဝန္ႀကီးခ်ဳပ္ဖရန္ဆြာေဘ႐ုအေပၚ ယုံၾကည္မႈေတြဟာလည္း စံခ်ိန္တင္က်ဆင္းသြားခဲ့တယ္လို႔ သိရပါတယ္။ပဲရစ္ၿမိဳ႕မွာလုပ္ေဆာင္ခဲ့တဲ့ ခ်ီတက္ဆႏၵျပပြဲအတြင္း ဆႏၵျပသူေတြဟာ “မက္ခ႐ြန္ကိုရပ္တန႔္ၾကရေအာင္၊စစ္ပြဲကို ရပ္တန႔္ၾကရေအာင္”ဆိုတဲ့စာတန္းေတြကို ကိုင္ေဆာင္ထားခဲ့ၾကတယ္လို႔လည္း သိရပါတယ္။အဲ့ဒီခ်ီတက္ဆႏၵျပပြဲကို ယူကရိန္းကိုစစ္လက္နက္ပစၥည္းေပးပို႔မႈကို ဆန႔္က်င္ၿပီး ႐ုရွားနဲ႔တင္းမာမႈေတြျမင့္တက္လာမွာကို ေရွာင္ရွားဖို႔ သတိေပးခဲ့တဲ့ အမ်ိဳးသား လူထုစုေဝးပြဲ ႏိုင္ငံေရးသမားေဟာင္း ဖေလာ္ရီယန္ဖိလစ္ေပါ့တ္က စီစဥ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။