AA က ဘာပြောလဲဆိုတော့ ပလက်ဝမှာ အချင်းချင်း တွေမို့ မပြောချင်ဘူး၊ အလံတွေဖြုတ်ပါတဲ့

 527

Peral (NP News) - စက်တင်ဘာလ ၁ဝ
ခူမီးအမျိုးသားပါတီ မှ တာဝန်ရှိသူနှင့်တွေ့ဆုံခြင်း

ပြီးခဲ့သည့် ဩဂုတ်လ (၁၁)ရက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့သော ခူမီးအမျိုး သားပါတီသည် ချင်းပြည်နယ် ပလက်ဝမြို့တွင်အခြေစိုက်ထားသည်။ ပလက်ဝမြို့ကို လက်ရှိတွင် AA က ထိန်းချုပ်ထားသည့်အပြင် ချင်းပြည်နယ်တွင်လည်း တိုက်ပွဲများရှိနေရာ ရွေးကောက်ပွဲနှင့် ယင်းပါတီ၏ အနာဂတ်၊ မျှော်လင့်ချက်၊ ယုံကြည်ချက်များအပေါ် ခူမီးအမျိုးသားပါတီ၏အတွင်းရေးမှူး ဦးအောင်ဘထံ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - လာမယ့်ရွေးကောက်ပွဲအပေါ် သဘောထားအ မြင်လေး သိရပါစေ။
ဖြေ - လာမယ့်ရွေးကောက်ပွဲမှာ ကျွန်တော်တို့က အရင်သိရသလောက်ပေါ့ဗျာ။ (၇၄)ရွေးကောက်ပွဲမှာ ကျွန်တော်ငယ်ငယ်လေးပဲရှိသေးလို့ မသိဘူး။ အဲဒီ တော့ ဒီဘက်ပိုင်းမှာ (၁၉၉၀) ရွေးကောက်ပွဲရယ်၊ (၂၀၁၀)ရယ်။ (၁၉၉၀) က ကျွန်တော် အလုပ်လုပ် နေတယ်။ အဲဒီတုန်းက ရွေးကောက်ပွဲကတစ်မျိုး။ နောက် (၂၀၁၀) ရွေးကောက်ပွဲကတစ်မျိုး။ ဆိုတော့ ဒီတစ်ခေါက်ရွေးကောက်ပွဲက တော်တော် ခက်ခက်ခဲခဲနဲ့လုပ်ရလိမ့်မယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆို တော့ တိုင်းရင်းသားဒေသတွေမှာပေါ့ဗျာ။ တချို့ လက်နက်ကိုင်အဖွဲ့အစည်းတွေထိန်းထားတဲ့နယ်မြေ တွေရှိတယ်။ အဲဒီသိမ်းထားတဲ့နယ်မြေတွေမှာ တိုင်း ရင်းသားတွေက တိုင်းရင်းသားလက်နက်ကိုင်တွေ ဆို ကြပါစို့။ သူတို့က ရွေးကောက်ပွဲကိုလက်မခံဘူးလို့ ပြောတယ်။ လက်မခံဘူးဆိုတော့ တိုင်းရင်းသားပါတီ တွေရော ပြည်မပါတီတွေရောက ရွေးကောက်ပွဲကို အစိုးရကလုပ်မယ်ပြောတယ်။ လုပ်မယ်ပြောတော့ ကျွန်တော်တို့က မလုပ်ဘူးဆိုရင် ပါတီဖျက်သိမ်းခြင်း ခံရမယ်။ ပါတီဖျက်သိမ်းခြင်းခံရရင် ကျွန်တော်တို့ရဲ့ နိုင်ငံရေးပလက်ဖောင်း၊ ကိုယ့်ဒေသမှာရှိတဲ့ လူထု တွေဖြစ်ပျက်နေတဲ့အရာကို လွှတ်တော်ကိုတင်ပြလို့ မရတော့ဘူး။ အဲဒါကြောင့်မို့ ဥပမာ ကျွန်တော်တို့ဆို ရင် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝခရိုင်၊ ပလက် ဝမှာအခြေစိုက်တာ။ ခူမီးအမျိုးသားပါတီ။ အဲဒီမှာရှိတဲ့ ဒေသခံတွေရဲ့ ဖြစ်ပျက်နေတဲ့ဒုက္ခတွေကို လွှတ် တော်မှာ တင်ပြလို့မရတော့ဘူးဖြစ်သွားမယ် ရွေး ကောက်ပွဲမဝင်ရင်။ ရွေးကောက်ပွဲဝင်ပြန်ရင်လည်း ဘယ်လိုဖြစ်မလဲဆိုတော့ ရွေးကောက်ပွဲဝင်ပြိုင်ရင် လည်း သူတို့က ရွေးကောက်ပွဲကိုလက်မခံဘူးဆိုတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့က ရွေးကောက်ပွဲကို ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ ပြီးခဲ့တဲ့အခေါက်က နေပြည်တော်မှာ ကျွန်တော်တင်ပြတယ်။ ဘယ်လို တင်ပြလဲဆိုတော့ ကျွန်တော့် ပလက်ဝဒေသက ခူမီး လူမျိုးတွေက ရန်ကုန်မြို့မှာ ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီ၊ တိုက်ကြီး ၊ လှည်းကူး၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံစတဲ့ ရန်ကုန်တိုင်းတစ်တိုင်းလုံးထဲမှာ ရောက်နေပြီ။ ဘယ်လိုလုပ်ရောက်နေကြလဲဆိုတာ တော့ ဝန်ထမ်းတွေ၊ ဝန်ထမ်းကိုမှီခိုတဲ့လူတွေ၊ နောက် ပြီးတော့ အငြိမ်းစားတွေ။ သူတို့ကမနေရဲဘူး။ အစိုးရ ဘက်တော်သားဆိုပြီး သူတို့က ခဏခဏမေးတယ်။ ခေါ်မေးတယ်။ စစ်ဆေးတယ်ဆိုတဲ့အခါ မဖြစ်ဘူး၊ ဒီမှာနေရင် အားလုံးကိုဒုက္ခပေးလိမ့်မယ်ဆိုပြီးတော့ ဒီကိုပြောင်းလာကြတယ်။ ပြောင်းလာတာ လူဦးရေက အနည်းဆုံး ထောင်ဂဏန်းရှိတယ်။ ကျော်ရင်လည်း ကျော်မယ်။ ဆိုတဲ့အခါကျတော့ ကျွန်တော်ကဘာပြော လဲဆိုတော့ ခူမီးအမျိုးသားပါတီကနေ အဝေးရောက် မဲပုံး လုပ်ပေးလို့ရမလား။ ကျွန်တော်တို့ ဒီပြည်မဘက် မှာ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မှော်ဘီဘက် စသည် အားဖြင့် အဝေးရောက်မဲပုံးနဲ့ ခူမီးအမျိုးသားပါတီက အဖွဲ့တွေကို ထည့်ဖို့လုပ်ပေးလို့မရဘူးလားဆိုတဲ့အခါကျတော့ အဲဒါကမရှိဖူးဘူးတဲ့။ မရှိဖူးဆိုတဲ့အတွက် ကြောင့်မို့တဲ့ အဲဒါက ဘာမှလုပ်လို့မရဘူးတဲ့။ ကျွန် တော်တို့က အဲဒီမှာသွားပြီးတော့ မဲပုံးထောင်ပြီးအရွေး ခံမယ်ဆိုရင် အသက်အန္တရာယ်ကတော့ ခေါင်းနှစ်လုံး မရှိဘူး။ ခေါင်းတစ်လုံးပဲရှိတဲ့အတွက်ကြောင့်မို့ ကိုယ့် ခေါင်းတော့အဆုံးမခံနိုင်ဘူးလို့ တချို့ကပြောကြ တယ်။ နောက်ပြီးတော့ ရုံးတွေလုပ်တဲ့အခါကျတော့ မြို့နယ်က (၅)မြို့နယ်ရှိရမှာ။ ကျွန်တော်တို့ ပလက်ဝ ခရိုင်မှာ ပလက်ဝမြို့၊ မတူပီခရိုင် မတူပီမြို့၊ ကန်ပက် လက်မြို့၊ မင်းတပ်မြို့။ မြို့က (၄)မြို့ရှိတယ်။ ဆမီးကို ထည့်တဲ့အခါကျတော့ ဆမီးကမြို့မဟုတ်ဘူးတဲ့၊ မြို့ နယ်ခွဲတာဖြစ်တဲ့အတွက်ကြောင့်မို့ အသိအမှတ်မပြု ဘူးဆိုတော့ ထန်တလန်ကိုထည့်လိုက်တယ်။ အား လုံး (၅)မြို့နယ်ပြည့်ပြီ။ လူဦးရေပြည့်ပြီ။ သို့သော်ငြား လည်း ရုံးမှာ ဆိုင်းဘုတ်ထောင်လို့မရဘူး။ အလံ ထောင်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကို မလုပ်ပါနဲ့တဲ့။ ကိုယ့်အချင်းအချင်းမို့ စကားမပြောချင် ဘူးတဲ့။ ဒါကြောင့်မို့ ပါတီရုံးတွေဆိုရင် ငါတို့ပါတီရုံးက ဒီနားမှာရှိတယ်ဆိုတာကိုပဲ မင်းတို့ပြောတဲ့။ စိတ်ထဲမှာ ပဲထားဆိုတော့ ကျွန်တော်တို့က ဘာမှမပြောဘူး။ အခု အစည်းအဝေးမှာမေးတဲ့အခါကျတော့ ရုံးခန်းက ဘယ်နေရာမှာရှိလဲဆိုရင် ဖုန်းနံပါတ်လည်းရှိတယ်။ ဒါပေမဲ့ လုံခြုံရေးအရ ဖုန်းနံပါတ်လည်းမပြောဘူး။ လုံခြုံရေးအရ ပြောလို့မဖြစ်ဘူးဆိုပြီးတော့ အသက် အန္တရာယ်များလို့ဆိုပြီးတော့ ဖြေလိုက်တယ်။ ဒါပေမဲ့ ခုနကပဲ မေးတဲ့အရဆိုရင် ဒီတစ်ခေါက် ရွေးကောက် ပွဲက တော်တော်လေးခက်ခဲလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။

မေး - ဆိုတော့ အန်ကယ်တို့ပါတီရဲ့ မူဝါဒတွေက ကော ဘာတွေလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ - ကျွန်တော်တို့ ခူမီးအမျိုးသားပါတီ ရွေးကောက် ပွဲကိုဝင်ရခြင်းအကြောင်းအရင်းက ကျွန်တော်တို့ ခူမီး အမျိုးသားတိုင်းရင်းသားပါတီက ယနေ့ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဒို့တာဝန်အရေး (၃)ပါး ၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲ ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတာ ကိုဦးထိပ်ထားပြီးတော့ ကျွန်တော်တို့ ရွေးကောက်ပွဲ ဝင်ခြင်းလည်းဖြစ်တယ်။ နောက်ပြီးတော့ ကျွန်တော် တို့ ပလက်ဝ ခူမီးဒေသက ယခင် လွတ်လပ်ရေးမရခင် က ရခိုင်တောင်တန်း၊ မြောက်ပိုင်းခရိုင်ဆိုတာ ကျွန် တော်တို့ အခု ပလက်ဝခရိုင်။ ဒါပေမဲ့ အခု ခရိုင်တော့ ပေးတယ်။ ဆိုတဲ့အခါကျတော့ ဒီဘက်မှာ အရင်တုန်း ကပုံစံအတိုင်းပေါ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့်တန်းတူညီမျှရေးဆိုတာကို ကျွန်တော်တို့ ရည် òန်းပြီးတော့ ရွေးကောက်ပွဲဝင်ခြင်းဖြစ်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ခြင်း အားဖြင့် ကိုယ့်လူမျိုးတွေ လွှတ်တော်ထဲကိုရောက်ခဲ့ သည်ရှိသော် ကျွန်တော်တို့ဒေသမှာဖြစ်ပျက်နေတဲ့ အရာအားလုံးကို ပြုပြင်ချင်တယ်။ ဘာတွေကိုပြုပြင် မလဲမေးရင် ကျွန်တော်တို့ ပလက်ဝဒေသဆိုတာ ဝါး တွေပေါတဲ့နေရာ။ သစ်တောတွေလည်း တအားပေါ တဲ့နေရာ။ အခုက သစ်တောလည်းကုန်ပြီ။ ဝါးတော လည်းကုန်ပြီ။ ဆိုတဲ့အခါကျတော့ ဝါးလည်းမရှိတော့ ဘူး။ သစ်တောဆိုလည်း သစ်ပင်ကြီးကြီး မားမားတွေ ကလည်းမရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် တို့က မခုတ်နဲ့လို့ပြောတဲ့အခါကျတော့ အပေါ်ကလူ ကြီးတွေကပိုင်တယ်။ ကျွန်တော်တို့ ဘာမှပြောလို့မရ ဘူး။ နားလည်မှုတွေနဲ့လုပ်ပြီးတော့ ကျွန်တော်တို့ ခူမီးအမျိုးသားပါတီသာ ပြိုင်လို့နိုင်သွားရင် ဒါတွေ လုံးဝမလုပ်ရဘူး။ နောက်ပြီးတော့ ရွှေ့ပြောင်းတောင် ယာဓလေ့ကိုလည်း ကျွန်တော်တို့ကဖျက်သိမ်းပြီး တော့ လှေကားထစ်စိုက်ပျိုးရေးစနစ်ကို ဦးစားပေး မယ်။ လှေကားထစ်စိုက်ပျိုးရေးစနစ်ကို ကျွန်တော်တို့ ငယ်ငယ်လေးက ကြားဖူးတယ်။ ကျွန်တော်တို့ဒေသမှာ လုပ်တယ်သာပြောတာ။ ဘယ်နားမှာလုပ်လဲမသိဘူး လွန်ခဲ့တဲ့ အနှစ် (၂၀)၊ (၃၀)လောက်က။ ဆိုတဲ့အခါ ကျတော့ တကယ့်ကို လှေကားထစ်စိုက်ပျိုးရေးနဲ့ အောင်မြင်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကျွန်တော် တို့ဒေသက တောင်ယာလုပ်စားတဲ့လူတွေ လှေကား ထစ်ကို ဘယ်လိုလုပ်ရတယ်။ ဘယ်လိုအောင်မြင်လဲ ဆိုတာ ကျွန်တော်တို့ကခေါ်ပြီးပြမှာ။ ကျွန်တော်တို့ ခူမီးအမျိုးသားပါတီ ရွေးကောက်ပွဲနိုင်ခဲ့သည်ရှိသော် အစိုးရဆီက ဘတ်ဂျက်တောင်းပြီးတော့လုပ်မယ်။ လယ်လုပ်တဲ့ဆီမှာ လယ်လုပ်မယ်။ ခူမီးလူမျိုးတွေက လယ်မလုပ်တတ်တော့ လယ်ကိုလုပ်တတ်တဲ့နေရာ မှာ သင်တန်းပေးပြီးတော့လွှတ်မယ်။ အဲဒါတွေကို စီမံကိန်းနဲ့လုပ်မလို့ စီမံကိန်းတွေ ရှိတဲ့အတွက် ကြောင့်မို့ ကျွန်တော်တို့က ရွေးကောက်ပွဲဝင်ခြင်းဖြစ် တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ဘာသာစကား၊ နောက်ပြီးတော့ ကျွန်တော်တို့ ပလက်ဝမှာနေတဲ့ ခူမီး လူမျိုးကို ခူမီးလူမျိုးလို့မပြောတော့ဘဲနဲ့ ခူမီးချင်း၊ ပလက်ဝချင်းဆိုတာကို ကျွန်တော်တို့ ခူမီးလူမျိုးတွေ ကမကြိုက်ဘူး။ မကြိုက်တဲ့အခါကျတော့ ကျွန်တော် တို့က ပါတီထောင်ပြီးတော့ ခူမီးလူမျိုးသည် ခူမီး လူမျိုး၊ ချင်းသည် ပြည်နယ်နာမည်သာဖြစ်တယ်ဆိုတာ ကိုလည်း ကျွန်တော်တို့ ယနေ့ ပြောနေ၊ ဆိုနေတဲ့ဟာ ကိုလည်း ပြုပြင်ချင်လို့ တိုက်ဖျက်ချင်လို့ ကျွန်တော်တို့ ပါတီထောင်ပြီးတော့ ရွေးကောက်ပွဲဝင်ခြင်းဖြစ်ပါ တယ်လို့ပြောလိုပါတယ်။

မေး - ဟုတ်ကဲ့ရှင့်။ အခုရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်းတွေကို ကော ပါတီအနေနဲ့ ဘယ်လိုစိစစ်ပြီး ဘယ်လိုရွေးချယ် ထားလဲရှင့်။
ဖြေ - ပါတီက ကိုယ်စားလှယ်လောင်းတွေကိုတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ဥက္ကဋ္ဌလည်း ရန်ကုန်ကို ရောက် နေတယ်။ ဥက္ကဋ္ဌနဲ့တိုင်ပင်ပြီးတော့ ကျွန်တော်တို့ ပါတီကိုယ်စားလှယ်တွေကို ဘယ်သူ့ကိုရွေးမယ်၊ ဘယ်ဝါကိုရွေးမယ်ဆိုတာကို ထုတ်ပြန်လို့မဖြစ်သေး ဘူး။ ပါတီကိုယ်စားလှယ်ကလျာထားတာတော့ (၄)ယောက်လျာထားတယ်။ (၄)နေရာကိုယှဉ်ပြိုင်မယ်လို့ လျာထားတယ်။ ဒါပေမဲ့ အစည်းအဝေးနောက်တစ်ခါ ထိုင်ဦးမယ်တဲ့။ အဲဒီအခါမှ ဘယ်သူ့ကို ဘယ်နေရာ မှာရွေးမယ်ဆိုတာ အခုမဲဆန္ဒနယ်က မသတ်မှတ်ရ သေးဘူး ကျွန်တော်တို့ ချင်းတောင် ပလက်ဝမှာ။ ဆို တော့ ပလက်ဝမှာ မဲဆန္ဒနယ်မသတ်မှတ်ရသေးဘူး။ ကျွန်တော်တို့လိုက်နာပြီးတော့ ဘာမှမပြောဘူး။ သူရဲ့ စီမံချက်ကိုစောင့်နေတာလေ။

မေး - ပါတီအနေနဲ့ကော မဲဆန္ဒနယ်တွေမှာ PR နဲ့ FPTP ရောထားတဲ့စနစ်ကို ဘယ်လိုသဘောထားလဲ၊ ဘယ်လိုမြင်လဲ။
ဖြေ - ကျွန်တော်နေပြည်တော်မှာ ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ကျွန်တော်တို့ကိုရှင်းပြတယ်။ FPTP နဲ့ PR နဲ့က သူ့ဒေသနဲ့သူခွဲမယ်။ ဥပမာ ရွာ တစ်ရွာမှာ အရှေ့ပိုင်းမှာ အနိုင်ရ အကုန်ယူစနစ်ကို ရွေးရင် နောက်ပိုင်းမှာ အချိုးကျနဲ့‌ရွေးမယ်။ ဒါပေမဲ့ ပါတီက အနိုင်ရ အကုန်ယူမှာ ရွေးတဲ့ရမှတ်သည် ဟို ဘက်မှာရွေးတဲ့ဟာနဲ့ပြန်ပေါင်းမှာ။ အဲဒီလိုပြောတယ်။ ပေါင်းပြီးမှ Sharing လုပ်တဲ့သဘောပေါ့။ အဲဒါမျိုး လုပ်မယ်လို့ပြောတယ်။ လောလောဆယ်က ကျွန် တော်တို့ပလက်ဝမှာရွေးမှာက ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီနဲ့ ချင်းအမျိုးသား ဒီမိုကရစ်တစ်ပါတီရယ် ကျွန်တော်တို့ ခူမီးအမျိုးသားပါတီနဲ့ဆို (၃)မျိုးပဲရှိ တယ်။ တစညကတော့ အခု ဘာမှမပြောသေးဘူး။ ကျွန်တော်တို့ခူမီးကတော့ ရွေးမယ်။ အခုပမာဏကို ချထားတာ လူက (၄)ယောက်ချထားတယ်။ ဘယ်နေ ရာ၊ ဘယ်နေရာဝင်မယ်ဆိုတာကို သူတို့က မဲဆန္ဒနယ် တွေကိုမထုတ်ပြန်သေးတဲ့အတွက် ကျွန်တော်တို့က စာရွက်ပေါ်မှာပဲရှိသေးတယ်။ ဥက္ကဋ္ဌရဲ့စာရွက်ပေါ်မှာ ပဲရှိသေးတယ်။ ကျွန်တော်တို့ကို မထုတ်ပြန်သေးဘူး၊ အဲဒီတော့ ပြောဖို့ခက်ပါတယ်။

မေး - လက်ရှိ ပလက်ဝမှာရှိတဲ့ ပါတီရုံးချုပ်ကိုယ်တိုင် က အပြည့်အဝဖွင့်ဖို့ အဆင်မပြေဘူးကြားတယ်။ အန်ကယ်တို့အနေနဲ့ကော ပါတီရုံးခန်းဖွင့်ဖို့နဲ့ပတ် သက်ပြီး ဘာတွေ အခက်အခဲရှိလဲ၊ ဘယ်လိုအခြေအ နေရှိလဲ ပြောပြပေးပါဦးရှင်။
ဖြေ - ပလက်ဝမှာ ဌာနချုပ်ရုံးခန်းဖွင့်ထားပါတယ်။ မတူပီစက်ရုံလမ်းထဲမှာလည်း ရုံးခန်းဖွင့်ထားတယ်။ နောက် ကန်ပက်လက်မှာလည်းဖွင့်ထားတယ်။ မင်း ပြားမှာလည်းဖွင့်ထားတယ်။ နောက်ပြီးတော့ ဆမီးမှာ မြို့နယ်ခွဲမို့ ဖွင့်လို့မရဘူးဆိုတော့ ထန်တလန်မှာ တစ် ရုံးဖွင့်ထားတယ်။ လိပ်စာအတိအကျကတော့ လုံခြုံ ရေးအရ မပြောလိုပါဘူး။ ပလက်ဝ ရုံးဌာနချုပ်ကတော့ ပါတီဥက္ကဋ္ဌရုံးအောက်ထပ်မှာ ဖွင့်ထားတယ်။ ဖွင့်ထား တဲ့အခါကျတော့ AA ကဘာပြောလဲဆိုတော့ ပလက် ဝမှာဆိုရင် ကိုယ့်အချင်းချင်းမို့မပြောချင်ဘူးတဲ့။ အရှည် အရှည်တွေမဖြစ်ချင်တဲ့အခါကျတော့ ဆိုင်းဘုတ်နဲ့ အလံ ဖြုတ်ပါတဲ့။ ပြောတော့ ဖြုတ်ထားတယ်။ မတူပီ မှာလည်းဖြုတ်ထားတယ်၊ ကန်ပက်လက်မှာလည်း ဖြုတ်ထားတယ်၊ မင်းတပ်မှာလည်း ဖြုတ်ထားတယ်။ ထန်တလန်မှာလည်း ဖြုတ်ထားတယ်။ ဒါပေမဲ့ တည် နေရာလိပ်စာကျတော့ လုံခြုံရေးအရတော့ပြောလို့မရ ဘူး။

မေး - ခူမီးလူမျိုးတွေကလည်း ရန်ကုန်အပါအဝင် တခြားနေရာတွေကို ပြောင်းရွှေ့နေထိုင်ကြတာတွေ ရှိတယ်လို့ပြောတဲ့အခါကျတော့၊ နောက်တစ်ခုက ပလက်ဝဘက်မှာ ဆက်သွယ်ရေးလိုင်းတွေလည်း သိပ်မကောင်းဘူးလို့ ကြားပါတယ်။ ဆိုတော့ မဲဆွယ် စည်းရုံးတာတွေကို ဘယ်လိုလုပ်မယ်လို့ တွေးထား တာရှိလဲ။ ဘာတွေ အခက်အခဲရှိလဲ။
ဖြေ - မဲဆွယ်စည်းရုံးတဲ့အခါကျတော့ ပလက်ဝမှာ အရင်တုန်းကလို လူထုအများကြီးကိုစည်းရုံးပြီးတော့ လူအများကြီးကိုခေါ်ပြီးတော့ ကျွန်တော်တို့ ဟော ပြောလို့မရဘူး။ ဒါပေမဲ့ လုံခြုံရေးအရ ကျွန်တော့်ကို မနေ့ကလည်း ဟားခါးဘက်ကဖုန်းဆက်တယ်။ ဟား ခါးမှာလည်း ခူမီးတွေရောက်နေကြတယ်။ ဆိုတဲ့အခါ ကျတော့ ရန်ကုန်ကုန်မှာလည်း ခူမီးတွေလည်းရှိတယ်။ ကျွန်တော်တို့ ခူမီးအချင်းချင်းတော့ အဆက်အသွယ် တော့ရှိတယ်။ အဲဒီမှာ ဖုန်းလိုင်းမရှိတဲ့အခါကျတော့ ဘာမှလုပ်လို့မရဘူး။ သွားတဲ့အခါကျတော့လည်း အရင်တုန်းက ရခိုင်ကနေသွားတယ်။ ရန်ကုန်- စစ် တွေ-ကျောက်တော်-ပလက်ဝ။ အဲဒီလိုသွားလို့ရ တယ်။ အခုကျတော့ အဲဒီလိုသွားလို့မရဘူး။ မကွေး ဘက်ကနေ တောလမ်းကနေသွားနေရတယ်။ သွား ရင်တော့ စာတမ်းနဲ့တော့ပေးလို့မဖြစ်ဘူး။ စကားနဲ့ တော့လူကြုံတော့ပါးရတယ်။ ပြောလိုက်ပါ ကျွန်တော် တို့ ခူမီးအမျိုးသားပါတီကို။ မဲက ဘယ်လိုထည့်ရမလဲ ဆိုတာမျိုးပေါ့။ သူတို့မဲကျတော့မရနိုင်တော့ဘူး။ မရ နိုင်တဲ့အခါကျတော့ ဥက္ကဋ္ဌနဲ့တွေ့တဲ့အခါ ဘာထပ် ပြောလဲဆိုရင် ကျွန်တော်တို့ဘက်မှာ (၃)ပါတီက အရွေးခံမယ်လို့ပြောတယ်။ ခူမီးရယ်၊ ပြည်ခိုင်ဖြိုးရယ်၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီရယ်ရွေးမယ်လို့ ပြောတယ်။ ရွေးမယ့်အခါကျတော့ နယ်မြေကို သူတို့ လည်းသွားလို့မရဘူး။ ကျွန်တော်တို့က UEC ကို ပြောပြီးတော့ ဘယ်လိုလုပ်မလဲ။ အရွေးခံမယ့်နေရာ တွေမှာ ပြိုင်ဘက်မရှိဘူးဆိုရင် အနိုင်ရတဲ့သဘောမျိုး နဲ့လုပ်ကြမလားဆိုပြီးတော့ပြောထားတယ်။ အဲဒါ တော့မသိသေးဘူး။ သူတို့ကိုလည်းခေါ်ပြီး ကြံ့ခိုင်ရေး ပါတီမှာ အရွေးခံမယ့်လူကလည်း ရန်ကုန်မှာရောက် နေတယ်။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှာ အ ရွေးခံမယ့်လူကလည်း ဟားခါးမှာရောက်နေယ်။ ကျွန် တော်တို့ကလည်း အရွေးခံမယ့်လူက ရန်ကုန်မှာ ရောက်နေတယ်။ ပြန်လို့ကလည်းမရဘူး။ မရတော့ ဘယ်လိုလုပ်မလဲဆိုတာ UEC ကို ပြောပြဖို့ရှိတယ်။ အဲဒါကိုစောင့်နေတာ။

မေး - ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးအခြေ အနေနဲ့ပတ်သက်ပြီးတော့ကော ဘာတွေစီစဉ်ထားလဲ။ စိုးရိမ်တာမျိုးကော ရှိလား။
ဖြေ - လုံခြုံရေးကတော့ သွားရင်တော့ ပြဿနာက တော့ဖြစ်မယ်လေ။ ပလက်ဝနဲ့ ချင်းပြည်နယ်၊ ကန် ပက်လက်၊ မတူပီ၊ မင်းတပ်ကို တကယ်လို့ သွားခဲ့ သည်ရှိသော် လမ်းမှာ တစ်ခုခုဖြစ်နိုင်တယ်လေ။ ရန် ကုန်မှာနေတဲ့လူကတော့ သိပ်မသိဘူး။ ကျွန်တော်တို့ က သွားပြီဆိုရင် ထောက်ခံစာ အစားစား ယူရတယ်။ ဒီကသွားရင် ဘာကြောင့်သွားတာလဲ ၊ ဘာကိစ္စသွားမှာ လဲ ထောက်ခံစာယူရတယ်။ ထောက်ခံစာမပါဘူးဆို ရင် သူတို့ဂိတ်နားရောက်ရင် ထောက်ခံစာကို ဖယ် လိုက်တယ်။ သူတို့ဆီကထောက်ခံစာကို ရောက်ရှိ ကြောင်းစာကိုယူရတယ်။ အဲဒီဟာကို ဟိုဘက်မှာ တောက်လျှောက်ပြရတယ်။ ပြလို့ ကိုယ့်အမျိုးတွေ ကိုယ့်အိမ်တွေမှာ သွားလာပြီးပြောဆိုပြီးပြန်လာတဲ့ အခါကျတော့လည်း ရန်ကုန်မှာ ဆေးကုမလို့၊ အမျိုးရှိ လို့ဆိုပြီး သူတို့သတ်မှတ်တဲ့ဂိတ်မှာ စာရွက်က ဂိတ် ကိုကျော်တာနဲ့ဖျောက်ပစ်ရတယ်။ ရန်ကုန်လာတဲ့ ဂိတ်မှာ မှတ်ပုံတင်၊ စမတ်ကတ်ကို ပြပြီးသွားရတယ်။ ဒီဘက်မှာ သွားရလာရတာ ရှင်းရှင်းပြောရင် နိုင်ငံခြား မှာ ဗီဇာတောင်းတဲ့ပုံစံမျိုးဖြစ်နေတယ်။ အဲဒီလိုအ ခက်အခဲတွေက အများကြီးပဲ။ အန္တရာယ်ကလည်း အများကြီးပဲ။ ပါးစပ်ကပြောလို့သာလွယ်နေတာ။ သွား လို့ရတယ်ဆိုပြီးပြောနေတာ။ တကယ့်တကယ် သွားရ ရင် အင်မတန်မှခက်ခဲပါတယ်။ ကျွန်တော်တို့ ခူမီး တွေက တစ်ခုကောင်းတာက ရခိုင်ဘက်ကိုသွားရင် ရခိုင်လို ကောင်းကောင်းပြောတတ်တယ်။ ရခိုင်နဲ့ရော ပြီးပြောတတ်တယ်။ ပလက်ဝရောက်ရင် တစ်မျိုးလုံး က ခူမီးစကားပဲပြောတယ်။ သူတို့နဲ့ပြောပြီး ပြန်ပေါ့။ ကျွန်တော်တို့က ခိုးပြန်၊ ခိုးလာဖြစ်နေတယ်။ အဲဒါ ကြောင့်မို့ အန္တရာယ်တော့ တော်တော်များပါတယ်။

မေး - တကယ်လို့ ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ထဲ စရောက်ခဲ့ရင် ခူမီးအမျိုးသားပါတီအနေနဲ့ ပထမဦး ဆုံး ဘာစလုပ်မလဲ။
ဖြေ - ကျွန်တော်တို့ ခူမီးအမျိုးသားပါတီက ပြည်နယ် တစ်ခုတည်းမှာပဲ အရွေးခံမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ပလက်ဝမြို့နယ်ထဲမှာပဲ အရွေးခံမှာ။ ယနေ့ ပလက်ဝမြို့ပေါ်မှာဖြစ်နေတဲ့ ပလက်ဝခရိုင် မှာဖြစ်နေတဲ့ ကိစ္စအဝ၀ ဥပမာ ကျန်းမာရေး နောက် လမ်းပမ်းဆက်သွယ်ရေး၊ ပလက်ဝမှာ ကားလမ်းမရှိ ဘူး။ မတူပီကားလမ်း၊ ပလက်ဝ-ကျောက်တော် ကား လမ်း၊ တကယ်လို့ တိုင်းပြည် ပွင့်ပွင်းလင်းလင်းရှိလို့ သာသာယာယာဖြစ်ရင် ကျွန်တော်တို့ စီမံကိန်းတွေရှိ တယ်။ နောက်ပြီးတော့ သစ်တောတွေပြန်စိုက်ဖို့။ နောက်ပြီးတော့ ထန်တလန်မြို့သွားလာရေးအတွက် လမ်းပိတ်တဲ့နေရာ၊ တချို့ တောင်တွေပြိုတဲ့နေရာတွေ ကို အစိုးရကိုတင်ပြမယ်။ နောက်ပြီးတော့ လှေကား ထစ်စိုက်ပျိုးရေးစနစ်ကို အကောင်အထည်ဖော်မယ်။ နောက်ပြီးတော့ ဝါးပင်တွေလည်းပြန်စိုက်ရမယ်။ သစ်ပင်တွေလည်း ပြန်စိုက်ရမယ်ဆိုတာမျိုးပေါ့။ ကျွန်‌တော်တို့က စီမံကိန်းတော့ချထားပါတယ်။

မေး - ဆိုတော့ ခူမီးလူမျိုးတွေကကော အန်ကယ်တို့ ပါတီကိုရော၊ ရွေးကောက်ပွဲအပေါ်ကိုရော ဘယ်လို သဘောထားတာတွေ့ရလဲ။ ရွေးကောက်ပွဲကို သူတို့ စိတ်ဝင်စားကြလား။
ဖြေ - ကျွန်တော်တို့က သူတို့အားပေးလို့၊ သူတို့က လုပ်ပါဆိုလို့ ပါတီထောင်ပါဆိုလို့ ကျွန်တော်တို့က ပါတီ ထောင်တာ။ ကျွန်တော်တို့ ခူမီးအမျိုးသားပါတီ က အရင်က ဘာပါတီမှလည်းမထောင်ဘူး။ ဒါပေမဲ့ ပလက်ဝမှာ ခူမီးလူမျိုးအများ ကြီးရှိတဲ့အတွက်ကြောင့် မို့ ခူမီးလူမျိုးတွေအတွက်ကို ခူမီးအမျိုးသားပါတီကို ထောင်ပါ။ အရင်တုန်းကNLD ရှိတယ်။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရှိတယ်။ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီရှိတယ်။ သူတို့က ပထမအကြိမ်မှာ ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ချင်းအမျိုးသားပါတီဆိုတာရှိ တယ်။ ရွေးကောက်ပွဲဝင်တဲ့အခါကျတော့ ကျွန်တော် တို့ခူမီးပါတီက မရှိတဲ့အခါကျတော့ ကျွန်တော်တို့က ပထမက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထည့်ကြမယ်ပြော တယ်။ ဒါပေမဲ့ မထည့်ဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်မပါတီဖြစ်နေတဲ့အတွက် ကျွန်တော်တို့ တောင် ပေါ်သားအချင်းချင်း ချင်းအမျိုးသားပါတီကို မဲထည့် တယ်။ မဲထည့်တော့ ကျွန်တော်တို့ကို သူတို့က (၅) နှစ်သာပြီးသွားတယ်။ ကျွန်တော်တို့ပလက်ဝကို ဘာမှ လာမလုပ်သွားဘူး။ အောက်မှာကုလားတန်မြစ်ပြိုကျ သွားတာတောင် ဘာမှလာမလုပ်ပေးဘူး။ ဆိုတဲ့အခါ ကျတော့ ခူမီးတွေကစိတ်နာနေတာ။ ငါတို့ကတော့ မှားပြီ။ မတူပီ - ပလက်ဝ ကားလမ်းလုပ်ပေးမယ်ဆိုပြီး မတူပီကားလမ်းက ကျွန်တော်တို့မမွေးခင်ကတည်းက လွတ်လပ်ရေးရစကတည်းက အခုထိ မော်တော်ကား သွားလို့မရဘူး။ မော်တော်ဆိုင်ကယ်နဲ့သွားရင် မော် တာတွေအကုန်ပစ်လိုက်ရတယ်။ အဲဒီတော့ လူတွေ က အကုန်စိတ်နာနေတာ။ နောက်တစ်ခါ ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်တဲ့ NLD လက်ထက်ကျတော့ လည်း သူ့ကိုမဲထည့်ကြရအောင်ဆိုပြီးတော့ ခူမီးအ မျိုးသားပါတီက အဲဒီအချိန်ကစပြီ။ ဒါပေမဲ့ အဲဒီအချိန် မှာ ခူမီးအမျိုးသားပါတီကို ဘာမှမသိသေးဘူး။ သူတို့ က နုသေးတယ်။ လုပ်ပေးနိုင်တဲ့လူမရှိဘူး။ ပြောရဲဆို ရဲရှိတဲ့လူလည်းမရှိတဲ့အတွက်ကြောင့် NLDကို အား ကိုးပြီး NLD ကိုမဲထည့်တယ်။ နိုင်သွားတယ်။ ထိုနည်း လည်းကောင်းပဲ။ ဘာမှမလုပ်ပေးဘူး။ ကျောက်တော် -ပလက်ဝကားလမ်းလည်း မလုပ်ပေးသွားဘူး။ တစ်ခုတော့ရှိတယ်။ ကုလားတန်တံတားဆိုတာပဲ လုပ်သွားတယ်။ ဒါပေမဲ့ တံတားသာပြီးသွားတယ်။ လမ်းလျှောက်သွားရတယ်။ ဆိုင်ကယ် နည်းနည်းပါး ပါးသွားလို့ရတယ်။ ပလက်ဝမြို့ပေါ်မှာ တစ်လံ လောက်ရှိတဲ့ ကတ္တရာလိုလို၊ ကွန်ကရစ်လိုလိုခင်းပေး တယ်။ ဒါပဲ။ ပလက်ဝမြို့မပြိုအောင် ဆိပ်ကမ်းနားပဲ နည်းနည်းလုပ်ပေးတယ်။ ကျွန်တော်တို့လိုချင်တာ အဲဒါမဟုတ်ဘူး။ အမှန်က မြို့ကိုမြို့နဲ့တူအောင် လုပ် ပေးစေချင်တာ။ အခုက မြို့ကိုမြို့နဲ့တူအောင် မလုပ် ပေးဘူး။ အရင်တုန်းက ပလက်ဝမြို့က ကျွန်တော်တို့ ငယ်ငယ်တုန်းက သာသာယာယာဖြစ်တယ်။ လျှပ်စစ် မီးလည်းရတယ်။ အခုမရဘူး။ ပလက်ဝနဲ့ ကျောက် တော်က နီးနီးလေး။ တိုင်တွေကလည်း ကျောက်တော် မှာပုံနေတယ်။ ချင်းပြည်မှာကျတော့ လျှပ်စစ်မီးက ရွာတိုင်းရတယ်။ ကျွန်တော်တို့ ပလက်ဝအထိမရောက် ပေးဘူး။ အဲဒီမှာ စိတ်နာပြီးတော့ မဖြစ်တော့ဘူး ခူမီး ပါတီက ရွေးကောက်ပွဲဝင်ကြတော့ဆိုလို့ ကျွန်တော် တို့က ခူမီးပါတီကို ရွေးကောက်ပွဲဝင်မှာ၊ ပြောမှာ၊ ဆို မှာ။ လူမျိုးအတွက်၊ ဒေသခံအတွက်၊ လူထုအတွက် ပြောဖို့ဆိုဖို့ မင်းတို့မှာတာဝန်ရှိပြီဆိုလို့ ကျွန်‌တော်တို့ ပါတီထောင်ပြီးတော့ လူထုရဲ့တောင်းဆိုချက်ကြောင့် ရွေးကောက်ပွဲဝင်မှာပါ။

မေး - ရွေးကောက်ပွဲကာလမှာကော ဘယ်လိုအခက် အခဲတွေကြုံရနိုင်တယ်လို့ ယူဆလဲ။
ဖြေ - ကျွန်တော်ရဲ့အတွေးကတော့ ဥက္ကဋ္ဌကလည်း ပြောဖူးတယ်။ အသက်အန္တရာယ်များလိမ့်မယ်တဲ့။ ကျွန်တော်တို့ခူမီးဒေသ ရွေးကောက်ပွဲရော၊ တခြားဒေ သမှာလည်း နည်းနည်းပါးပါးတော့ အန္တရာယ်ရှိတယ် တဲ့။ နည်းနည်းပါးပါးမဟုတ်ဘူး။ အန္တရာယ်ကို အများ ကြီးရှိတယ်တဲ့။ ဥက္ကဋ္ဌကြီးကိုယ်တိုင်ကပြောပါတယ်။ ဥက္ကဋ္ဌကြီးကတော့ ရွေးကောက်ပွဲမဝင်တော့ဘူးတဲ့။ သူက အသက်လည်းကြီးပြီဆိုပြီးတော့ အခု တက် သစ်စလူငယ်တွေကိုရွေးဖို့ လျာထားတယ်။ အသက် အန္တရာယ်များမယ်တဲ့၊ သွားရေးလာရေးလည်း မကောင်းဘူးတဲ့။ အဲဒါကြောင့်မို့ လူထုရဲ့တောင်းဆို ချက်ကြောင့် ရွေးကောက်ပွဲဝင်ရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့မှာလည်း အန္တရာယ်အများကြီးရှိပါတယ် တဲ့။ အဲဒီလိုပဲပြောလိုတယ်။
မေး - ပါတီအနေနဲ့ အခက်အခဲဆုံးနဲ့ အကြီးမားဆုံး စိန်ခေါ်မှုကကော ဘာဖြစ်မလဲရှင့်။
ဖြေ - အဓိကကတော့ ပါတီရန်ပုံငွေပေါ့။ ပါတီရန်ပုံ ငွေက (၄၀)ရာခိုင်နှုန်းထုတ်လို့ရပြီ။ အဲဒီကိုင်ထားတဲ့ လူက အခု ပလက်ဝမှာ။ အခု ပလက်ဝမှာလည်း ဘဏ်ကမရှိဘူးလေ။ ဘဏ်မရှိတော့ ထုတ်လို့မရဘူး။ ဘဏ်ရှိလည်း လွှဲလို့မရဘူးလေ။ အဲဒါ သူလာတာကို စောင့်ရတယ်။ တကယ်လို့များ အဲဒါရခဲ့ရင် ရွေး ကောက်ပွဲအတွက် နည်းနည်းပါးပါးသုံးဖို့၊ လူထုတွေ ကိုစည်းရုံးဖို့ သွားဖို့လာဖို့ပေါ့။ အရင်တုန်းကလို ကျွေး ဖို့မွေးဖို့တော့မဟုတ်ဘူးပေါ့။ တချို့ကျတော့လည်း ငါတို့ ဟောပြောတာနားထောင်လို့ လုပ်လို့မရဘူး။ အခုက အိမ်တွေမှာ တိုးတိုးတိတ်တိတ်ပြောရတဲ့အဆင့်ဖြစ်နေတယ်။ သူတို့ကတော့ အားပေးပါတယ်။ ဘယ်လို မဲထည့်ရမလဲဆိုတာလည်းမေးကြတာပေါ့။ ခုနကပြောသလို အဝေးရောက်မဲပုံးဆိုတာ လုပ်လို့ရ ရင် အိမ်တိုင်ရာရောက် မီးသတ်တို့အုပ်ကြီးတို့ကိုခေါ် ပြီးတော့ သက်ဆိုင်ရာလူကြီးတွေနဲ့၊ ဂုဏ်သရေရှိ လူ ကြီးမိဘတွေကိုခေါ်ပြီး အိမ်တိုင်ရာရောက် ကြိုက်တာ ကိုထည့်ဆိုပြီးလုပ်တာမျိုးလည်း မရှိဘူးတဲ့။ ဘယ်မှာ မှမရှိဖူးဘူးဆိုတော့ ကျွန်တော်တို့မှာလည်း လုပ်ရကိုင် ရ စိန်ခေါ်မှုတွေက အများကြီးပေါ့။

မေး - မဲပေးစက်နဲ့ပတ်သက်ပြီးတော့ကော ဘာပြော ချင်လဲ။
ဖြေ - မဲထည့်မယ်ဆိုတဲ့အခါကျတော့ ရန်ကုန်မှာ ရောက်နေတဲ့ ခူမီးတွေရော၊ ပလက်ဝမှာနေခဲ့တဲ့ ခူမီး တွေရော အားလုံးက ခူမီးအမျိုးသားပါတီကို မဲထည့် ချင်တယ်။ မဲထည့်ချင်တော့ ဘယ်လိုထည့်ရမလဲဆို တော့ မဲပုံးထောင်လို့မရသေးတာ ပြဿနာ။ ရှင်းရှင်း ပြောရရင် ဗိုက်ကဆာနေပြီ ထမင်းကမရှိဘူးဗျာ။ အဲဒီ လိုဖြစ်နေတယ်။ မဲပုံးထောင်လို့မရသေးတဲ့ အတွက် သူတို့က စိတ်မကောင်းဘူး။ ရွေးကောက်ပွဲဝင်မယ်ဆို တဲ့လူတွေကလည်း အသက်အန္တရာယ်များတဲ့အတွက် သွားဖို့လာဖို့မလွယ်ဘူး။ ကိုယ့်ဒေသတော့ကိုယ့်ဒေ သပဲ။ အဲဒီမှာ AA ရှိတဲ့အတွက်ကြောင့်မို့ CB၊ CNF ရှိတယ်။ နောက်ဆုံး သူပုန်ခေါ်မှာပေါ့ဗျာ။ အဲဒါတွေနဲ့ ဆိုတော့ သွားဖို့လာဖို့က ကိုယ့်ဒေသဖြစ်ပေမယ့်လည်း မလွယ်ဘူးဖြစ်နေတယ်။ လူထုကတော့ မဲထည့်ချင် တယ်။ အခုလည်း ပြောနေတာပဲ။ အဲဒီစိန်ခေါ်မှုပါပဲ။

မေး - တခြားကော ဘာများဖြည့်စွက်ပြောချင်သေးလဲ ရှင့်။
ဖြေ - ကျွန်တော်တို့လိုချင်တာကတော့ အေးအေး ချမ်းချမ်းပေါ့ဗျာ။ တိုင်းပြည်မှာ ပဋိပက္ခမဖြစ်ဘဲနဲ့ အေးအေးချမ်းချမ်း သာသာယာယာနဲ့ ဟိုတုန်းကလို လမ်းပန်းဆက်သွယ်ရေးကလည်း ကျောက်တော်က နေ ပလက်ဝကိုသွား။ အဲဒီလို ပျော်ပျော်ရွှင်ရွှင်ပေါ့။ ကိုယ့်ဒေသဆိုတော့ ကိုယ်ဒေသကိုယ်ကြိုက်တယ်။ သဘာဝနဲ့။ အခုချိန်မှာ ပြဿနာတွေက အများကြီးဖြစ် တဲ့အခါကျတော့ ကျွန်တော်တို့လူမျိုးတွေက မပျော် ရွှင်ဘူးပေါ့ဗျာ။ မသာယာဘူးပေါ့ တိုင်းရေးပြည်ရေးက။ အဲဒီတော့ တိုင်းပြည်ကို အေးအေးချမ်းချမ်းနဲ့ သာသာ ယာယာဖြစ်ပေါစေလို့ပဲ ပြောချင်ပါတယ်။

AA က ဘာေျပာလဲဆိုေတာ့ ပလက္ဝမွာ အခ်င္းခ်င္း ေတြမို႔ မေျပာခ်င္ဘူး၊ အလံေတြျဖဳတ္ပါတဲ့
Peral (NP News) - စက္တင္ဘာလ ၁ဝ
ခူမီးအမ်ိဳးသားပါတီ မွ တာဝန္ရွိသူႏွင့္ေတြ႕ဆုံျခင္း

ၿပီးခဲ့သည့္ ဩဂုတ္လ (၁၁)ရက္က ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ခြင့္ရရွိခဲ့ေသာ ခူမီးအမ်ိဳး သားပါတီသည္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕တြင္အေျခစိုက္ထားသည္။ ပလက္ဝၿမိဳ႕ကို လက္ရွိတြင္ AA က ထိန္းခ်ဳပ္ထားသည့္အျပင္ ခ်င္းျပည္နယ္တြင္လည္း တိုက္ပြဲမ်ားရွိေနရာ ေ႐ြးေကာက္ပြဲႏွင့္ ယင္းပါတီ၏ အနာဂတ္၊ ေမွ်ာ္လင့္ခ်က္၊ ယုံၾကည္ခ်က္မ်ားအေပၚ ခူမီးအမ်ိဳးသားပါတီ၏အတြင္းေရးမႉး ဦးေအာင္ဘထံ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - လာမယ့္ေ႐ြးေကာက္ပြဲအေပၚ သေဘာထားအ ျမင္ေလး သိရပါေစ။
ေျဖ - လာမယ့္ေ႐ြးေကာက္ပြဲမွာ ကြၽန္ေတာ္တို႔က အရင္သိရသေလာက္ေပါ့ဗ်ာ။ (၇၄)ေ႐ြးေကာက္ပြဲမွာ ကြၽန္ေတာ္ငယ္ငယ္ေလးပဲရွိေသးလို႔ မသိဘူး။ အဲဒီ ေတာ့ ဒီဘက္ပိုင္းမွာ (၁၉၉၀) ေ႐ြးေကာက္ပြဲရယ္၊ (၂၀၁၀)ရယ္။ (၁၉၉၀) က ကြၽန္ေတာ္ အလုပ္လုပ္ ေနတယ္။ အဲဒီတုန္းက ေ႐ြးေကာက္ပြဲကတစ္မ်ိဳး။ ေနာက္ (၂၀၁၀) ေ႐ြးေကာက္ပြဲကတစ္မ်ိဳး။ ဆိုေတာ့ ဒီတစ္ေခါက္ေ႐ြးေကာက္ပြဲက ေတာ္ေတာ္ ခက္ခက္ခဲခဲနဲ႔လုပ္ရလိမ့္မယ္လို႔ထင္တယ္။ ဘာျဖစ္လို႔လဲဆို ေတာ့ တိုင္းရင္းသားေဒသေတြမွာေပါ့ဗ်ာ။ တခ်ိဳ႕ လက္နက္ကိုင္အဖြဲ႕အစည္းေတြထိန္းထားတဲ့နယ္ေျမ ေတြရွိတယ္။ အဲဒီသိမ္းထားတဲ့နယ္ေျမေတြမွာ တိုင္း ရင္းသားေတြက တိုင္းရင္းသားလက္နက္ကိုင္ေတြ ဆို ၾကပါစို႔။ သူတို႔က ေ႐ြးေကာက္ပြဲကိုလက္မခံဘူးလို႔ ေျပာတယ္။ လက္မခံဘူးဆိုေတာ့ တိုင္းရင္းသားပါတီ ေတြေရာ ျပည္မပါတီေတြေရာက ေ႐ြးေကာက္ပြဲကို အစိုးရကလုပ္မယ္ေျပာတယ္။ လုပ္မယ္ေျပာေတာ့ ကြၽန္ေတာ္တို႔က မလုပ္ဘူးဆိုရင္ ပါတီဖ်က္သိမ္းျခင္း ခံရမယ္။ ပါတီဖ်က္သိမ္းျခင္းခံရရင္ ကြၽန္ေတာ္တို႔ရဲ႕ ႏိုင္ငံေရးပလက္ေဖာင္း၊ ကိုယ့္ေဒသမွာရွိတဲ့ လူထု ေတြျဖစ္ပ်က္ေနတဲ့အရာကို လႊတ္ေတာ္ကိုတင္ျပလို႔ မရေတာ့ဘူး။ အဲဒါေၾကာင့္မို႔ ဥပမာ ကြၽန္ေတာ္တို႔ဆို ရင္ ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္ဝခ႐ိုင္၊ ပလက္ ဝမွာအေျခစိုက္တာ။ ခူမီးအမ်ိဳးသားပါတီ။ အဲဒီမွာရွိတဲ့ ေဒသခံေတြရဲ႕ ျဖစ္ပ်က္ေနတဲ့ဒုကၡေတြကို လႊတ္ ေတာ္မွာ တင္ျပလို႔မရေတာ့ဘူးျဖစ္သြားမယ္ ေ႐ြး ေကာက္ပြဲမဝင္ရင္။ ေ႐ြးေကာက္ပြဲဝင္ျပန္ရင္လည္း ဘယ္လိုျဖစ္မလဲဆိုေတာ့ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ရင္ လည္း သူတို႔က ေ႐ြးေကာက္ပြဲကိုလက္မခံဘူးဆိုတဲ့ အတြက္ေၾကာင့္မို႔ ကြၽန္ေတာ္တို႔က ေ႐ြးေကာက္ပြဲကို ဘယ္လိုလုပ္ရမလဲဆိုၿပီးေတာ့ ၿပီးခဲ့တဲ့အေခါက္က ေနျပည္ေတာ္မွာ ကြၽန္ေတာ္တင္ျပတယ္။ ဘယ္လို တင္ျပလဲဆိုေတာ့ ကြၽန္ေတာ့္ ပလက္ဝေဒသက ခူမီး လူမ်ိဳးေတြက ရန္ကုန္ၿမိဳ႕မွာ ေ႐ႊျပည္သာ၊ လႈိင္သာယာ၊ ေမွာ္ဘီ၊ တိုက္ႀကီး ၊ လွည္းကူး၊ အေရွ႕ဒဂုံ၊ ေတာင္ဒဂုံ၊ ေျမာက္ဒဂုံစတဲ့ ရန္ကုန္တိုင္းတစ္တိုင္းလုံးထဲမွာ ေရာက္ေနၿပီ။ ဘယ္လိုလုပ္ေရာက္ေနၾကလဲဆိုတာ ေတာ့ ဝန္ထမ္းေတြ၊ ဝန္ထမ္းကိုမွီခိုတဲ့လူေတြ၊ ေနာက္ ၿပီးေတာ့ အၿငိမ္းစားေတြ။ သူတို႔ကမေနရဲဘူး။ အစိုးရ ဘက္ေတာ္သားဆိုၿပီး သူတို႔က ခဏခဏေမးတယ္။ ေခၚေမးတယ္။ စစ္ေဆးတယ္ဆိုတဲ့အခါ မျဖစ္ဘူး၊ ဒီမွာေနရင္ အားလုံးကိုဒုကၡေပးလိမ့္မယ္ဆိုၿပီးေတာ့ ဒီကိုေျပာင္းလာၾကတယ္။ ေျပာင္းလာတာ လူဦးေရက အနည္းဆုံး ေထာင္ဂဏန္းရွိတယ္။ ေက်ာ္ရင္လည္း ေက်ာ္မယ္။ ဆိုတဲ့အခါက်ေတာ့ ကြၽန္ေတာ္ကဘာေျပာ လဲဆိုေတာ့ ခူမီးအမ်ိဳးသားပါတီကေန အေဝးေရာက္ မဲပုံး လုပ္ေပးလို႔ရမလား။ ကြၽန္ေတာ္တို႔ ဒီျပည္မဘက္ မွာ ေ႐ႊျပည္သာ၊ လႈိင္သာယာနဲ႔ ေမွာ္ဘီဘက္ စသည္ အားျဖင့္ အေဝးေရာက္မဲပုံးနဲ႔ ခူမီးအမ်ိဳးသားပါတီက အဖြဲ႕ေတြကို ထည့္ဖို႔လုပ္ေပးလို႔မရဘူးလားဆိုတဲ့အခါက်ေတာ့ အဲဒါကမရွိဖူးဘူးတဲ့။ မရွိဖူးဆိုတဲ့အတြက္ ေၾကာင့္မို႔တဲ့ အဲဒါက ဘာမွလုပ္လို႔မရဘူးတဲ့။ ကြၽန္ ေတာ္တို႔က အဲဒီမွာသြားၿပီးေတာ့ မဲပုံးေထာင္ၿပီးအေ႐ြး ခံမယ္ဆိုရင္ အသက္အႏၲရာယ္ကေတာ့ ေခါင္းႏွစ္လုံး မရွိဘူး။ ေခါင္းတစ္လုံးပဲရွိတဲ့အတြက္ေၾကာင့္မို႔ ကိုယ့္ ေခါင္းေတာ့အဆုံးမခံႏိုင္ဘူးလို႔ တခ်ိဳ႕ကေျပာၾက တယ္။ ေနာက္ၿပီးေတာ့ ႐ုံးေတြလုပ္တဲ့အခါက်ေတာ့ ၿမိဳ႕နယ္က (၅)ၿမိဳ႕နယ္ရွိရမွာ။ ကြၽန္ေတာ္တို႔ ပလက္ဝ ခ႐ိုင္မွာ ပလက္ဝၿမိဳ႕၊ မတူပီခ႐ိုင္ မတူပီၿမိဳ႕၊ ကန္ပက္ လက္ၿမိဳ႕၊ မင္းတပ္ၿမိဳ႕။ ၿမိဳ႕က (၄)ၿမိဳ႕ရွိတယ္။ ဆမီးကို ထည့္တဲ့အခါက်ေတာ့ ဆမီးကၿမိဳ႕မဟုတ္ဘူးတဲ့၊ ၿမိဳ႕ နယ္ခြဲတာျဖစ္တဲ့အတြက္ေၾကာင့္မို႔ အသိအမွတ္မျပဳ ဘူးဆိုေတာ့ ထန္တလန္ကိုထည့္လိုက္တယ္။ အား လုံး (၅)ၿမိဳ႕နယ္ျပည့္ၿပီ။ လူဦးေရျပည့္ၿပီ။ သို႔ေသာ္ျငား လည္း ႐ုံးမွာ ဆိုင္းဘုတ္ေထာင္လို႔မရဘူး။ အလံ ေထာင္လို႔မရဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒါကို မလုပ္ပါနဲ႔တဲ့။ ကိုယ့္အခ်င္းအခ်င္းမို႔ စကားမေျပာခ်င္ ဘူးတဲ့။ ဒါေၾကာင့္မို႔ ပါတီ႐ုံးေတြဆိုရင္ ငါတို႔ပါတီ႐ုံးက ဒီနားမွာရွိတယ္ဆိုတာကိုပဲ မင္းတို႔ေျပာတဲ့။ စိတ္ထဲမွာ ပဲထားဆိုေတာ့ ကြၽန္ေတာ္တို႔က ဘာမွမေျပာဘူး။ အခု အစည္းအေဝးမွာေမးတဲ့အခါက်ေတာ့ ႐ုံးခန္းက ဘယ္ေနရာမွာရွိလဲဆိုရင္ ဖုန္းနံပါတ္လည္းရွိတယ္။ ဒါေပမဲ့ လုံၿခဳံေရးအရ ဖုန္းနံပါတ္လည္းမေျပာဘူး။ လုံၿခဳံေရးအရ ေျပာလို႔မျဖစ္ဘူးဆိုၿပီးေတာ့ အသက္ အႏၲရာယ္မ်ားလို႔ဆိုၿပီးေတာ့ ေျဖလိုက္တယ္။ ဒါေပမဲ့ ခုနကပဲ ေမးတဲ့အရဆိုရင္ ဒီတစ္ေခါက္ ေ႐ြးေကာက္ ပြဲက ေတာ္ေတာ္ေလးခက္ခဲလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။

ေမး - ဆိုေတာ့ အန္ကယ္တို႔ပါတီရဲ႕ မူဝါဒေတြက ေကာ ဘာေတြလဲဆိုတာ ေျပာျပေပးပါဦး။
ေျဖ - ကြၽန္ေတာ္တို႔ ခူမီးအမ်ိဳးသားပါတီ ေ႐ြးေကာက္ ပြဲကိုဝင္ရျခင္းအေၾကာင္းအရင္းက ကြၽန္ေတာ္တို႔ ခူမီး အမ်ိဳးသားတိုင္းရင္းသားပါတီက ယေန႔ ႏိုင္ငံေတာ္က ျပ႒ာန္းထားတဲ့ ဒို႔တာဝန္အေရး (၃)ပါး ၊ ျပည္ေထာင္စု မၿပိဳကြဲေရး၊ တိုင္းရင္းသား စည္းလုံးညီၫြတ္မႈမၿပိဳကြဲ ေရး၊ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရး ဆိုတာ ကိုဦးထိပ္ထားၿပီးေတာ့ ကြၽန္ေတာ္တို႔ ေ႐ြးေကာက္ပြဲ ဝင္ျခင္းလည္းျဖစ္တယ္။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္ တို႔ ပလက္ဝ ခူမီးေဒသက ယခင္ လြတ္လပ္ေရးမရခင္ က ရခိုင္ေတာင္တန္း၊ ေျမာက္ပိုင္းခ႐ိုင္ဆိုတာ ကြၽန္ ေတာ္တို႔ အခု ပလက္ဝခ႐ိုင္။ ဒါေပမဲ့ အခု ခ႐ိုင္ေတာ့ ေပးတယ္။ ဆိုတဲ့အခါက်ေတာ့ ဒီဘက္မွာ အရင္တုန္း ကပုံစံအတိုင္းေပါ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ကိုယ္ပိုင္ျပ႒ာန္း ခြင့္ႏွင့္တန္းတူညီမွ်ေရးဆိုတာကို ကြၽန္ေတာ္တို႔ ရည္ òန္းၿပီးေတာ့ ေ႐ြးေကာက္ပြဲဝင္ျခင္းျဖစ္တယ္။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ေ႐ြးေကာက္ပြဲဝင္ျခင္း အားျဖင့္ ကိုယ့္လူမ်ိဳးေတြ လႊတ္ေတာ္ထဲကိုေရာက္ခဲ့ သည္ရွိေသာ္ ကြၽန္ေတာ္တို႔ေဒသမွာျဖစ္ပ်က္ေနတဲ့ အရာအားလုံးကို ျပဳျပင္ခ်င္တယ္။ ဘာေတြကိုျပဳျပင္ မလဲေမးရင္ ကြၽန္ေတာ္တို႔ ပလက္ဝေဒသဆိုတာ ဝါး ေတြေပါတဲ့ေနရာ။ သစ္ေတာေတြလည္း တအားေပါ တဲ့ေနရာ။ အခုက သစ္ေတာလည္းကုန္ၿပီ။ ဝါးေတာ လည္းကုန္ၿပီ။ ဆိုတဲ့အခါက်ေတာ့ ဝါးလည္းမရွိေတာ့ ဘူး။ သစ္ေတာဆိုလည္း သစ္ပင္ႀကီးႀကီး မားမားေတြ ကလည္းမရွိေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ တို႔က မခုတ္နဲ႔လို႔ေျပာတဲ့အခါက်ေတာ့ အေပၚကလူ ႀကီးေတြကပိုင္တယ္။ ကြၽန္ေတာ္တို႔ ဘာမွေျပာလို႔မရ ဘူး။ နားလည္မႈေတြနဲ႔လုပ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ခူမီးအမ်ိဳးသားပါတီသာ ၿပိဳင္လို႔ႏိုင္သြားရင္ ဒါေတြ လုံးဝမလုပ္ရဘူး။ ေနာက္ၿပီးေတာ့ ေ႐ႊ႕ေျပာင္းေတာင္ ယာဓေလ့ကိုလည္း ကြၽန္ေတာ္တို႔ကဖ်က္သိမ္းၿပီး ေတာ့ ေလွကားထစ္စိုက္ပ်ိဳးေရးစနစ္ကို ဦးစားေပး မယ္။ ေလွကားထစ္စိုက္ပ်ိဳးေရးစနစ္ကို ကြၽန္ေတာ္တို႔ ငယ္ငယ္ေလးက ၾကားဖူးတယ္။ ကြၽန္ေတာ္တို႔ေဒသမွာ လုပ္တယ္သာေျပာတာ။ ဘယ္နားမွာလုပ္လဲမသိဘူး လြန္ခဲ့တဲ့ အႏွစ္ (၂၀)၊ (၃၀)ေလာက္က။ ဆိုတဲ့အခါ က်ေတာ့ တကယ့္ကို ေလွကားထစ္စိုက္ပ်ိဳးေရးနဲ႔ ေအာင္ျမင္ေနတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြကို ကြၽန္ေတာ္ တို႔ေဒသက ေတာင္ယာလုပ္စားတဲ့လူေတြ ေလွကား ထစ္ကို ဘယ္လိုလုပ္ရတယ္။ ဘယ္လိုေအာင္ျမင္လဲ ဆိုတာ ကြၽန္ေတာ္တို႔ကေခၚၿပီးျပမွာ။ ကြၽန္ေတာ္တို႔ ခူမီးအမ်ိဳးသားပါတီ ေ႐ြးေကာက္ပြဲႏိုင္ခဲ့သည္ရွိေသာ္ အစိုးရဆီက ဘတ္ဂ်က္ေတာင္းၿပီးေတာ့လုပ္မယ္။ လယ္လုပ္တဲ့ဆီမွာ လယ္လုပ္မယ္။ ခူမီးလူမ်ိဳးေတြက လယ္မလုပ္တတ္ေတာ့ လယ္ကိုလုပ္တတ္တဲ့ေနရာ မွာ သင္တန္းေပးၿပီးေတာ့လႊတ္မယ္။ အဲဒါေတြကို စီမံကိန္းနဲ႔လုပ္မလို႔ စီမံကိန္းေတြ ရွိတဲ့အတြက္ ေၾကာင့္မို႔ ကြၽန္ေတာ္တို႔က ေ႐ြးေကာက္ပြဲဝင္ျခင္းျဖစ္ တယ္။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ရဲ႕ဘာသာစကား၊ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ပလက္ဝမွာေနတဲ့ ခူမီး လူမ်ိဳးကို ခူမီးလူမ်ိဳးလို႔မေျပာေတာ့ဘဲနဲ႔ ခူမီးခ်င္း၊ ပလက္ဝခ်င္းဆိုတာကို ကြၽန္ေတာ္တို႔ ခူမီးလူမ်ိဳးေတြ ကမႀကိဳက္ဘူး။ မႀကိဳက္တဲ့အခါက်ေတာ့ ကြၽန္ေတာ္ တို႔က ပါတီေထာင္ၿပီးေတာ့ ခူမီးလူမ်ိဳးသည္ ခူမီး လူမ်ိဳး၊ ခ်င္းသည္ ျပည္နယ္နာမည္သာျဖစ္တယ္ဆိုတာ ကိုလည္း ကြၽန္ေတာ္တို႔ ယေန႔ ေျပာေန၊ ဆိုေနတဲ့ဟာ ကိုလည္း ျပဳျပင္ခ်င္လို႔ တိုက္ဖ်က္ခ်င္လို႔ ကြၽန္ေတာ္တို႔ ပါတီေထာင္ၿပီးေတာ့ ေ႐ြးေကာက္ပြဲဝင္ျခင္းျဖစ္ပါ တယ္လို႔ေျပာလိုပါတယ္။

ေမး - ဟုတ္ကဲ့ရွင့္။ အခုေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ဖို႔အတြက္ ကိုယ္စားလွယ္ေလာင္းေတြကို ေကာ ပါတီအေနနဲ႔ ဘယ္လိုစိစစ္ၿပီး ဘယ္လိုေ႐ြးခ်ယ္ ထားလဲရွင့္။
ေျဖ - ပါတီက ကိုယ္စားလွယ္ေလာင္းေတြကိုေတာ့ လြန္ခဲ့တဲ့ရက္ပိုင္းက ဥကၠ႒လည္း ရန္ကုန္ကို ေရာက္ ေနတယ္။ ဥကၠ႒နဲ႔တိုင္ပင္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ပါတီကိုယ္စားလွယ္ေတြကို ဘယ္သူ႔ကိုေ႐ြးမယ္၊ ဘယ္ဝါကိုေ႐ြးမယ္ဆိုတာကို ထုတ္ျပန္လို႔မျဖစ္ေသး ဘူး။ ပါတီကိုယ္စားလွယ္ကလ်ာထားတာေတာ့ (၄)ေယာက္လ်ာထားတယ္။ (၄)ေနရာကိုယွဥ္ၿပိဳင္မယ္လို႔ လ်ာထားတယ္။ ဒါေပမဲ့ အစည္းအေဝးေနာက္တစ္ခါ ထိုင္ဦးမယ္တဲ့။ အဲဒီအခါမွ ဘယ္သူ႔ကို ဘယ္ေနရာ မွာေ႐ြးမယ္ဆိုတာ အခုမဲဆႏၵနယ္က မသတ္မွတ္ရ ေသးဘူး ကြၽန္ေတာ္တို႔ ခ်င္းေတာင္ ပလက္ဝမွာ။ ဆို ေတာ့ ပလက္ဝမွာ မဲဆႏၵနယ္မသတ္မွတ္ရေသးဘူး။ ကြၽန္ေတာ္တို႔လိုက္နာၿပီးေတာ့ ဘာမွမေျပာဘူး။ သူရဲ႕ စီမံခ်က္ကိုေစာင့္ေနတာေလ။

ေမး - ပါတီအေနနဲ႔ေကာ မဲဆႏၵနယ္ေတြမွာ PR နဲ႔ FPTP ေရာထားတဲ့စနစ္ကို ဘယ္လိုသေဘာထားလဲ၊ ဘယ္လိုျမင္လဲ။
ေျဖ - ကြၽန္ေတာ္ေနျပည္ေတာ္မွာ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေနၿပီးေတာ့ ကြၽန္ေတာ္တို႔ကိုရွင္းျပတယ္။ FPTP နဲ႔ PR နဲ႔က သူ႔ေဒသနဲ႔သူခြဲမယ္။ ဥပမာ ႐ြာ တစ္႐ြာမွာ အေရွ႕ပိုင္းမွာ အႏိုင္ရ အကုန္ယူစနစ္ကို ေ႐ြးရင္ ေနာက္ပိုင္းမွာ အခ်ိဳးက်နဲ႔‌ေ႐ြးမယ္။ ဒါေပမဲ့ ပါတီက အႏိုင္ရ အကုန္ယူမွာ ေ႐ြးတဲ့ရမွတ္သည္ ဟို ဘက္မွာေ႐ြးတဲ့ဟာနဲ႔ျပန္ေပါင္းမွာ။ အဲဒီလိုေျပာတယ္။ ေပါင္းၿပီးမွ Sharing လုပ္တဲ့သေဘာေပါ့။ အဲဒါမ်ိဳး လုပ္မယ္လို႔ေျပာတယ္။ ေလာေလာဆယ္က ကြၽန္ ေတာ္တို႔ပလက္ဝမွာေ႐ြးမွာက ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳး ေရးပါတီနဲ႔ ခ်င္းအမ်ိဳးသား ဒီမိုကရစ္တစ္ပါတီရယ္ ကြၽန္ေတာ္တို႔ ခူမီးအမ်ိဳးသားပါတီနဲ႔ဆို (၃)မ်ိဳးပဲရွိ တယ္။ တစညကေတာ့ အခု ဘာမွမေျပာေသးဘူး။ ကြၽန္ေတာ္တို႔ခူမီးကေတာ့ ေ႐ြးမယ္။ အခုပမာဏကို ခ်ထားတာ လူက (၄)ေယာက္ခ်ထားတယ္။ ဘယ္ေန ရာ၊ ဘယ္ေနရာဝင္မယ္ဆိုတာကို သူတို႔က မဲဆႏၵနယ္ ေတြကိုမထုတ္ျပန္ေသးတဲ့အတြက္ ကြၽန္ေတာ္တို႔က စာ႐ြက္ေပၚမွာပဲရွိေသးတယ္။ ဥကၠ႒ရဲ႕စာ႐ြက္ေပၚမွာ ပဲရွိေသးတယ္။ ကြၽန္ေတာ္တို႔ကို မထုတ္ျပန္ေသးဘူး၊ အဲဒီေတာ့ ေျပာဖို႔ခက္ပါတယ္။

ေမး - လက္ရွိ ပလက္ဝမွာရွိတဲ့ ပါတီ႐ုံးခ်ဳပ္ကိုယ္တိုင္ က အျပည့္အဝဖြင့္ဖို႔ အဆင္မေျပဘူးၾကားတယ္။ အန္ကယ္တို႔အေနနဲ႔ေကာ ပါတီ႐ုံးခန္းဖြင့္ဖို႔နဲ႔ပတ္ သက္ၿပီး ဘာေတြ အခက္အခဲရွိလဲ၊ ဘယ္လိုအေျခအ ေနရွိလဲ ေျပာျပေပးပါဦးရွင္။
ေျဖ - ပလက္ဝမွာ ဌာနခ်ဳပ္႐ုံးခန္းဖြင့္ထားပါတယ္။ မတူပီစက္႐ုံလမ္းထဲမွာလည္း ႐ုံးခန္းဖြင့္ထားတယ္။ ေနာက္ ကန္ပက္လက္မွာလည္းဖြင့္ထားတယ္။ မင္း ျပားမွာလည္းဖြင့္ထားတယ္။ ေနာက္ၿပီးေတာ့ ဆမီးမွာ ၿမိဳ႕နယ္ခြဲမို႔ ဖြင့္လို႔မရဘူးဆိုေတာ့ ထန္တလန္မွာ တစ္ ႐ုံးဖြင့္ထားတယ္။ လိပ္စာအတိအက်ကေတာ့ လုံၿခဳံ ေရးအရ မေျပာလိုပါဘူး။ ပလက္ဝ ႐ုံးဌာနခ်ဳပ္ကေတာ့ ပါတီဥကၠ႒႐ုံးေအာက္ထပ္မွာ ဖြင့္ထားတယ္။ ဖြင့္ထား တဲ့အခါက်ေတာ့ AA ကဘာေျပာလဲဆိုေတာ့ ပလက္ ဝမွာဆိုရင္ ကိုယ့္အခ်င္းခ်င္းမို႔မေျပာခ်င္ဘူးတဲ့။ အရွည္ အရွည္ေတြမျဖစ္ခ်င္တဲ့အခါက်ေတာ့ ဆိုင္းဘုတ္နဲ႔ အလံ ျဖဳတ္ပါတဲ့။ ေျပာေတာ့ ျဖဳတ္ထားတယ္။ မတူပီ မွာလည္းျဖဳတ္ထားတယ္၊ ကန္ပက္လက္မွာလည္း ျဖဳတ္ထားတယ္၊ မင္းတပ္မွာလည္း ျဖဳတ္ထားတယ္။ ထန္တလန္မွာလည္း ျဖဳတ္ထားတယ္။ ဒါေပမဲ့ တည္ ေနရာလိပ္စာက်ေတာ့ လုံၿခဳံေရးအရေတာ့ေျပာလို႔မရ ဘူး။

ေမး - ခူမီးလူမ်ိဳးေတြကလည္း ရန္ကုန္အပါအဝင္ တျခားေနရာေတြကို ေျပာင္းေ႐ႊ႕ေနထိုင္ၾကတာေတြ ရွိတယ္လို႔ေျပာတဲ့အခါက်ေတာ့၊ ေနာက္တစ္ခုက ပလက္ဝဘက္မွာ ဆက္သြယ္ေရးလိုင္းေတြလည္း သိပ္မေကာင္းဘူးလို႔ ၾကားပါတယ္။ ဆိုေတာ့ မဲဆြယ္ စည္း႐ုံးတာေတြကို ဘယ္လိုလုပ္မယ္လို႔ ေတြးထား တာရွိလဲ။ ဘာေတြ အခက္အခဲရွိလဲ။
ေျဖ - မဲဆြယ္စည္း႐ုံးတဲ့အခါက်ေတာ့ ပလက္ဝမွာ အရင္တုန္းကလို လူထုအမ်ားႀကီးကိုစည္း႐ုံးၿပီးေတာ့ လူအမ်ားႀကီးကိုေခၚၿပီးေတာ့ ကြၽန္ေတာ္တို႔ ေဟာ ေျပာလို႔မရဘူး။ ဒါေပမဲ့ လုံၿခဳံေရးအရ ကြၽန္ေတာ့္ကို မေန႔ကလည္း ဟားခါးဘက္ကဖုန္းဆက္တယ္။ ဟား ခါးမွာလည္း ခူမီးေတြေရာက္ေနၾကတယ္။ ဆိုတဲ့အခါ က်ေတာ့ ရန္ကုန္ကုန္မွာလည္း ခူမီးေတြလည္းရွိတယ္။ ကြၽန္ေတာ္တို႔ ခူမီးအခ်င္းခ်င္းေတာ့ အဆက္အသြယ္ ေတာ့ရွိတယ္။ အဲဒီမွာ ဖုန္းလိုင္းမရွိတဲ့အခါက်ေတာ့ ဘာမွလုပ္လို႔မရဘူး။ သြားတဲ့အခါက်ေတာ့လည္း အရင္တုန္းက ရခိုင္ကေနသြားတယ္။ ရန္ကုန္- စစ္ ေတြ-ေက်ာက္ေတာ္-ပလက္ဝ။ အဲဒီလိုသြားလို႔ရ တယ္။ အခုက်ေတာ့ အဲဒီလိုသြားလို႔မရဘူး။ မေကြး ဘက္ကေန ေတာလမ္းကေနသြားေနရတယ္။ သြား ရင္ေတာ့ စာတမ္းနဲ႔ေတာ့ေပးလို႔မျဖစ္ဘူး။ စကားနဲ႔ ေတာ့လူႀကဳံေတာ့ပါးရတယ္။ ေျပာလိုက္ပါ ကြၽန္ေတာ္ တို႔ ခူမီးအမ်ိဳးသားပါတီကို။ မဲက ဘယ္လိုထည့္ရမလဲ ဆိုတာမ်ိဳးေပါ့။ သူတို႔မဲက်ေတာ့မရႏိုင္ေတာ့ဘူး။ မရ ႏိုင္တဲ့အခါက်ေတာ့ ဥကၠ႒နဲ႔ေတြ႕တဲ့အခါ ဘာထပ္ ေျပာလဲဆိုရင္ ကြၽန္ေတာ္တို႔ဘက္မွာ (၃)ပါတီက အေ႐ြးခံမယ္လို႔ေျပာတယ္။ ခူမီးရယ္၊ ျပည္ခိုင္ၿဖိဳးရယ္၊ ခ်င္းအမ်ိဳးသား ဒီမိုကရက္တစ္ပါတီရယ္ေ႐ြးမယ္လို႔ ေျပာတယ္။ ေ႐ြးမယ့္အခါက်ေတာ့ နယ္ေျမကို သူတို႔ လည္းသြားလို႔မရဘူး။ ကြၽန္ေတာ္တို႔က UEC ကို ေျပာၿပီးေတာ့ ဘယ္လိုလုပ္မလဲ။ အေ႐ြးခံမယ့္ေနရာ ေတြမွာ ၿပိဳင္ဘက္မရွိဘူးဆိုရင္ အႏိုင္ရတဲ့သေဘာမ်ိဳး နဲ႔လုပ္ၾကမလားဆိုၿပီးေတာ့ေျပာထားတယ္။ အဲဒါ ေတာ့မသိေသးဘူး။ သူတို႔ကိုလည္းေခၚၿပီး ႀကံ့ခိုင္ေရး ပါတီမွာ အေ႐ြးခံမယ့္လူကလည္း ရန္ကုန္မွာေရာက္ ေနတယ္။ ခ်င္းအမ်ိဳးသားဒီမိုကရက္တစ္ပါတီမွာ အ ေ႐ြးခံမယ့္လူကလည္း ဟားခါးမွာေရာက္ေနယ္။ ကြၽန္ ေတာ္တို႔ကလည္း အေ႐ြးခံမယ့္လူက ရန္ကုန္မွာ ေရာက္ေနတယ္။ ျပန္လို႔ကလည္းမရဘူး။ မရေတာ့ ဘယ္လိုလုပ္မလဲဆိုတာ UEC ကို ေျပာျပဖို႔ရွိတယ္။ အဲဒါကိုေစာင့္ေနတာ။

ေမး - ကိုယ္စားလွယ္ေလာင္းေတြရဲ႕ လုံၿခဳံေရးအေျခ အေနနဲ႔ပတ္သက္ၿပီးေတာ့ေကာ ဘာေတြစီစဥ္ထားလဲ။ စိုးရိမ္တာမ်ိဳးေကာ ရွိလား။
ေျဖ - လုံၿခဳံေရးကေတာ့ သြားရင္ေတာ့ ျပႆနာက ေတာ့ျဖစ္မယ္ေလ။ ပလက္ဝနဲ႔ ခ်င္းျပည္နယ္၊ ကန္ ပက္လက္၊ မတူပီ၊ မင္းတပ္ကို တကယ္လို႔ သြားခဲ့ သည္ရွိေသာ္ လမ္းမွာ တစ္ခုခုျဖစ္ႏိုင္တယ္ေလ။ ရန္ ကုန္မွာေနတဲ့လူကေတာ့ သိပ္မသိဘူး။ ကြၽန္ေတာ္တို႔ က သြားၿပီဆိုရင္ ေထာက္ခံစာ အစားစား ယူရတယ္။ ဒီကသြားရင္ ဘာေၾကာင့္သြားတာလဲ ၊ ဘာကိစၥသြားမွာ လဲ ေထာက္ခံစာယူရတယ္။ ေထာက္ခံစာမပါဘူးဆို ရင္ သူတို႔ဂိတ္နားေရာက္ရင္ ေထာက္ခံစာကို ဖယ္ လိုက္တယ္။ သူတို႔ဆီကေထာက္ခံစာကို ေရာက္ရွိ ေၾကာင္းစာကိုယူရတယ္။ အဲဒီဟာကို ဟိုဘက္မွာ ေတာက္ေလွ်ာက္ျပရတယ္။ ျပလို႔ ကိုယ့္အမ်ိဳးေတြ ကိုယ့္အိမ္ေတြမွာ သြားလာၿပီးေျပာဆိုၿပီးျပန္လာတဲ့ အခါက်ေတာ့လည္း ရန္ကုန္မွာ ေဆးကုမလို႔၊ အမ်ိဳးရွိ လို႔ဆိုၿပီး သူတို႔သတ္မွတ္တဲ့ဂိတ္မွာ စာ႐ြက္က ဂိတ္ ကိုေက်ာ္တာနဲ႔ေဖ်ာက္ပစ္ရတယ္။ ရန္ကုန္လာတဲ့ ဂိတ္မွာ မွတ္ပုံတင္၊ စမတ္ကတ္ကို ျပၿပီးသြားရတယ္။ ဒီဘက္မွာ သြားရလာရတာ ရွင္းရွင္းေျပာရင္ ႏိုင္ငံျခား မွာ ဗီဇာေတာင္းတဲ့ပုံစံမ်ိဳးျဖစ္ေနတယ္။ အဲဒီလိုအ ခက္အခဲေတြက အမ်ားႀကီးပဲ။ အႏၲရာယ္ကလည္း အမ်ားႀကီးပဲ။ ပါးစပ္ကေျပာလို႔သာလြယ္ေနတာ။ သြား လို႔ရတယ္ဆိုၿပီးေျပာေနတာ။ တကယ့္တကယ္ သြားရ ရင္ အင္မတန္မွခက္ခဲပါတယ္။ ကြၽန္ေတာ္တို႔ ခူမီး ေတြက တစ္ခုေကာင္းတာက ရခိုင္ဘက္ကိုသြားရင္ ရခိုင္လို ေကာင္းေကာင္းေျပာတတ္တယ္။ ရခိုင္နဲ႔ေရာ ၿပီးေျပာတတ္တယ္။ ပလက္ဝေရာက္ရင္ တစ္မ်ိဳးလုံး က ခူမီးစကားပဲေျပာတယ္။ သူတို႔နဲ႔ေျပာၿပီး ျပန္ေပါ့။ ကြၽန္ေတာ္တို႔က ခိုးျပန္၊ ခိုးလာျဖစ္ေနတယ္။ အဲဒါ ေၾကာင့္မို႔ အႏၲရာယ္ေတာ့ ေတာ္ေတာ္မ်ားပါတယ္။

ေမး - တကယ္လို႔ ေ႐ြးေကာက္ပြဲၿပီးလို႔ လႊတ္ေတာ္ထဲ စေရာက္ခဲ့ရင္ ခူမီးအမ်ိဳးသားပါတီအေနနဲ႔ ပထမဦး ဆုံး ဘာစလုပ္မလဲ။
ေျဖ - ကြၽန္ေတာ္တို႔ ခူမီးအမ်ိဳးသားပါတီက ျပည္နယ္ တစ္ခုတည္းမွာပဲ အေ႐ြးခံမွာျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ ပလက္ဝၿမိဳ႕နယ္ထဲမွာပဲ အေ႐ြးခံမွာ။ ယေန႔ ပလက္ဝၿမိဳ႕ေပၚမွာျဖစ္ေနတဲ့ ပလက္ဝခ႐ိုင္ မွာျဖစ္ေနတဲ့ ကိစၥအဝ၀ ဥပမာ က်န္းမာေရး ေနာက္ လမ္းပမ္းဆက္သြယ္ေရး၊ ပလက္ဝမွာ ကားလမ္းမရွိ ဘူး။ မတူပီကားလမ္း၊ ပလက္ဝ-ေက်ာက္ေတာ္ ကား လမ္း၊ တကယ္လို႔ တိုင္းျပည္ ပြင့္ပြင္းလင္းလင္းရွိလို႔ သာသာယာယာျဖစ္ရင္ ကြၽန္ေတာ္တို႔ စီမံကိန္းေတြရွိ တယ္။ ေနာက္ၿပီးေတာ့ သစ္ေတာေတြျပန္စိုက္ဖို႔။ ေနာက္ၿပီးေတာ့ ထန္တလန္ၿမိဳ႕သြားလာေရးအတြက္ လမ္းပိတ္တဲ့ေနရာ၊ တခ်ိဳ႕ ေတာင္ေတြၿပိဳတဲ့ေနရာေတြ ကို အစိုးရကိုတင္ျပမယ္။ ေနာက္ၿပီးေတာ့ ေလွကား ထစ္စိုက္ပ်ိဳးေရးစနစ္ကို အေကာင္အထည္ေဖာ္မယ္။ ေနာက္ၿပီးေတာ့ ဝါးပင္ေတြလည္းျပန္စိုက္ရမယ္။ သစ္ပင္ေတြလည္း ျပန္စိုက္ရမယ္ဆိုတာမ်ိဳးေပါ့။ ကြၽန္‌ေတာ္တို႔က စီမံကိန္းေတာ့ခ်ထားပါတယ္။

ေမး - ဆိုေတာ့ ခူမီးလူမ်ိဳးေတြကေကာ အန္ကယ္တို႔ ပါတီကိုေရာ၊ ေ႐ြးေကာက္ပြဲအေပၚကိုေရာ ဘယ္လို သေဘာထားတာေတြ႕ရလဲ။ ေ႐ြးေကာက္ပြဲကို သူတို႔ စိတ္ဝင္စားၾကလား။
ေျဖ - ကြၽန္ေတာ္တို႔က သူတို႔အားေပးလို႔၊ သူတို႔က လုပ္ပါဆိုလို႔ ပါတီေထာင္ပါဆိုလို႔ ကြၽန္ေတာ္တို႔က ပါတီ ေထာင္တာ။ ကြၽန္ေတာ္တို႔ ခူမီးအမ်ိဳးသားပါတီ က အရင္က ဘာပါတီမွလည္းမေထာင္ဘူး။ ဒါေပမဲ့ ပလက္ဝမွာ ခူမီးလူမ်ိဳးအမ်ား ႀကီးရွိတဲ့အတြက္ေၾကာင့္ မို႔ ခူမီးလူမ်ိဳးေတြအတြက္ကို ခူမီးအမ်ိဳးသားပါတီကို ေထာင္ပါ။ အရင္တုန္းကNLD ရွိတယ္။ ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီရွိတယ္။ တိုင္းရင္းသားစည္းလုံးညီ ၫြတ္ေရးပါတီရွိတယ္။ သူတို႔က ပထမအႀကိမ္မွာ ႀကံ့ ခိုင္ဖြံ႕ၿဖိဳးေရးပါတီနဲ႔ ခ်င္းအမ်ိဳးသားပါတီဆိုတာရွိ တယ္။ ေ႐ြးေကာက္ပြဲဝင္တဲ့အခါက်ေတာ့ ကြၽန္ေတာ္ တို႔ခူမီးပါတီက မရွိတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔က ပထမက ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီကို ထည့္ၾကမယ္ေျပာ တယ္။ ဒါေပမဲ့ မထည့္ဘူး။ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ျပည္မပါတီျဖစ္ေနတဲ့အတြက္ ကြၽန္ေတာ္တို႔ ေတာင္ ေပၚသားအခ်င္းခ်င္း ခ်င္းအမ်ိဳးသားပါတီကို မဲထည့္ တယ္။ မဲထည့္ေတာ့ ကြၽန္ေတာ္တို႔ကို သူတို႔က (၅) ႏွစ္သာၿပီးသြားတယ္။ ကြၽန္ေတာ္တို႔ပလက္ဝကို ဘာမွ လာမလုပ္သြားဘူး။ ေအာက္မွာကုလားတန္ျမစ္ၿပိဳက် သြားတာေတာင္ ဘာမွလာမလုပ္ေပးဘူး။ ဆိုတဲ့အခါ က်ေတာ့ ခူမီးေတြကစိတ္နာေနတာ။ ငါတို႔ကေတာ့ မွားၿပီ။ မတူပီ - ပလက္ဝ ကားလမ္းလုပ္ေပးမယ္ဆိုၿပီး မတူပီကားလမ္းက ကြၽန္ေတာ္တို႔မေမြးခင္ကတည္းက လြတ္လပ္ေရးရစကတည္းက အခုထိ ေမာ္ေတာ္ကား သြားလို႔မရဘူး။ ေမာ္ေတာ္ဆိုင္ကယ္နဲ႔သြားရင္ ေမာ္ တာေတြအကုန္ပစ္လိုက္ရတယ္။ အဲဒီေတာ့ လူေတြ က အကုန္စိတ္နာေနတာ။ ေနာက္တစ္ခါ ေဒၚေအာင္ ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD လက္ထက္က်ေတာ့ လည္း သူ႔ကိုမဲထည့္ၾကရေအာင္ဆိုၿပီးေတာ့ ခူမီးအ မ်ိဳးသားပါတီက အဲဒီအခ်ိန္ကစၿပီ။ ဒါေပမဲ့ အဲဒီအခ်ိန္ မွာ ခူမီးအမ်ိဳးသားပါတီကို ဘာမွမသိေသးဘူး။ သူတို႔ က ႏုေသးတယ္။ လုပ္ေပးႏိုင္တဲ့လူမရွိဘူး။ ေျပာရဲဆို ရဲရွိတဲ့လူလည္းမရွိတဲ့အတြက္ေၾကာင့္ NLDကို အား ကိုးၿပီး NLD ကိုမဲထည့္တယ္။ ႏိုင္သြားတယ္။ ထိုနည္း လည္းေကာင္းပဲ။ ဘာမွမလုပ္ေပးဘူး။ ေက်ာက္ေတာ္ -ပလက္ဝကားလမ္းလည္း မလုပ္ေပးသြားဘူး။ တစ္ခုေတာ့ရွိတယ္။ ကုလားတန္တံတားဆိုတာပဲ လုပ္သြားတယ္။ ဒါေပမဲ့ တံတားသာၿပီးသြားတယ္။ လမ္းေလွ်ာက္သြားရတယ္။ ဆိုင္ကယ္ နည္းနည္းပါး ပါးသြားလို႔ရတယ္။ ပလက္ဝၿမိဳ႕ေပၚမွာ တစ္လံ ေလာက္ရွိတဲ့ ကတၱရာလိုလို၊ ကြန္ကရစ္လိုလိုခင္းေပး တယ္။ ဒါပဲ။ ပလက္ဝၿမိဳ႕မၿပိဳေအာင္ ဆိပ္ကမ္းနားပဲ နည္းနည္းလုပ္ေပးတယ္။ ကြၽန္ေတာ္တို႔လိုခ်င္တာ အဲဒါမဟုတ္ဘူး။ အမွန္က ၿမိဳ႕ကိုၿမိဳ႕နဲ႔တူေအာင္ လုပ္ ေပးေစခ်င္တာ။ အခုက ၿမိဳ႕ကိုၿမိဳ႕နဲ႔တူေအာင္ မလုပ္ ေပးဘူး။ အရင္တုန္းက ပလက္ဝၿမိဳ႕က ကြၽန္ေတာ္တို႔ ငယ္ငယ္တုန္းက သာသာယာယာျဖစ္တယ္။ လွ်ပ္စစ္ မီးလည္းရတယ္။ အခုမရဘူး။ ပလက္ဝနဲ႔ ေက်ာက္ ေတာ္က နီးနီးေလး။ တိုင္ေတြကလည္း ေက်ာက္ေတာ္ မွာပုံေနတယ္။ ခ်င္းျပည္မွာက်ေတာ့ လွ်ပ္စစ္မီးက ႐ြာတိုင္းရတယ္။ ကြၽန္ေတာ္တို႔ ပလက္ဝအထိမေရာက္ ေပးဘူး။ အဲဒီမွာ စိတ္နာၿပီးေတာ့ မျဖစ္ေတာ့ဘူး ခူမီး ပါတီက ေ႐ြးေကာက္ပြဲဝင္ၾကေတာ့ဆိုလို႔ ကြၽန္ေတာ္ တို႔က ခူမီးပါတီကို ေ႐ြးေကာက္ပြဲဝင္မွာ၊ ေျပာမွာ၊ ဆို မွာ။ လူမ်ိဳးအတြက္၊ ေဒသခံအတြက္၊ လူထုအတြက္ ေျပာဖို႔ဆိုဖို႔ မင္းတို႔မွာတာဝန္ရွိၿပီဆိုလို႔ ကြၽန္‌ေတာ္တို႔ ပါတီေထာင္ၿပီးေတာ့ လူထုရဲ႕ေတာင္းဆိုခ်က္ေၾကာင့္ ေ႐ြးေကာက္ပြဲဝင္မွာပါ။

ေမး - ေ႐ြးေကာက္ပြဲကာလမွာေကာ ဘယ္လိုအခက္ အခဲေတြႀကဳံရႏိုင္တယ္လို႔ ယူဆလဲ။
ေျဖ - ကြၽန္ေတာ္ရဲ႕အေတြးကေတာ့ ဥကၠ႒ကလည္း ေျပာဖူးတယ္။ အသက္အႏၲရာယ္မ်ားလိမ့္မယ္တဲ့။ ကြၽန္ေတာ္တို႔ခူမီးေဒသ ေ႐ြးေကာက္ပြဲေရာ၊ တျခားေဒ သမွာလည္း နည္းနည္းပါးပါးေတာ့ အႏၲရာယ္ရွိတယ္ တဲ့။ နည္းနည္းပါးပါးမဟုတ္ဘူး။ အႏၲရာယ္ကို အမ်ား ႀကီးရွိတယ္တဲ့။ ဥကၠ႒ႀကီးကိုယ္တိုင္ကေျပာပါတယ္။ ဥကၠ႒ႀကီးကေတာ့ ေ႐ြးေကာက္ပြဲမဝင္ေတာ့ဘူးတဲ့။ သူက အသက္လည္းႀကီးၿပီဆိုၿပီးေတာ့ အခု တက္ သစ္စလူငယ္ေတြကိုေ႐ြးဖို႔ လ်ာထားတယ္။ အသက္ အႏၲရာယ္မ်ားမယ္တဲ့၊ သြားေရးလာေရးလည္း မေကာင္းဘူးတဲ့။ အဲဒါေၾကာင့္မို႔ လူထုရဲ႕ေတာင္းဆို ခ်က္ေၾကာင့္ ေ႐ြးေကာက္ပြဲဝင္ရမွာျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔မွာလည္း အႏၲရာယ္အမ်ားႀကီးရွိပါတယ္ တဲ့။ အဲဒီလိုပဲေျပာလိုတယ္။
ေမး - ပါတီအေနနဲ႔ အခက္အခဲဆုံးနဲ႔ အႀကီးမားဆုံး စိန္ေခၚမႈကေကာ ဘာျဖစ္မလဲရွင့္။
ေျဖ - အဓိကကေတာ့ ပါတီရန္ပုံေငြေပါ့။ ပါတီရန္ပုံ ေငြက (၄၀)ရာခိုင္ႏႈန္းထုတ္လို႔ရၿပီ။ အဲဒီကိုင္ထားတဲ့ လူက အခု ပလက္ဝမွာ။ အခု ပလက္ဝမွာလည္း ဘဏ္ကမရွိဘူးေလ။ ဘဏ္မရွိေတာ့ ထုတ္လို႔မရဘူး။ ဘဏ္ရွိလည္း လႊဲလို႔မရဘူးေလ။ အဲဒါ သူလာတာကို ေစာင့္ရတယ္။ တကယ္လို႔မ်ား အဲဒါရခဲ့ရင္ ေ႐ြး ေကာက္ပြဲအတြက္ နည္းနည္းပါးပါးသုံးဖို႔၊ လူထုေတြ ကိုစည္း႐ုံးဖို႔ သြားဖို႔လာဖို႔ေပါ့။ အရင္တုန္းကလို ေကြၽး ဖို႔ေမြးဖို႔ေတာ့မဟုတ္ဘူးေပါ့။ တခ်ိဳ႕က်ေတာ့လည္း ငါတို႔ ေဟာေျပာတာနားေထာင္လို႔ လုပ္လို႔မရဘူး။ အခုက အိမ္ေတြမွာ တိုးတိုးတိတ္တိတ္ေျပာရတဲ့အဆင့္ျဖစ္ေနတယ္။ သူတို႔ကေတာ့ အားေပးပါတယ္။ ဘယ္လို မဲထည့္ရမလဲဆိုတာလည္းေမးၾကတာေပါ့။ ခုနကေျပာသလို အေဝးေရာက္မဲပုံးဆိုတာ လုပ္လို႔ရ ရင္ အိမ္တိုင္ရာေရာက္ မီးသတ္တို႔အုပ္ႀကီးတို႔ကိုေခၚ ၿပီးေတာ့ သက္ဆိုင္ရာလူႀကီးေတြနဲ႔၊ ဂုဏ္သေရရွိ လူ ႀကီးမိဘေတြကိုေခၚၿပီး အိမ္တိုင္ရာေရာက္ ႀကိဳက္တာ ကိုထည့္ဆိုၿပီးလုပ္တာမ်ိဳးလည္း မရွိဘူးတဲ့။ ဘယ္မွာ မွမရွိဖူးဘူးဆိုေတာ့ ကြၽန္ေတာ္တို႔မွာလည္း လုပ္ရကိုင္ ရ စိန္ေခၚမႈေတြက အမ်ားႀကီးေပါ့။

ေမး - မဲေပးစက္နဲ႔ပတ္သက္ၿပီးေတာ့ေကာ ဘာေျပာ ခ်င္လဲ။
ေျဖ - မဲထည့္မယ္ဆိုတဲ့အခါက်ေတာ့ ရန္ကုန္မွာ ေရာက္ေနတဲ့ ခူမီးေတြေရာ၊ ပလက္ဝမွာေနခဲ့တဲ့ ခူမီး ေတြေရာ အားလုံးက ခူမီးအမ်ိဳးသားပါတီကို မဲထည့္ ခ်င္တယ္။ မဲထည့္ခ်င္ေတာ့ ဘယ္လိုထည့္ရမလဲဆို ေတာ့ မဲပုံးေထာင္လို႔မရေသးတာ ျပႆနာ။ ရွင္းရွင္း ေျပာရရင္ ဗိုက္ကဆာေနၿပီ ထမင္းကမရွိဘူးဗ်ာ။ အဲဒီ လိုျဖစ္ေနတယ္။ မဲပုံးေထာင္လို႔မရေသးတဲ့ အတြက္ သူတို႔က စိတ္မေကာင္းဘူး။ ေ႐ြးေကာက္ပြဲဝင္မယ္ဆို တဲ့လူေတြကလည္း အသက္အႏၲရာယ္မ်ားတဲ့အတြက္ သြားဖို႔လာဖို႔မလြယ္ဘူး။ ကိုယ့္ေဒသေတာ့ကိုယ့္ေဒ သပဲ။ အဲဒီမွာ AA ရွိတဲ့အတြက္ေၾကာင့္မို႔ CB၊ CNF ရွိတယ္။ ေနာက္ဆုံး သူပုန္ေခၚမွာေပါ့ဗ်ာ။ အဲဒါေတြနဲ႔ ဆိုေတာ့ သြားဖို႔လာဖို႔က ကိုယ့္ေဒသျဖစ္ေပမယ့္လည္း မလြယ္ဘူးျဖစ္ေနတယ္။ လူထုကေတာ့ မဲထည့္ခ်င္ တယ္။ အခုလည္း ေျပာေနတာပဲ။ အဲဒီစိန္ေခၚမႈပါပဲ။

ေမး - တျခားေကာ ဘာမ်ားျဖည့္စြက္ေျပာခ်င္ေသးလဲ ရွင့္။
ေျဖ - ကြၽန္ေတာ္တို႔လိုခ်င္တာကေတာ့ ေအးေအး ခ်မ္းခ်မ္းေပါ့ဗ်ာ။ တိုင္းျပည္မွာ ပဋိပကၡမျဖစ္ဘဲနဲ႔ ေအးေအးခ်မ္းခ်မ္း သာသာယာယာနဲ႔ ဟိုတုန္းကလို လမ္းပန္းဆက္သြယ္ေရးကလည္း ေက်ာက္ေတာ္က ေန ပလက္ဝကိုသြား။ အဲဒီလို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေပါ့။ ကိုယ့္ေဒသဆိုေတာ့ ကိုယ္ေဒသကိုယ္ႀကိဳက္တယ္။ သဘာဝနဲ႔။ အခုခ်ိန္မွာ ျပႆနာေတြက အမ်ားႀကီးျဖစ္ တဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔လူမ်ိဳးေတြက မေပ်ာ္ ႐ႊင္ဘူးေပါ့ဗ်ာ။ မသာယာဘူးေပါ့ တိုင္းေရးျပည္ေရးက။ အဲဒီေတာ့ တိုင္းျပည္ကို ေအးေအးခ်မ္းခ်မ္းနဲ႔ သာသာ ယာယာျဖစ္ေပါေစလို႔ပဲ ေျပာခ်င္ပါတယ္။

Related news

© 2021. All rights reserved.