ဘိုကလေးမြို့နယ်ရှိ ဒီရေတောကြိုးဝိုင်း ဧကထောင်ချီ ခုတ်ထွင်ရှင်းလင်းခံနေရ

 309

သက်ပိုင် (NP News) - စက်တင်ဘာလ ၁ဝ
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ နယ်အတွင်းတွင် ဧကထောင်နှင့်ချီသော ဒီရေတော ကြိုးဝိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ လယ်မြေ အဖြစ် ကျူးကျော်မှုများပြုလုပ်လျက်ရှိနေကြောင်း ဒေသခံများက NP News သို့ ပြောသည်။
ဘိုကလေးမြို့နယ်အတွင်းရှိ ကဒုံကနိ သစ်တောကြိုးဝိုင်းတွင်ပါဝင်သည့် ဘိုကလေး -ကြိမ် ချောင်းကြီး-ကဒုံ ကားလမ်းဝဲယာတစ်လျှောက်ရှိ သစ်တောကြိုးဝိုင်းအကွက်များ၊ လှေဖြင့်သွားလာ မှသာမြင်နိုင်သည့် သစ်တောအကွက်များမှာ လက်ရှိတွင် ဒီရောတောပင်များအစား စပါးခင်းများ အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမည်မဖော် လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
" နာဂစ်ပြီးလို့ သစ်တောတွေပြန်စိုက်ပြီး ထူထူထောင်ထောင်ဖြစ်လာတဲ့အချိန်ကျမှ အခုလို တွေဖြစ်ကုန်တာ။ ကဒုံကနိကြိုးဝိုင်းထဲက အကွက် အမှတ် (၃၆)၊ အကွက်အမှတ်(၄၅)၊ အကွက် အမှတ်(၄၆)၊ အကွက်အမှတ် (၄၈)၊ အကွက်အမှတ် (၅၁) တို့ဆိုရင် ဘာမှမကျန်တော့ဘူး။ ကလေး-ကြိမ် ချောင်းကြီး-ကဒုံ သွားတဲ့လမ်းတစ်လျှောက်မှာပါ။အဲဒါတွေက တစ်ကွက်ကို အနည်းဆုံး ဧက (၅၀ဝ)အထက်ရှိပါတယ်။ နောက်ပြီး နာဂစ်ပြီးတော့ JICA နဲ့ဝန်ကြီးဌာနပေါင်းပြီး စိုက်ခဲ့ကြတဲ့ ကန့်မလာစိုက်ခင်း ဆိုတာလည်းရှိတယ်။ ဒီစိုက်ခင်းဆိုလည်း တော ခေါင်းတစ်ယောက်ကိုယ်တိုင် ခုတ်ပြီး လယ်လုပ်နေတာ " ဟု ၎င်းက ပြောသည်။
ထိုသို့ ဒီရေတော ကြိုးဝိုင်းအကွက်များကို ခုတ်ထွင်ရှင်းလင်းကာ လယ်ယာမြေအဖြစ် ပေါ်ပေါ် ထင်းစိုက် စိုက်ပျိုးနေသူများကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အရေးယူမှုမပြုလုပ်သည့်အပြင် အချို့ဝန်ထမ်းများကပါ ပါဝင်စိုက်ပျိုးမှုများရှိနေ ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက အ တည်ပြုပြောဆိုသည်။
" ဘိုကလေးမြို့နယ်ထဲမှာ ကန့်မလာ ချောင်း၊ ငပုတ်သင်ချောင်းနဲ့ မုဆိုးမတို့ချောင်းတွေ ဘက်မှာဆိုရင်လည်း ချောင်းကမ်းပါးတစ်လျှောက် မှာရှိတဲ့ သစ်တောစိုက်ခင်းတွေက အားလုံးလယ်ကွင်း တွေ ဖြစ်သွားပြီ။ အကွက်အမှတ် (၅၈)(ဉာဏ်ကွင်း)ဆိုတာရှိတယ်။ ဧကထောင်ချီပြီးရှိတယ်။ အကုန် ပြောင်သွားပြီ။ (၅၉)ဆိုရင်လည်း ကုန်ပြီ။ တချို့ အကွက်တွေထဲမှာဆိုရင် လယ်တဲတွေပါ ဆောက်ပြီး နေနေကြတယ်။ ဘယ်သူမှအရေးမယူဘူး။ အချို့ အဂတိတရားတွေ ရှိနေကြတယ်။ တချို့ဆိုရင်လည်း သူတို့ကိုယ်တိုင်ပါ လယ်စိုက်နေကြတာရှိတယ်" ဟု ၎င်းကပြောသည်။
ထိုသို့ ဘိုကလေးမြို့နယ်တွင် သစ်တောစိုက်ခင်းကြိုးဝိုင်းများကို ခုတ်ထွင်ရှင်းလင်းနေမှုများ နှင့် ပတ်သက်၍ ဘိုကလေးမြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူကို NP News မှ ဆက် သွယ်မေးမြန်းခဲ့ရာ ယခုကဲ့သို့ ဖြစ်စဉ်များ မရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့ပြီးနောက် ဖုန်းအဆက်အသွယ် ဖြတ်တောက်ခဲ့သည်။
ကဒုံကနိသစ်တောကြိုးဝိုင်းသည် (၁၉၇၃) ခုနှစ်က (၁၄၉၅၁၁)ဧကရှိခဲ့သော်လည်း ကြိုးဝိုင်း ဧရိယာများကိုခုတ်ထွင်ကာ လယ်ယာမြေကျူးကျော် မှုများရှိခဲ့ပြီး (၂၀၁၅)ခုနှစ် လယ်ယာမြေဥပဒေ ပေါ် ပေါက်လာချိန်တွင် ထိုသို့ကျူးကျော်မှုများကို အသိ အမှတ်ပြုကာ ပုံစံ(၇)ထုတ်ပေးခဲ့သောကြောင့် လက်ရှိတွင် (၈၆၇၃၃) ဧကသာကျန်ရှိတော့ကြောင်း သိရသည်။

Zawgyi Version:
ဘိုကေလးၿမိဳ႕နယ္ရွိ ဒီေရေတာႀကိဳးဝိုင္း ဧကေထာင္ခ်ီ ခုတ္ထြင္ရွင္းလင္းခံေနရ
သက္ပိုင္ (NP News) - စက္တင္ဘာလ ၁ဝ
ဧရာဝတီတိုင္းေဒသႀကီး ဘိုကေလးၿမိဳ႕ နယ္အတြင္းတြင္ ဧကေထာင္ႏွင့္ခ်ီေသာ ဒီေရေတာ ႀကိဳးဝိုင္းမ်ားကို ခုတ္ထြင္ရွင္းလင္းကာ လယ္ေျမ အျဖစ္ က်ဴးေက်ာ္မႈမ်ားျပဳလုပ္လ်က္ရွိေနေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။
ဘိုကေလးၿမိဳ႕နယ္အတြင္းရွိ ကဒုံကနိ သစ္ေတာႀကိဳးဝိုင္းတြင္ပါဝင္သည့္ ဘိုကေလး -ႀကိမ္ ေခ်ာင္းႀကီး-ကဒုံ ကားလမ္းဝဲယာတစ္ေလွ်ာက္ရွိ သစ္ေတာႀကိဳးဝိုင္းအကြက္မ်ား၊ ေလွျဖင့္သြားလာ မွသာျမင္ႏိုင္သည့္ သစ္ေတာအကြက္မ်ားမွာ လက္ရွိတြင္ ဒီေရာေတာပင္မ်ားအစား စပါးခင္းမ်ား အျဖစ္သို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း အမည္မေဖာ္ လိုသည့္ ေဒသခံတစ္ဦးက ေျပာသည္။
" နာဂစ္ၿပီးလို႔ သစ္ေတာေတြျပန္စိုက္ၿပီး ထူထူေထာင္ေထာင္ျဖစ္လာတဲ့အခ်ိန္က်မွ အခုလို ေတြျဖစ္ကုန္တာ။ ကဒုံကနိႀကိဳးဝိုင္းထဲက အကြက္ အမွတ္ (၃၆)၊ အကြက္အမွတ္(၄၅)၊ အကြက္ အမွတ္(၄၆)၊ အကြက္အမွတ္ (၄၈)၊ အကြက္အမွတ္ (၅၁) တို႔ဆိုရင္ ဘာမွမက်န္ေတာ့ဘူး။ ကေလး-ႀကိမ္ ေခ်ာင္းႀကီး-ကဒုံ သြားတဲ့လမ္းတစ္ေလွ်ာက္မွာပါ။အဲဒါေတြက တစ္ကြက္ကို အနည္းဆုံး ဧက (၅၀ဝ)အထက္ရွိပါတယ္။ ေနာက္ၿပီး နာဂစ္ၿပီးေတာ့ JICA နဲ႔ဝန္ႀကီးဌာနေပါင္းၿပီး စိုက္ခဲ့ၾကတဲ့ ကန႔္မလာစိုက္ခင္း ဆိုတာလည္းရွိတယ္။ ဒီစိုက္ခင္းဆိုလည္း ေတာ ေခါင္းတစ္ေယာက္ကိုယ္တိုင္ ခုတ္ၿပီး လယ္လုပ္ေနတာ " ဟု ၎က ေျပာသည္။
ထိုသို႔ ဒီေရေတာ ႀကိဳးဝိုင္းအကြက္မ်ားကို ခုတ္ထြင္ရွင္းလင္းကာ လယ္ယာေျမအျဖစ္ ေပၚေပၚ ထင္းစိုက္ စိုက္ပ်ိဳးေနသူမ်ားကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ အေရးယူမႈမျပဳလုပ္သည့္အျပင္ အခ်ိဳ႕ဝန္ထမ္းမ်ားကပါ ပါဝင္စိုက္ပ်ိဳးမႈမ်ားရွိေန ေၾကာင္း အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက အ တည္ျပဳေျပာဆိုသည္။
" ဘိုကေလးၿမိဳ႕နယ္ထဲမွာ ကန႔္မလာ ေခ်ာင္း၊ ငပုတ္သင္ေခ်ာင္းနဲ႔ မုဆိုးမတို႔ေခ်ာင္းေတြ ဘက္မွာဆိုရင္လည္း ေခ်ာင္းကမ္းပါးတစ္ေလွ်ာက္ မွာရွိတဲ့ သစ္ေတာစိုက္ခင္းေတြက အားလုံးလယ္ကြင္း ေတြ ျဖစ္သြားၿပီ။ အကြက္အမွတ္ (၅၈)(ဉာဏ္ကြင္း)ဆိုတာရွိတယ္။ ဧကေထာင္ခ်ီၿပီးရွိတယ္။ အကုန္ ေျပာင္သြားၿပီ။ (၅၉)ဆိုရင္လည္း ကုန္ၿပီ။ တခ်ိဳ႕ အကြက္ေတြထဲမွာဆိုရင္ လယ္တဲေတြပါ ေဆာက္ၿပီး ေနေနၾကတယ္။ ဘယ္သူမွအေရးမယူဘူး။ အခ်ိဳ႕ အဂတိတရားေတြ ရွိေနၾကတယ္။ တခ်ိဳ႕ဆိုရင္လည္း သူတို႔ကိုယ္တိုင္ပါ လယ္စိုက္ေနၾကတာရွိတယ္" ဟု ၎ကေျပာသည္။
ထိုသို႔ ဘိုကေလးၿမိဳ႕နယ္တြင္ သစ္ေတာစိုက္ခင္းႀကိဳးဝိုင္းမ်ားကို ခုတ္ထြင္ရွင္းလင္းေနမႈမ်ား ႏွင့္ ပတ္သက္၍ ဘိုကေလးၿမိဳ႕နယ္သစ္ေတာဦးစီးဌာန တာဝန္ရွိသူကို NP News မွ ဆက္ သြယ္ေမးျမန္းခဲ့ရာ ယခုကဲ့သို႔ ျဖစ္စဥ္မ်ား မရွိေၾကာင္းသာ ျပန္လည္ေျဖၾကားခဲ့ၿပီးေနာက္ ဖုန္းအဆက္အသြယ္ ျဖတ္ေတာက္ခဲ့သည္။
ကဒုံကနိသစ္ေတာႀကိဳးဝိုင္းသည္ (၁၉၇၃) ခုႏွစ္က (၁၄၉၅၁၁)ဧကရွိခဲ့ေသာ္လည္း ႀကိဳးဝိုင္း ဧရိယာမ်ားကိုခုတ္ထြင္ကာ လယ္ယာေျမက်ဴးေက်ာ္ မႈမ်ားရွိခဲ့ၿပီး (၂၀၁၅)ခုႏွစ္ လယ္ယာေျမဥပေဒ ေပၚ ေပါက္လာခ်ိန္တြင္ ထိုသို႔က်ဴးေက်ာ္မႈမ်ားကို အသိ အမွတ္ျပဳကာ ပုံစံ(၇)ထုတ္ေပးခဲ့ေသာေၾကာင့္ လက္ရွိတြင္ (၈၆၇၃၃) ဧကသာက်န္ရွိေတာ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.