ပါလက်စတိုင်း သမ္မတအကြောင်း တစေ့တစောင်း

 84

ဂျန်ဇက် (NP News) - စက်တင်ဘာလ ၁၁

အစ္စရေးနဲ့ ပါလက်စတိုင်းလက်နက်ကိုင် ဟားမတ်စ်အဖွဲ့ကြား ဂါဇာစစ်ပွဲဖြစ်ပွားနေတာ နှစ်နှစ် နီးပါးရှိနေပြီဖြစ်ပါတယ်။ ပါလက်စတိုင်းဟာ အာရှ တိုက်အနောက်ပိုင်းရှိနိုင်ငံဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၃)နိုင်ငံအနက် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၄၇)နိုင်ငံကအသိမှတ်ပြုထားပေမယ့် အစ္စရေးနိုင် ငံရဲ့ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် အငြင်းပွားမှု တွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။
ပါလက်စတိုင်းနိုင်ငံမှာ အုပ်ချုပ်တဲ့အဖွဲ့ နှစ်ဖွဲ့ရှိနေပြီး ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ဂါဇာ ကမ်းမြောင်ဒေသကိုအုပ်ချုပ်ထားပြီး ဖာတက်အဖွဲ့က အနောက်ဘက်ကမ်းခြေအပါအဝင် ပါလက်စတိုင်းရဲ့ တခြားနေရာဒေသတွေကို အုပ်ချုပ်ထားပါတယ်။ ပါ လက်စတိုင်းကို လက်ရှိအုပ်ချုပ်နေတဲ့သမ္မတဟာ မာ မွတ်အာဘတ်ဆိုသူဖြစ်ပြီး ၎င်းဟာ ပါလက်စတိုင်းကို (၁၉၈၉)ခုနှစ်မှာ နိုင်ငံအဖြစ်တည်ထောင်ခဲ့ပြီးနောက် နှစ်ပေါင်းများစွာကြာအုပ်ချုပ်ခဲ့သူ ယာဆာအာရာဖတ် ရဲ့နေရာကိုဆက်ခံခဲ့သူဖြစ်ပါတယ်။ ယာဆာအာရာ ဖတ်ဟာ (၂၀ဝ၄)ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီးနောက် ပါလက်စတိုင်းဗဟိုကောင်စီက မာမွတ်အာဘတ်ကို သမ္မတတာဝန်တွေရယူဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ (၂၀ဝ၅)ခုနှစ်မှာ ပါလက်စတိုင်းဗဟိုကောင်စီက မာ မွတ်အာဘတ်ကို ပါလက်စတိုင်းသမ္မတအဖြစ်ခွင့်ပြုခဲ့ပြီး ၎င်းဟာ အဲဒီအချိန်တည်းက လက်ရှိအချိန်အထိ ပါလက်စတိုင်းသမ္မတအဖြစ် နှစ်ပေါင်းများစွာကြာ တာဝန်ယူခဲ့သူဖြစ်ပါတယ်။
(၁၉၃၅)ခုနှစ်မှာမွေးဖွားခဲ့တဲ့ မာမွတ် အာ ဘတ်ဟာ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဏူဥ ရဲ့ (၄) ဦးမြောက်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သလို (၂၀ဝ၉)ခုနှစ်မှာ ဖာတက်ပါတီရဲ့ဥက္ကဋ္ဌအဖြစ် တာ ဝန်ယူခွင့်ရခဲ့သူဖြစ်ပါတယ်။ ပါလက်စတိုင်းနိုင်ငံမှာ နိုင်ငံရေးပါတီအဖွဲ့အစည်းနှစ်ခုရှိနေပြီး တစ်ခုက ဖာ တက်အဖွဲ့ဖြစ်ကာ တခြားတစ်ဖွဲ့က ဟားမတ်စ်အဖွဲ့ ဖြစ်ပါတယ်။ ဟားမတ်စ်အဖွဲ့ဟာ မြေပေါ်နိုင်ငံရေးပါ တီရှိသလို လက်နက်ကိုင်အဖွဲ့အစည်းလည်းရှိနေပါ တယ်။ မာမွတ်အာဘတ်ဟာ ပါလက်စတိုင်းသမ္မတအ ဖြစ်တာဝန်မယူခင် ဝန်ကြီးချုပ်တာဝန်တွေလည်း ရ ယူခဲ့ဖူးသူဖြစ်ပါတယ်။ ၎င်းဟာ အစ္စရေးနဲ့ ပါလက်စ တိုင်း နှစ်နိုင်ငံသီခြားရပ်တည်ရေးမူဘောင်ကို ဦး ဆောင်ဆွေးနွေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ် ပါတယ်။ ၎င်းကို (၁၉၃၅)ခုနှစ် နိုဝင်ဘာလက ွေူငူနန ဒေသ ဆာဖက်မြို့မှာမွေးဖွားခဲ့ပြီး (၁၉၄၈)ခုနှစ်က ပါလက်စတိုင်းစစ်ပွဲဖြစ်ပွားချိန်မှာ မိသားစုလိုက် ဆီး ရီးယားနိုင်ငံကိုထွက်ပြေးခဲ့ရကာ ၎င်းဟာ ဆီးရီးယား နိုင်ငံ ဒမတ်စကတ်မြို့တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရရှိ ခဲ့ပါတယ်။ ၎င်းဟာ ဆီးရီးယားနိုင်ငံတက္ကသိုလ်က ဘွဲ့ရရှိခဲ့ပြီးနောက် မော်စကိုမြို့ရှိ Patrice Lum­umba တက္ကသိုလ်ကို ထပ်မံတက်ရောက်ခဲ့ပြီး အဲဒီ တက္ကသိုလ်ကနေ Candidate of Sciences ဘွဲ့ကို ထပ်မံရရှိခဲ့ပါတယ်။ ၎င်းဟာ (၁၉၅၀)ပြည့် နှစ်မှာ ပါလက်စတိုင်း မြေအောက်နိုင်ငံရေးလောက မှာ ပါဝင်ဆက်နွှယ်ခဲ့ပြီး ကာတာနိုင်ငံရှိ ပြည်ပြေးပါ လက်စတိုင်းအဖွဲ့ထံ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
မာမွတ်အာဘတ်ဟာ (၁၉၆၁)ခုနှစ်မှာ ဖာ တက်နိုင်ငံရေးပါတီရဲ့အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ပါတီအ တွက် အဓိကအရေးပါတဲ့လုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်ခဲ့ရာ အစ္စရေးနဲ့ပါလက်စတိုင်းကြား အငြင်း ပွားမှုတွေကိုစေ့စပ်ဆွေးနွေးတဲ့ အဓိကဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။ ၎င်းဟာ အစ္စရေးနဲ့ ပါလက်စတိုင်း နိုင်ငံကြား သီးခြား နှစ်နိုင်ငံရပ်တည်ရေးမူဝါဒကို အားပေးထောက်ခံသူလည်းဖြစ်ပါတယ်။ မာမွတ်အာ ဘတ်ဟာ (၁၉၉၃)ခုနှစ်နောက်ပိုင်းကတည်းက လက်ရှိ အချိန်အထိ အစ္စရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအ တွက် အဓိကပါဝင်ခဲ့သူတစ်ဦးဖြစ်ကာ သူရဲ့မူဝါဒက "နှစ်နိုင်ငံဖြေရှင်းမှု (Two-State Solution)" ဖြစ် ပြီး၊ ပါလက်စတိုင်းနိုင်ငံတစ်ခု တည်ထောင်သင့်တယ် လို့ ယုံကြည်ထားသူဖြစ်ပါတယ်။
အာဘတ်ဟာ အစ္စရေးအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးဖို့လိုအပ်တယ်လို့ယုံကြည်ပေမယ့်၊ အစ္စရေး အစိုးရအဖွဲ့နဲ့စေ့စပ်ဆွေနွေးမှု မျှော်လင့်သလောက်မလုပ်နိုင်ဘဲရှိနေခဲ့ပါတယ်။ အာဘတ်ဟာ ပါလက်စတိုင်းသမ္မတအဖြစ်တာဝန်ယူပြီးနောက် ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး တချို့က အစ္စရေးတောင်းဆိုမှုကို လိုက်လျောသူအဖြစ်ပြောဆိုကြသလို ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ကလည်း အာဘတ်ကို " အလွန် ပေါ့ဆပြီး အစ္စရေးကိုကာကွယ်ပေးနေသူ}လို့ အပြစ် တင်ပါတယ်။ အာဘတ်ဟာ တည်ငြိမ်မှုရှိပြီး သတိကြီး သူတစ်ဦးဖြစ်ကာ အစ္စရေးကိုတိုက်ခိုက်မယ့်သူမ ဟုတ်ပေမယ့် အစ္စရေးနဲ့ဆက်ဆံရေးကို ပုံမှန်အတိုင်း သာ ပြုမူဆက်ဆံသူဖြစ်ပါတယ်။ အသက် (၉၀)အ ရွယ်ရှိနေတဲ့ မာမွတ်အာဘတ်ဟာ ငြိမ်းချမ်းရေးကိုဦး စားပေးသူတစ်ဦးဖြစ်ပြီး ရင်ဆိုင်တိုက်ခိုက်ခြင်းထက် အငြင်းပွားမှုတွေကို သဘောတူညီမှုတွေနဲ့ ဖြေရှင်းဖို့ ယုံကြည်သူတစ်ဦးဖြစ်ပါတယ်။ မာမွတ်အာဘတ်ဟာ အစ္စရေးနဲ့ဆက်ဆံရာမှာ လုံခြုံရေးသဘောတူညီချက် တွေရှိပေမယ့် နိုင်ငံရေးအဆင့်မှာ အားနည်းနေတဲ့ ဆက်ဆံရေးလို့ ဆိုနိုင်ပါတယ်။ မာမွတ်အာဘတ်ဟာ အစ္စရေးနဲ့ ထိပ်တိုက်တွေ့ဆုံဖို့မလိုလားပေမယ့် အစ္စ ရေးနဲ့ မိတ်ဆွေသဘောမျိုးတော့မဟုတ်ပါဘူး၊ ၎င်း ဟာ ပါလက်စတိုင်းသမ္မတအဖြစ်တာဝန်ယူပြီးနောက် အမေရိကန်၊ အီးယူ၊ အာရပ်နိုင်ငံများ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီး၊ "နှစ်နိုင်ငံဖြေရှင်းမှု" (Two-State Solution)ကို အမြဲထောက်ခံသူဖြစ်ပါတယ်။ ပါလက်စတိုင်းပိုင်နက်ထဲမှာ ဂါဇာဒေသပါဝင်နေပေ မယ့် အဲဒီပိုင်နက်ဒေသကို မာမွတ်အာဘတ်ဦးဆောင် တဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က အချိန်အတန် ကြာအုပ်ချုပ်ခဲ့တာလည်းဖြစ်ပါတယ်။ မာမွတ်အာ ဘတ်ဟာ လက်ရှိအချိန်မှာ အသက် (၉၀)အရွယ်ရှိ နေပေမယ့် နိုင်ငံရေးပြဿနာတွေကို တည်ငြိမ်စွာဆုံး ဖြတ်နိုင်စွမ်းရှိသူဖြစ်ပြီး ငြိမ်းချမ်းရေးလိုလားသူအဖြစ် အသိမှတ်ပြုခံထားရသူဖြစ်ပါတယ်။
၎င်းကို တချို့ပါလက်စတိုင်းလူထုက " အ လွန်မာကျောသူ"လို့ သဘောထားမှတ်ချက်ပေးကြ ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းမှာတော့ မာမွတ် အာဘတ်ဟာ အတော်လေးစားခံရသူဖြစ်ပါတယ်။ မာမွတ်အာဘတ်ဟာ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးမရှိဘဲ ဆက်ဆံရေး အေးစက်သူလည်းဖြစ်ပြီး စစ်ပွဲထက် ငြိမ်းချမ်းရေးကို အဓိကထားသူ၊ ငြိမ်းချမ်း ရေးနဲ့သံတမန်ရေးကို အဓိကဦးစားပေးသူအဖြစ်သတ် မှတ်ခံရပေမယ့် ပါလက်စတိုင်းဒေသအတွင်းမှာတော့ လူထု ထောက်ခံမှုပိုင်း ယခင်ထက်ကျဆင်းလာတယ်လို့ ဆိုကြပါတယ်။
(၂၀၁၂) ခုနှစ် ကုလသမဂ္ဂအစည်းအဝေး အတွင်းမှာလည်း " Non-member observer state " အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ၎င်းရဲ့ စွမ်းဆောင်မှုတွေကြောင့် ပါလက်စတိုင်းဟာ အမေရိကန်၊ အီးယူ၊ အာရပ်နိုင်ငံတွေနဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ပေမယ့် အစ္စရေးနဲ့ တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးမှုမလုပ်ဆောင်နိုင်သေးဘူးလို့ ဆိုကြပါတယ်။ ပါလက်စတိုင်းမှာ မာမွတ်အာဘတ် ဦးဆောင်တဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့အုပ် ချုပ်တဲ့ပိုင်နက်နဲ့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့အုပ် ချုပ်တဲ့ပိုင်နက်ရှိနေပြီး နိုင်ငံရေးတည်ငြိမ်မှု အား နည်းနေပါတယ်။ မာမွတ်အာဘတ်ဟာ ပါလက်စတိုင်း သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက် လာဘ်စားမှုတွေရှိတယ်လို့ စွပ်စွဲခံရပေမယ့် အောင် မြင်စွာဖြေရှင်းနိုင်ခဲ့ပါတယ်။ ၎င်းဟာ ပါလက်စတိုင်းနဲ့အစ္စရေးနိုင်ငံကြား သီးခြားရပ်တည်ရေးကို ဦးဆောင်ကြိုးပမ်းသူဖြစ်ရာ ဗြိတိန်၊ ပြင်သစ် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောင်နိုင်ခဲ့ပေမယ့် အစ္စရေးနိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ငြိမ်နိုင်ခြင်းမရှိသေး ပါဘူး။ အစ္စရေးဟာ ပါလက်စတိုင်းကို သီးခြားနိုင်ငံအ ဖြစ်တည်ထောင်ခြင်းကို လိုလားနှစ်သက်ခြင်းမရှိတဲ့အ တွက် လက်ရှိအချိန်အထိ အငြင်းပွားမှုများရှိနေဆဲ ဖြစ်ပါတယ်။ မာမွတ်အာဘတ် ပါလက်စတိုင်းသမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ပါလက်စတိုင်းဒေသရှိ နေရာအများစုက တည်ငြိမ်အေးချမ်းခဲ့ပေမယ့် ဟား မတ်စ်လက်နက်ကိုင်အဖွဲ့ အခြေပြုလှုပ်ရှားနေတဲ့ ဂါ ဇာကမ်းမြောင်ဒေသက တည်ငြိမ်ကောင်းမွန်မှုမရှိခဲ့ဘဲ လက်ရှိအချိန်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ပါ လက်စတိုင်းဟာ အစ္စရေးနဲ့ ပိုင်နက်ဒေသအငြင်းပွား မှုတွေကြောင့် အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ ရာ တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးလျက်ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ အစ္စရေးအစိုးရက ကန့်ကွက်မှုတွေရှိနေတဲ့ကြားက နေ ပါလက်စတိုင်းလူမျိုးတွေအပေါ် ဖိနှိပ်အနိုင်ကျင့် နေတဲ့ အစ္စရေးရဲ့လုပ်ရပ်ကိုတုံ့ပြန်ဖို့ နိုင်ငံတချို့က ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်အဆိုပြုတဲ့ ပါ လက်စတိုင်းနဲ့ အစ္စရေးနိုင်ငံ သီးခြားရပ်တည်ရေးကို ကုလသမဂ္ဂအစည်းဝေးအတွင်း အဆိုပြုဆွေးနွေး သွားဖွယ်ရှိနေပါတယ်။ ပြင်သစ်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံ တို့က ပါလက်စတိုင်းနဲ့အစ္စရေးနိုင်ငံတို့ကို သီးခြားရပ် တည်ရေးအဆိုပြုချက်ကို ကုလသမဂ္ဂအစည်းအဝေး အတွင်းဆွေးနွေးမယ်လို့ မကြာသေးမီက ပြောဆိုခဲ့ပါ တယ်။ ကုလသမဂ္ဂအစည်းအဝေးကို ယခုစက် တင်ဘာလအတွင်း ကျင်းပဖွယ်ရှိနေရာ အဲဒီအစည်း အဝေးအတွင်း ပါလက်စတိုင်းနဲ့ အစ္စရေးနိုင်ငံတို့ကို သီးခြားရပ်တည်နေထိုင်ဖို့ ကမ္ဘာ့နိုင်ငံအများစုက ထောက်ခံခဲ့မယ်ဆိုရင် ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်ရဲ့မျှော်လင့်ချက်တွေ လက်တွေ့ဖြစ်လာမှာ ဖြစ်ပြီး မာမွတ်အာဘတ်ရဲ့အောင်ပွဲဖြစ်လာဖွယ်ရှိနေ ပါတယ်။ အစ္စရေးကတော့ ပါလက်စတိုင်းနဲ့ အစ္စရေး နိုင်ငံတို့ကို သီးခြားရပ်တည်နေထိုင်ဖို့ အဆိုပြုချက်ကို ဆန့်ကျင်ထားပြီး ဝေဖန်ပြစ်တင်မှုတွေလုပ်ဆောင် လျက်ရှိနေပါတယ်။
အစ္စရေးနဲ့ပါလက်စတိုင်းတို့ဟာ ရှေးနှစ် ပေါင်းများစွာတည်းက ပိုင်နက်နယ်မြေအငြင်းပွားမှု တွေ လက်ရှိအချိန်အထိ ဖြစ်ပွားလျက်ရှိနေရာ ပါ လက်စတိုင်းနဲ့အစ္စရေးတို့ဟာ ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်လို့မရတဲ့နိုင်ငံတွေဖြစ်နေပါတယ်။ အစ္စရေး က ပါလက်စတိုင်းကို ၎င်းတို့ပိုင်နက်အဖြစ်သဘောထားမျိုးတွေရှိနေပြီး တိုက်ခိုက်မှုတွေရှိနေပါတယ်။ ဒါကြောင့် စက်တင်ဘာလအတွင်းကျင်းပမယ့် ကုလ သမဂ္ဂအစည်းအဝေးအတွင်း ပါလက်စတိုင်းနဲ့အစ္စရေး နိုင်ငံတို့ကို သီးခြားရပ်တည်ဖို့ နိုင်ငံတကာအသိုင်းအ ဝိုင်းကဆုံးဖြတ်မှာလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်း နေပါတယ်။ အဲဒီအတိုင်းသာဆုံးဖြတ်ခဲ့ဆိုရင် ပါလက် စတိုင်းသမ္မတ မာမွတ်အာဘတ်ရဲ့ရည်မှန်းချက်တွေ လက်တွေ့ဖြစ်လာဖွယ်ရှိနေပါတယ်။ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်ဟာ ၎င်းရဲ့ရည်မှန်းချက်တွေ ပြည့်အောင် ဘယ်လိုမျိုးကြိုးပမ်းမလဲဆိုတာကို ဆက် လက်စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

Zawgyi Version:
ပါလက္စတိုင္း သမၼတအေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - စက္တင္ဘာလ ၁၁
အစၥေရးနဲ႔ ပါလက္စတိုင္းလက္နက္ကိုင္ ဟားမတ္စ္အဖြဲ႕ၾကား ဂါဇာစစ္ပြဲျဖစ္ပြားေနတာ ႏွစ္ႏွစ္ နီးပါးရွိေနၿပီျဖစ္ပါတယ္။ ပါလက္စတိုင္းဟာ အာရွ တိုက္အေနာက္ပိုင္းရွိႏိုင္ငံျဖစ္ၿပီး ကုလသမဂၢအဖြဲ႕ဝင္ ႏိုင္ငံေပါင္း (၁၉၃)ႏိုင္ငံအနက္ အဖြဲ႕ဝင္ႏိုင္ငံေပါင္း (၁၄၇)ႏိုင္ငံကအသိမွတ္ျပဳထားေပမယ့္ အစၥေရးႏိုင္ ငံရဲ႕ဆန႔္က်င္ကန႔္ကြက္မႈေတြေၾကာင့္ အျငင္းပြားမႈ ေတြျဖစ္ေပၚေနတာလည္းျဖစ္ပါတယ္။
ပါလက္စတိုင္းႏိုင္ငံမွာ အုပ္ခ်ဳပ္တဲ့အဖြဲ႕ ႏွစ္ဖြဲ႕ရွိေနၿပီး ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က ဂါဇာ ကမ္းေျမာင္ေဒသကိုအုပ္ခ်ဳပ္ထားၿပီး ဖာတက္အဖြဲ႕က အေနာက္ဘက္ကမ္းေျခအပါအဝင္ ပါလက္စတိုင္းရဲ႕ တျခားေနရာေဒသေတြကို အုပ္ခ်ဳပ္ထားပါတယ္။ ပါ လက္စတိုင္းကို လက္ရွိအုပ္ခ်ဳပ္ေနတဲ့သမၼတဟာ မာ မြတ္အာဘတ္ဆိုသူျဖစ္ၿပီး ၎ဟာ ပါလက္စတိုင္းကို (၁၉၈၉)ခုႏွစ္မွာ ႏိုင္ငံအျဖစ္တည္ေထာင္ခဲ့ၿပီးေနာက္ ႏွစ္ေပါင္းမ်ားစြာၾကာအုပ္ခ်ဳပ္ခဲ့သူ ယာဆာအာရာဖတ္ ရဲ႕ေနရာကိုဆက္ခံခဲ့သူျဖစ္ပါတယ္။ ယာဆာအာရာ ဖတ္ဟာ (၂၀ဝ၄)ခုႏွစ္မွာ ကြယ္လြန္သြားခဲ့ၿပီးေနာက္ ပါလက္စတိုင္းဗဟိုေကာင္စီက မာမြတ္အာဘတ္ကို သမၼတတာဝန္ေတြရယူဖို႔ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ (၂၀ဝ၅)ခုႏွစ္မွာ ပါလက္စတိုင္းဗဟိုေကာင္စီက မာ မြတ္အာဘတ္ကို ပါလက္စတိုင္းသမၼတအျဖစ္ခြင့္ျပဳခဲ့ၿပီး ၎ဟာ အဲဒီအခ်ိန္တည္းက လက္ရွိအခ်ိန္အထိ ပါလက္စတိုင္းသမၼတအျဖစ္ ႏွစ္ေပါင္းမ်ားစြာၾကာ တာဝန္ယူခဲ့သူျဖစ္ပါတယ္။
(၁၉၃၅)ခုႏွစ္မွာေမြးဖြားခဲ့တဲ့ မာမြတ္ အာ ဘတ္ဟာ ပါလက္စတိုင္းလြတ္ေျမာက္ေရးအဖြဲ႕ ဏူဥ ရဲ႕ (၄) ဦးေျမာက္ဥကၠ႒အျဖစ္တာဝန္ယူခဲ့သလို (၂၀ဝ၉)ခုႏွစ္မွာ ဖာတက္ပါတီရဲ႕ဥကၠ႒အျဖစ္ တာ ဝန္ယူခြင့္ရခဲ့သူျဖစ္ပါတယ္။ ပါလက္စတိုင္းႏိုင္ငံမွာ ႏိုင္ငံေရးပါတီအဖြဲ႕အစည္းႏွစ္ခုရွိေနၿပီး တစ္ခုက ဖာ တက္အဖြဲ႕ျဖစ္ကာ တျခားတစ္ဖြဲ႕က ဟားမတ္စ္အဖြဲ႕ ျဖစ္ပါတယ္။ ဟားမတ္စ္အဖြဲ႕ဟာ ေျမေပၚႏိုင္ငံေရးပါ တီရွိသလို လက္နက္ကိုင္အဖြဲ႕အစည္းလည္းရွိေနပါ တယ္။ မာမြတ္အာဘတ္ဟာ ပါလက္စတိုင္းသမၼတအ ျဖစ္တာဝန္မယူခင္ ဝန္ႀကီးခ်ဳပ္တာဝန္ေတြလည္း ရ ယူခဲ့ဖူးသူျဖစ္ပါတယ္။ ၎ဟာ အစၥေရးနဲ႔ ပါလက္စ တိုင္း ႏွစ္ႏိုင္ငံသီျခားရပ္တည္ေရးမူေဘာင္ကို ဦး ေဆာင္ေဆြးေႏြးခဲ့တဲ့ ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ ပါတယ္။ ၎ကို (၁၉၃၅)ခုႏွစ္ ႏိုဝင္ဘာလက ြေူငူနန ေဒသ ဆာဖက္ၿမိဳ႕မွာေမြးဖြားခဲ့ၿပီး (၁၉၄၈)ခုႏွစ္က ပါလက္စတိုင္းစစ္ပြဲျဖစ္ပြားခ်ိန္မွာ မိသားစုလိုက္ ဆီး ရီးယားႏိုင္ငံကိုထြက္ေျပးခဲ့ရကာ ၎ဟာ ဆီးရီးယား ႏိုင္ငံ ဒမတ္စကတ္ၿမိဳ႕တကၠသိုလ္ကေန ဥပေဒဘြဲ႕ရရွိ ခဲ့ပါတယ္။ ၎ဟာ ဆီးရီးယားႏိုင္ငံတကၠသိုလ္က ဘြဲ႕ရရွိခဲ့ၿပီးေနာက္ ေမာ္စကိုၿမိဳ႕ရွိ Patrice Lum­umba တကၠသိုလ္ကို ထပ္မံတက္ေရာက္ခဲ့ၿပီး အဲဒီ တကၠသိုလ္ကေန Candidate of Sciences ဘြဲ႕ကို ထပ္မံရရွိခဲ့ပါတယ္။ ၎ဟာ (၁၉၅၀)ျပည့္ ႏွစ္မွာ ပါလက္စတိုင္း ေျမေအာက္ႏိုင္ငံေရးေလာက မွာ ပါဝင္ဆက္ႏႊယ္ခဲ့ၿပီး ကာတာႏိုင္ငံရွိ ျပည္ေျပးပါ လက္စတိုင္းအဖြဲ႕ထံ ပူးေပါင္းပါဝင္ခဲ့ပါတယ္။
မာမြတ္အာဘတ္ဟာ (၁၉၆၁)ခုႏွစ္မွာ ဖာ တက္ႏိုင္ငံေရးပါတီရဲ႕အဖြဲ႕ဝင္ျဖစ္လာခဲ့ၿပီး ပါတီအ တြက္ အဓိကအေရးပါတဲ့လုပ္ငန္းေတြကို ဦးေဆာင္ လုပ္ကိုင္ခဲ့ရာ အစၥေရးနဲ႔ပါလက္စတိုင္းၾကား အျငင္း ပြားမႈေတြကိုေစ့စပ္ေဆြးေႏြးတဲ့ အဓိကဦးေဆာင္သူ ျဖစ္လာခဲ့ပါတယ္။ ၎ဟာ အစၥေရးနဲ႔ ပါလက္စတိုင္း ႏိုင္ငံၾကား သီးျခား ႏွစ္ႏိုင္ငံရပ္တည္ေရးမူဝါဒကို အားေပးေထာက္ခံသူလည္းျဖစ္ပါတယ္။ မာမြတ္အာ ဘတ္ဟာ (၁၉၉၃)ခုႏွစ္ေနာက္ပိုင္းကတည္းက လက္ရွိ အခ်ိန္အထိ အစၥေရးနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈအ တြက္ အဓိကပါဝင္ခဲ့သူတစ္ဦးျဖစ္ကာ သူရဲ႕မူဝါဒက "ႏွစ္ႏိုင္ငံေျဖရွင္းမႈ (Two-State Solution)" ျဖစ္ ၿပီး၊ ပါလက္စတိုင္းႏိုင္ငံတစ္ခု တည္ေထာင္သင့္တယ္ လို႔ ယုံၾကည္ထားသူျဖစ္ပါတယ္။
အာဘတ္ဟာ အစၥေရးအစိုးရနဲ႔ တိုက္႐ိုက္ ေဆြးေႏြးဖို႔လိုအပ္တယ္လို႔ယုံၾကည္ေပမယ့္၊ အစၥေရး အစိုးရအဖြဲ႕နဲ႔ေစ့စပ္ေဆြေႏြးမႈ ေမွ်ာ္လင့္သေလာက္မလုပ္ႏိုင္ဘဲရွိေနခဲ့ပါတယ္။ အာဘတ္ဟာ ပါလက္စတိုင္းသမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ေဝဖန္မႈေတြကို ရင္ဆိုင္ခဲ့ရၿပီး တခ်ိဳ႕က အစၥေရးေတာင္းဆိုမႈကို လိုက္ေလ်ာသူအျဖစ္ေျပာဆိုၾကသလို ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕ကလည္း အာဘတ္ကို " အလြန္ ေပါ့ဆၿပီး အစၥေရးကိုကာကြယ္ေပးေနသူ}လို႔ အျပစ္ တင္ပါတယ္။ အာဘတ္ဟာ တည္ၿငိမ္မႈရွိၿပီး သတိႀကီး သူတစ္ဦးျဖစ္ကာ အစၥေရးကိုတိုက္ခိုက္မယ့္သူမ ဟုတ္ေပမယ့္ အစၥေရးနဲ႔ဆက္ဆံေရးကို ပုံမွန္အတိုင္း သာ ျပဳမူဆက္ဆံသူျဖစ္ပါတယ္။ အသက္ (၉၀)အ ႐ြယ္ရွိေနတဲ့ မာမြတ္အာဘတ္ဟာ ၿငိမ္းခ်မ္းေရးကိုဦး စားေပးသူတစ္ဦးျဖစ္ၿပီး ရင္ဆိုင္တိုက္ခိုက္ျခင္းထက္ အျငင္းပြားမႈေတြကို သေဘာတူညီမႈေတြနဲ႔ ေျဖရွင္းဖို႔ ယုံၾကည္သူတစ္ဦးျဖစ္ပါတယ္။ မာမြတ္အာဘတ္ဟာ အစၥေရးနဲ႔ဆက္ဆံရာမွာ လုံၿခဳံေရးသေဘာတူညီခ်က္ ေတြရွိေပမယ့္ ႏိုင္ငံေရးအဆင့္မွာ အားနည္းေနတဲ့ ဆက္ဆံေရးလို႔ ဆိုႏိုင္ပါတယ္။ မာမြတ္အာဘတ္ဟာ အစၥေရးနဲ႔ ထိပ္တိုက္ေတြ႕ဆုံဖို႔မလိုလားေပမယ့္ အစၥ ေရးနဲ႔ မိတ္ေဆြသေဘာမ်ိဳးေတာ့မဟုတ္ပါဘူး၊ ၎ ဟာ ပါလက္စတိုင္းသမၼတအျဖစ္တာဝန္ယူၿပီးေနာက္ အေမရိကန္၊ အီးယူ၊ အာရပ္ႏိုင္ငံမ်ား၊ အျပည္ျပည္ ဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရး တည္ေဆာက္ႏိုင္ခဲ့ၿပီး၊ "ႏွစ္ႏိုင္ငံေျဖရွင္းမႈ" (Two-State Solution)ကို အၿမဲေထာက္ခံသူျဖစ္ပါတယ္။ ပါလက္စတိုင္းပိုင္နက္ထဲမွာ ဂါဇာေဒသပါဝင္ေနေပ မယ့္ အဲဒီပိုင္နက္ေဒသကို မာမြတ္အာဘတ္ဦးေဆာင္ တဲ့ ပါလက္စတိုင္းအာဏာပိုင္အဖြဲ႕က အခ်ိန္အတန္ ၾကာအုပ္ခ်ဳပ္ခဲ့တာလည္းျဖစ္ပါတယ္။ မာမြတ္အာ ဘတ္ဟာ လက္ရွိအခ်ိန္မွာ အသက္ (၉၀)အ႐ြယ္ရွိ ေနေပမယ့္ ႏိုင္ငံေရးျပႆနာေတြကို တည္ၿငိမ္စြာဆုံး ျဖတ္ႏိုင္စြမ္းရွိသူျဖစ္ၿပီး ၿငိမ္းခ်မ္းေရးလိုလားသူအျဖစ္ အသိမွတ္ျပဳခံထားရသူျဖစ္ပါတယ္။
၎ကို တခ်ိဳ႕ပါလက္စတိုင္းလူထုက " အ လြန္မာေက်ာသူ"လို႔ သေဘာထားမွတ္ခ်က္ေပးၾက ေပမယ့္ ႏိုင္ငံတကာအသိုင္းအဝိုင္းမွာေတာ့ မာမြတ္ အာဘတ္ဟာ အေတာ္ေလးစားခံရသူျဖစ္ပါတယ္။ မာမြတ္အာဘတ္ဟာ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးမ်ိဳးမရွိဘဲ ဆက္ဆံေရး ေအးစက္သူလည္းျဖစ္ၿပီး စစ္ပြဲထက္ ၿငိမ္းခ်မ္းေရးကို အဓိကထားသူ၊ ၿငိမ္းခ်မ္း ေရးနဲ႔သံတမန္ေရးကို အဓိကဦးစားေပးသူအျဖစ္သတ္ မွတ္ခံရေပမယ့္ ပါလက္စတိုင္းေဒသအတြင္းမွာေတာ့ လူထု ေထာက္ခံမႈပိုင္း ယခင္ထက္က်ဆင္းလာတယ္လို႔ ဆိုၾကပါတယ္။
(၂၀၁၂) ခုႏွစ္ ကုလသမဂၢအစည္းအေဝး အတြင္းမွာလည္း " Non-member observer state " အျဖစ္ အသိအမွတ္ျပဳခံခဲ့ရပါတယ္။ ၎ရဲ႕ စြမ္းေဆာင္မႈေတြေၾကာင့္ ပါလက္စတိုင္းဟာ အေမရိကန္၊ အီးယူ၊ အာရပ္ႏိုင္ငံေတြနဲ႔ ဆက္ဆံေရး တည္ေဆာက္ႏိုင္ေပမယ့္ အစၥေရးနဲ႔ တိုက္႐ိုက္ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမလုပ္ေဆာင္ႏိုင္ေသးဘူးလို႔ ဆိုၾကပါတယ္။ ပါလက္စတိုင္းမွာ မာမြတ္အာဘတ္ ဦးေဆာင္တဲ့ ပါလက္စတိုင္းအာဏာပိုင္အဖြဲ႕အုပ္ ခ်ဳပ္တဲ့ပိုင္နက္နဲ႔ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕အုပ္ ခ်ဳပ္တဲ့ပိုင္နက္ရွိေနၿပီး ႏိုင္ငံေရးတည္ၿငိမ္မႈ အား နည္းေနပါတယ္။ မာမြတ္အာဘတ္ဟာ ပါလက္စတိုင္း သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း အက်င့္ပ်က္ လာဘ္စားမႈေတြရွိတယ္လို႔ စြပ္စြဲခံရေပမယ့္ ေအာင္ ျမင္စြာေျဖရွင္းႏိုင္ခဲ့ပါတယ္။ ၎ဟာ ပါလက္စတိုင္းနဲ႔အစၥေရးႏိုင္ငံၾကား သီးျခားရပ္တည္ေရးကို ဦးေဆာင္ႀကိဳးပမ္းသူျဖစ္ရာ ၿဗိတိန္၊ ျပင္သစ္ အပါအဝင္ အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာင္ႏိုင္ခဲ့ေပမယ့္ အစၥေရးႏိုင္ငံနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရး တည္ၿငိမ္ႏိုင္ျခင္းမရွိေသး ပါဘူး။ အစၥေရးဟာ ပါလက္စတိုင္းကို သီးျခားႏိုင္ငံအ ျဖစ္တည္ေထာင္ျခင္းကို လိုလားႏွစ္သက္ျခင္းမရွိတဲ့အ တြက္ လက္ရွိအခ်ိန္အထိ အျငင္းပြားမႈမ်ားရွိေနဆဲ ျဖစ္ပါတယ္။ မာမြတ္အာဘတ္ ပါလက္စတိုင္းသမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ပါလက္စတိုင္းေဒသရွိ ေနရာအမ်ားစုက တည္ၿငိမ္ေအးခ်မ္းခဲ့ေပမယ့္ ဟား မတ္စ္လက္နက္ကိုင္အဖြဲ႕ အေျချပဳလႈပ္ရွားေနတဲ့ ဂါ ဇာကမ္းေျမာင္ေဒသက တည္ၿငိမ္ေကာင္းမြန္မႈမရွိခဲ့ဘဲ လက္ရွိအခ်ိန္အထိ တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။ ပါ လက္စတိုင္းဟာ အစၥေရးနဲ႔ ပိုင္နက္ေဒသအျငင္းပြား မႈေတြေၾကာင့္ အျပန္အလွန္ တိုက္ခိုက္မႈေတြျဖစ္ပြားခဲ့ ရာ တျခားႏိုင္ငံေတြနဲ႔ႏႈိင္းယွဥ္ရင္ ဖြံ႕ၿဖိဳးတိုးတက္မႈ နည္းပါးလ်က္ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အစၥေရးအစိုးရက ကန႔္ကြက္မႈေတြရွိေနတဲ့ၾကားက ေန ပါလက္စတိုင္းလူမ်ိဳးေတြအေပၚ ဖိႏွိပ္အႏိုင္က်င့္ ေနတဲ့ အစၥေရးရဲ႕လုပ္ရပ္ကိုတုံ႔ျပန္ဖို႔ ႏိုင္ငံတခ်ိဳ႕က ပါလက္စတိုင္းသမၼတ မာမြတ္အာဘတ္အဆိုျပဳတဲ့ ပါ လက္စတိုင္းနဲ႔ အစၥေရးႏိုင္ငံ သီးျခားရပ္တည္ေရးကို ကုလသမဂၢအစည္းေဝးအတြင္း အဆိုျပဳေဆြးေႏြး သြားဖြယ္ရွိေနပါတယ္။ ျပင္သစ္၊ ၿဗိတိန္နဲ႔ ကေနဒါႏိုင္ငံ တို႔က ပါလက္စတိုင္းနဲ႔အစၥေရးႏိုင္ငံတို႔ကို သီးျခားရပ္ တည္ေရးအဆိုျပဳခ်က္ကို ကုလသမဂၢအစည္းအေဝး အတြင္းေဆြးေႏြးမယ္လို႔ မၾကာေသးမီက ေျပာဆိုခဲ့ပါ တယ္။ ကုလသမဂၢအစည္းအေဝးကို ယခုစက္ တင္ဘာလအတြင္း က်င္းပဖြယ္ရွိေနရာ အဲဒီအစည္း အေဝးအတြင္း ပါလက္စတိုင္းနဲ႔ အစၥေရးႏိုင္ငံတို႔ကို သီးျခားရပ္တည္ေနထိုင္ဖို႔ ကမာၻ႔ႏိုင္ငံအမ်ားစုက ေထာက္ခံခဲ့မယ္ဆိုရင္ ပါလက္စတိုင္းသမၼတ မာမြတ္ အာဘတ္ရဲ႕ေမွ်ာ္လင့္ခ်က္ေတြ လက္ေတြ႕ျဖစ္လာမွာ ျဖစ္ၿပီး မာမြတ္အာဘတ္ရဲ႕ေအာင္ပြဲျဖစ္လာဖြယ္ရွိေန ပါတယ္။ အစၥေရးကေတာ့ ပါလက္စတိုင္းနဲ႔ အစၥေရး ႏိုင္ငံတို႔ကို သီးျခားရပ္တည္ေနထိုင္ဖို႔ အဆိုျပဳခ်က္ကို ဆန႔္က်င္ထားၿပီး ေဝဖန္ျပစ္တင္မႈေတြလုပ္ေဆာင္ လ်က္ရွိေနပါတယ္။
အစၥေရးနဲ႔ပါလက္စတိုင္းတို႔ဟာ ေရွးႏွစ္ ေပါင္းမ်ားစြာတည္းက ပိုင္နက္နယ္ေျမအျငင္းပြားမႈ ေတြ လက္ရွိအခ်ိန္အထိ ျဖစ္ပြားလ်က္ရွိေနရာ ပါ လက္စတိုင္းနဲ႔အစၥေရးတို႔ဟာ ၿငိမ္းခ်မ္းစြာ အတူယွဥ္ တြဲေနထိုင္လို႔မရတဲ့ႏိုင္ငံေတြျဖစ္ေနပါတယ္။ အစၥေရး က ပါလက္စတိုင္းကို ၎တို႔ပိုင္နက္အျဖစ္သေဘာထားမ်ိဳးေတြရွိေနၿပီး တိုက္ခိုက္မႈေတြရွိေနပါတယ္။ ဒါေၾကာင့္ စက္တင္ဘာလအတြင္းက်င္းပမယ့္ ကုလ သမဂၢအစည္းအေဝးအတြင္း ပါလက္စတိုင္းနဲ႔အစၥေရး ႏိုင္ငံတို႔ကို သီးျခားရပ္တည္ဖို႔ ႏိုင္ငံတကာအသိုင္းအ ဝိုင္းကဆုံးျဖတ္မွာလားဆိုတာ စိတ္ဝင္စားဖြယ္ေကာင္း ေနပါတယ္။ အဲဒီအတိုင္းသာဆုံးျဖတ္ခဲ့ဆိုရင္ ပါလက္ စတိုင္းသမၼတ မာမြတ္အာဘတ္ရဲ႕ရည္မွန္းခ်က္ေတြ လက္ေတြ႕ျဖစ္လာဖြယ္ရွိေနပါတယ္။ ပါလက္စတိုင္း သမၼတ မာမြတ္အာဘတ္ဟာ ၎ရဲ႕ရည္မွန္းခ်က္ေတြ ျပည့္ေအာင္ ဘယ္လိုမ်ိဳးႀကိဳးပမ္းမလဲဆိုတာကို ဆက္ လက္ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.