စမ်းထုတ်ထားသော (၈)တန်းသွား လူစီးကောက် စိုက်စက်ကို ထုတ်လုပ်ရန် ချိတ်ဆက်သည့် လုပ်ငန်းရှင် မရှိသေး

319

ချယ်ရီ (NP News) - စက်တင်ဘာလ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မြန်မာ့ လယ် ယာသုံးပစ္စည်းကိရိယာစက်ရုံ (အင်းကုန်း)မှ စမ်း ထုတ်ထားသော (၈)တန်းသွား လူစီးကောက်စိုက် စက်ကို ထုတ်လုပ်ရန်အတွက် ချိတ်ဆက်သည့် လုပ် ငန်းရှင်မရှိသေးကြောင်း အဆိုပါဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက NP News သို့ ပြော သည်။
ယင်းစက်သည် အင်ဂျင်ပါဝါ (၅ယဝဝဝ)အားကိုအသုံးပြုထားခြင်းဖြစ်ပြီး ဝန်ကြီးဌာနမှ တရား ဝင် စမ်းသပ်ထားချက်များ အချိန် (၁) နာရီခွဲမှ (၁) နာရီ (၄၅) မိနစ်ခန့်ကြာချိန်အတွင်း လယ်တစ်ဧက ကိုစိုက်ပျိုးနိုင်မည်ဖြစ်သည်။
လုပ်ငန်းခွင်တွင် လက်တွေ့အသုံးပြုနိုင်ရန် နည်းပညာအတည်ပြုခြင်းလုပ်ငန်းများဆောင်ရွက် ပြီးပါက တစ်နိုင်ငံလုံး၌ ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ် သုံးစွဲနိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်းများသို့ နည်းပညာလွှဲပြောင်းပေးနိုင် ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
“ကျွန်တော်တို့ရဲ့စက်က ဘာဖြစ်လဲဆို တော့ (၄၊ ၅) ဧကလောက် မောင်းပြီးလို့ရှိရင် စစ် ဆေးမှုတွေပြန်လုပ်ရတယ်။ အဲဒီတစ်ခုတော့ ကျွန် တော်တို့က ဂရုစိုက်ရတာပေါ့နော်။ (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်က စက်နဲ့မောင်းတယ်။ သို့ သော်လည်းပဲ အဲဒီစက်ကိုထိန်းတဲ့လူက ရွှံ့ဗွက်ထဲ မှာပဲ မောင်းရတာလေ။ ရွှံ့ဗွက်ထဲမှာပဲ လမ်းလျှောက် လိုက်ပြီး စက်ရဲ့လမ်းကြောင်းကို ထိန်းသိမ်းရတာဖြစ် တဲ့အတွက် (၂)ဧကလောက်မောင်းလာမယ်ဆိုရင် လူက မလိုက်နိုင်တော့ဘူး။ အဲဒါကြောင့် ကျွန်တော် တို့က နောက်တစ်ဆင့်ပေါ့ လူထိုင်စီးတဲ့ (၈) တန်းသွား ကောက်စိုက်စက်တွေကို သုသေ သနလုပ်ပြီးသွားပြီး အခု (၂)စီးကတော့ စမ်းထုတ် လာပြီ။ အခုတော့ ထပ်လုပ်ထားတယ်” ဟု ၎င်းက ရှင်းပြသည်။
ယခင် (၆) တန်းသွား လက်ဆွဲကောက်စိုက် စက်တွင် ကွေ့သည့်စနစ် မပါရှိခြင်းနှင့် လူကိုယ်တိုင် “မ” ရွှေ့ရခြင်း စသည့် အားနည်းချက်များ တွေ့ရှိခဲ့ သည့်အတွက် တောင်သူများပိုမိုအဆင်ပြေသက်သာ စေရန် တစ်ဘီးတပ် လူထိုင်စီးနိုင်သည့် (၈)တန်းသွား ကောက်စိုက်စက်ကိုထုတ်လုပ်ရာ တောင်သူများနှစ် သက်ကြပြီး ဝယ်ယူလိုသူများလည်းရှိနေကြောင်း ၎င်းက ဆိုသည်။
“(၆)တန်းသွား လက်ဆွဲကောက်စိုက်စက် လေးတွေရဲ့ အားနည်းချက်လေးတွေကို လိုက်လိုက် ပြန်ကြည့်နေတာပေါ့။ ပြန်ကြည့်တဲ့အခါမှာတော့ သူ ရဲ့အားနည်းချက်ကလည်း တစ်ခုအပါပေါ့။ ကွေ့တဲ့ စနစ် မပါတဲ့အတွက် လူနဲ့ မ ရွှေ့ရတယ်၊ တခြားနည်း နဲ့ မ ရွှေ့ရတယ်။ အဲဒီလိုမျိုးလေးတွေ ရှိတဲ့အတွက် အဲဒါကိုပြန်ပြီးတော့ Modify ပြန်လုပ်တာပေါ့။ ဒါ ကြောင့်မို့ ကျွန်တော်တို့က တစ်ဘီးတပ် လူထိုင်စီး လို့ရတဲ့ကောက်စိုက်စက်၊ သူက လမ်းလျှောက်စရာ မလိုတော့ဘူး။ ထိုင်စီးပြီးတော့ လိုက်ရုံပဲဆိုတော့ တောင်သူတွေက ကြိုက်ကြတယ်” ဟု အထက်ပါ တာဝန်ရှိသူကဆိုသည်။
လက်ရှိတွင် အဆိုပါ စက်နှင့် ပတ်သက်၍ ထုတ်လုပ်ရန် ချိတ်ဆက်လာသူ မရှိသေးကြောင်း လည်း ၎င်းကဆိုသည်။ “အခုလောလောဆယ်က အဲဒီလိုမျိုးတော့ မရှိသေးဘူး။ (၈)တန်းသွား ကောက် စိုက်စက်ကို တောင်သူတွေက သဘောကျတယ်လို့ အစ်ကိုပြောတယ်။ ဒါကို သူတို့တွေက လိုချင်လို့ဝယ် ဖို့နည်းလမ်း သူတို့မှာမရှိသေးတဲ့အတွက်ကြောင့် သမားရိုးကျနည်းနဲ့ပဲ အခုလက်ရှိမှာ လုပ်ဆောင်နေရ တာပေါ့” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

Zawgyi Version:
စမ္းထုတ္ထားေသာ (၈)တန္းသြား လူစီးေကာက္ စိုက္စက္ကို ထုတ္လုပ္ရန္ ခ်ိတ္ဆက္သည့္ လုပ္ငန္းရွင္ မရွိေသး
ခ်ယ္ရီ (NP News) - စက္တင္ဘာလ ၁၁
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန၊ စက္မႈလယ္ယာဦးစီးဌာန၊ ျမန္မာ့ လယ္ ယာသုံးပစၥည္းကိရိယာစက္႐ုံ (အင္းကုန္း)မွ စမ္း ထုတ္ထားေသာ (၈)တန္းသြား လူစီးေကာက္စိုက္ စက္ကို ထုတ္လုပ္ရန္အတြက္ ခ်ိတ္ဆက္သည့္ လုပ္ ငန္းရွင္မရွိေသးေၾကာင္း အဆိုပါဝန္ႀကီးဌာနမွ တာ ဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာ သည္။
ယင္းစက္သည္ အင္ဂ်င္ပါဝါ (၅ယဝဝဝ)အားကိုအသုံးျပဳထားျခင္းျဖစ္ၿပီး ဝန္ႀကီးဌာနမွ တရား ဝင္ စမ္းသပ္ထားခ်က္မ်ား အခ်ိန္ (၁) နာရီခြဲမွ (၁) နာရီ (၄၅) မိနစ္ခန႔္ၾကာခ်ိန္အတြင္း လယ္တစ္ဧက ကိုစိုက္ပ်ိဳးႏိုင္မည္ျဖစ္သည္။
လုပ္ငန္းခြင္တြင္ လက္ေတြ႕အသုံးျပဳႏိုင္ရန္ နည္းပညာအတည္ျပဳျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ ၿပီးပါက တစ္ႏိုင္ငံလုံး၌ က်ယ္က်ယ္ျပန႔္ျပန႔္ထုတ္လုပ္ သုံးစြဲႏိုင္ေရးအတြက္ တိုင္းႏွင့္ျပည္နယ္အသီးသီးရွိ MSME လုပ္ငန္းမ်ားသို႔ နည္းပညာလႊဲေျပာင္းေပးႏိုင္ ေရးအတြက္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိသည္။
“ကြၽန္ေတာ္တို႔ရဲ႕စက္က ဘာျဖစ္လဲဆို ေတာ့ (၄၊ ၅) ဧကေလာက္ ေမာင္းၿပီးလို႔ရွိရင္ စစ္ ေဆးမႈေတြျပန္လုပ္ရတယ္။ အဲဒီတစ္ခုေတာ့ ကြၽန္ ေတာ္တို႔က ဂ႐ုစိုက္ရတာေပါ့ေနာ္။ (၆)တန္းသြား လက္ဆြဲေကာက္စိုက္စက္က စက္နဲ႔ေမာင္းတယ္။ သို႔ ေသာ္လည္းပဲ အဲဒီစက္ကိုထိန္းတဲ့လူက ႐ႊံ႕ဗြက္ထဲ မွာပဲ ေမာင္းရတာေလ။ ႐ႊံ႕ဗြက္ထဲမွာပဲ လမ္းေလွ်ာက္ လိုက္ၿပီး စက္ရဲ႕လမ္းေၾကာင္းကို ထိန္းသိမ္းရတာျဖစ္ တဲ့အတြက္ (၂)ဧကေလာက္ေမာင္းလာမယ္ဆိုရင္ လူက မလိုက္ႏိုင္ေတာ့ဘူး။ အဲဒါေၾကာင့္ ကြၽန္ေတာ္ တို႔က ေနာက္တစ္ဆင့္ေပါ့ လူထိုင္စီးတဲ့ (၈) တန္းသြား ေကာက္စိုက္စက္ေတြကို သုေသ သနလုပ္ၿပီးသြားၿပီး အခု (၂)စီးကေတာ့ စမ္းထုတ္ လာၿပီ။ အခုေတာ့ ထပ္လုပ္ထားတယ္” ဟု ၎က ရွင္းျပသည္။
ယခင္ (၆) တန္းသြား လက္ဆြဲေကာက္စိုက္ စက္တြင္ ေကြ႕သည့္စနစ္ မပါရွိျခင္းႏွင့္ လူကိုယ္တိုင္ “မ” ေ႐ႊ႕ရျခင္း စသည့္ အားနည္းခ်က္မ်ား ေတြ႕ရွိခဲ့ သည့္အတြက္ ေတာင္သူမ်ားပိုမိုအဆင္ေျပသက္သာ ေစရန္ တစ္ဘီးတပ္ လူထိုင္စီးႏိုင္သည့္ (၈)တန္းသြား ေကာက္စိုက္စက္ကိုထုတ္လုပ္ရာ ေတာင္သူမ်ားႏွစ္ သက္ၾကၿပီး ဝယ္ယူလိုသူမ်ားလည္းရွိေနေၾကာင္း ၎က ဆိုသည္။
“(၆)တန္းသြား လက္ဆြဲေကာက္စိုက္စက္ ေလးေတြရဲ႕ အားနည္းခ်က္ေလးေတြကို လိုက္လိုက္ ျပန္ၾကည့္ေနတာေပါ့။ ျပန္ၾကည့္တဲ့အခါမွာေတာ့ သူ ရဲ႕အားနည္းခ်က္ကလည္း တစ္ခုအပါေပါ့။ ေကြ႕တဲ့ စနစ္ မပါတဲ့အတြက္ လူနဲ႔ မ ေ႐ႊ႕ရတယ္၊ တျခားနည္း နဲ႔ မ ေ႐ႊ႕ရတယ္။ အဲဒီလိုမ်ိဳးေလးေတြ ရွိတဲ့အတြက္ အဲဒါကိုျပန္ၿပီးေတာ့ Modify ျပန္လုပ္တာေပါ့။ ဒါ ေၾကာင့္မို႔ ကြၽန္ေတာ္တို႔က တစ္ဘီးတပ္ လူထိုင္စီး လို႔ရတဲ့ေကာက္စိုက္စက္၊ သူက လမ္းေလွ်ာက္စရာ မလိုေတာ့ဘူး။ ထိုင္စီးၿပီးေတာ့ လိုက္႐ုံပဲဆိုေတာ့ ေတာင္သူေတြက ႀကိဳက္ၾကတယ္” ဟု အထက္ပါ တာဝန္ရွိသူကဆိုသည္။
လက္ရွိတြင္ အဆိုပါ စက္ႏွင့္ ပတ္သက္၍ ထုတ္လုပ္ရန္ ခ်ိတ္ဆက္လာသူ မရွိေသးေၾကာင္း လည္း ၎ကဆိုသည္။ “အခုေလာေလာဆယ္က အဲဒီလိုမ်ိဳးေတာ့ မရွိေသးဘူး။ (၈)တန္းသြား ေကာက္ စိုက္စက္ကို ေတာင္သူေတြက သေဘာက်တယ္လို႔ အစ္ကိုေျပာတယ္။ ဒါကို သူတို႔ေတြက လိုခ်င္လို႔ဝယ္ ဖို႔နည္းလမ္း သူတို႔မွာမရွိေသးတဲ့အတြက္ေၾကာင့္ သမား႐ိုးက်နည္းနဲ႔ပဲ အခုလက္ရွိမွာ လုပ္ေဆာင္ေနရ တာေပါ့” ဟု အဆိုပါ တာဝန္ရွိသူက ေျပာသည္။