၂၀၂၅ ခုနှစ် အာရှကျောင်းများဖိတ်ခေါ်(တာတို)ရေကူးပြိုင်ပွဲတွင်မြန်မာက ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်ရှစ်ခုဆွတ်ခူး

200

သက်ပိုင်(NP News) - စက်တင်ဘာ ၁၁
၂၀၂၅ ခုနှစ် အာရှကျောင်းများဖိတ်ခေါ်(တာတို)ရေကူးပြိုင်ပွဲတွင်မြန်မာက ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်ရှစ်ခု ဆွတ်ခူးခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ (၆) ရက်မှ (၇) ရက်အထိကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် အာရှကျောင်းများဖိတ်ခေါ် (တာတို)ရေကူးပြိုင်ပွဲ Asian Open Schools Invitational(Short Course) Swimming Championships 2025 တွင် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် Sakura Swimming Club မှ ရေကူးကစားသမားများက ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်ရှစ်ခု စုစုပေါင်းဆုတံဆိပ် (၁၄) ခုရရှိခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲသို့ အာရှနိုင်ငံကျောင်းများမှ ရေကူးကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ပြီး Sakura Swimming Club မှ အုပ်ချုပ်သူနည်းပြများနှင့်အတူ ရေကူးကစားသမား ၁၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ Sakura Swimming Club မှ ရေကူးကစားသမား ဇော်မျိုးထက်က ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ ဉာဏ်လင်းထူးက ကြေးတံဆိပ်တစ်ခု၊ ဇွဲညီဟိန်းက ကြေးတံဆိပ်တစ်ခု၊ ဆုပြည့်မွန်ဦးက ရွှေတံဆိပ်တစ်ခု၊ နွေးဧကရီရှိန်းက ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ အံ့ဘုန်းသော်က ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်လေးခုတို့ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အသက် (၆)နှစ်မှ (၁၀)အရွယ်အထိ ငယ်ရွယ်သည့် ကစားသမားများလည်း ပါဝင်ခဲ့ပြီး အတန်းစုံပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်ကလည်း လူငယ်မျိုးဆက်သစ်တွေ ရွေးချယ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ဆာကူရာကလပ်အသင်းအနေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်အောင်လို့ ဆောင်ရွက်ရင်းနဲ့ အခုလိုရခဲ့တာပါ၊ ကျွန်တော်တို့ပြိုင်တာ နှစ်ပွဲရှိသွားပါပြီ၊ ပထမအကြိမ်ပြိုင်တုန်းကတော့ အကြီးတန်းမှာ ငွေတံဆိပ်တစ်ခုရတယ်။ အငယ်တန်းမှာ ရွှေတံဆိပ်ရတယ်။
အခုဒီနှစ်ကျတော့ ကျွန်တော်တို့ အတန်းစုံပေါ့။ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်သုံးမျိုး လုံးရခဲ့ပါတယ်။ ဒီထဲမှာမှ ပထမဦးဆုံးရတဲ့ရွှေတံဆိပ်က အခုအသစ်စသင်တဲ့ ကလေးလေး ခြောက်နှစ်ကလေးလေးဖြစ်ပါတယ်”ဟု Sakura Swimming Club နည်းပြချုပ်၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမြင့်လွင်ကပြောသည်။
အဆိုပါပြိုင်ပွဲသို့ အာရှနိုင်ငံကျောင်းများမှ ရေကူးကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ပြီး Sakura Swimming Club မှ ရေကူးကစားသမား ၁၉ ဦးနှင့် အုပ်ချုပ်နည်းပြများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
“အောင်မြင်မှုကိုပြောရရင်တော့ ကျွန်တော်တို့အတိုင်းမသိပျော်ရွှင်ပါတယ်။ ဒီပွဲပြီးသွားတာနဲ့ နောက်ပွဲတွေဆက်ပြီးလေ့ကျင့်ဖို့က ပြင်ဆင်ထားပြီးသားပါ၊ ကလေးတွေလည်း ခြောက်နှစ်ကနေ ၁၀ နှစ်အထိ ငယ်ရွယ်တဲ့အရွယ်တွေ တော်တော်လေးကောင်းတဲ့သူတွေများလာတဲ့အတွက် နောင်သက်တမ်းလိုက်တွေကနေ မြန်မာပြည်လက်ရွေးစင်တွေဖြစ်အောင် အာရှပြိုင်ပွဲတို့၊ ကမ္ဘာ့ပြိုင်ပွဲတို့ရောက်အောင် သွားနိုင်တဲ့ကလေးတွေဖြစ်အောင် ကျွန်တော်တို့တတ်စွမ်းသရွေ့ လုပ်ဆောင်သွားမှာပါ၊ ကျွန်တော်တို့လိုအပ်ချက်တွေရှိရင်လည်း အဖွဲ့ချုပ်ရဲ့ လမ်းညွှန်မှုကို ခံယူသွားမှာပါ” ဟု ဦးမြင့်လွင်က ဆက်လက်ပြောသည်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ Sakura Swimming Club မှ ရေကူးကစားသမား ဇော်မျိုးထက်က ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ ဉာဏ်လင်းထူးက ကြေးတံဆိပ်တစ်ခု၊ ဇွဲညီဟိန်းက ကြေးတံဆိပ်တစ်ခု၊ ဆုပြည့်မွန်ဦးက ရွှေတံဆိပ်တစ်ခု၊ နွေးဧကရီရှိန်းက ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ အံ့ဘုန်းသော်က ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်လေးခုတို့ကို နိုင်ငံ့ဂုဏ်ဆောင် ဆွတ်ခူးနိုင်ခဲ့ကြကြောင်းသိရသည်။

Zawgyi Version:
၂၀၂၅ ခုႏွစ္ အာရွေက်ာင္းမ်ားဖိတ္ေခၚ(တာတို)ေရကူးၿပိဳင္ပြဲတြင္ျမန္မာက ေ႐ႊတံဆိပ္ေလးခု၊ ေငြတံဆိပ္ႏွစ္ခုႏွင့္ ေၾကးတံဆိပ္ရွစ္ခုဆြတ္ခူး
သက္ပိုင္(NP News) - စက္တင္ဘာ ၁၁
၂၀၂၅ ခုႏွစ္ အာရွေက်ာင္းမ်ားဖိတ္ေခၚ(တာတို)ေရကူးၿပိဳင္ပြဲတြင္ျမန္မာက ေ႐ႊတံဆိပ္ေလးခု၊ ေငြတံဆိပ္ႏွစ္ခုႏွင့္ ေၾကးတံဆိပ္ရွစ္ခု ဆြတ္ခူးခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ထိုင္းႏိုင္ငံဗန္ေကာက္ၿမိဳ႕၌ ၂၀၂၅ ခုႏွစ္ စက္တင္ဘာ (၆) ရက္မွ (၇) ရက္အထိက်င္းပျပဳလုပ္သည့္ ၂၀၂၅ ခုႏွစ္ အာရွေက်ာင္းမ်ားဖိတ္ေခၚ (တာတို)ေရကူးၿပိဳင္ပြဲ Asian Open Schools Invitational(Short Course) Swimming Championships 2025 တြင္ ျမန္မာႏိုင္ငံေရကူးအဖြဲ႕ခ်ဳပ္ Sakura Swimming Club မွ ေရကူးကစားသမားမ်ားက ေ႐ႊတံဆိပ္ေလးခု၊ ေငြတံဆိပ္ႏွစ္ခုႏွင့္ ေၾကးတံဆိပ္ရွစ္ခု စုစုေပါင္းဆုတံဆိပ္ (၁၄) ခုရရွိခဲ့ေၾကာင္းသိရသည္။
အဆိုပါၿပိဳင္ပြဲသို႔ အာရွႏိုင္ငံေက်ာင္းမ်ားမွ ေရကူးကစားသမားမ်ား ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾက ၿပီး Sakura Swimming Club မွ ေရကူးကစားသမား ၁၉ ဦးႏွင့္ အုပ္ခ်ဳပ္သူနည္းျပမ်ားလည္း ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္း သိရသည္။
ယင္းၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံ Sakura Swimming Club မွ ေရကူးကစားသမား ေဇာ္မ်ိဳးထက္က ေ႐ႊတံဆိပ္တစ္ခု၊ ေငြတံဆိပ္ႏွစ္ခု၊ ေၾကးတံဆိပ္တစ္ခု၊ ဉာဏ္လင္းထူးက ေၾကးတံဆိပ္တစ္ခု၊ ဇြဲညီဟိန္းက ေၾကးတံဆိပ္တစ္ခု၊ ဆုျပည့္မြန္ဦးက ေ႐ႊတံဆိပ္တစ္ခု၊ ေႏြးဧကရီရွိန္းက ေ႐ႊတံဆိပ္တစ္ခု၊ ေၾကးတံဆိပ္တစ္ခု၊ အံ့ဘုန္းေသာ္က ေ႐ႊတံဆိပ္တစ္ခု၊ ေၾကးတံဆိပ္ေလးခုတို႔ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယခုၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ အသက္ (၆)ႏွစ္မွ (၁၀)အ႐ြယ္အထိ ငယ္႐ြယ္သည့္ ကစားသမားမ်ားလည္း ပါဝင္ခဲ့ၿပီး အတန္းစုံပါဝင္ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
“ျမန္မာႏိုင္ငံ ေရကူးအဖြဲ႕ခ်ဳပ္ကလည္း လူငယ္မ်ိဳးဆက္သစ္ေတြ ေ႐ြးခ်ယ္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ ဆာကူရာကလပ္အသင္းအေနနဲ႔ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ေအာင္လို႔ ေဆာင္႐ြက္ရင္းနဲ႔ အခုလိုရခဲ့တာပါ၊ ကြၽန္ေတာ္တို႔ၿပိဳင္တာ ႏွစ္ပြဲရွိသြားပါၿပီ၊ ပထမအႀကိမ္ၿပိဳင္တုန္းကေတာ့ အႀကီးတန္းမွာ ေငြတံဆိပ္တစ္ခုရတယ္။ အငယ္တန္းမွာ ေ႐ႊတံဆိပ္ရတယ္။
အခုဒီႏွစ္က်ေတာ့ ကြၽန္ေတာ္တို႔ အတန္းစုံေပါ့။ ေ႐ႊ၊ ေငြ၊ ေၾကးဆုတံဆိပ္သုံးမ်ိဳး လုံးရခဲ့ပါတယ္။ ဒီထဲမွာမွ ပထမဦးဆုံးရတဲ့ေ႐ႊတံဆိပ္က အခုအသစ္စသင္တဲ့ ကေလးေလး ေျခာက္ႏွစ္ကေလးေလးျဖစ္ပါတယ္”ဟု Sakura Swimming Club နည္းျပခ်ဳပ္၊ ျမန္မာႏိုင္ငံေရကူးအဖြဲ႕ခ်ဳပ္ တြဲဖက္အတြင္းေရးမႉး ဦးျမင့္လြင္ကေျပာသည္။
အဆိုပါၿပိဳင္ပြဲသို႔ အာရွႏိုင္ငံေက်ာင္းမ်ားမွ ေရကူးကစားသမားမ်ား ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾက ၿပီး Sakura Swimming Club မွ ေရကူးကစားသမား ၁၉ ဦးႏွင့္ အုပ္ခ်ဳပ္နည္းျပမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္။
“ေအာင္ျမင္မႈကိုေျပာရရင္ေတာ့ ကြၽန္ေတာ္တို႔အတိုင္းမသိေပ်ာ္႐ႊင္ပါတယ္။ ဒီပြဲၿပီးသြားတာနဲ႔ ေနာက္ပြဲေတြဆက္ၿပီးေလ့က်င့္ဖို႔က ျပင္ဆင္ထားၿပီးသားပါ၊ ကေလးေတြလည္း ေျခာက္ႏွစ္ကေန ၁၀ ႏွစ္အထိ ငယ္႐ြယ္တဲ့အ႐ြယ္ေတြ ေတာ္ေတာ္ေလးေကာင္းတဲ့သူေတြမ်ားလာတဲ့အတြက္ ေနာင္သက္တမ္းလိုက္ေတြကေန ျမန္မာျပည္လက္ေ႐ြးစင္ေတြျဖစ္ေအာင္ အာရွၿပိဳင္ပြဲတို႔၊ ကမာၻ႔ၿပိဳင္ပြဲတို႔ေရာက္ေအာင္ သြားႏိုင္တဲ့ကေလးေတြျဖစ္ေအာင္ ကြၽန္ေတာ္တို႔တတ္စြမ္းသေ႐ြ႕ လုပ္ေဆာင္သြားမွာပါ၊ ကြၽန္ေတာ္တို႔လိုအပ္ခ်က္ေတြရွိရင္လည္း အဖြဲ႕ခ်ဳပ္ရဲ႕ လမ္းၫႊန္မႈကို ခံယူသြားမွာပါ” ဟု ဦးျမင့္လြင္က ဆက္လက္ေျပာသည္။
ယင္းၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံ Sakura Swimming Club မွ ေရကူးကစားသမား ေဇာ္မ်ိဳးထက္က ေ႐ႊတံဆိပ္တစ္ခု၊ ေငြတံဆိပ္ႏွစ္ခု၊ ေၾကးတံဆိပ္တစ္ခု၊ ဉာဏ္လင္းထူးက ေၾကးတံဆိပ္တစ္ခု၊ ဇြဲညီဟိန္းက ေၾကးတံဆိပ္တစ္ခု၊ ဆုျပည့္မြန္ဦးက ေ႐ႊတံဆိပ္တစ္ခု၊ ေႏြးဧကရီရွိန္းက ေ႐ႊတံဆိပ္တစ္ခု၊ ေၾကးတံဆိပ္တစ္ခု၊ အံ့ဘုန္းေသာ္က ေ႐ႊတံဆိပ္တစ္ခု၊ ေၾကးတံဆိပ္ေလးခုတို႔ကို ႏိုင္ငံ့ဂုဏ္ေဆာင္ ဆြတ္ခူးႏိုင္ခဲ့ၾကေၾကာင္းသိရသည္။