မင်းဆက်များစွာ၏ ပြုပြင်ပြောင်းလဲမှုကိုခံခဲ့ရသည့် မြို့တော် ဟနွိုင်း

 155

NP News - စက်တင်ဘာ ၁၂
ဟနွိုင်းမြို့သည် ဗီယက်နမ်နိုင်ငံ၏မြို့တော်နှင့် နိုင်ငံတွင်းတွင် ဒုတိယမြောက်လူဦးရေအ ထူထပ်ဆုံးမြို့ တစ်မြို့ ဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသော ဗိသုကာပညာလက်ရာများ၊ ဘုရားကျောင်းများ၊ အရှေ့တောင်အာရှ၊ တရုတ်နှင့် ပြင်သစ်တို့၏ ဩဇာလွှမ်းမိုးမှုရှိသည့် ကြွယ်ဝသော ယဉ်ကျေးမှုများကြောင့် နာမည်ကျော်ကြားသည်။ ဟနွိုင်း မြို့၏ဧရိယာအကျယ်အဝန်းမှာ (၃၃၅၈ ဒသမ ၆)စတုရန်းကီလိုမီတာရှိပြီး (၂၀၂၅)ခုနှစ် အထိ ဟနွိုင်းမြို့တွင် စုစုပေါင်း နေထိုင်သူလူဦးရေမှာ (၈၈၀၇၅၂၃)ဦးရှိကြောင်းသိရသည်။ (၂၀၂၅)ခုနှစ်တွင် ဟနွိုင်းမြို့သည် ဟီုချီမင်းမြို့ပြီး လျှင် ဗီယက်နမ်နိုင်ငံတွင်းရှိ ပြည်နယ်များနှင့် မြူနီစီပယ်အားလုံးထဲတွင် ဒုတိယမြောက် အမြင့်ဆုံး ဂျီဒီပီရှိသည့် မြို့တစ်မြို့ ဖြစ်ကြောင်းလည်းသိရသည်။
သမိုင်းကြောင်း
ဘီစီ(၃)ရာစုတွင် ယနေ့ခေတ်ဟနွိုင်းမြို့ကို Au Lac တိုင်းပြည်၏မြို့တော် Co Loa အဖြစ် စတင်တည်ထောင်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် Au Lac တိုင်းပြည်သည် တရုတ်တို့၏အုပ်ချုပ်မှုအောက်သို့ နှစ်ပေါင်း(၁၀ဝဝ)ခန့် ကျရောက်ခဲ့ကြောင်းသိရသည်။ (၁၀၁၀)ပြည့်နှစ် လီမင်းဆက်လက်ထက်တွင် ဗီယက်နမ် ဧကရာဇ် Lý Thái Tổ သည် Thăng Long ဟုအမည်ရသော Đại Việt ဘုရင်စနစ်၏မြို့ တော်ကိုတည်ထောင်ခဲ့သည်။ (၁၄၂၈)ခုနှစ်တွင် ဘုရင် Lê Lợi သည် Thăng Long မြို့ကို Đông Kinh မြို့ဟုအမည်ပြောင်းခဲ့ပြီး (၁၇၈၉)ခုနှစ်အထိ တည်ရှိခဲ့ကြောင်းသိရသည်။
Nguyễn မင်းဆက်သည် (၁၈၀၂)ခုနှစ်တွင် Huế မြို့ကို နိုင်ငံ၏မြို့တော်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး (၁၈၃၁)ခုနှစ်တွင် Đông Kinh မြို့ကို ဟနွိုင်းမြို့အဖြစ်အမည်ပြောင်းခဲ့ ကြောင်းသိရသည်။ သို့သော်လည်း ဩဂုတ်တော် လှန်ရေးနှင့် Nguyễn မင်းဆက်ကျဆုံးပြီးနောက် ဗီယက်နမ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRV)သည် ဟနွိုင်းမြို့ကို လွတ် လပ်သောနိုင်ငံသစ်၏မြို့တော်အဖြစ် သတ်မှတ်ခဲ့ကြောင်းသိရသည်။ ဟနွိုင်းမြို့သည် (၁၉၄၉)ခုနှစ်မှ (၁၉၅၄)ခုနှစ်အထိ ဗီယက်နမ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော်လည်း (၁၉၅၄)ခုနှစ်မှ (၁၉၇၆)ခုနှစ်အတွင်း မြောက်ဗီယက်နမ်ကို အုပ်စိုးသော DRV ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ကာ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏မြို့တော် ဖြစ်လာခဲ့ကြောင်းသိရ သည်။ (၂၀ဝ၈)ခုနှစ်တွင် Hà Tây ပြည်နယ်နှင့် အခြား ကျေးလက်ခရိုင်နှစ်ခုသည် ဟနွိုင်းမြို့နှင့်ပေါင်းစည်းခဲ့ပြီး မြို့၏ ဧရိယာကို သုံးဆ နီးပါးဖြစ်လာစေခဲ့ကြောင်းသိရသည်။
ခေတ်သစ်ကာလ
ဟနွိုင်းမြို့သည် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၏ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ပညာရေးဆိုင်ရာအချက်အချာ နေရာ တစ်ခုဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏မြို့တော်ဖြစ်သော ဟနွိုင်းမြို့သည် နိုင်ငံခြား သံရုံး(၇၈)ခု၊ ဗီယက်နမ် ပြည်သူ့ တပ်မ တော် (VPA) ဌာနချုပ်၊ ၎င်း၏ ကိုယ်ပိုင်ဗီယက်နမ်အမျိုးသားတက္ကသိုလ်စနစ်နှင့် အခြားသောအစိုးရအဖွဲ့အစည်းများ စွာကိုလက်ခံထားသည့် နေရာတစ်ခုလည်းဖြစ်သည်။ (၂၀၂၂)ခုနှစ်တွင် ဟနွိုင်းမြို့သည် ပြည်တွင်းနှင့်နိုင် ငံတကာခရီး သွား (၁၈ ဒသမ ၇)သန်းလာရောက်လည် ပတ်ခဲ့သည့် အဓိကခရီးသွားနေရာတစ်ခုဖြစ်ခဲ့ ကြောင်းသိရသည်။ ထို့ပြင် ဟနွိုင်းမြို့သည် Impe­rial Citadel of Thăng Long သမိုင်းဝင် အထိမ်း အမှတ်နေရာ၊ Hoàn Kiếm ရေကန်၊ West Lake ရေကန်နှင့် Ba Vì အမျိုးသား ဥယျာဉ်တို့တည်ရှိသည့်နေရာတစ်ခုလည်းဖြစ်သည်။ ဟနွိုင်းမြို့ပြဧရိယာတွင် ပြင်သစ် ကိုလိုနီခေတ်ဗိသု ကာလက်ရာများ၊ (၂၀)ရာစုတွင် မြို့၏ လျင်မြန်စွာကြီး ထွားလာမှုကြောင့်ဖြစ်ပေါ်လာသော စည်းကမ်း မဲ့လမ်းများနှင့် ကျဉ်းမြောင်းသောနေအိမ်များအပါအဝင် ဗိသုကာပညာစတိုင် အမျိုးမျိုးရှိကြောင်းသိရသည်။
စီးပွားရေး
PricewaterhouseCoopers ၏ မကြာသေးမီက အဆင့်သတ်မှတ်ချက်အရ (၂၀ဝ၈)ခုနှစ်မှ (၂၀၂၅)ခုနှစ်အထိ ဟနွိုင်းမြို့နှင့်ဟိုချီမင်းမြို့တို့သည် ဂျီဒီပီတိုးတက်မှုနှုန်းအရ ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးတိုးတက်နေသည့်မြို့များထဲ တွင်ပါဝင်ကြောင်းသိရသည်။ (၂၀၁၃)ခုနှစ်တွင် ဟနွိုင်းမြို့သည် ဗီယက်နမ် နိုင်ငံဂျီဒီပီ၏ (၁၂ ဒသမ ၆) ရာခိုင်နှုန်း၊ စုစုပေါင်းပို့ ကုန်၏ (၇ ဒသမ ၅)ရာခိုင်နှုန်း၊ နိုင်ငံဘတ်ဂျက်သို့ (၁၇)ရာခိုင်နှုန်း ပံ့ပိုးပေးနိုင်ခဲ့ပြီး မြို့သို့ရင်းနှီးမြှုပ် နှံမှု(၂၂)ရာခိုင်နှုန်းကို ဆွဲဆောင်နိုင်ခဲ့ကြောင်းသိရသည်။ (၂၀၁၃)ခုနှစ်တွင် ဟနွိုင်းမြို့၏ဂျီဒီပီသည် အမေရိကန်ဒေါ်လာ (၂၁ ဒသမ ၄၈)ဘီလျံသို့ရောက် ရှိခဲ့ပြီး တစ်ဦးချင်းဂျီဒီပီမှာ အမေရိကန်ဒေါ်လာ (၃၀ဝဝ)အထိရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် (၁၉၉၁)ခုနှစ်မှ (၁၉၉၅)ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှ တိုးတက်မှုနှုန်း (၁၉ ဒသမ ၁) ရာခိုင်နှုန်း၊ (၁၉၉၆)ခုနှစ်မှ (၂၀ဝဝ)ပြည့်နှစ်အထိ (၁၅ ဒသမ ၉)ရာခိုင်နှုန်းနှင့် (၂၀ဝ၁)ခုနှစ်မှ(၂၀ဝ၅)ခုနှစ်အတွင်း (၁၈ ဒသမ ၇) ရာခိုင်နှုန်းဖြင့် ဟနွိုင်းမြို့ရှိ စက်မှုကုန်ထုတ်လုပ်မှု လုပ်ငန်းသည် (၁၉၉၀)ပြည့်နှစ်များအတွင်း အရှိန်အဟုန်ဖြင့်တိုးတက်လာခဲ့ ကြောင်းသိရသည်။ လက်ရှိ စက်မှုဇုန်(၈)ခုအပြင် ဟနွိုင်းမြို့သည် အကြီးစား စက်မှုဇုန်အသစ်(၅)ခုနှင့် အသေးစားနှင့် အလတ်စား စက်မှုဇုန်(၁၆)ခုတို့ကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် နိုင်ငံပိုင်မဟုတ်သော စီးပွားရေး ကဏ္ဍသည် အရှိန်အဟုန်ဖြင့်ချဲ့ထွင်လျက်ရှိပြီး လုပ်ငန်းဥပဒေ (၃/ ၂၀ဝ၇)အရ လုပ်ငန်းပေါင်း(၄၈၀ဝဝ)ကျော် လည်ပတ် လျက်ရှိကြောင်းသိရသည်။ ကုန်သွယ်မှုသည် ဟနွိုင်းမြို့၏ နောက်ထပ်အားကောင်း သောကဏ္ဍတစ်ခုဖြစ်ပြီး မြို့၏ ပို့ကုန်တန်ဖိုးသည် (၁၉၉၆)ခုနှစ်မှ (၂၀ဝဝ)ပြည့်နှစ်အတွင်း နှစ်စဉ် ပျမ်းမျှ(၁၁ ဒသမ ၆)ရာခိုင်နှုန်းနှင့် (၂၀ဝ၁)ခုနှစ်မှ (၂၀ဝ၃)ခုနှစ်အတွင်း (၉ ဒသမ ၁)ရာခိုင်နှုန်း တိုး တက်ခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ဟနွိုင်းမြို့၏ စီးပွားရေးဖွဲ့ စည်းပုံကဏ္ဍသည် ခရီးသွားလုပ်ငန်း၊ ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းတို့နှင့်အတူ အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေ ကြောင်းသိရသည်။ ယခင်က ဟနွိုင်းမြို့၏ စီးပွားရေးတွင်အဓိကကျခဲ့သော စိုက်ပျိုးရေးကဏ္ဍသည် အထွက်နှုန်း မြင့်သော အပင်မျိုးစိတ်သစ်များနှင့် တိရစ္ဆာန်အသစ်များကိုမိတ်ဆက်ကာ ခေတ်မီစိုက် ပျိုးရေးနည်းစနစ်များကို ကျင့်သုံး ခြင်းဖြင့် ပြုပြင် ပြောင်းလဲမှုများလုပ်ဆောင်ရန်ကြိုးပမ်းခဲ့ကြောင်းသိရသည်။ ထို့ပြင် ဟနွိုင်းမြို့သည် McDonal­d's၊ Lotteria၊ Pizza Hut ၊ KFC ၊ Popeyes ၊ Domino's Pizza ၊ Jolibee နှင့်အခြားအစား အသောက်ကုမ္ပဏီများစွာတို့ကဲ့သို့ သော အစားအသောက် လျင်မြန်စွာရရှိနိုင်သည့်ကုမ္ပဏီများကို လက်ခံထားကြောင်းလည်းသိရသည်။ အဆိုပါ အချက် များအပြင် ဟနွိုင်းမြို့အာဏာပိုင်များသည် လမ်းသစ်များ၊ ပိုမိုကောင်းမွန်သော အများသူငါ သယ်ယူပို့ ဆောင်ရေး စနစ်တို့နှင့်အတူ အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်မှုများလုပ် ဆောင်လျက်ရှိ ကြောင်းလည်း သိရသည်။ အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအစပြုခဲ့သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများအပြီးတွင် ဟနွိုင်းမြို့၏ အသွင်အပြင်သည် မကြာသေးမီနှစ်များအတွင်း သိသိသာသာပြောင်းလဲလာခဲ့ကြောင်းသိရသည်။

Zawgyi Version:
မင္းဆက္မ်ားစြာ၏ ျပဳျပင္ေျပာင္းလဲမႈကိုခံခဲ့ရသည့္ ၿမိဳ႕ေတာ္ ဟႏြိဳင္း
NP News - စက္တင္ဘာ ၁၂
ဟႏြိဳင္းၿမိဳ႕သည္ ဗီယက္နမ္ႏိုင္ငံ၏ၿမိဳ႕ေတာ္ႏွင့္ ႏိုင္ငံတြင္းတြင္ ဒုတိယေျမာက္လူဦးေရအ ထူထပ္ဆုံးၿမိဳ႕ တစ္ၿမိဳ႕ ျဖစ္ၿပီး ရာစုႏွစ္ေပါင္းမ်ားစြာ သက္တမ္းရွိေသာ ဗိသုကာပညာလက္ရာမ်ား၊ ဘုရားေက်ာင္းမ်ား၊ အေရွ႕ေတာင္အာရွ၊ တ႐ုတ္ႏွင့္ ျပင္သစ္တို႔၏ ဩဇာလႊမ္းမိုးမႈရွိသည့္ ႂကြယ္ဝေသာ ယဥ္ေက်းမႈမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ ဟႏြိဳင္း ၿမိဳ႕၏ဧရိယာအက်ယ္အဝန္းမွာ (၃၃၅၈ ဒသမ ၆)စတုရန္းကီလိုမီတာရွိၿပီး (၂၀၂၅)ခုႏွစ္ အထိ ဟႏြိဳင္းၿမိဳ႕တြင္ စုစုေပါင္း ေနထိုင္သူလူဦးေရမွာ (၈၈၀၇၅၂၃)ဦးရွိေၾကာင္းသိရသည္။ (၂၀၂၅)ခုႏွစ္တြင္ ဟႏြိဳင္းၿမိဳ႕သည္ ဟီုခ်ီမင္းၿမိဳ႕ၿပီး လွ်င္ ဗီယက္နမ္ႏိုင္ငံတြင္းရွိ ျပည္နယ္မ်ားႏွင့္ ျမဴနီစီပယ္အားလုံးထဲတြင္ ဒုတိယေျမာက္ အျမင့္ဆုံး ဂ်ီဒီပီရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ေၾကာင္းလည္းသိရသည္။
သမိုင္းေၾကာင္း
ဘီစီ(၃)ရာစုတြင္ ယေန႔ေခတ္ဟႏြိဳင္းၿမိဳ႕ကို Au Lac တိုင္းျပည္၏ၿမိဳ႕ေတာ္ Co Loa အျဖစ္ စတင္တည္ေထာင္ခဲ့ ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ေနာက္ Au Lac တိုင္းျပည္သည္ တ႐ုတ္တို႔၏အုပ္ခ်ဳပ္မႈေအာက္သို႔ ႏွစ္ေပါင္း(၁၀ဝဝ)ခန႔္ က်ေရာက္ခဲ့ေၾကာင္းသိရသည္။ (၁၀၁၀)ျပည့္ႏွစ္ လီမင္းဆက္လက္ထက္တြင္ ဗီယက္နမ္ ဧကရာဇ္ Lý Thái Tổ သည္ Thăng Long ဟုအမည္ရေသာ Đại Việt ဘုရင္စနစ္၏ၿမိဳ႕ ေတာ္ကိုတည္ေထာင္ခဲ့သည္။ (၁၄၂၈)ခုႏွစ္တြင္ ဘုရင္ Lê Lợi သည္ Thăng Long ၿမိဳ႕ကို Đông Kinh ၿမိဳ႕ဟုအမည္ေျပာင္းခဲ့ၿပီး (၁၇၈၉)ခုႏွစ္အထိ တည္ရွိခဲ့ေၾကာင္းသိရသည္။
Nguyễn မင္းဆက္သည္ (၁၈၀၂)ခုႏွစ္တြင္ Huế ၿမိဳ႕ကို ႏိုင္ငံ၏ၿမိဳ႕ေတာ္အျဖစ္ ေျပာင္းလဲသတ္မွတ္ခဲ့ၿပီး (၁၈၃၁)ခုႏွစ္တြင္ Đông Kinh ၿမိဳ႕ကို ဟႏြိဳင္းၿမိဳ႕အျဖစ္အမည္ေျပာင္းခဲ့ ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ဩဂုတ္ေတာ္ လွန္ေရးႏွင့္ Nguyễn မင္းဆက္က်ဆုံးၿပီးေနာက္ ဗီယက္နမ္ ဒီမိုကရက္တစ္သမၼတႏိုင္ငံ (DRV)သည္ ဟႏြိဳင္းၿမိဳ႕ကို လြတ္ လပ္ေသာႏိုင္ငံသစ္၏ၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ခဲ့ေၾကာင္းသိရသည္။ ဟႏြိဳင္းၿမိဳ႕သည္ (၁၉၄၉)ခုႏွစ္မွ (၁၉၅၄)ခုႏွစ္အထိ ဗီယက္နမ္ႏိုင္ငံ၏ အစိတ္အပိုင္းတစ္ခုျဖစ္ခဲ့ေသာ္လည္း (၁၉၅၄)ခုႏွစ္မွ (၁၉၇၆)ခုႏွစ္အတြင္း ေျမာက္ဗီယက္နမ္ကို အုပ္စိုးေသာ DRV ၏ တစ္စိတ္တစ္ပိုင္းျဖစ္ခဲ့ကာ ဗီယက္နမ္ ဆိုရွယ္လစ္သမၼတႏိုင္ငံ၏ၿမိဳ႕ေတာ္ ျဖစ္လာခဲ့ေၾကာင္းသိရ သည္။ (၂၀ဝ၈)ခုႏွစ္တြင္ Hà Tây ျပည္နယ္ႏွင့္ အျခား ေက်းလက္ခ႐ိုင္ႏွစ္ခုသည္ ဟႏြိဳင္းၿမိဳ႕ႏွင့္ေပါင္းစည္းခဲ့ၿပီး ၿမိဳ႕၏ ဧရိယာကို သုံးဆ နီးပါးျဖစ္လာေစခဲ့ေၾကာင္းသိရသည္။
ေခတ္သစ္ကာလ
ဟႏြိဳင္းၿမိဳ႕သည္ ဗီယက္နမ္ႏိုင္ငံေျမာက္ပိုင္း၏ ယဥ္ေက်းမႈ၊ စီးပြားေရးႏွင့္ ပညာေရးဆိုင္ရာအခ်က္အခ်ာ ေနရာ တစ္ခုျဖစ္သည္။ ဗီယက္နမ္ႏိုင္ငံ၏ၿမိဳ႕ေတာ္ျဖစ္ေသာ ဟႏြိဳင္းၿမိဳ႕သည္ ႏိုင္ငံျခား သံ႐ုံး(၇၈)ခု၊ ဗီယက္နမ္ ျပည္သူ႔ တပ္မ ေတာ္ (VPA) ဌာနခ်ဳပ္၊ ၎၏ ကိုယ္ပိုင္ဗီယက္နမ္အမ်ိဳးသားတကၠသိုလ္စနစ္ႏွင့္ အျခားေသာအစိုးရအဖြဲ႕အစည္းမ်ား စြာကိုလက္ခံထားသည့္ ေနရာတစ္ခုလည္းျဖစ္သည္။ (၂၀၂၂)ခုႏွစ္တြင္ ဟႏြိဳင္းၿမိဳ႕သည္ ျပည္တြင္းႏွင့္ႏိုင္ ငံတကာခရီး သြား (၁၈ ဒသမ ၇)သန္းလာေရာက္လည္ ပတ္ခဲ့သည့္ အဓိကခရီးသြားေနရာတစ္ခုျဖစ္ခဲ့ ေၾကာင္းသိရသည္။ ထို႔ျပင္ ဟႏြိဳင္းၿမိဳ႕သည္ Impe­rial Citadel of Thăng Long သမိုင္းဝင္ အထိမ္း အမွတ္ေနရာ၊ Hoàn Kiếm ေရကန္၊ West Lake ေရကန္ႏွင့္ Ba Vì အမ်ိဳးသား ဥယ်ာဥ္တို႔တည္ရွိသည့္ေနရာတစ္ခုလည္းျဖစ္သည္။ ဟႏြိဳင္းၿမိဳ႕ျပဧရိယာတြင္ ျပင္သစ္ ကိုလိုနီေခတ္ဗိသု ကာလက္ရာမ်ား၊ (၂၀)ရာစုတြင္ ၿမိဳ႕၏ လ်င္ျမန္စြာႀကီး ထြားလာမႈေၾကာင့္ျဖစ္ေပၚလာေသာ စည္းကမ္း မဲ့လမ္းမ်ားႏွင့္ က်ဥ္းေျမာင္းေသာေနအိမ္မ်ားအပါအဝင္ ဗိသုကာပညာစတိုင္ အမ်ိဳးမ်ိဳးရွိေၾကာင္းသိရသည္။
စီးပြားေရး
PricewaterhouseCoopers ၏ မၾကာေသးမီက အဆင့္သတ္မွတ္ခ်က္အရ (၂၀ဝ၈)ခုႏွစ္မွ (၂၀၂၅)ခုႏွစ္အထိ ဟႏြိဳင္းၿမိဳ႕ႏွင့္ဟိုခ်ီမင္းၿမိဳ႕တို႔သည္ ဂ်ီဒီပီတိုးတက္မႈႏႈန္းအရ ကမာၻေပၚတြင္ အလ်င္ျမန္ဆုံးတိုးတက္ေနသည့္ၿမိဳ႕မ်ားထဲ တြင္ပါဝင္ေၾကာင္းသိရသည္။ (၂၀၁၃)ခုႏွစ္တြင္ ဟႏြိဳင္းၿမိဳ႕သည္ ဗီယက္နမ္ ႏိုင္ငံဂ်ီဒီပီ၏ (၁၂ ဒသမ ၆) ရာခိုင္ႏႈန္း၊ စုစုေပါင္းပို႔ ကုန္၏ (၇ ဒသမ ၅)ရာခိုင္ႏႈန္း၊ ႏိုင္ငံဘတ္ဂ်က္သို႔ (၁၇)ရာခိုင္ႏႈန္း ပံ့ပိုးေပးႏိုင္ခဲ့ၿပီး ၿမိဳ႕သို႔ရင္းႏွီးျမႇဳပ္ ႏွံမႈ(၂၂)ရာခိုင္ႏႈန္းကို ဆြဲေဆာင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ (၂၀၁၃)ခုႏွစ္တြင္ ဟႏြိဳင္းၿမိဳ႕၏ဂ်ီဒီပီသည္ အေမရိကန္ေဒၚလာ (၂၁ ဒသမ ၄၈)ဘီလ်ံသို႔ေရာက္ ရွိခဲ့ၿပီး တစ္ဦးခ်င္းဂ်ီဒီပီမွာ အေမရိကန္ေဒၚလာ (၃၀ဝဝ)အထိရွိခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ (၁၉၉၁)ခုႏွစ္မွ (၁၉၉၅)ခုႏွစ္အထိ ႏွစ္စဥ္ ပ်မ္းမွ် တိုးတက္မႈႏႈန္း (၁၉ ဒသမ ၁) ရာခိုင္ႏႈန္း၊ (၁၉၉၆)ခုႏွစ္မွ (၂၀ဝဝ)ျပည့္ႏွစ္အထိ (၁၅ ဒသမ ၉)ရာခိုင္ႏႈန္းႏွင့္ (၂၀ဝ၁)ခုႏွစ္မွ(၂၀ဝ၅)ခုႏွစ္အတြင္း (၁၈ ဒသမ ၇) ရာခိုင္ႏႈန္းျဖင့္ ဟႏြိဳင္းၿမိဳ႕ရွိ စက္မႈကုန္ထုတ္လုပ္မႈ လုပ္ငန္းသည္ (၁၉၉၀)ျပည့္ႏွစ္မ်ားအတြင္း အရွိန္အဟုန္ျဖင့္တိုးတက္လာခဲ့ ေၾကာင္းသိရသည္။ လက္ရွိ စက္မႈဇုန္(၈)ခုအျပင္ ဟႏြိဳင္းၿမိဳ႕သည္ အႀကီးစား စက္မႈဇုန္အသစ္(၅)ခုႏွင့္ အေသးစားႏွင့္ အလတ္စား စက္မႈဇုန္(၁၆)ခုတို႔ကို တည္ေဆာက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ ႏိုင္ငံပိုင္မဟုတ္ေသာ စီးပြားေရး က႑သည္ အရွိန္အဟုန္ျဖင့္ခ်ဲ႕ထြင္လ်က္ရွိၿပီး လုပ္ငန္းဥပေဒ (၃/ ၂၀ဝ၇)အရ လုပ္ငန္းေပါင္း(၄၈၀ဝဝ)ေက်ာ္ လည္ပတ္ လ်က္ရွိေၾကာင္းသိရသည္။ ကုန္သြယ္မႈသည္ ဟႏြိဳင္းၿမိဳ႕၏ ေနာက္ထပ္အားေကာင္း ေသာက႑တစ္ခုျဖစ္ၿပီး ၿမိဳ႕၏ ပို႔ကုန္တန္ဖိုးသည္ (၁၉၉၆)ခုႏွစ္မွ (၂၀ဝဝ)ျပည့္ႏွစ္အတြင္း ႏွစ္စဥ္ ပ်မ္းမွ်(၁၁ ဒသမ ၆)ရာခိုင္ႏႈန္းႏွင့္ (၂၀ဝ၁)ခုႏွစ္မွ (၂၀ဝ၃)ခုႏွစ္အတြင္း (၉ ဒသမ ၁)ရာခိုင္ႏႈန္း တိုး တက္ခဲ့ေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ ဟႏြိဳင္းၿမိဳ႕၏ စီးပြားေရးဖြဲ႕ စည္းပုံက႑သည္ ခရီးသြားလုပ္ငန္း၊ ဘ႑ာေရး၊ ဘဏ္လုပ္ငန္းတို႔ႏွင့္အတူ အေရးႀကီးေသာအခန္းက႑မွပါဝင္ေန ေၾကာင္းသိရသည္။ ယခင္က ဟႏြိဳင္းၿမိဳ႕၏ စီးပြားေရးတြင္အဓိကက်ခဲ့ေသာ စိုက္ပ်ိဳးေရးက႑သည္ အထြက္ႏႈန္း ျမင့္ေသာ အပင္မ်ိဳးစိတ္သစ္မ်ားႏွင့္ တိရစာၦန္အသစ္မ်ားကိုမိတ္ဆက္ကာ ေခတ္မီစိုက္ ပ်ိဳးေရးနည္းစနစ္မ်ားကို က်င့္သုံး ျခင္းျဖင့္ ျပဳျပင္ ေျပာင္းလဲမႈမ်ားလုပ္ေဆာင္ရန္ႀကိဳးပမ္းခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဟႏြိဳင္းၿမိဳ႕သည္ McDonal­d's၊ Lotteria၊ Pizza Hut ၊ KFC ၊ Popeyes ၊ Domino's Pizza ၊ Jolibee ႏွင့္အျခားအစား အေသာက္ကုမၸဏီမ်ားစြာတို႔ကဲ့သို႔ ေသာ အစားအေသာက္ လ်င္ျမန္စြာရရွိႏိုင္သည့္ကုမၸဏီမ်ားကို လက္ခံထားေၾကာင္းလည္းသိရသည္။ အဆိုပါ အခ်က္ မ်ားအျပင္ ဟႏြိဳင္းၿမိဳ႕အာဏာပိုင္မ်ားသည္ လမ္းသစ္မ်ား၊ ပိုမိုေကာင္းမြန္ေသာ အမ်ားသူငါ သယ္ယူပို႔ ေဆာင္ေရး စနစ္တို႔ႏွင့္အတူ အေျခခံအေဆာက္အအုံမ်ားကို အဆင့္ျမႇင့္တင္မႈမ်ားလုပ္ ေဆာင္လ်က္ရွိ ေၾကာင္းလည္း သိရသည္။ အထူးသျဖင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကိုအစျပဳခဲ့ေသာ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈမ်ားအၿပီးတြင္ ဟႏြိဳင္းၿမိဳ႕၏ အသြင္အျပင္သည္ မၾကာေသးမီႏွစ္မ်ားအတြင္း သိသိသာသာေျပာင္းလဲလာခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.