ထိုင်းနိုင်ငံအပေါ် ခြိမ်းခြောက်မှုများ မလုပ်ဆောင်ရန် ကမ္ဘောဒီးယားနိုင်ငံကို ထိုင်းဗိုလ်ချုပ်ကြီး သတိပေး

157

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၃
ပိတ်ထားသော နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ရန်အတွက် ဆွေးနွေးမှုများမလုပ်ခင် ကမ္ဘော ဒီးယားအစိုးရ သည် ထိုင်းနိုင်ငံအပေါ် ခြိမ်းခြောက် ပြောဆိုနေခြင်းများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ထိုင်းဗိုလ်ချုပ်ကြီး ဝမ်ချာနာက သတိပေးပြောဆို လိုက်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်စပ်ဒေသ အငြင်းပွားမှုများကြောင့် အပြန်အလှန် ပစ်ခတ်မှုများ ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်တွင် အပစ်အခတ်ရပ်စဲထားကြောင်း သိရသည်။ ဗိုလ်ချုပ်ကြီး ဝမ်ချာ နာက ထိုင်းနိုင်ငံအနေဖြင့် မိမိတို့ ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ရမည် ဖြစ်ကြောင်း ပြောသည်။
ဗိုလ်ချုပ်ကြီး ဝမ်ချာနာက ‘ကျွန်တော်တို့ ဟာ နယ်စပ်ဒေသမှာရှိတဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် သေဆုံးဒဏ်ရာရသူတွေအတွက် စဉ်းစားရမယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ထိုင်းနိုင်ငံ အပေါ် ခြိမ်းခြောက်တဲ့ပြောဆိုရေး သားမှုတွေ မလုပ်ဖို့အရေးကြီးတယ်’ ဟုပြောသည်။ ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် အပစ်အခတ်ရပ်စဲရေး မူဘောင် အတိုင်း နယ်စပ်ပြဿနာများကို ဖြေရှင်းရန် နှောင့်နှေးလျက်ရှိနေကြောင်း သိရသည်။
ထိုင်းဗိုလ်ချုပ်ကြီး ဝမ်နာချာက ‘နယ်စပ် ဒေသမှာနေထိုင်နေသူတွေဟော နယ်စပ်အငြင်းပွား မှုတွေကို အမြန်ဆုံးဖြေရှင်းဖို့ လိုလားနေတယ်။ ကမ္ဘောဒီးယားအစိုးရဟာ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ လိုလား တယ် ဆိုရင် နယ်စပ်ဒေသမှာ ဖြန့်ကြက်ချထားတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်ရုတ်သိမ်းဖို့ ကနဦးလုပ်ဆောင်ရမယ်။ နယ်စပ်ဒေသကို လက်ရှိ အချိန်မှာ ပြန်လည်ဖွင့်လှစ်ဖို့ အစီအစဉ်မရှိသေးဘူး၊ ကမ္ဘောဒီးယားဟာ ရန်ဘက်နိုင်ငံအဖြစ် ရှိနေသေးတဲ့ အတွက် နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်မှာမဟုတ်သေးဘူး၊ ကမ္ဘောဒီးယားဟာ ခြိမ်းခြောက်မှုတွေ ဆက်လက် လုပ်ဆောင် နေမယ်ဆိုရင် နယ်စပ်ဂိတ်တွေက ပြန် လည်ဖွင့်လှစ်မှာမဟုတ်ဘူး’ ဟုပြောသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် အပြန်အလှန် ပစ်ခတ်မှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတ၏ တောင်းဆိုမှုတွေကြောင့် မလေးရှားဝန်ကြီးချုပ်၏ ကြားဝင်စေ့စပ်မှုဖြင့် အပစ်ခတ် ရပ်စဲရေး ဆွေးနွေးကာ သဘောတူ ညီမှုတွေရရှိခဲ့ သော်လည်း လက်ရှိအချိန်အထိ အငြင်းပွားမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ထိုင္းႏိုင္ငံအေပၚ ၿခိမ္းေျခာက္မႈမ်ား မလုပ္ေဆာင္ရန္ ကေမာၻဒီးယားႏိုင္ငံကို ထိုင္းဗိုလ္ခ်ဳပ္ႀကီး သတိေပး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၃
ပိတ္ထားေသာ နယ္စပ္ဂိတ္မ်ား ျပန္လည္ ဖြင့္လွစ္ရန္အတြက္ ေဆြးေႏြးမႈမ်ားမလုပ္ခင္ ကေမာၻ ဒီးယားအစိုးရ သည္ ထိုင္းႏိုင္ငံအေပၚ ၿခိမ္းေျခာက္ ေျပာဆိုေနျခင္းမ်ားကို ရပ္တန႔္ရမည္ျဖစ္ေၾကာင္း ထိုင္းဗိုလ္ခ်ဳပ္ႀကီး ဝမ္ခ်ာနာက သတိေပးေျပာဆို လိုက္သည္။
ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔သည္ နယ္စပ္ေဒသ အျငင္းပြားမႈမ်ားေၾကာင့္ အျပန္အလွန္ ပစ္ခတ္မႈမ်ား ဇူလိုင္လအတြင္းျဖစ္ပြားခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ အပစ္အခတ္ရပ္စဲထားေၾကာင္း သိရသည္။ ဗိုလ္ခ်ဳပ္ႀကီး ဝမ္ခ်ာ နာက ထိုင္းႏိုင္ငံအေနျဖင့္ မိမိတို႔ ကိုယ္ပိုင္အက်ိဳးစီးပြားကို ကာကြယ္ရမည္ ျဖစ္ေၾကာင္း ေျပာသည္။
ဗိုလ္ခ်ဳပ္ႀကီး ဝမ္ခ်ာနာက ‘ကြၽန္ေတာ္တို႔ ဟာ နယ္စပ္ေဒသမွာရွိတဲ့ အျပစ္မဲ့ျပည္သူေတြနဲ႔ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ ေသဆုံးဒဏ္ရာရသူေတြအတြက္ စဥ္းစားရမယ္။ ကေမာၻဒီးယားႏိုင္ငံဟာ ထိုင္းႏိုင္ငံ အေပၚ ၿခိမ္းေျခာက္တဲ့ေျပာဆိုေရး သားမႈေတြ မလုပ္ဖို႔အေရးႀကီးတယ္’ ဟုေျပာသည္။ ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔သည္ အပစ္အခတ္ရပ္စဲေရး မူေဘာင္ အတိုင္း နယ္စပ္ျပႆနာမ်ားကို ေျဖရွင္းရန္ ေႏွာင့္ေႏွးလ်က္ရွိေနေၾကာင္း သိရသည္။
ထိုင္းဗိုလ္ခ်ဳပ္ႀကီး ဝမ္နာခ်ာက ‘နယ္စပ္ ေဒသမွာေနထိုင္ေနသူေတြေဟာ နယ္စပ္အျငင္းပြား မႈေတြကို အျမန္ဆုံးေျဖရွင္းဖို႔ လိုလားေနတယ္။ ကေမာၻဒီးယားအစိုးရဟာ ဖမ္းဆီးခံထားရသူေတြကို ျပန္လႊတ္ေပးဖို႔ လိုလား တယ္ ဆိုရင္ နယ္စပ္ေဒသမွာ ျဖန႔္ၾကက္ခ်ထားတဲ့ တပ္ဖြဲ႕ဝင္ေတြ ျပန္႐ုတ္သိမ္းဖို႔ ကနဦးလုပ္ေဆာင္ရမယ္။ နယ္စပ္ေဒသကို လက္ရွိ အခ်ိန္မွာ ျပန္လည္ဖြင့္လွစ္ဖို႔ အစီအစဥ္မရွိေသးဘူး၊ ကေမာၻဒီးယားဟာ ရန္ဘက္ႏိုင္ငံအျဖစ္ ရွိေနေသးတဲ့ အတြက္ နယ္စပ္ဂိတ္ေတြကို ျပန္ဖြင့္မွာမဟုတ္ေသးဘူး၊ ကေမာၻဒီးယားဟာ ၿခိမ္းေျခာက္မႈေတြ ဆက္လက္ လုပ္ေဆာင္ ေနမယ္ဆိုရင္ နယ္စပ္ဂိတ္ေတြက ျပန္ လည္ဖြင့္လွစ္မွာမဟုတ္ဘူး’ ဟုေျပာသည္။
ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔သည္ အျပန္အလွန္ ပစ္ခတ္မႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္သမၼတ၏ ေတာင္းဆိုမႈေတြေၾကာင့္ မေလးရွားဝန္ႀကီးခ်ဳပ္၏ ၾကားဝင္ေစ့စပ္မႈျဖင့္ အပစ္ခတ္ ရပ္စဲေရး ေဆြးေႏြးကာ သေဘာတူ ညီမႈေတြရရွိခဲ့ ေသာ္လည္း လက္ရွိအခ်ိန္အထိ အျငင္းပြားမႈေတြ ဆက္လက္ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။