အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့နေသော သစ္စာမဲ့ဝန်ထမ်း ခိုင်စုလွင်နှင့် ပူးပေါင်းဆက်သွယ်လုပ်ဆောင်သူ (၃) ဦး ဖမ်းမိ

 6522

ချယ်ရီ (NP News) - စက်တင်ဘာ ၁၆
အွန်လိုင်းမှတစ်ဆင့် တရားမဝင်ထီနှင့်ကုန်ပစ္စည်းများရောင်းဝယ်ကာ အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့နေသော သစ္စာမဲ့ဝန်ထမ်း (DCS) ခိုင်စုလွင်နှင့် ပူးပေါင်းဆက်သွယ်လုပ်ဆောင်သူ (၃) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၂ လမ်း နှင့် ၅၄ x ၅၅ လမ်းကြား၊ ထွန်တုံးရပ်ကွက်တွင်နေထိုင်သည့် စံထိုက်သီ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြသူ ပညာရေးဝန်ကြီးဌာနမှ အသက် (၃၁) နှစ်အရွယ်ရှိ သီတာဇော် (DCS) နှင့် အသက်(၃၅)နှစ်အရွယ်ရှိ ဖြိုးမင်းစိုးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၅/၅၈)၊ ဂရုဏာ(၅)လမ်း၊ ကြူစမ်းရွာသစ်၊ ပြန်လည်နေရာချထားရေး ရပ်ကွက်တွင်နေထိုင်သည့် အသက်(၄၂) အရွယ်ရှိ သန်းဇော်မိုးတို့ကို အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် စိစစ်ဖော်ထုတ်ချက်များအရ ၎င်းတို့သည် Social Media များမှတစ်ဆင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ဆူပူအုံကြွမှုဖြစ်ပေါ်စေရန် Post တင်ရေးသားခဲ့ခြင်း၊ နိုင်ငံ့ဝန်ထမ်းများကို DCS လှုပ်ရှားမှုတွင်ပါဝင်ရန် လှုံ့ဆော်ခြင်းနှင့် မိမိကိုယ်တိုင် DCS ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယင်းပြင် ပြည်ပသို့ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ပညာရေးဝန်ကြီးဌာနမှ ခိုင်စုလွင် (DCS) ထံသို့ အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်၍ တရားမဝင်ပို့ဆောင်ပေးခဲ့သည့်အပြင် ခိုင်စုလွင်အွန်လိုင်းမှ တရားမဝင်ရောင်းချလျက်ရှိသည့် ထိုင်းထီများကိုပါ ဝယ်ယူခဲ့ပြီး ရောင်းချရသည့်ငွေများကို ၎င်းတို့အမည်ဖြင့် ဖွင့်လှစ်ထားသော Mobile Payments များမှတစ်ဆင့် ငွေကြေးများလွှဲပြောင်း ပေးအပ်နိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ခိုင်စုလွင်မှ အကြမ်းဖက်မှုဆောင်ရွက်နေသူများကို ငွေကြေးထောက်ပံ့နိုင်ရန် ၎င်းတို့၏ Mobile Payments များအား အခကြေးငွေရယူ၍ အသုံးပြုခွင့်ပေးခဲ့ကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ခိုင်စုလွင်သည် Khaing Su Lwin Facebook Accountနှင့် khaingsu38cdm TikTok Account တို့ကို ၂၀၂၄ ခုနှစ်တွင် စတင်ဖွင့်ခဲ့ပြီး မြန်မာဝတ်စုံများ၊ ရှမ်းဝတ်စုံများနှင့် ညဝတ်အင်္ကျီများကို အွန်လိုင်းမှ လိုင်စင်မရှိဘဲရောင်းချခြင်းကို သီတာဇော် (DCS)ထံမှ ချိတ်ဆက်ရယူလုပ်ကိုင်ခဲ့ပြီး တရားမဝင် ထိုင်းထီရောင်းချခြင်းတို့မှ ရရှိလာသောငွေကြေးများကိုလည်း ကိုယ်ကျိုးအတွက်သုံးစွဲခြင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ခြင်းများ ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကိုလည်း အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်ရာ ညွှန်ကြားချက်နှင့်အညီ ရောင်းချခွင့် မှတ်ပုံတင်လက်မှတ်မရှိဘဲ ပြည်တွင်း/ပြည်ပမှ တရားမဝင်ရောင်းချခြင်းကြောင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာများ ဆုံးရှုံးစေသည့်အတွက် ဖမ်းဆီးရမိသည့် DCS ဝန်ထမ်း သီတာဇော်၊ ဖြိုးမင်းစိုးနှင့် ငွေကြေးလွှဲပြောင်းရာတွင် ပါဝင်ကူညီခဲ့သည့် သန်းဇော်မိုးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ NUG ၊ PDF အကြမ်းဖက်အဖွဲ့အစည်းများကို ‌ထောက်ပံ့နိုင်ရန် လူမှုကွန်ရက်ပေါ်၌ တရားမဝင်ဈေးရောင်းချခြင်းနှင့် ချိတ်ဆက်ခြင်း၊ ရောင်းချသည့်ပစ္စည်းများအားဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်း၊ ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်ရန် အကူအညီပေးခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက် နေသူများကိုလည်း အကြမ်းဖက်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရေး စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
အၾကမ္းဖက္အဖြဲ႕မ်ားကို ေထာက္ပံ့ေနေသာ သစၥာမဲ့ဝန္ထမ္း ခိုင္စုလြင္ႏွင့္ ပူးေပါင္းဆက္သြယ္လုပ္ေဆာင္သူ (၃) ဦး ဖမ္းမိ
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၆
အြန္လိုင္းမွတစ္ဆင့္ တရားမဝင္ထီႏွင့္ကုန္ပစၥည္းမ်ားေရာင္းဝယ္ကာ အၾကမ္းဖက္အဖြဲ႕မ်ားကို ေထာက္ပံ့ေနေသာ သစၥာမဲ့ဝန္ထမ္း (DCS) ခိုင္စုလြင္ႏွင့္ ပူးေပါင္းဆက္သြယ္လုပ္ေဆာင္သူ (၃) ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္က ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလ (၁၀) ရက္က မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၁၁၂ လမ္း ႏွင့္ ၅၄ x ၅၅ လမ္းၾကား၊ ထြန္တုံးရပ္ကြက္တြင္ေနထိုင္သည့္ စံထိုက္သီ အထည္ခ်ဳပ္လုပ္ငန္း လုပ္ကိုင္ေနၾကသူ ပညာေရးဝန္ႀကီးဌာနမွ အသက္ (၃၁) ႏွစ္အ႐ြယ္ရွိ သီတာေဇာ္ (DCS) ႏွင့္ အသက္(၃၅)ႏွစ္အ႐ြယ္ရွိ ၿဖိဳးမင္းစိုးတို႔ကိုလည္းေကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ အမွတ္ (၅/၅၈)၊ ဂ႐ုဏာ(၅)လမ္း၊ ၾကဴစမ္း႐ြာသစ္၊ ျပန္လည္ေနရာခ်ထားေရး ရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၄၂) အ႐ြယ္ရွိ သန္းေဇာ္မိုးတို႔ကို အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ စိစစ္ေဖာ္ထုတ္ခ်က္မ်ားအရ ၎တို႔သည္ Social Media မ်ားမွတစ္ဆင့္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈကို ပ်က္ျပားေစရန္ႏွင့္ ဆူပူအုံႂကြမႈျဖစ္ေပၚေစရန္ Post တင္ေရးသားခဲ့ျခင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားကို DCS လႈပ္ရွားမႈတြင္ပါဝင္ရန္ လႈံ႕ေဆာ္ျခင္းႏွင့္ မိမိကိုယ္တိုင္ DCS ျပဳလုပ္ခဲ့ျခင္းတို႔ေၾကာင့္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
ယင္းျပင္ ျပည္ပသို႔ထြက္ေျပးတိမ္းေရွာင္လ်က္ရွိသည့္ ပညာေရးဝန္ႀကီးဌာနမွ ခိုင္စုလြင္ (DCS) ထံသို႔ အဝတ္အထည္အမ်ိဳးမ်ိဳး ခ်ဳပ္လုပ္၍ တရားမဝင္ပို႔ေဆာင္ေပးခဲ့သည့္အျပင္ ခိုင္စုလြင္အြန္လိုင္းမွ တရားမဝင္ေရာင္းခ်လ်က္ရွိသည့္ ထိုင္းထီမ်ားကိုပါ ဝယ္ယူခဲ့ၿပီး ေရာင္းခ်ရသည့္ေငြမ်ားကို ၎တို႔အမည္ျဖင့္ ဖြင့္လွစ္ထားေသာ Mobile Payments မ်ားမွတစ္ဆင့္ ေငြေၾကးမ်ားလႊဲေျပာင္း ေပးအပ္ႏိုင္ရန္ ေဆာင္႐ြက္ေပးခဲ့ေၾကာင္းႏွင့္ ခိုင္စုလြင္မွ အၾကမ္းဖက္မႈေဆာင္႐ြက္ေနသူမ်ားကို ေငြေၾကးေထာက္ပံ့ႏိုင္ရန္ ၎တို႔၏ Mobile Payments မ်ားအား အခေၾကးေငြရယူ၍ အသုံးျပဳခြင့္ေပးခဲ့ေၾကာင္း ေတြ႕ရွိရသည္ဟု ေဖာ္ျပထားသည္။
ခိုင္စုလြင္သည္ Khaing Su Lwin Facebook Accountႏွင့္ khaingsu38cdm TikTok Account တို႔ကို ၂၀၂၄ ခုႏွစ္တြင္ စတင္ဖြင့္ခဲ့ၿပီး ျမန္မာဝတ္စုံမ်ား၊ ရွမ္းဝတ္စုံမ်ားႏွင့္ ညဝတ္အက်ႌမ်ားကို အြန္လိုင္းမွ လိုင္စင္မရွိဘဲေရာင္းခ်ျခင္းကို သီတာေဇာ္ (DCS)ထံမွ ခ်ိတ္ဆက္ရယူလုပ္ကိုင္ခဲ့ၿပီး တရားမဝင္ ထိုင္းထီေရာင္းခ်ျခင္းတို႔မွ ရရွိလာေသာေငြေၾကးမ်ားကိုလည္း ကိုယ္က်ိဳးအတြက္သုံးစြဲျခင္းႏွင့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားကို ေထာက္ပံ့ျခင္းမ်ား ေဆာင္႐ြက္ေနသူျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းစနစ္ျဖင့္ ေရာင္းခ်ျခင္းလုပ္ငန္းကိုလည္း အေရးႀကီးဝန္ေဆာင္မႈလုပ္ငန္းအျဖစ္ အမိန႔္ထုတ္ျပန္သတ္မွတ္ခဲ့ၿပီးျဖစ္ရာ ၫႊန္ၾကားခ်က္ႏွင့္အညီ ေရာင္းခ်ခြင့္ မွတ္ပုံတင္လက္မွတ္မရွိဘဲ ျပည္တြင္း/ျပည္ပမွ တရားမဝင္ေရာင္းခ်ျခင္းေၾကာင့္ ႏိုင္ငံေတာ္၏ အခြန္ဘ႑ာမ်ား ဆုံးရႈံးေစသည့္အတြက္ ဖမ္းဆီးရမိသည့္ DCS ဝန္ထမ္း သီတာေဇာ္၊ ၿဖိဳးမင္းစိုးႏွင့္ ေငြေၾကးလႊဲေျပာင္းရာတြင္ ပါဝင္ကူညီခဲ့သည့္ သန္းေဇာ္မိုးတို႔အား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ NUG ၊ PDF အၾကမ္းဖက္အဖြဲ႕အစည္းမ်ားကို ‌ေထာက္ပံ့ႏိုင္ရန္ လူမႈကြန္ရက္ေပၚ၌ တရားမဝင္ေဈးေရာင္းခ်ျခင္းႏွင့္ ခ်ိတ္ဆက္ျခင္း၊ ေရာင္းခ်သည့္ပစၥည္းမ်ားအားဝယ္ယူျခင္း၊ တစ္ဆင့္ခံျပန္လည္ေရာင္းခ်ျခင္း၊ ေငြေၾကးလႊဲေျပာင္းမႈမ်ား ျပဳလုပ္ႏိုင္ရန္ အကူအညီေပးျခင္းႏွင့္ ထိုသို႔ေဆာင္႐ြက္ႏိုင္ရန္ နည္းလမ္းတစ္ခုခုျဖင့္ ကူညီေဆာင္႐ြက္ ေနသူမ်ားကိုလည္း အၾကမ္းဖက္ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူ ေဆာင္႐ြက္ႏိုင္ေရး စိစစ္ေဖာ္ထုတ္မႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.