ရွှေဈေးကွက်အတွင်း အခေါက်ရွှေ အတုံးအပိုင်း ရောင်းချသည့်ဆိုင် သုံးဆိုင်သာရှိ

 1135

ပြည့်ဖြိုး (NP News) - စက်တင်ဘာ ၁၆

ပြည်တွင်းရွှေဈေးမြင့်တက်ခြင်းကြောင့် အခေါက်ရွှေ အတုံးအပိုင်း တရားဝင်ရောင်းချသော ဆိုင်မှာ တစ်နိုင်ငံလုံးတွင် သုံးဆိုင်သာရှိကြောင်း ရွှေလုပ်ငန်းရှင်များထံမှသိရသည်။
အခေါက်ရွှေအတုံး၊ အပိုင်းများရောင်းချမှုမှာ တရားဝင်လုပ်ကိုင်နေသော ရွှေသန့်စင်သည့် ရွှေ လှော်ဖိုများဖြစ်သည့် အကယ်ဒမီ၊ အောင်သမာဓိနှင့် မန္တလေးမြို့ခံ ကျော်ကြီး- MDY (မြန်မာချမ်းသာ) စသည့် ရွှေဆိုင်များတွင်သာ ရောင်းချနေကြောင်းသိရသည်။
“ကမ္ဘာ့ရွှေဈေးတက်နေတော့ပြည်တွင်း ရွှေဈေးတွေလည်းလိုက်တက်တယ်၊ ရွှေဆိုင်တွေမှာက အခေါက်ရွှေအထည်လောက်ပဲ အရောင်းအဝယ်လုပ်တာ။ ရွှေအတုံး၊ အပိုင်းတွေ ဈေးကွက်ထဲရောင်းတာ တော့ရှိတယ်၊ တရားဝင်လုပ်ရွှေအတုံး‌ရောင်းတာကသုံးဆိုင်ပဲရှိတာ၊ ကျန်တဲ့သူတွေက မှောင်ခိုသဘော‌ ဈေးကွက်ဖြစ်နေတယ်”ဟု ရန်ကုန်မြို့ခံ ဝါရင့်ရွှေဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။
ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သိန်း(၈၀)ဝန်းကျင် အထိ ပြင်ပပေါက်ဈေးမြင့်တက်နေသော်လည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ၏ ရည် ညွှန်းသတ်မှတ်ဈေးမှာ အခေါက်ရွှေတစ်ကျပ်သား လျှင် (၅၉)သိန်း ခုနစ်သောင်းဝန်းကျင်သာ ရှိကြောင်း သိရသည်။
“ရွှေဆိုင်တွေကရည်ညွှန်းဈေးနဲ့တော့ ဘောက်ချာဖွင့်ပေးတာပဲ။ တကယ်ငွေချေရတာက ပြင်ပ ဈေးနဲ့ပဲ၊ ဝယ်ချင်တဲ့သူရောရောင်းချင်တဲ့သူရော နားလည်မှုနဲ့ အရောင်းအဝယ်လုပ်နေရတာပါပဲ၊ အခု တလောက ရွှေဈေးတွေဆက်တိုက်တက်နေ တော့ (၁၅)ပဲရည် ရွှေအထည်ဈေးတွေတောင် ဈေးမြင့်နေ တယ်”ဟု ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
သက်ဆိုင်ရာက ရွှေဈေးကွက်အတွင်း အချိန်အတွယ်အသစ်ဖြစ်သည့် တစ်ကျပ်သားလျှင် (၁၆ ဒသမ ၂၉၃၂၅) ဂရမ်ဖြင့် အရောင်း/အဝယ်ပြုလုပ် ရန် ရွှေဆိုင်များကိုညွှန်ကြားထားသော်လည်း ရွှေဝယ် ယူသူများမှာ ယခင် တစ်ကျပ်သား (၁၆ ဒသမ ၆၀၆) ဂရမ်ဖြင့်သာ ဆက်လက်ရောင်းဝယ်နေကြောင်းသိရ သည်။
“အခေါက်ရွှေမှာ စနစ်သစ်နဲ့စနစ်ဟောင်း က တစ်ကျပ်သားကို နှစ်ရွေးလောက်ကွာတယ်။ အခု လက်ရှိပေါက်ဈေးနဲ့ဆိုရင် တစ်သိန်းကျော်ကျော် လောက် တစ်ကျပ်သားဈေးမှာ ကွာခြားသွားတယ်၊ ရွှေ ဝယ်ယူစုဆောင်းတဲ့သူတွေဘက်က အရင်စနစ် ဟောင်းကိုပဲသဘောကျနေတယ်}ဟု ရွှေဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။
လတ်တလောတွင် အမေရိကန်ဗဟိုဘဏ် မှ အတိုးနှုန်းလျှော့ချမှုကြောင့် ကမ္ဘာ့ရွှေဈေးများ စံ ချိန်တင်မြင့်တက်နေရာ ပြည်တွင်းရွှေဈေးများလည်း လိုက်ပါမြင့်တက်နေပြီး ဈေးကွက်အတွင်း အခေါက် ရွှေအရောင်းအဝယ်များမှာ ပြင်ပဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
အခေါက်ရွှေအတုံး အပိုင်း ရောင်းချမှုများ ရွှေဆိုင်များတွင်နည်းပါးသွားပြီး တစ်နိုင်ငံလုံးတွင် သုံး ဆိုင်ခန့်သာတရားဝင်ရောင်းချနေကြောင်းသိရသည်။

Zawgyi Version:
ေ႐ႊေဈးကြက္အတြင္း အေခါက္ေ႐ႊ အတုံးအပိုင္း ေရာင္းခ်သည့္ဆိုင္ သုံးဆိုင္သာရွိ
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ ၁၆
ျပည္တြင္းေ႐ႊေဈးျမင့္တက္ျခင္းေၾကာင့္ အေခါက္ေ႐ႊ အတုံးအပိုင္း တရားဝင္ေရာင္းခ်ေသာ ဆိုင္မွာ တစ္ႏိုင္ငံလုံးတြင္ သုံးဆိုင္သာရွိေၾကာင္း ေ႐ႊလုပ္ငန္းရွင္မ်ားထံမွသိရသည္။
အေခါက္ေ႐ႊအတုံး၊ အပိုင္းမ်ားေရာင္းခ်မႈမွာ တရားဝင္လုပ္ကိုင္ေနေသာ ေ႐ႊသန႔္စင္သည့္ ေ႐ႊ ေလွာ္ဖိုမ်ားျဖစ္သည့္ အကယ္ဒမီ၊ ေအာင္သမာဓိႏွင့္ မႏၲေလးၿမိဳ႕ခံ ေက်ာ္ႀကီး- MDY (ျမန္မာခ်မ္းသာ) စသည့္ ေ႐ႊဆိုင္မ်ားတြင္သာ ေရာင္းခ်ေနေၾကာင္းသိရသည္။
“ကမာၻ႔ေ႐ႊေဈးတက္ေနေတာ့ျပည္တြင္း ေ႐ႊေဈးေတြလည္းလိုက္တက္တယ္၊ ေ႐ႊဆိုင္ေတြမွာက အေခါက္ေ႐ႊအထည္ေလာက္ပဲ အေရာင္းအဝယ္လုပ္တာ။ ေ႐ႊအတုံး၊ အပိုင္းေတြ ေဈးကြက္ထဲေရာင္းတာ ေတာ့ရွိတယ္၊ တရားဝင္လုပ္ေ႐ႊအတုံး‌ေရာင္းတာကသုံးဆိုင္ပဲရွိတာ၊ က်န္တဲ့သူေတြက ေမွာင္ခိုသေဘာ‌ ေဈးကြက္ျဖစ္ေနတယ္”ဟု ရန္ကုန္ၿမိဳ႕ခံ ဝါရင့္ေ႐ႊဆိုင္ ပိုင္ရွင္တစ္ဦးကေျပာသည္။
ျပည္တြင္းေ႐ႊေဈးကြက္အတြင္း အေခါက္ေ႐ႊေဈးသည္ တစ္က်ပ္သားလွ်င္ သိန္း(၈၀)ဝန္းက်င္ အထိ ျပင္ပေပါက္ေဈးျမင့္တက္ေနေသာ္လည္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA ၏ ရည္ ၫႊန္းသတ္မွတ္ေဈးမွာ အေခါက္ေ႐ႊတစ္က်ပ္သား လွ်င္ (၅၉)သိန္း ခုနစ္ေသာင္းဝန္းက်င္သာ ရွိေၾကာင္း သိရသည္။
“ေ႐ႊဆိုင္ေတြကရည္ၫႊန္းေဈးနဲ႔ေတာ့ ေဘာက္ခ်ာဖြင့္ေပးတာပဲ။ တကယ္ေငြေခ်ရတာက ျပင္ပ ေဈးနဲ႔ပဲ၊ ဝယ္ခ်င္တဲ့သူေရာေရာင္းခ်င္တဲ့သူေရာ နားလည္မႈနဲ႔ အေရာင္းအဝယ္လုပ္ေနရတာပါပဲ၊ အခု တေလာက ေ႐ႊေဈးေတြဆက္တိုက္တက္ေန ေတာ့ (၁၅)ပဲရည္ ေ႐ႊအထည္ေဈးေတြေတာင္ ေဈးျမင့္ေန တယ္”ဟု ရန္ကုန္ၿမိဳ႕ ေ႐ႊဘုံသာလမ္းမွ ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးကေျပာသည္။
သက္ဆိုင္ရာက ေ႐ႊေဈးကြက္အတြင္း အခ်ိန္အတြယ္အသစ္ျဖစ္သည့္ တစ္က်ပ္သားလွ်င္ (၁၆ ဒသမ ၂၉၃၂၅) ဂရမ္ျဖင့္ အေရာင္း/အဝယ္ျပဳလုပ္ ရန္ ေ႐ႊဆိုင္မ်ားကိုၫႊန္ၾကားထားေသာ္လည္း ေ႐ႊဝယ္ ယူသူမ်ားမွာ ယခင္ တစ္က်ပ္သား (၁၆ ဒသမ ၆၀၆) ဂရမ္ျဖင့္သာ ဆက္လက္ေရာင္းဝယ္ေနေၾကာင္းသိရ သည္။
“အေခါက္ေ႐ႊမွာ စနစ္သစ္နဲ႔စနစ္ေဟာင္း က တစ္က်ပ္သားကို ႏွစ္ေ႐ြးေလာက္ကြာတယ္။ အခု လက္ရွိေပါက္ေဈးနဲ႔ဆိုရင္ တစ္သိန္းေက်ာ္ေက်ာ္ ေလာက္ တစ္က်ပ္သားေဈးမွာ ကြာျခားသြားတယ္၊ ေ႐ႊ ဝယ္ယူစုေဆာင္းတဲ့သူေတြဘက္က အရင္စနစ္ ေဟာင္းကိုပဲသေဘာက်ေနတယ္}ဟု ေ႐ႊဆိုင္ပိုင္ရွင္ တစ္ဦးကေျပာသည္။
လတ္တေလာတြင္ အေမရိကန္ဗဟိုဘဏ္ မွ အတိုးႏႈန္းေလွ်ာ့ခ်မႈေၾကာင့္ ကမာၻ႔ေ႐ႊေဈးမ်ား စံ ခ်ိန္တင္ျမင့္တက္ေနရာ ျပည္တြင္းေ႐ႊေဈးမ်ားလည္း လိုက္ပါျမင့္တက္ေနၿပီး ေဈးကြက္အတြင္း အေခါက္ ေ႐ႊအေရာင္းအဝယ္မ်ားမွာ ျပင္ပေဈးႏႈန္းျဖင့္သာ အေရာင္းအဝယ္ျဖစ္ေနေၾကာင္းသိရသည္။
အေခါက္ေ႐ႊအတုံး အပိုင္း ေရာင္းခ်မႈမ်ား ေ႐ႊဆိုင္မ်ားတြင္နည္းပါးသြားၿပီး တစ္ႏိုင္ငံလုံးတြင္ သုံး ဆိုင္ခန႔္သာတရားဝင္ေရာင္းခ်ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.