ရွှေပြည်သာမြို့နယ်တွင် ဆိုင်ကယ်တစ်စီးကို လူ(၄)ယောက်စီးကာ ဆန္ဒပြသူများအား အမှုဖွင့်အရေးယူထား

 813

သန့်ဇင်(NP News)-စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ဆိုင်ကယ်တစ်စီးကို လူ(၄)ယောက်စီးကာ ဆန္ဒပြသူများအား အမှုဖွင့်အရေး ယူထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၁၆ရက်)၊ ည ၉နာရီ ၄၅ မိနစ်အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်လမ်းဆုံတွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းဆုံတွင် ပတ္တမြားဈေးဘက်မှ တောင်မှမြောက်သို့ စီးနင်းလာသော LUOJIA- 110 အမျိုးအစား အဖြူအနက်ရောင် ဆိုင်ကယ် တစ်စီးပေါ်တွင် လူ(၄)ဦးလိုက်ပါလာပြီး “ဒို့အရေး၊ဒို့အရေး၊ ဒို့အရေး"ဟု ညာလက်ထောင်ကာ အော်ဟစ်ခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်စီးနင်းကာ ဆန္ဒပြသူ (၄) ဦးသည် ဆိုင်ကယ်မောင်းသူ ရဲသူရအောင်နှင့် နောက်ပါစီးနင်းလိုက်ပါလာသူ ကျော်ဝဏ္ဏ၊ ချစ်ဝင်း၊ ပြေထွန်းတို့ဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်ပေါ်ကနေ ဆန္ဒပြတာပေါ့။ နောက်ဆက်တွဲကိုတော့ မသိရသေးပါဘူး” ဟု လုံခြုံရေးတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။
ထို့ကြောင့် ၎င်းတို့ (၄) ဦးအား ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ် တစ်စိတ်တစ်ဒေသကို ပျက်ပြားစေရန် ဆောင်ရွက်ခဲ့သဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:

Related news

© 2021. All rights reserved.